Spring Development Bank
✔
19.6K subscribers
2.57K photos
145 videos
1.17K links
Discover the First Neo Bank for Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
SDB Canteen Chitchat - Episode 2 🍿

အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်လေ့ရှိတဲ့ Canteen Chitchat Mini-Podcast Series ကို နွေဦးပြည်သူရှေ့မှောက် ပြန်လည်ယူဆောင်လာပါပြီ။ 🎙️

ဒီတပတ်မှာတော့ Canteen ကို အလောတကြီး ရောက်လာခဲ့တဲ့ ကိုအဲရစ်မှ မနက်ဖြန်ရဲ့ ရင်ခုန်စရာ သတင်းထူးနဲ့ အခွင့်အရေးသစ်များ အကြောင်းကို July နဲ့အတူ မည်သို့ ဆွေးနွေးဖြစ်ခဲ့ကြလဲဆိုတာ အခုပဲ နားဆင်ကြည့်လိုက် ကြရအောင်နော်။ 🎧

#SDBCanteenChitchat #SDBPodcastSeries #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤72👏8👍5
ဖက်ဒရယ်ကြယ်တာရာများဆီသို့ ခေါ်ယူနေသော ဂလက်စီခရီးစဉ်အတွင်း၊ ယခင်မစ်ရှင်တွင် သမာဓိကို သက်သေပြ၍ “Galaxy HODLer Tag” ကို ရရှိထားသော HODLer များနှင့် အနာဂတ် HODLer များအား “Galaxy HODLer Tag” အသစ်ဖြင့် ဂလက်စီအဆင့်သို့ ဝင်ရောက်နိုင်ရန်အတွက် 6% APR $SDB Token ဆုလာဘ်များနှင့်အတူ Galaxy HODLer 2 မစ်ရှင်ကို ယနေ့တွင် အရှိန်ပြည့် လွှတ်တင်ထားပြီးဖြစ်ပါသည်။

လိုက်နာရမည့် စည်းကမ်းချက်များ

🌌Galaxy HODLer အဖြစ် ပါဝင်မည့် SDB အကောင့်သည် New Account (သို့) ယခင်အသုံးပြုခဲ့သော Galaxy HODLer Tag ရပြီးအကောင့် ဖြစ်ပြီး Locked / Restricted Token လုံးဝမပါရှိသည့် အကောင့် ဖြစ်ရပါမည်။

🌌 အနည်းဆုံး 25,000 $SDB Token နှင့်အထက်ကို ၂၀၂၆ မေလ (၁) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ (၆) လတိတိ ခိုင်မာစွာ HODL ထားရန် ကတိပြုရပါမည်။

🌌 Agreement Form ကို ၂၀၂၆ ခုနှစ် ဧပြီလ (၂၂) ရက်နေ့ (၂၃:၅၉:၅၉) MMT နောက်ဆုံးထား၍ ဖြည့်စွက်ပြီး မိမိ၏ မှန်ကန်သော UID နှင့် ထိန်းသိမ်းမည့် Token ပမာဏ အစစ်အမှန်ကိုသာ တိကျစွာ တင်ပြရပါမည်။

🌌 သတ်မှတ်ကာလ (၆) လတာ အတွင်း Token များကို Earn / Loan အဖြစ် အပ်နှံခြင်းမပြုပဲ Available Token အဖြစ်သာ တည်ငြိမ်စွာ ထိန်းသိမ်းထားရပါမည်။

⚠️ Form ပိတ်ချိန်မတိုင်မီသာ ကတိပြု Token ပမာဏကို ပြင်ဆင်နိုင်ပြီး နောက်ပိုင်း ထပ်တိုးသော Token များကို Reward တွက်ချက်ရာတွင် ထည့်သွင်းမည်မဟုတ်ပါ။

⚠️ (၆) လအတွင်း ကတိပြုထားသော ပမာဏထက် လျော့နည်းခြင်း သို့မဟုတ် Earn / Loan အဖြစ် ပြောင်းလဲခြင်း ဖြစ်ပါက မစ်ရှင်ပါဝင်မှု ပယ်ဖျက်ခံရခြင်း ဖြစ်နိုင်သည်ကို သတိပြုပါ။

Galaxy HODLer 2 မစ်ရှင်သစ်မှာ စာရင်းပေးသွင်းပါ

🔗 bit.ly/GalaxyHODLerAgreement2

အနာဂတ်၏ ဘဏ္ဍာရေးလွတ်လပ်ခွင့်နှင့် ဖက်ဒရယ်ဂလက်စီအောင်ပွဲသည် ခိုင်မာတည်ငြိမ်သော HODL ယုံကြည်ချက်မှ စတင်ပေါ်ပေါက်လာသည်ဖြစ်၍ ဤ ကြယ်တာရာခရီးစဉ်တွင် အင်အားအပြည့်ဖြင့် ပါဝင်ကာ မိမိတို့၏ အနာဂတ်နှင့် သမိုင်းသစ်ကို ယခုပင် အတူတကွ ပုံဖော်လိုက်ကြပါစို့ 🚀✨

#GalaxyHODLer2 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤103👍8
မတ်လ ၂၄ ရက်မှ ဧပြီလ ၆ ရက်အတွင်းမှာ SDB In-App Exchange မှတဆင့် နှစ်ပတ်တာကာလ တိုကင်ရောင်းအား စုစုပေါင်း ၂၈.၆ သန်းကျော်နှင့် တိုကင်ဝယ်အား ၂၈.၁ သန်းကျော်အထိ စုပေါင်းဘဏ္ဍာကို ဖယ်ဒရယ် ဘုံရည်မှန်းချက် အောင်နိုင်ရန်အတွက် ဝန်းရံအားဖြည့်နိုင်ခဲ့ပါသည်။ 🚀

ဤသို့ တော်လှန်လူထုရဲ့ ခိုင်မာညီညွတ်သော ဘုံယုံကြည်ချက်ဖြင့် $SDB Token များကို ဆက်လက်အားဖြည့်ရင်း ဖက်ဒရယ် ကြယ်တာရာများဆီသို့ ခရီးနှင်နေတဲ့ Galaxy HODLer 2 တွင်လည်း နိုင်ရာဝန်အတူ ရွက်ထမ်းပါဝင်ဖို့ ထပ်မံဖိတ်ခေါ်အပ်ပါသည်။ 🌌

#SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤70👍3
Galaxy HODLer 2 Mission မှာ သမာဓိအားကောင်းတဲ့ HODLer တိုင်း ပါဝင်ခွင့်ရှိတဲ့ ၆ လတာ ဖယ်ဒရယ်ကြယ်တာရာ ခရီးစဉ်အတွက် အောက်ပါ အချက် (၃) ချက်ကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် အထူးဂုဏ်ပြုတံဆိပ်ဖြစ်တဲ့ Galaxy HODLer Tag နှင့်အတူ 6% APY $SDB Token များကို ဆွတ်ခူးရယူ နိုင်ပါတယ်။ 🌟

1. Locked (သို့) Restricted အောက်တွင် Token လုံးဝ ရှိမနေသော မည်သည့် SDB အကောင့်ကို မဆို အသုံးပြုပြီး အနည်းဆုံး 25,000 Token ဖြည့်တင်းပါ

2. တိုကင်ဖြည့်တင်းထားသော SDB အကောင့်၏ မှန်ကန်သော UID နှင့် ထိန်းသိမ်းမည့် SDB Token ကတိပြုပမာဏ ကို အောက်ပါဖောင်တွင် စာရင်းပေးသွင်းပါ

🌌 bit.ly/GalaxyHODLerAgreement2

3. စာရင်းပေးသွင်းလိုက်သည့် တိုကင်ပမာဏထက် မလျော့နည်းအောင် Available Token အောက်တွင်သာ HODLer ကာလ ၆ လအတွင်း ပြောင်းရွှေ့ခြင်းမရှိ ထိန်းသိမ်းထားပါ

ဤအချက် (၃) ချက်အတိုင်း လိုက်နာပါဝင်သည့် သမာဓိခိုင်မာသော အနာဂတ် HODLer များနဲ့အတူ ကြယ်တာရာ ခရီးစဉ်မှာ ဆုံတွေ့ကြမယ်နော်။ ✨

Mission ကာလ နှင့် ပါဝင်ပုံအသေးစိတ်ကို လေ့လာရန်
📖 https://t.me/SpringDevBank/3090

#GalaxyHODLer2 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤67👍10
New Year, New Feature!
ပွဲတွေဆက်နေပေမဲ့ လက်မလွှတ်သင့်တဲ့ Community Call

တော်လှန်ပြည်သူများနဲ့အတူ အနာဂတ်မြန်မာနိုင်ငံသစ်ဆီ ကြိုးစားလျှောက်လှမ်းရင်း Call လေးတွေ ဆက်တိုက်ဖြစ်နေပေမဲ့ ဒီ Community Call ကိုတော့ လက်မလွှတ်ဖို့ တိုက်တွန်းချင်ပါတယ်..

နွေဦးဘဏ္ဍာရေး စုပေါင်းထောက်ပို့မှု ခရီးတစ်လျှောက်မှာ ပြည်သူများနဲ့ မြေပြင်အဖွဲ့အစည်းများအတွက် ကြီးမားတဲ့ တိုးတက်မှု အရွေ့အသစ်တစ်ခုဖြစ်တဲ့ @SpringCrowdFund ရဲ့ Feature အသစ်ကို စတင်မိတ်ဆက် ပြောပြပေးမှာပါ..

ဘယ်လို Feature ဖြစ်မလဲဆိုတာကို သိရှိနိုင်ဖို့ အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်.. 💙

10 April 2026 (Friday)
7 PM (MMT)

#SCF #SpringCrowdFund
#CollectivePower
#TogetherWeCan #NewYearNewFeature #SpringDevelopmentBank
❤74👍9🔥1
SDBVerse - Chapter 1 (Part 1)
July visits the office ✨

နှစ်ပတ်တကြိမ် သောကြာနေ့ညတိုင်းမှာ ပေါ့ပေါ့ပါးပါးနဲ့ အပန်းပြေ ဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍသစ်လေး ပြန်လည်ရောက်ရှိ လာပါပြီနော်။ 🥰

ဒီတပတ်ကောမစ်မှာတော့ ရုံးတွင်းထဲ အသစ်ရောက်လာတဲ့ July ကို လုပ်ဖော်ကိုင်ဖက်များက မည်သို့ တရင်းတနှီး မိတ်ဆက်ကြိုဆိုကြလဲကို အခုပဲ အတူတူ ဖတ်ကြည့်လိုက်ကြရအောင်နော်။ 💭

#SDBComics #SDBVerse #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤56👍10
SDBVerse - Chapter 1 (Part 2)
July visits the office ✨

နှစ်ပတ်တကြိမ် သောကြာနေ့ညတိုင်းမှာ ပေါ့ပေါ့ပါးပါးနဲ့ အပန်းပြေ ဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍသစ်လေး ပြန်လည်ရောက်ရှိ လာပါပြီနော်။ 🥰

ဒီတပတ်ကောမစ်မှာတော့ ရုံးတွင်းထဲ အသစ်ရောက်လာတဲ့ July ကို လုပ်ဖော်ကိုင်ဖက်များက မည်သို့ တရင်းတနှီး မိတ်ဆက်ကြိုဆိုကြလဲကို အခုပဲ အတူတူ ဖတ်ကြည့်လိုက်ကြရအောင်နော်။ 💭

#SDBComics #SDBVerse #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤67👍12
လတ်တလော ငွေကြေးဝန်ဆောင်မှုများအပေါ် phishing / scam အန္တရာယ်များ တိုးပွါးလာနေတဲ့အလျောက် မိမိရဲ့ ဓနဥစ္စာကို လုံခြုံစွာ ထိန်းသိမ်းစုဆောင်းထားနိုင်ရန် ပို၍အရေးကြီးလာပါတယ်။ ⚠️

နွေဦးဘဏ် (SDB) ဟာ အဆင့်မြင့် blockchain စနစ်အပေါ် အခြေခံတည်ဆောက်ထားတဲ့အတွက် ငွေလွှဲပြောင်းမှုတိုင်း၏ လုံခြုံမှု နှင့် အသုံးပြုသူကိုယ်တိုင် စီမံထိန်းချုပ်မှု တို့ကို ဦးစားပေးထားခြင်းကြောင့် ကိုယ်ပိုင် PIN, Password, 2FA စနစ်များဖြင့် အဆင့်ဆင့်ကာကွယ်ထားနိုင်ပြီး မိမိပိုင်ဆိုင်မှုကို ပိုမိုစိတ်ချစွာ စီမံနိုင်ပါတယ်။ ✅

ယုံကြည်ရတဲ့ RM များမှတဆင့် ငွေဖြည့်သွင်းနိုင်ပြီး ၂၄/၇ ဝန်ဆောင်မှု ရယူနိုင်တဲ့ SDB နဲ့အတူ လုံခြုံတဲ့ လူထုဘဏ္ဍာအနာဂတ်ကို အတူတတကွ တည်ဆောက်လိုက်ပါ။ 💪

#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤71👍8
Galaxy HODLer 2 သည် $SDB Token များဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုကို အခြေခိုင်စေသလို၊ စုပေါင်းဘဏ္ဍာအင်အားဖြင့် ဘုံအနာဂတ်၏ အရှိန်အဟုန်ကို မြှင့်တင်ပေးမည့် ကြယ်တာရာမစ်ရှင်တခု ဖြစ်ပါသည်။ 🌌

(၆) လတာ ဂလက်စီပတ်လမ်းအတွက် မိမိတတ်စွမ်းသမျှ အားဖြည့်ပါဝင်ရင်း ဧပြီလ (၂၂) ရက် မတိုင်မီ စာရင်းပေးသွင်းကာ စုပေါင်းလောင်စာဖြင့် လွတ်လပ်ခိုင်မာသော ဖက်ဒရယ်မိုးကုတ်စက်ဝန်းဆီသို့ အတူတကွ အရှိန်မြှင့် မောင်းနှင်ကြပါစို့။ 🚀

https://t.me/SpringDevBank/3090

#GalaxyHODLer2 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤85👍11🔥4
ချစ်ခင်ရသူတွေနဲ့ ဝေးကွာနေပေမဲ့ နွေဦးရဲ့ အတာသင်္ကြန်ရက်များအတွင်းမှာလည်း ပြည်သူများရဲ့ စေတနာနဲ့ ဘဏ္ဍာရေးအင်အားတွေ မိသားစုဆီ အရောက်လှမ်းနိုင်ဖို့အတွက် ဧပြီလ ၁၄ ၊ ၁၅ ၊ ၁၆ ရက် (၃) ရက်တာအတွင်း @SpringDevBank | SDB Counter ၏ Customer Service နှင့် ဝန်ဆောင်မှုအချိန်တို့အား မြန်မာချိန် မွန်းလွဲ ၂ နာရီမှ ည ၁၀ နာရီအထိ ပြောင်းလဲဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင်အသိပေးအပ်ပါသည်။

သင်္ကြန်မိုးနဲ့အတူ အိမ်လွမ်းစိတ်ကို ဖြေဖျောက်ရင်း SDB App အတွင်းရှိ ဝန်ဆောင်မှုများကိုမူ ပုံမှန်အတိုင်း စိတ်ကြိုက်အသုံးပြုနိုင်မည်ဖြစ်တာကြောင့် အတားအဆီးမဲ့သော ဘဏ္ဍာရေးအရှိန်အဟုန် မပြတ်တောက်စေရန် လိုအပ်သည့် စီမံခန့်ခွဲမှုများအား ကြိုတင်ပြင်ဆင်ထားကြပါရန် တိုက်တွန်းလိုက်ပါသည်။

#SpringDevelopmentBank
#SDBCounter
#RealBankRealFreedom
#ChooseSDB
❤74👍8
သင်္ကြန်အခါသမယတွင် အတာရေဖြင့် ညစ်နွမ်းမှုတို့ကို ဆေးကြောသန့်စင်၍ ကျန်းမာခြင်း နှင့် သာယာအေးချမ်းခြင်းတို့ဖြင့် ပြည့်ဝပါစေကြောင်း @SpringDevBank မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 💦

ဤနှစ်သစ်တွင် မျှော်လင့်ချက်အသစ်၊ ရည်မှန်းချက်အသစ် တို့နှင့်အတူ Galaxy HODLer ၏ ခိုင်မာသော အဓိဋ္ဌာန်ဖြင့် တောက်ပလွတ်လပ်သော ဖက်ဒရယ်အနာဂတ် ကြယ်တာရာခရီးစဉ်တွင် ပါဝင်စာရင်းပေးသွင်းကြဖို့ မမေ့နဲ့နော်။ ✨

#Thingyan2026 #NewYearResolution #GalaxyHODLer2 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤100👍12
Media is too big
VIEW IN TELEGRAM
SDB Canteen Chitchat - Episode 3 💦

အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်လေ့ရှိတဲ့ Canteen Chitchat Mini-Podcast Series ကို နွေဦးပြည်သူရှေ့မှောက် ပြန်လည်ယူဆောင်လာပါပြီ။ 🎙️

ဒီတပတ်မှာတော့ အတာသင်္ကြန်ရက်မှာ ကိုအဲရစ်က July ဆီ ဖုန်းဆက်သွယ်ပြီး၊ အရင်နှစ်တွေရဲ့ သင်္ကြန်အမှတ်တရများကို ပြန်လည်လွမ်းဆွတ်ရင်း ဒီနှစ်အတာသင်္ကြန်ကို မည်သို့ ဆင်နွှဲဖို့ ပြင်ဆင်ထားကြလဲ ဆိုတာ အပြန်အလှန်မျှဝေ ပြောဆိုခဲ့ကြတဲ့ ကြည်နူးဖွယ် စကားဝိုင်းလေးကို အခုပဲအတူ နားဆင်လိုက်ကြရအောင်နော်။ 🎧

#SDBCanteenChitchat #SDBPodcastSeries #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤73👍12
မေလ (၁) ရက်မှ အောက်တိုဘာလ (၃၁) ရက်အထိ သမာဓိခိုင်မာစွာဖြင့် အတူတကွ ချီတက်မည့် ဂလက်စီရဲဘော်များအတွက် 6% APR $SDB ဆုလာဘ်များနှင့်အတူ ရှားပါးအထူးဂုဏ်ထူးဆောင် “Galaxy Tag” တို့က စောင့်ကြိုနေပါသည်။ 🌌

ဤ (၆) လတာ ကြယ်တာရာပတ်လမ်းမစ်ရှင်တွင် အနည်းဆုံး $SDB Token ၂၅,၀၀၀ ဖြင့် ပါဝင်အားဖြည့်ကာ မိမိတို့၏ ဘုံအနာဂတ်အတွက် ဧပြီလ (၂၂) ရက် နောက်ဆုံးထား၍ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြပါစို့။ ✨

#GalaxyHODLer2 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤83👍14
၂၀၂၆ အတာနှစ်သစ်မှာ ခေတ်မီအနာဂတ်ကို ကိုယ်တိုင်ပုံဖော်ရင်း၊ ပြည်သူ့ဘဏ္ဍာကို အားဖြည့်ပေးမယ့် တာဝန်သိ ရင်းနှီးမြှုပ်နှံသူတဦးအဖြစ် သင်ရဲ့ ပထမဆုံးခြေလှမ်းကို မည်သို့စတင် လျှောက်လှမ်းမလဲ။ 🧐

A. The Visionary Galaxy HODLer 🌌
SDB Token Investor တဦးအဖြစ် ရေရှည်တည်တံ့တဲ့ အနာဂတ်ကို ယုံကြည်ချက်အပြည့်နဲ့ ရင်းနှီးမြှုပ်နှံမယ်။

B. The Digital Gold Guardian ⚔️
ခေတ်သစ်ရဲ့ တန်ဖိုးရှိ ဒီဂျစ်တယ်ရွှေကို စုဆောင်းရင်း၊ ခိုင်မာတဲ့ အနာဂတ်အတွက် အုတ်မြစ်တခု တည်ဆောက်မယ်။

C. The Financial Strategy Master 👑
ရက် ၃၆၀ စာရင်းသေအပ်နှံမှုရဲ့ အမြင့်ဆုံးအတိုးနှုန်းကို ရယူပြီး၊ ပိုလျှံငွေကို ထိရောက်စွာ စီမံကာ ဘဏ္ဍာရေးအင်အားကို မြှင့်တင်မယ်။

ခိုင်မာတဲ့ ဘဏ္ဍာအနာဂတ်တည်ဆောက်ဖို့ အတွက် ဖော်ပြပါ ငွေကြေးစီမံမှု နည်းလမ်း (၃) မျိုးထဲက သင်နဲ့ အကိုက်ညီဆုံး လမ်းစဉ်ကို ရွေးချယ်ပြီး Comment မှာ မျှဝေခဲ့ပါဦးနော်။ 💬

#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤74👍7
၁၃၈၈ ခုနှစ် နှစ်ဆန်းတရက်နေ့ မှစ၍ အမှန်တရားဘက်တွင် ခိုင်မာညီညွတ်စွာ ရပ်တည်နေကြသော ပြည်သူတို့၏ ဓမ္မအလင်းရောင်ဖြင့် အမှောင်ထုကို အောင်နိုင်ကာ ကျန်းမာခြင်း၊ ကြွယ်ဝခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တရားမျှတမှုတို့ အစဉ်ထွန်းကားပါစေကြောင်း ပြည်သူ့နွေဦးဘဏ် မှ နှစ်သစ်ကူး ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 💐

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
❤100🥰6👍3
ပြည်သူတို့ရဲ့ လန်းဆန်းတက်ကြွသော နှစ်သစ်ကူးအားမာန်များဖြင့် ဧပြီလ ၇ ရက်နေ့မှ ၁၄ ရက်နေ့ အတွင်းမှာ SDB In-App Exchange ၌ တိုကင်ရောင်းအား ၁၀.၄ သန်းကျော်နှင့် ဝယ်အား ၃၈.၈ သန်းကျော်အထိ တဟုန်ထိုး မြင့်တက်လာစေခဲ့ပြီး အောင်မြင်မှု မှတ်တိုင်သစ်များ စိုက်ထူနိုင်ခဲ့ပါသည်။ 🚀

သတင်းကောင်းများဖြင့် အစပြုသည့် ဤနှစ်သစ် အခါသမယမှာ ပိုမိုတောက်ပသော ဘုံမျှော်လင့်ချက်ဖြင့် $SDB Token ကို ဆက်လက်ဝန်းရံရင်း Galaxy HODLer 2 ခရီးစဉ်မှာလည်း အားမာန်သစ်များဖြင့် တညီတညွတ်တည်း ပါဝင်ထားကြပါစို့။ 🌌

#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤75👍9
Locked သို့မဟုတ် Restricted များဖြင့် ချုပ်နှောင်မှုမရှိသော SDB Account ဖြင့် $SDB Token 25,000 ကို သမာဓိရှိရှိ မျိုးစေ့ချရုံနဲ့ (၆) လအကြာမှာ 6% APY အသီးအပွင့်တွေကို Galaxy Tag နဲ့အတူ ဂုဏ်ယူစွာ ရိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဧပြီလ ၂၂ ရက် မတိုင်မီ စာရင်းပေးသွင်းပြီး ပိုမိုတောက်ပတဲ့ နောင်ရေးအတွက် Galaxy HODLer ကြယ်တာရာဥယျာဉ်မှာ အတူတကွ ပျိုးထောင်လိုက်ကြပါစို့။

🌌 bit.ly/GalaxyHODLerAgreement2

#GalaxyHODLer2 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤54👍4