Spring Development Bank
✔
20.6K subscribers
1.69K photos
84 videos
862 links
Discover the First Neo Bank for Myanmar.
Download Telegram
🏆 ဇူလိုင်လ၂၀၂၄ နွေဦးထီပေါက်စဥ်

ထီအမှတ်စဥ် - NOH20240701 အတွက် ထီပေါက်စဉ် တိုက်လို့ရပါပြီ။

နွေဦးထီ Web App မှတဆင့် ကိုယ်တိုင်ကိုယ်ကျ ထီထိုးထားသူများအနေနဲ့လည်း "မှတ်တမ်း" မှတဆင့် "ရလာဒ်" တွင် နွေဦးထီပေါက်စဥ်ကို ကြည့်ရှုနိုင်ပါတယ်။

ဇူလိုင်လ နွေဦးထီ ဖွင့်ပွဲ LIVE မှာ အတူတူကြည့်ရှုပြီး ရင်ခုန်ပျော်ရွှင်ခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကံထူးရှင်များ အားလုံးလည်း ပျော်ရွှင်နေကြမယ်လို့ ယုံကြည့်ပါတယ်။

ဇူလိုင်လ အတွက် ဆုများနဲ့ ကပ်ပြီးလွဲချော်ခဲ့သူများလည်း အားမလျှော့ပဲ လာမယ့် လ တွေမှာ ထပ်မံ ကံစမ်းကြဖို့ ဖိတ်ခေါ်ပါတယ်နော်။

လာမယ့် သြဂုတ်လမှာလည်း နွေဦးထီ ကံစမ်းပြီး အနာဂတ် အိပ်မက်တွေ ရဲရဲမက်ပြီး ရှေ့ဆက်ကြရအောင်။

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
👍37❤13🎉7👏2👌1
“SDBနဲ့အတူ ချစ်ခြင်းမေတ္တာတွေပြသလိုက်ပါ”

Payday မှာ ချစ်ရတဲ့ ကိုယ့်ရဲ့ချစ်သူကို SDB နွေဦးဘဏ်နဲ့ ငွေလွှဲပြီး ချစ်ခြင်းမေတ္တာတွေပြသလိုက်ပါ။

လက်ဆုပ်လက်ကိုင်ပြဖို့ ချစ်သူမရှိတဲ့သူတွေလည်း အားမငယ်ပါနဲ့ SDB က သင့်ရဲ့အနာဂတ်တခုလုံးကို စိတ်ချလုံခြုံမှု အပြည့်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်မို့ SDB မှာ ရွှေလည်းစု ၊ ငွေလည်းစုရင်း ခိုင်မာတဲ့အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံလိုက်ကြရအောင်နော်။

လွတ်လပ်ဧကန် နွေဦးဘဏ်

📲 Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

📲 iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
❤40👍6🎉1
ပြည်သူ့အားနဲ့ ရုန်းမယ် ၊ Bybit P2P သုံးမယ်

ခေတ်စနစ်ဆိုးအောက် ရုန်းထွက်ပြီး ငွေကြေးလွတ်လပ်မှုကို ပြည်တွင်းပြည်ပ လူထုအင်အားနဲ့ အမိအရ ဖမ်းဆုပ်ဖို့ People Power P2P (Bybit with SDB Campaign) မှာ ပါဝင်ဖို့ နွေဦးဘဏ်ချစ်သူတို့ကို ဖိတ်ခေါ်ပါရစေ။

Bybit P2P ပေါ်မှာ SDB Payment အသုံးပြုပြီး USDT ရောင်းဝယ်လိုက်ရုံနဲ့ $15 အထိ ရယူနိုင်ပါတယ်။ 🥳

Bybit အကောင့်ရှိပြီးသူများအပြင် အကောင့်မရှိသေးသူများလည်း form ဖြည့် စာရင်းသွင်းပြီး လွယ်ကူစွာ ပါဝင်နိုင်ပါတယ်။

ဒါဆို ကမ်ပိန်းအကြောင်းလေး လေ့လာလိုက်ရအောင်။

🗓️ကမ်ပိန်းကာလ က ဘယ်တော့လဲ
2nd August - 31st August (30 Days)

✨ကမ်ပိန်းမှာ ဘယ်လိုပါဝင်ရမှာလဲ ?
✅ Bybit P2P ပေါ်မှာ တစ်ကြိမ်လျှင် အနည်းဆုံး မြန်မာငွေ (၃) သောင်းကျပ်အသုံးပြုပြီး
တစ်ရက်လျှင် ရောင်း/ဝယ် (၅) ကြိမ်ပြုလုပ်သူတိုင်းအတွက် 1 USD လက်ဆောင်ရယူနိုင်ပါတယ်။

✨ကမ်ပိန်းဆုကြေးက ?
✅သတ်မှတ်ကာလ (၃၀)ရက် အတွင်း ဆက်တိုက် ရောင်း/ဝယ်မှု (၇၅)ကြိမ် ပြုလုပ်ပါက တစ်ဦးလျှင် အများဆုံး - 15 USD အထိ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

✨ ကမ်ပိန်းကို ပါဝင်ဖို့ ဘယ်ကစတင်ရမလဲ ?
SDB အကောင့်ဖွင့်နည်း၊ Bybit အကောင့်ဖွင့်နည်းနဲ့ ကမ်ပိန်းအတွက် အကူအညီ ရယူလိုသူများကတော့ ဖော်ပြထားတဲ့ Inquiry Form မှ တဆင့် စတင်နိုင်ပါတယ်။ SDB ရဲ့ Crypto Buddy များက ဆက်လက် ကူညီသွားပါမယ်။

ကျွမ်းကျင်နေတဲ့ ခရစ်ပတို ချစ်သူများအနေနဲ့ကတော့ မိမိကိုယ်တိုင် Bybit campaign ပေါ်မှ အရောင်းအဝယ် စတင်ရင်း ပါဝင်နိုင်ပါပြီ။

Form ဖြည့်ရန် : https://bit.ly/PeoplePowerP2P

✨USD လက်ဆောင်ကို ဘယ်လိုထုတ်ယူရမှာလဲ​? ?
✅ လာရောက်ဆက်သွယ်မယ့် ကမ်ပိန်း Team ရဲ့ Telegram Account မှတဆင့် ဖြစ်စေ/ နွေဦးဘဏ် Messenger မှ ဖြစ်စေ Claim Form ဖြည့်ပြီး Sep - 3 ရက်နေ့မတိုင်ခင်ထိ ထုတ်နိုင်ပါတယ်။

✅ နွေဦးဘဏ် ဘက်မှလည်း Form ကို လက်ခံရရှိပြီး အတည်ပြုစီစစ်ပြီးပါက စက်တင်ဘာလထဲမှာ သက်ဆိုင်ရာ SDB အကောင့်များထဲသို့ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

ကဲ...ဒါဆိုရင် လွတ်လပ်မှုတို့ စတင်ရာ SDB နဲ့ Bybit P2P Campaign မှာပါဝင်ပြီး ပြည်သူ့အင်အား ပြသကြရအောင်။

#PeoplePowerP2P #BybitxSDBcampaign
#SpringDevelopmentBank #chooseSDB
❤51👍16👏2🥰1🎉1
Media is too big
VIEW IN TELEGRAM
Part - 1 “Bybit အကောင့်ဖွင့်နည်းလေ့လာကြမယ်”

နွေဦးဘဏ်နဲ့ ခရစ်ပတိုချစ်သူတို့ရေ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၇) ရက်နေ့က KoeCrypto Telegram Channel လေးမှာ ပြုလုပ်ခဲ့ကြတဲ့ “Let’s talk about Bybit” Live လေးကို မမှီလိုက်တဲ့သူတွေအတွက် ပြည်လည် ကြည့်ရှု့နိုင်အောင် ၂ ပိုင်းခွဲပြီး တင်ပေးလိုက်ပါတယ်။

ဒီ Video လေးမှာဆိုရင် Bybit အကောင့်ဖွင့်နည်း ၊ KYC တင်နည်းနဲ့ P2P အသုံးပြုနည်းတို့ကိုပါ ပြောပြပေးထားတာဖြစ်တဲ့အတွက် လေ့လာရင်းအကောင့်ဖွင့်ထားဖို့ နဲ့ အောက်မှာဖော်ပြထားတဲ့ ကမ်ပိန်း လေးမှာပါဝင်ရင်း 15 USD လက်ဆောင်ရယူကြမယ်။

ကမ်ပိန်းပါဝင်ရန် - https://www.facebook.com/story.php?id=100092075088594&story_fbid=413507075061792

#PeoplePowerP2P #BybitxSDBcampaign
#SpringDevelopmentBank #chooseSDB
❤36🔥1🥰1👏1
Media is too big
VIEW IN TELEGRAM
Part - 2 : Bybit P2P မှာ SDB သုံးပြီးဘယ်လိုအရောင်းအဝယ်လုပ်ကြမလဲ??

#PeoplePowerP2P #BybitxSDBcampaign
#SpringDevelopmentBank #chooseSDB
❤35👍2👏1
"လွတ်လပ်စွာ ငွေကြေးစီမံပိုင်ခွင့်ရှိတဲ့ SDB"

စကစလက်အောက်ခံ ဘဏ္ဍာရေးဒေါက်တိုင်ဘဏ်တွေမှာ ငွေစုထားမိလို့ ကန့်သတ်ချက်မျိုးစုံ ချုပ်ချယ်မှုအပြည့်နဲ့ စောင့်ကြည့်ခံနေရပြီလား?

ဒီလိုအခြေအနေတွေကနေ လွတ်ကင်းဖို့ လွတ်လပ်စွာ ငွေကြေးစီမံပိုင်ခွင့်ရှိတဲ့ SDB နွေဦးဘဏ်မှာ မြန်မာကျပ် အပါအဝင် နိုင်ငံခြားငွေကြေး (၁၀) မျိုးနဲ့ပါ စုဆောင်းနိုင်ပါတယ်။

အဆင့်မြင့်လုံခြုံမှုကို အခြေခံသည့် Blockchain နည်းပညာ အသုံးပြုထားတဲ့အတွက် သင့်ရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ မပျောက်ပျက်သွားအောင် အာမခံချက်အပြည့်အဝပေးနိုင်ပါတယ်။

ဖိနှိပ်ကန့်သတ်မှုတွေကြားထဲက သင်ကိုယ်တိုင်ရုန်းထွက်ပြီး ပကတိလွတ်လပ်မှုကို ခံစားနိုင်ဖို့ နွေဦးဘဏ်ကို ရွေးချယ်လိုက်ပါ။

လွတ်လပ်ဧကန် နွေဦးဘဏ်

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
❤60👍11🎉2🥰1
Bybit Transaction ၅ ကြောင်းစာ ပြုလုပ်ပြီး $1 ရယူလိုက်ပါ။

Bybit ကမ်ပိန်းလေးမှာ ပါဝင်ပေးကြတဲ့ နွေဦးဘဏ်ချစ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Tips လေးတစ်ခုအနေနဲ့ ပြောပြချင်တာလေးက သင့်ရဲ့ Bybit အကောင့်လေးကို Lock ကျစေနိုင်တဲ့ အခြေအနေမှ ကင်းဝေးရန်အတွက် အနည်းဆုံး မြန်မာကျပ်ငွေ ၃၀,၀၀၀ နဲ့ Trade မယ့်အစား ၃၁,၀၀၀ ကျပ် ၊ ၃၂,၅၀၀ ကျပ် အစရှိသဖြင့် ငွေအစွန်းအထွက်ပမာဏလေးတွေနဲ့ အရောင်းအဝယ်ပြုလုပ်ကြဖို့ အကြံပြုပါရစေခင်ဗျာ။

ကဲ ဒါဆိုရင်တော့ စကစ စနစ်ဆိုးအောက်မှရုန်းထွက်ပြီး ငွေကြေးလွတ်လပ်မှုကို ဖမ်းဆုပ်နိုင်ဖို့ People Power P2P (Bybit with SDB Campaign) မှာ ပါဝင်ဖို့ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။

ကမ်ပိန်းအကြောင်းလေ့လာနိုင်ရန်

https://www.facebook.com/story.php?id=100092075088594&story_fbid=413507075061792

#PeoplePowerP2P #BybitxSDB#PeoplePowerP2P #BybitxSDB#ChooseSDBcampaign
#SpringDevelopmentBank #chooseSDB
❤32🥰4
“လူထုအားလုံးရဲ့ ၈၈၈၈”

၃၆ နှစ်ပြည့် ၈၈၈၈ အရေးတော်ပုံမှသည် နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲမှာ စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းပြီး မြန်မာပြည်သူ လူထုတစ်ရပ်လုံး မျှော်မှန်းထားတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ နွေဦးဘဏ်နှင့်အတူ အားလုံးနိုင်ရာတာဝန်ထမ်းပြီး ရုန်းကြပါစို့။

“မပြီးဆုံးသေးတဲ့ ၈ လေးလုံး
လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
❤71👏3🥰1🎉1
“Hope - မမြင်ရတဲ့ အလင်းရောင်”

ဒီကနေ့ ၈ လေးလုံး အရေးတော်ပုံ (၃၆) နှစ်ပြည့်တဲ့ အမှတ်တရအဖြစ် “မျှော်လင့်ချက်” ဆိုတဲ့ ခေါင်းစဉ် နဲ့ Dr. Phio Thiha @drpth99contents မှ Community Knowledge Sharing ကို မြန်မာအချိန် ည ၈ နာရီမှာ ယခု Page မှတဆင့်တိုက်ရိုက် LIVE လုပ်သွားမှာ ဖြစ်ပါတယ်။

ဩဂုတ်လ အထူးအစီအစဉ် အနေနဲ့ အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာ ပြည်သူဘက်မှာ မားမားမတ်မတ် ရပ်တည်နေတဲ့ ဆရာဖြိုးသီဟ မှ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အမေးအဖြေကဏ္ဍ နဲ့ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

နွေဦးဘဏ်ချစ်သူတို့ လည်း ဆရာ့ဆီမှာ သိလိုတဲ့ မေးခွန်းတွေ ရှိရင် ကောမန့်မှာ မေးမြန်းဆွေးနွေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

https://www.facebook.com/phio.thiha/posts/8608611935815410

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
❤52👍12🥰2
Hope - မျှော်လင့်ချက်

ဒီကနေ့ ၈ လေးလုံး အရေးတော်ပုံ (၃၆) နှစ်ပြည့်တဲ့ အမှတ်တရအဖြစ် “HOPE - မျှော်လင့်ချက်” ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆရာဖြိုးသီဟ @drpth99contents မှ Community Knowledge Sharing ကို တိုက်ရိုက် LIVE တင်ဆက်နေခြင်း ဖြစ်ပါတယ်။

LIVE ကြည့်ရှုရန်
https://www.facebook.com/SpringDevBank/videos/995702032037387

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
👍38❤22
Bybit P2P မှာ SDB သုံးပြီး အပိုဆုတွေ ရယူလိုက်အောင် 🎁🎁

SDB ရဲ့“People Power P2P” campaign အပြင် အပိုလက်ဆောင်တွေ ရယူနိုင်ဖို့အတွက် ငွေသွင်းပြီး ဖိတ်ခေါ် လိုက်ရုံနဲ့ $30,000 ဆု ဝေမျှနိုင်တဲ့ အပြင် ပန်းသီး နာရီပါ ရရှိနိုင်မယ့် Bybit Airdrop Challenge ကို မိတ်ဆက်ပေးပါရစေ။

ဒီ Challenge မှာ ပါဝင်ဖို့ KYC အောင်တဲ့ Bybit အကောင့် ရှိပြီး SDB မှာလည်း ငွေရှိထားဖို့ လိုပါတယ်နော်။ 🫶

Bybit ထဲ ဘယ်လို ငွေသွင်း ရမလဲ ? 💵

✅ Bybit အကောင့်ဖွင့်ပြီးတာနဲ့ Bybit P2P ရဲ့ BUY မှတဆင့် SDB Payment သုံးပြီး SDB ရှိ မြန်မာကျပ် MMK နှင့် USDT ဝယ်ယူပြီး ငွေသွင်းလို့ရနိုင်တယ်နော်။

ဒါမှမဟုတ် ကိုယ်တိုင် ငွေသွင်းချင်တယ်ဆိုရင်တော့

✅ Bybit ရဲ့ Deposit မှာ USDT ကို Polygon Address ရယူပြီးရင် မိမိရဲ့ SDB အကောင့်ထဲမှာရှိတဲ့ငွေကြေးကို အနည်းဆုံး 10 USD ပြောင်းပြီး Withdraw မှ တဆင့် ထုတ်ယူပြီး ငွေသွင်း နိုင်မှာဖြစ်ပါတယ်။  

ယခု challenge အကြောင်းကို ဖော်ပြပေးထားတဲ့ á€™á€°á€›á€„်း Link á€™á€žá€Ź ဖတ်ရှုနိုင်ပါတယ်။ 🎁

https://announcements.bybit.com/article/deposit-and-referral-challenges-share-up-to-30-000-in-airdrops-win-an-apple-watch--blt539a3a39424fb693/?affiliate_id=77117


Bybit P2P မှာ ကျွမ်းကျင်လိုပါက SDB ရဲ့ ပြည်သူ့အင်အား campaign မှာ ပါဝင်ဖို့ https://bit.ly/PeoplePowerP2P မှာ စာရင်းသွင်းထားနိုင်ပါတယ်။

Bybit Airdrop Event ကို မြန်မာလိုအသေးစိတ်ဖတ်ရှုလိုပါက @kooecrypto ရဲ့ ဖော်ပြပါ Link လေးကတဆင့်လေ့လာနိုင်ပါတယ်နော်။

https://www.facebook.com/koecryptostudios/posts/122143648742264167


#SpringDevelopmentBank #BybitxSDBcampaign #chooseSDB #RealBankRealFreedom
❤42👍4👌2🎉1
ကချင်အာဇာနည်နေ့ (Kachin Martyrs’ Day)

‌ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ ၊ (၄၉) နှစ်မြောက် ကချင်အာဇာနည်နေ့မှာ အသက်စွန့်ပေးဆပ်ခဲ့ကြတဲ့ ကချင့်အာဇာနည်များအားလုံးကို လေးစားဂါဝရပြုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းပြီး ပြည်သူ့ အခွင့်အရေးများ ပြန်လည်ရရှိရေးအတွက် နွေဦးတော်လှန်ရေး၏ ကျရာကဏ္ဍအသီးသီးမှာ ကချင်ပြည်သူတို့၏ စည်းလုံးညီညွတ်စွာ စွမ်းစွမ်းတမံ ဦးဆောင် ပါဝင်မှုကိုလည်း အစဉ်မြဲ ကျေးဇူးတင်ဂုဏ်ယူလျက်ရှိပါတယ်။

နွေဦးဘဏ်မှ နိုင်ငံတဝှမ်း မျှော်ရည်ရာ လွတ်လပ်ရေးကို အကောင်အထည် ဖော်နိုင်ဖို့ ကချင်လူထုနဲ့ တကွ မဟာမိတ်များနှင့်အတူ ဆက်လက် ကြိုးစားသွားမည် ဖြစ်ကြောင်းကိုလည်း ကတိပြုလိုပါတယ်။

#SpringDevelopmentBank
#chooseSDB
#realbankrealfreedom
❤59👍7🥰4🎉2
“နိုင်ငံခြားငွေ လိုသလောက် ရနိုင်တဲ့ SDB ရှိတယ်”

စစ်ရှုံးကောင်စီ ညံ့ဖျင်းမှု ရဲ့အကျိုးဆက် ဖြစ်ပေါ်လာတဲ့ မြန်မာကျပ်ငွေ အဆမတန် ဖောင်းပွမှုဒဏ်ကြောင့် မိမိ ပိုင်ဆိုင်မှုတွေ လုံးပါးမပါးအောင် အချိန်မှီ ကာကွယ်နိုင်ဖို့ SDB ရှိပါတယ်။

SDB မှာ ဒေါ်လာ၊ ထိုင်းဘတ်၊ ယူရို အပါအဝင် မိမိ ကြိုက်နှစ်သက်တဲ့ နိုင်ငံတကာ ငွေကြေး (၁၀) မျိုး ကို လွတ်လပ်လုံခြုံစွာနဲ့ အကန့်အသတ်မရှိ ကိုယ်တိုင် app ထဲမှာ လဲလှယ် စီမံနိုင်ပါတယ်။

တိုင်းပြည်လွတ်မြောက်ရေးကို ထောက်ကူဖို့၊ သင့်အနာဂတ်နောင်ရေး စိတ်အေးရဖို့ ပြည်သူ့အကျိုးရှေးရှုနေတဲ့ နွေဦးဘဏ် မှာ ယုံကြည်စိတ်ချစွာ အပ်နှံဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်။

SDB အကောင့် အသစ်ဖွင့်ချင်တဲ့ သူများအနေဖြင့်

➡️ SDB အကောင့်ဖွင့်နည်း Video
https://www.facebook.com/SpringDevBank/videos/820120973375392

➡️ Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

➡️ iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

➡️ SDB LIVE Chat မှ ဆက်သွယ်ရန်
https://help.springdevelopmentbank.com

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB

USD အရွက် မဟုတ်ပဲ USDT စုဆောင်းထားလိုသူများအတွက်လည်း Binance, Bybit, Bitget တို့မှာ SDB သုံးပြီး ပြင်ပထက် ကောင်းမွန်တဲ့ နှုန်းထားများနဲ့ စိတ်ကြိုက် ရောင်းဝယ်နိုင်ပါတယ်။

ဩဂုတ်လ အထူးအစီအစဉ် အနေနဲ့ People Power P2P - ပြည်သူ့အင်အားနဲ့ Bybit P2P သုံးပြီး လက်ဆောင်တွေ ရယူနိုင်ဖို့ ပါဝင် ချင်တယ်ဆိုရင် အောက်ပါ link ကို သွားပါ။

https://www.facebook.com/SpringDevBank/posts/416035114808988

ကမ်ပိန်းအသေးစိတ် သိလိုပါက -
https://www.facebook.com/SpringDevBank/posts/413507075061792
🥰42❤21🎉2
“SDB သာ P2P အတွက် စိတ်ချရာ”

ပြည်တွင်းပြည်ပ ခရစ်ပတို USDT ချစ်သူတို့အတွက် လွတ်လပ်ပြီး စိတ်ချရတဲ့ P2P payment ကို ဝေးဝေး ရှာစရာ မလိုပါဘူး။ 😎

SDB ကို ကမ္ဘာ့ အသုံးများဆုံး Binance, Bybit နဲ့ Bitget တို့ရဲ့ P2P မှာ တရားဝင် payment အဖြစ် အသိမှတ်ပြုထားပါတယ်။

USDT ရောင်းဝယ်ဖို့ အကောင့်မဖွင့်ရသေးသူတွေ ၊ အသုံးပြုနည်း မ‌သိသေးတဲ့သူတွေအနေနဲ့ Binance အတွက် @myancryptochannel ၊ Bybit အတွက် @kooecrypto နှင့် Bitget အတွက် @cryptobynovachannel တို့မှာ လေ့လာနိုင်ပါတယ်။

ကဲ ခရစ်ပတိုခေတ်သစ်မှာ အလုံခြုံဆုံး အနီးဆုံးမှာ ရှိနေမယ့် နွေဦးဘဏ်ကို သာ ရွေးချယ်လိုက်ပါ။

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
❤51👍5🥰1
“ကရင့်အာဇာနည်နေ့”

ယနေ့ ဩဂုတ်လ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ (၇၄) နှစ်မြောက် ကရင့်အာဇာနည်နေ့မှာ မြင့်မြတ်စွာ ကျဆုံးသွားတဲ့ ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး နှင့်တကွ ကရင်အမျိုးသား တော်လှန်ရေးတွင် အသက်ပေးသွားကြသော ကရင်သူရဲကောင်းများကို နွေဦးဘဏ်မှ ဦးညွှတ်အလေးပြုပါတယ်။

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
❤62👍15🥰2
“Gen Z တွေနဲ့ အတူရှိနေမယ့် SDB”

နွေဦးတော်လှန်ရေးအတွက် ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ လူငယ်တွေ၊ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ တော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်မှ ပါဝင်အားဖြည့်နေကြတဲ့လူငယ်များအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်။

SDB နွေဦးဘဏ်ဟာ ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့မှာ တိုင်းပြည်အနာဂတ်အတွက် မျိုးဆက်သစ် လူငယ်တွေနဲ့အတူတူ တသားတည်းရပ်တည်သွားမယ်လို့ ဆန္ဒပြုအပ်ပါတယ်။

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
#internationalyouthday
❤78👍11👏3🥰1
Media is too big
VIEW IN TELEGRAM
“ရောင်နီမှာ အောင်စည်ရွှမ်းရအောင်၊ သပြေညို ရွှေဘိုပန်းရယ်နဲ့၊ လှမ်းကြစို့လေး” ဆိုတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာလေးကို တဖန်ပြန်လည်ဆန်းသစ်ထားတဲ့ “သပြေညိုနဲ့ ကြို” ဆိုတဲ့ ဒီသီချင်းလေးဟာ အာဏာရှင်စနစ် အဆုံးသတ်တော့မယ်ဆိုတာကို ကြိုတင်နမိတ်ဖတ်ဖော်ပြနေသလိုပါပဲ။

ဒါ့ကြောင့်မို့ ဒီသီချင်းလေးကို အားလုံးပဲ ခံစားနားဆင်အားပေးကြပါဦးနော်။

“သပြေညိုနဲ့ကြို”
တေးရေး - တင်ထွန်းနိုင်
တေးဆို - အညတရ ဒုရဲဘော်
သံစဉ် - မွန်အောင်

Music Producer - DNS
Music Arrangement - DNS, Mon Aung
Backing Vocals - Nyo Mie Mie Htun & Friends, Danny, Ah Pan, Mon Aung
Sound Engineer - Annonymous, Danny
Supported by CSC(Citizens Support Center)
Music Video edited by PVTV(Public Voice Television)

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
❤53👍19👏1
“ငွေဖောင်းပွမှုရဲ့ သားကောင်မဖြစ်ဖို့ ခေတ်ရှေ့ပြေး SDB ဖြင့်ရင်ဆိုင်ပါ”

စကစကြောင့် အားလုံးကြုံတွေ့နေရတဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကနေ လွတ်မြောက်နိုင်ဖို့ နိုင်ငံတကာငွေကြေး (၁၀) မျိုးလုံးကို စိတ်ကြိုက်ဝယ်ယူလဲလှယ် နိုင်တဲ့ ခေတ်ရှေ့ပြေး SDB နွေဦးဘဏ် နဲ့ လက်တွဲလိုက်ပါ။

USDT ကို SDB မှာ polygon network ကနေ တိုက်ရိုက်ငွေသွင်းထုတ်နိုင်သလို ကိုယ်တိုင် စုဆောင်းထားလိုသူများအတွက်လည်း Binance, Bybit, Bitget တို့မှာ SDB ကို သုံးပြီး ပြင်ပထက်ကောင်းမွန်တဲ့ နှုန်းထားများနဲ့ လွတ်လပ်လုံခြုံစွာ စီမံခန့်ခွဲနိုင်တာကြောင့် အခုပဲအမြန်ဆုံး အကောင့်ဖွင့် ထားရအောင်နော်။

📲 Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

📲 iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
❤60👍11🔥1🎉1
SDB Crypto Buddy နဲ့ တွေ့ပြီးပြီလား?

People Power P2P (Bybit with SDB Campaign)လေး (၁၃) ရက်မြောက်နေ့ကိုရောက်ရှိလို့လာပြီဆိုတော့ နွေဦးဘဏ်နဲ့ ခရစ်ပတိုချစ်သူတွေ ကမ်ပိန်းအမှတ်တရလက်ဆောင် 15 USD ရယူပြီးကြပြီဟုတ်??

ကမ်ပိန်းကာလလေးကဆိုရင် သြဂုတ်လ (၃၁) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်လို့ မပါဝင်ရသေးတဲ့ သူတွေရှိရင် အားမငယ်ပါနဲ့ Bybit ကမ်ပိန်းလေးတလျှောက်မှာ SDB အကောင့်ဖွင့်ခြင်း၊ Bybit အကောင့်ဖွင့်ခြင်း နှင့် အခြားသော ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး @sdb_cryptobuddy တွေမှ လာရောက် ဆက်သွယ်ပေးမှာဖြစ်ပါတယ်။

SDB နဲ့ Bybit P2P ကမ်ပိန်းလေးအကြောင်းမသိသေးတဲ့သူတွေအနေနဲ့ ဖော်ပြထားတဲ့ Link လေးကိုနှိပ်ပြီး လေ့လာနိုင်ပါတယ်။

https://www.facebook.com/story.php?id=100092075088594&story_fbid=413507075061792

#PeoplePowerP2P #BybitxSDBcampaign
#SpringDevelopmentBank #chooseSDB
❤32👍8👌2