Spring Development Bank
✔
17.1K subscribers
3.11K photos
210 videos
1 file
1.31K links
Discover the First Neo Bank for Myanmar.
Download Telegram
နွေဦးပျားလေးတွေအတွက် ပိုင်ဆိုင်ထားတဲ့ Pollen တွေနဲ့ တန်ဖိုးရှိတဲ့ Digital Gold ကို လဲလှယ်ရယူနိုင်မယ့် အထူးမုန့်ဖိုး အခွင့်အရေးလေးကို HoneyDrop မှာ မကြာခင် ရရှိတော့မှာ ဖြစ်ပါတယ်။ 🐝

ဒီအခွင့်အရေးလေးကို အရယူနိုင်ဖို့အတွက် အခုပဲ မိမိရဲ့ @SpringDevBank Account ကို @SpringBeesbySDB နဲ့ ကြိုတင်ချိတ်ဆက်ထားပြီး ရွှေစုနိုင်မယ့် အထူးမုန့်ဖိုး အစီအစဉ်လေး အတွက် အသင့်ပြင်ထားလိုက်ကြရအောင်နော်။ ✨

#SpringBees #HoneyDrop #DigitalGold #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤66👍5
နွေဦးပျားလေးတို့ ပိုင်ဆိုင်ထားတဲ့ Pollen တွေနဲ့ တန်ဖိုးရှိတဲ့ Digital Gold ကို လဲလှယ်ရယူနိုင်မယ့် အထူးမုန့်ဖိုး အခွင့်အရေးလေးက HoneyDrop မှာ စတင်နေပြီနော်။ ✨

ဒီအခွင့်အရေးလေးကို လက်လွတ်မခံရဖို့ @SpringBeesbySDB Account နဲ့ @SpringDevBank Account ကို အခုပဲ ချိတ်ဆက်ထားပြီး နိုဝင်ဘာ ၁၁ ရက်နေ့ မတိုင်မီ အမိအရ ရယူလိုက်ကြရအောင်။ 💛

#SpringBees #HoneyDrop #DigitalGold #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤38👍4🥰1
လစဉ်လတိုင်း ရင်ခုန်စိတ်လှုပ်ရှားစရာ ဆုမဲတွေနဲ့အတူ @NwayOoHti က သင့်ကို စောင့်ကြိုနေပါတယ်။ ကိုယ်တိုင်လည်း ထိုက်တန်တဲ့ ဆုကြီးတွေ ပိုင်ဆိုင်နိုင်မယ့် ကံထူးရှင်ဖြစ်နိုင်သလို၊ နွေဦးပြည်သူတွေရဲ့ ယန္တရားကိုလည်း တထောင့်တနေရာကနေ ခိုင်ခိုင်မာမာ ပါဝင်ပံ့ပိုးပေးနိုင်မယ့် အကောင်းဆုံး အခွင့်အရေးပဲ ဖြစ်ပါတယ်။

အပြင်သွားစရာမလိုဘဲ အချိန်မရွေး၊ နေရာမရွေး @SpringDevBank payment နဲ့ အခုပဲ နွေဦးထီ ဝယ်ယူကံစမ်းလိုက်ပါ 💛

#နွေဦးထီ #SpringLottery #NwayOoHtee #SDB #SpringDevelopmentBank #RealBankRealFreedom
❤51👍5👌1
ကလေးငယ်တွေရဲ့ ပညာရေးအိပ်မက်တွေ ဆက်လက်ရှင်သန်နိုင်ဖို့ ရည်ရွယ်ကျင်းပခဲ့တဲ့ Keep Their Dreams Alive Thadingyut Charity Concert မှ အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို YouTube မှာ ပြန်လည်ကြည့်ရှုနိုင်ပါပြီ။ ▶️

ပွဲနေ့မှာ လွတ်သွားခဲ့တဲ့ ဖျော်ဖြေမှုတွေနဲ့ ကိုယ်ချစ်ရတဲ့ အနုပညာရှင်တွေရဲ့ သီဆိုမှုတွေကို ထပ်မံခံစားနိုင်ဖို့ မိမိဝယ်ယူထားတဲ့ Concert လက်မှတ်ပေါ်က QR Code ကို Scan ဖတ်ပြီး ပြန်လည်ကြည့်ရှုလိုက်ပါ။ 🎟️

ဒီပွဲဖြစ်မြောက်ရေးအတွက် ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ အနုပညာရှင်များ၊ ဝိုင်းဝန်းကူညီပေးခဲ့ကြသူများနဲ့ လက်မှတ်ဝယ်ယူအားပေးခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 💛

#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund #thadingyut #charity_concert #revolution #sdb #scf
❤34🥰5👍2🎉1👌1
Media is too big
VIEW IN TELEGRAM
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ မြန်မာချိန် ညနေ ၅:၀၀ နာရီမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများ၊ $SDB Token နဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SDBExchangeFunction #SDBToken #SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
❤44👍4🎉1
HoneyDrop မှာ SDB Gold ကို မရယူလိုက်ရတဲ့ ပျားလေးတွေအတွက် SDB နဲ့အတူ ချစ်ရသူတွေဆီ မုန့်ဖိုးလက်ဆောင်လေးတွေ ပို့ပေးရင်း USD 15 တန်ဖိုးရှိတဲ့ SDB Gold ကံထူးခွင့်ကို “မျှဝေဆတိုး သီတင်းကျွတ်မုန့်ဖိုး”မှာ ရယူနိုင်ပါသေးတယ်နော်။ 🎁

မိမိရဲ့ SDB Account မှ ချစ်ရသူ ၁၀ ဦးကို တဦးလျှင် အနည်းဆုံး မြန်မာငွေ ၅,၀၀၀ စီ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လွှဲပို့ကာ သတ်မှတ်ထားတဲ့ Form မှာ ဖြည့်သွင်းလိုက်ရုံနဲ့ ပါဝင်နိုင်တာကြောင့် ဒီဆတိုးအခွင့်အရေးကို SDB မှအချိန်မီ အရယူလိုက်ပါ။ 💕

မျှဝေဆတိုး သီတင်းကျွတ်မုန့်ဖိုးတွင် ပါဝင်ပါ
🔗 https://www.facebook.com/share/p/19ctEHE14a

ပါဝင်ထားကြောင်းဖြည့်သွင်းရန် Form
✍️ https://bit.ly/TDGmotephoeForm

#ThadingyutPocketMoney #ThadingyutMotePhoe #SpringDevelopmentBank #SDBGold #DigitalGold 
❤53👍3🔥1👌1
မီးတပွင့်နဲ့အလင်းတခေတ် အောက်တိုဘာလ နွေဦးထီ LIVE ဖွင့်ပွဲ 🚩

အောက်တိုဘာလရဲ့ ဓမ္မမီးတိုင်ကို လက်တွဲညီညီ အတူတူလျှောက်လှမ်းကာ ပါဝင်ခဲ့တဲ့ ကံထူးရှင်များစွာကိုဂုဏ်ပြုချီးမြှင့်ပေးရန်အတွက် ရင်ခုန်နေပါပြီ။🥳

ဒီလရဲ့ @NwayOoHti ဖွင့်ပွဲမှာ ပထမဆုကြီး ကျပ် သိန်း ၅၀၀၀ ၊ ဒုတိယဆုကြီး ကျပ် သိန်း ၁၀၀၀ × ၂ ဆု ၊ တတိယဆုကြီး ကျပ် သိန်း ၅၀၀ × ၂ ဆု တို့အပြင် ကံစမ်းသူတိုင်းကံထူးနိုင်တဲ့ အတူတူရှိမှ အောင်ပွဲဆီ ကတိဆု ဖြစ်တဲ့ သိန်း (၁၅၀)ကျပ် ဆုကြီး ကို ဒီလမှာ ဂုဏ်ပြုပေးသွားဖို့လည်း ရှိပါတယ်နော်။

အောက်တိုဘာလ ၃၁ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီ မှာ မီဒီယာပါတနာ DVB TV News, Public Voice Television နဲ့ နွေဦးထီရဲ့ မိတ်ဖက် channel များမှာ တင်ဆက်ပေးမှာဖြစ်ပြီး အခမ်းအနားမှူး Wendy နှင့်အတူ၊ ဖျော်ဖြေရေးအစီအစဥ်တွေနဲ့ နွေဦးထီ ဖွင့်ပွဲ LIVE ကို တင်ဆက်သွားမှာဖြစ်လို့ မိမိ မိတ်ဆွေ၊သူငယ်ချင်း၊မိသားစုများနှင့်အတူ မမေ့မလျော့ စောင့်ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။🎉

#NwayOoHti #WeDreamBold #NOHGiftCard #SpringDevelopmentBank
❤37🥰1
Media is too big
VIEW IN TELEGRAM
Canteen Chitchat – Episode 4 🎙️
Trick or Treat 👻

အပတ်စဉ် သောကြာနေ့တိုင်းအတွက် ပိုမိုလန်းဆန်းတက်ကြွတဲ့ Canteen Chitchat စကားဝိုင်း အစီအစဉ်လေးကို နွေဦးပြည်သူရှေ့မှောက် ပြန်လည်တင်ဆက် ခေါ်ဆောင်လာပါပြီ။ 🎃

ဒီတပတ်မှာတော့ Halloween အခါသမယလေးမှာ ရည်မှန်းချက်ကြီးတဲ့ July က Eric ဆီကနေ သကြားလုံးတွေ၊ ချောကလတ်တွေအပြင် ဘယ်အရာတွေကိုပါ တောင်းဆိုနေပြီလဲဆိုတာ သိရဖို့ ရသစုံတဲ့ စကားဝိုင်းလေးမှာ အခုပဲ နားဆင်ကြည့်လိုက်ကြပါစို့။ 🎧

#SDBCanteenChitchat #SDBPodcastSeries #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
🥰32❤24🏆1
Live stream started
Live stream finished (1 hour)
🏮 ကမ်ပိန်းနောက်ဆုံးနေ့ ရောက်လာပြီမို့ ဒီသီတင်းကျွတ်တော့ ကြိုးစားခဲ့တဲ့ လုပ်ရပ်တိုင်းအတွက် ရသင့်တဲ့ @SpringBeesbySDB Pollen တွေ အကုန်ယူလိုက်ရအောင် ပျားတို့ရေ…

ချစ်ပျားတို့ ကြိုးစားပြီးလုပ်ထားတဲ့ အားထုတ်မှုတွေကို အဆင့်လေးတခုကြောင့် မကျန်ခဲ့စေချင်တာမို့ ဒီမေးခွန်းလေးတွေ တခါလောက် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ရအောင်👇

☑️ အကျုံးဝင်တဲ့ Mission ၂ ခု ပြီးမြောက်ပြီးပြီလား?
https://www.facebook.com/share/p/1FQeGZfRv9

☑️ ပြီးမြောက်ထားတဲ့ Mission တွေအတွက်
သက်ဆိုင်ရာ Form တွေရောဖြည့်ပြီးပြီလား?

☑️ အပို 1,500 Pollen Appreciation Gift ရဖို့
Campaign Form ရောဖြည့်ပြီးပြီလား?

https://bit.ly/TDGAppreciationGiftForm

Mission တွေကို အားလုံးပြီးအောင်လုပ်ထားပြီးမှ
Form မဖြည့်မိလို့ ရသင့်တဲ့ Reward ကို လက်လွတ်သွားရင် နှမြောစရာပဲနော်။

⏰ ဒါကြောင့် ကမ်ပိန်းမပြီးခင် အချိန်ရှိတုန်း Mission တွေ ပြန်စစ် ၊ လိုအပ်တဲ့ Form တွေဖြည့်ပြီး ရသင့်တဲ့ Pollen တွေ ထိုက်ထိုက်တန်တန် သိမ်းပိုက်ယူလိုက်ပါ။ 💛

#ThadingyutApprecitionCampaign2026
#SpringBeesbySDB
#stinglikeSDBees #SpringDevelopmentBank #SDB
🥰24❤13👍3👏1
မနက်ဖြန်မှာတော့ (၆) လတာလုံး ဆက်လက်မောင်းနှင်လာခဲ့တဲ့ Galaxy HODLer 2 Mission ရဲ့အပြီးသတ်ပန်းတိုင်ကို သမာဓိခိုင်မာတဲ့ Galaxy HODLer တွေက အတူလက်တွဲ ပန်းဝင်ကြရတော့မှာပဲ ဖြစ်ပါတယ်။ 💫

ဒီခရီးလမ်းတလျှောက် ယုံကြည်မှုနဲ့ ကတိကဝတ်ကို အဆုံးအထိ ထိန်းသိမ်းလာနိုင်ခဲ့ကြတဲ့ HODLer အားလုံးကို ဝမ်းမြောက်စွာ ဂုဏ်ပြုရင်း မကြာခင် ဆွတ်ခူးရရှိတော့မယ့် ထိုက်တန်တဲ့ ဆုလာဘ်များကို အတူတကွ စောင့်ကြိုကြပါစို့။ 🚀

#GalaxyHODLer2 #SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤69👍7🥰7👏2
လအစမှာ ရရှိလာတဲ့ လစာဝင်ငွေတွေကို စုဆောင်းခြင်း၊ ရွှေဝယ်စုခြင်း၊ ငွေကြေးလဲလှယ်ခြင်း နဲ့  ငွေလွှဲပို့ခြင်း စတဲ့ လစဉ်ငွေကြေးစီမံမှု လိုအပ်ချက်တွေအတွက် SDB App က ခလုတ်တချက်နဲ့ ရယူနိုင်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ သင့်လက်တကမ်းမှာ အသင့်ရှိနေပါတယ်။ 🥰

အောက်ဖော်ပြပါ ဝန်ဆောင်မှုတွေထဲက ကိုယ့်အတွက် အသုံးဝင်ဆုံးနဲ့ အကြိုက်ဆုံး ဝန်ဆောင်မှုက ဘာဖြစ်မလဲဆိုတာ ရွေးချယ်ပြီး Comment မှာ မျှဝေပေးခဲ့ပါဦးနော်။ 💕

#SpringDevelopmentBank #SDB #SDBPayment #SDBServices #DigitalBanking #RealBankRealFreedom #ChooseSDB 
❤47🥰7👍4🎉2
Media is too big
VIEW IN TELEGRAM
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ မြန်မာချိန် ညနေ ၅:၃၀ နာရီမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများ၊ SDB Token နဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SDBExchangeFunction #SDBToken #SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
❤37🥰5🎉1
တခါတလေ မထင်မှတ်တဲ့ Link တခုကို နှိပ်မိရာကနေ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်ကတဆင့် ငွေကြေးလုံခြုံမှုကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ မတော်တဆ မသင်္ကာစရာ Link တခုကို နှိပ်မိခဲ့ရင် အောက်ပါအချက်လေးတွေကို သတိပြုလိုက်နာပါ။ 👀

⚠️ဝင်ရောက်မိတဲ့ နေရာမှ ချက်ချင်းထွက်ပြီး မသင်္ကာစရာ Link ကို ထပ်မံနှိပ်ခြင်း၊ ဖိုင်ဒေါင်းလုဒ်လုပ်ခြင်းများကို လုံးဝရှောင်ကြဉ်ပါ။

⚠️Password၊ PIN၊ OTP စတဲ့ ကိုယ်ရေးအချက်အလက်တွေကို မဖြည့်သွင်းပါနဲ့။

⚠️အကောင့်လုံခြုံရေးနှင့်သက်ဆိုင်သော အချက်အလက်တွေ ဖြည့်သွင်းမိခဲ့ရင် Password ပြောင်းလဲပြီး သက်ဆိုင်ရာဝန်ဆောင်မှုရဲ့ တရားဝင်အကူအညီလမ်းကြောင်းကနေ ချက်ချင်းဆက်သွယ်တိုင်ကြားပါ။

အွန်လိုင်းမှာ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ဖို့ သတိရှိဖို့က အရေးကြီးဆုံးပါ။ ဒါကြောင့် @SpringDevBank နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်များနဲ့ Link တွေကိုလည်း SDB ရဲ့တရားဝင် Website နှင့် Social Media Channel များမှသာ စိတ်ချယုံကြည်စွာ ဝင်ရောက်လိုက်ပါ။ ✅

#SpringDevelopmentBank #SDB #SecurityAwareness #RealBankRealFreedom #ChooseSDB
❤45🥰6👍2👏1
နှစ်ပတ်တကြိမ် အင်္ဂါနေ့တိုင်းရဲ့ The Counter Corner Comic အစီအစဉ်လေးကို နွေဦးပြည်သူတွေဆီ ပြန်လည်ခေါ်ဆောင်လာပါပြီ။ 😍

ဒီတပတ်မှာတော့ အလုပ်ရှုပ်နေကြတဲ့ ဘီဘီနဲ့ ဂျွန်အေးတို့ဆီ ဂျူလိုင်တယောက် ရောက်လာရာကနေ ဘယ်လိုစိန်ခေါ်မှုတခုကြောင့် မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကို အခုပဲအတူ လိုက်ကြည့်လိုက်ရအောင်။ 👀

#TheCounterCorner #SDBVerse #2DComics #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤39🥰7🎉1