Spring Development Bank
21.3K subscribers
2.14K photos
121 videos
1.03K links
Discover the First Neo Bank for Myanmar.
Download Telegram
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ မြန်မာချိန် ညနေ ၅ နာရီမှာ နွေဦးဘဏ်၌ ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများနဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
89👍18🥰5👌1
Blockchain နည်းပညာအခြေပြု @SpringDevBank ဟာ တော်လှန်ပြည်သူလူထုအတွက် လွတ်လပ်ပြီး စိတ်ချလုံခြုံမှုပြည့်ဝတဲ့ ငွေကြေးဂေဟစနစ်တစ်ခုကို မွန်းမံတင်ဆက်ပေးနေတာ အားလုံးသိထားပြီးသားဖြစ်ပါလိမ့်မယ်။

အခုဆိုရင် SDB ကနေအစပြုတဲ့ Spring Galaxy Ecosystem ထဲမှာ အဖွဲ့ဝင်သစ်တစ်ယောက် Offically ထပ်မံပေါက်ဖွားလာပါပြီ။ အဲဒါကတော့ အနာဂတ်ငွေကြေးစောင့်ရှောက်မှုအတွက် ဆပွားအကျိုးအမြတ်တွေနဲ့ ငွေစုဆောင်းအပ်နှံနိုင်မယ့် Fintech အဖွဲ့ဝင်သစ်၊ @NwayOoDreamCatcher (NDC) ပါပဲ။

သိပ်မကြာခင်မှာ NDC ဟာဆိုရင် တော်လှန်လူထုဆီကို အရင် Beta Launch တုန်းကထက် ပိုမိုပြည့်စုံတဲ့ Web App Version သစ်တစ်ခုကို Offical ပေးအပ်သွားတော့မှာပဲဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ Public Launch အနေနဲ့ ဘယ်သူမဆို လွယ်လွယ်ကူကူ Register ဝင်ရောက် လုပ်ဆောင်နိုင်မှာဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တရားဝင်ဖွင့်လှစ်ခြင်းအခမ်းအနားနဲ့အတူ မိတ်ဆက်ပေးသွားတော့မှာဖြစ်လို့ အနာဂတ်အိပ်မက် ခိုင်မာလုံခြုံမှုအတွက် မျှော်လင့်ချက်ကောင်းတစ်စုံဖြစ်လာပါပြီ။

ဒီအတွက်ကြောင့် NDC ဟာ ဘယ်လို အကျိုးအမြတ်တွေ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ထွက်လာမလဲ၊ ဘယ်လို အဆင့်ဆင့်လုပ်ဆောင်ရမလဲဆိုတဲ့ အချက်တွေကို Nway Oo Dream Catcher ရဲ့ Official Facebook Page www.facebook.com/nwayoodreamcatcher မှာ ဝင်ရောက်လေ့လာရင်းနဲ့ အိပ်မက်ခရီးလမ်းမှာ အားတက်သရော ပါဝင်နိုင်ဖို့အတွက် အဆင်သင့်ပြင်ထားကြပါစို့နော်!

#SpringDevelopmentBank
#RealBankRealFreedom
#NwayOoDreamCatcher
#DreamSuBuu
136👍23🥰14🆒2👌1
ဘယ်ခလုတ်လေးကို သင်နှိပ်မလဲ?

Token Holder အဖြစ် သင့်ဘဏ္ဍာရေးကို အားဖြည့် တန်ဖိုးမြှင့်တင်ဖို့အတွက် အခုချက်ချင်း အောက်ပါ အရောင်ပါတဲ့ @SpringDevBank ခလုတ်များအနက် တစ်ခုကို ရွေးခွင့်ရမယ်ဆိုရင်... ဘယ်အရောင်နဲ့ ခလုတ်ကို သင် နှိပ်မလဲ? 🤔

ရွေးချယ်မှုတိုင်းမှာ လက်ငင်းအကျိုးကျေးဇူးတွေ ပါဝင်ပြီး သင် အကြိုက်ဆုံး ခလုတ်၏ သက်ဆိုင်ရာအရောင်အလိုက် Heart Emoji လေးတွေနဲ့ Comment မှာ မျှဝေပြောပြပေးခဲ့ပါဦးနော်👇
💙💚🤍❤️🧡💛

🔗https://www.facebook.com/share/p/1BakarFnsp

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
#SDBToken
Please open Telegram to view this post
VIEW IN TELEGRAM
157👍16🥰7👏2
Token Holder မှ Galaxy HODLer အဖြစ်သို့ 🚀🌌

Earn ထက် ပိုမိုမြင့်မားတဲ့ 6% APR $SDB Token ဆုလာဘ် (Reward) ရရှိနိုင်မယ့် Gaxlaxy HODLer Challenge ဟာ $SDB Token အပေါ်ထားရှိသော ယုံကြည်မှုတို့ဖြင့် မြန်မာနိုင်ငံသစ်အတွက် ပြည်သူ့ဘဏ္ဍာရေး ဂေဟစနစ်၏ ရေရှည်တန်ဖိုး ခိုင်မာမှုကို ပြသနိုင်ဖို့ ရည်ရွယ်ထားတာမို့ အနာဂတ်ဘဏ္ဍာရေးအောင်ပွဲများ၏ ပဲ့ကိုင်ရှင် Galaxy HODLer ဖြစ်လိုသူတိုင်း ပါဝင်သင့်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။

Galaxy HODLer များ ဖြစ်လိုပါက သတိပြုလိုက်နာရမည့် စံနှုန်း သတ်မှတ်ချက်များ

🌱 Galaxy HODLer အဖြစ် ပါဝင်မည့် @SpringDevBank အကောင့်သည် Locked Token (သို့မဟုတ်) Restricted Token များ လုံးဝ မပါရှိသည့် "New Account" ဖြစ်ရပါမည်။
🌱 Challenge မှာ ပါဝင်ဖို့အတွက် အနည်းဆုံး Token ပမာဏ 5000 $SDB နှင့် အထက်ကို ၂၀၂၅ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၆ မတ်လ ၂၀ ရက်နေ့ အထိ (၃) လ တိတိ ထိန်းသိမ်းရန် bit.ly/GalaxyHODLerAgreement တွင် ကတိပြုရပါမည်။
🌱ကတိပြုလျှောက်လွှာ Agreement Form ဖြည့်ရမယ့် ကာလကတော့ ၂၀၂၅ ဒီဇင်ဘာလ ၁၂ ရက်နေ့ မှ ၁၉ ရက်နေ့အထိသာ ဖြစ်ပြီး Form ထဲ၌ မိမိ၏ UID နှင့် ထိန်းသိမ်းမည့် ပမာဏကို ရွေးချယ် တင်ပြရပါမည်။
🌱၂၀၂၅ ဒီဇင်ဘာ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ကတိပြုထားသည့် Token ပမာဏကို Earn (သို့) Loan အဖြစ် အပ်နှံခြင်းမပြုပဲ Available Token အဖြစ် ထိန်းသိမ်းထားရပါမည်။

⚠️ကတိပြု ထိန်းသိမ်းမည့် Token ပမာဏကို ဒီဇင်ဘာ ၁၉ ရက်နေ့ မတိုင်ခင်ထိ ပြောင်းလဲပြင်ဆင်ခွင့် ရှိမည်ဖြစ်ပြီး (ကတိပြုလျှောက်လွှာပိတ်ချိန် နောက်ပိုင်း အကောင့်ထဲသို့ ထပ်တိုးရောက်ရှိလာတဲ့ Token များအား Reward ပေးတဲ့အခါ ထည့်သွင်းတွက်ချက်မည် မဟုတ်ပါ)
⚠️သတ်မှတ်ကာလ (၃) လ အတွင်း မိမိ ကတိပြုထားသည့် Token ပမာဏ အောက် လျော့နည်းသွားသော်လည်းကောင်း၊ Earn (သို့) Loan အဖြစ် ပြောင်းလဲအပ်နှံမိ သော်လည်းကောင်း Challenge အောင်မြင်ခွင့် ပယ်ဖျက်ခံရနိုင်တာကြောင့် မပျက်မကွက် ထိန်းသိမ်းရန် သတိပြုပါ။
⚠️Challenge အောင်မြင်သည့် Galaxy HODLer အကောင့်များသို့ $SDB Token ဆုလာဘ် ထည့်သွင်းဖြန့်ဝေမည့် Reward Distibution နေ့ရက်ကို အချိန်နှင့်တပြေးညီ ပြန်လည် ထုတ်ပြန်ပေးသွားပါမည်။

$SDB ၏ ရေရှည် အသုံးဝင်မှု နှင့် ပိုမိုခိုင်မာသည့် FinTech Ecosystem ၏ အနာဂတ်တန်ဖိုးကို ဖန်တီးနိုင်ဖို့ $SDB Token ကို ခိုင်မာစွာ HODL ထားရုံဖြင့် အမြင့်ဆုံး Reward ရရှိနိုင်မယ့် အခု Challenge ကို ဂုဏ်ယူစွာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

#SDBToken
#SDB2theMoon
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
137🥰8🔥5👍3
This media is not supported in your browser
VIEW IN TELEGRAM
🎙️ SDB Podcast Friday: အိပ်မက်စုဘူးနဲ့အတူ အနာဂတ်အိပ်မက်တွေကို ပြန်လည်ထုတ်ဖော်ခြင်း

အပတ်စဉ် သောကြာနေ့ရဲ့ SDB Podcast Friday ကို ပြည်သိမ်းမောင်၊ မသန့်ဝေကျော်တို့နှင့်အတူ ပြန်လည်တင်ဆက်ဖို့ ရောက်ရှိလာပါပြီ။

ဒီတစ်ပတ် Episode မှာတော့ နွေဦးပြည်သူတို့ရဲ့ အိပ်မက်တွေကို တော်လှန်ရေးအလွန် မြန်မာနိုင်ငံသစ်မှာ လုံလုံခြုံခြုံ ပြန်လည် စတင်နိုင်ဖို့ Spring Galaxy ကနေ အသစ်ထပ်မံမွေးဖွားလာတဲ့ @NwayOoDreamCatcher အကြောင်းအသေးစိတ်ကို ရှင်းလင်းပြောကြားထားတာမို့ အတူတူ နားဆင်လိုက်ကြရအောင်နော်။ 🎧

#SDBPodcastFriday #NwayOoDreamCatcher
#SpringDevelopmentBank
#ChooseSDB
#RealBankRealFreedom
111🥰12👍8
$SDB Token များ ကိုယ်စီဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပေမယ့် ပျားရဲဘော်တို့ရဲ့ အားထုတ်မှုတွေက ဒီမှာတင် ရပ်တန့်လို့ မရသေးပါဘူးနော်💪

ဝက်ဝံရန် ကြောင့် Level တွေ ကျမသွားအောင် ကာကွယ်ဖို့ ပျားတွေရဲ့ ညီညွတ်မှုကသာ အကြီးမားဆုံး အင်အားဖြစ်တာမို့ တနေ့ နှစ်ကြိမ် ဆက်တုပ်ရင်း နောင်လာမယ့် NFT နဲ့ အခြားအစီအစဉ်များအတွက်လည်း ပျားအသိုက်အမြုံကို အတူတကွ ဆက်လက် ခိုင်မာအောင် ကာကွယ်ကြပါစို့🐝

🕹️ ပျားကမ္ဘာသို့ ဝင်ရောက်ရန်: t.me/springbees_bot

#stinglikeSDBees
#SpringBeesbySDB #SpringDevelopmentBank
#ChooseSDB
#RealBankRealFreedom
150👍27🥰7
ယနေ့မှာတော့ Vesting Schedule အစီအစဉ်အရ ၁၀% သော $SDB Token များ ထပ်မံ ပွင့်သွားပြီ ဖြစ်တဲ့အတွက် Token Holder များအနေနဲ့ လက်ဝယ်ကိုင်ဆောင်ထားတဲ့ စုပေါင်း Available Token များကို များများ HODL လေ များများ Earn လေ ဖြစ်စေမယ့် ရေရှည်ခိုင်မာတဲ့ ဘဏ္ဍာရေးအနာဂတ်အတွက် သားစဉ်မြေးဆက် အမွေလက်ဆင့်ကမ်းနိုင်ဖို့ Galaxy HODLer တယောက်အဖြစ် စိတ်ချလုံခြုံရတဲ့ @SpringDevBank မှာ အခုပဲ ဆက်လက် စုဆောင်း ရင်းနှီးမြှုပ်နှံလိုက်ပါ။💪

🔗SDB Counter မှ ထပ်မံဝယ်ယူပါ
m.me/SDBCounter

ရေရှည်စုဆောင်းသူများ အကျိုးအမြတ် ဆတိုးရစေမယ့် Galaxy HODLer Challenge မှာ အခုပဲ ပါဝင်လိုက်ပါ👇

🔗https://www.facebook.com/share/p/1Beri6bdf1


#SDBToken
#SpringDevelopmentBank
#ChooseSDB
#SDB2theMoon
Please open Telegram to view this post
VIEW IN TELEGRAM
108🥰9👍8
လေးစားအပ်ပါသော ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သူများခင်ဗျာ

ဤစာတမ်းလွှာကို ဖတ်ရှုနေချိန်၌ လူကြီးမင်းတို့အားလုံး ကျန်းမာရွှင်လန်းကြမည်ဟု မျှော်လင့်ပါသည်။ ၂၀၂၆ ခုနှစ်၏ တိုးတက်မှု ခရီးစဉ်အသစ်ဆီသို့ လျှောက်လှမ်းနိုင်ရန် နီးကပ်လာသည်နှင့်အမျှ ကျွန်တော်တို့၏ စီးပွားရေးလုပ်ငန်း၊ နည်းပညာပလက်ဖောင်း၊ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုများနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ရရှိထားသော သိသာထင်ရှားသည့် တိုးတက်မှုများကို စုစည်းတင်ပြလိုပါသည်။


လူကြီးမင်းတို့၏ ဆက်လက်ယုံကြည်အားထားမှု၊ ပံ့ပိုးဝန်းရံမှုနှင့် လက်တွဲဆောင်ရွက်မှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်။

အနက်ရှိုင်းဆုံးသော လေးစားမှုဖြင့်

ကယ်လ်ဗင်
အမှုဆောင်အရာရှိချုပ်
နွေဦးဖွံ့ဖြိုးရေးဘဏ်

၁၄ ဒီဇင်ဘာလ ၂၀၂၅

CEO Letter အား English ဘာသာ ဖြင့် ဖတ်ရှုလိုပါက -
https://springdevelopmentbank.com/investor-relations

#SpringDevelopmentBank #SDB2theMoon
151👍17🥰11
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ နေ့လည် မြန်မာချိန် ၁၂ နာရီခွဲ မှာ နွေဦးဘဏ်၌ ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများနဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

အချိန်နဲ့တပြေးညီ ငွေလဲနှုန်းထားများ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
84👍9🥰7
This media is not supported in your browser
VIEW IN TELEGRAM
နည်းပညာချင်း
အားပြိုင်နေရတဲ့ပွဲမှာ
SCF သုံးပြီး
ခေတ်မီလုံခြုံမြန်ဆန်စွာ
ထောက်ပို့ပါ..

အပြိုင်ချောပေးကြတဲ့ Ko PhoneSett Thwin နဲ့ Ko Aung Loon ကို @SpringCrowdFund မှ ကျေးဇူးများကြီးတင်ရှိပါတယ်။

အခုပဲ SCF အကောင့်ဖွင့်လိုက်ကြစို့
👉 springcrowdfund.org/sign-in

#SpringCrowdFund
#SpringDevelopmentBank
#ChooseSDB
#RealBankRealFreedom
106👍14🥰12
$SDB Token Holder များအတွက် စိတ်လှုပ်ရှားစရာ အနာဂတ် အစီအစဉ်များနဲ့အတူ Galaxy HODLer Challenge ရဲ့ ရည်ရွယ်ချက် နှင့် အကျိုးဖြစ်ထွန်းမှု အကြောင်းတွေကို မနက်ဖြန်ည မြန်မာချိန် ၈ နာရီ ရဲ့ Community Call Live မှာ Ko Merlin ကိုယ်တိုင် ရှင်းလင်းဆွေးနွေးသွားမှာဖြစ်လို့ လက်မလွတ်တမ်း အတူတကွ တက်ရောက် နားဆင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။🚀

December 16, 2025 | 8:00 PM (MMT)
🔗 t.me/springdevbank?livestream   

#SDB2theMoon
#SDBCommunityCall
#SDBToken
#SpringDevelopmentBank
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
120🥰32👍19🔥1
SDVee Comics - Galaxy HODLer တာဝေး မာရသွန်ပြိုင်ပွဲ 🏁(Part 1)

အပြိုင်အဆိုင် ယှဉ်ပြိုင်ကြမယ့် $SDB Token ကိုင်ဆောင်ထားတဲ့ နွေဦးပျားများ စုဝေးနေကြတဲ့ ၃ လ တာဝေး မာရသွန်ပြိုင်ပွဲမှာ ဘယ်လို ပျားတွေက Token Reward ဆွတ်ခူးဖို့အတွက် အရည်အချင်း ပြည့်မီတဲ့ Galaxy HODLer တွေလဲ ဆိုတာကို စိတ်ဝင်တစား ဖတ်ကြည့်လိုက် ကြရအောင်။ 🏆

အပတ်စဉ်ထွက်ရှိတဲ့ ကောမစ်ကဏ္ဍလေးကို အခြားသူတွေလည်း သိသွားအောင် share ဖို့မမေ့နဲ့နော်။ 🫶🏻

ရေရှည်စုဆောင်းသူများ အကျိုးအမြတ် ဆတိုးရစေမယ့် Galaxy HODLer Challenge မှာ အခုပဲ ပါဝင်လိုက်ပါ👇

🔗https://www.facebook.com/share/p/1Beri6bdf1


#SDVeeComics #SDBToken #SDB2theMoon #SpringBeesbySDB #StingLikeSDBees #SpringDevelopmentBank
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
73🥰9👍3
SDVee Comics - Galaxy HODLer တာဝေး မာရသွန်ပြိုင်ပွဲ 🏁(Part 2)

အပြိုင်အဆိုင် ယှဉ်ပြိုင်ကြမယ့် $SDB Token ကိုင်ဆောင်ထားတဲ့ နွေဦးပျားများ စုဝေးနေကြတဲ့ ၃ လ တာဝေး မာရသွန်ပြိုင်ပွဲမှာ ဘယ်လို ပျားတွေက Token Reward ဆွတ်ခူးဖို့အတွက် အရည်အချင်း ပြည့်မီတဲ့ Galaxy HODLer တွေလဲ ဆိုတာကို စိတ်ဝင်တစား ဖတ်ကြည့်လိုက် ကြရအောင်။ 🏆

အပတ်စဉ်ထွက်ရှိတဲ့ ကောမစ်ကဏ္ဍလေးကို အခြားသူတွေလည်း သိသွားအောင် share ဖို့မမေ့နဲ့နော်။ 🫶🏻

ရေရှည်စုဆောင်းသူများ အကျိုးအမြတ် ဆတိုးရစေမယ့် Galaxy HODLer Challenge မှာ အခုပဲ ပါဝင်လိုက်ပါ👇

🔗https://www.facebook.com/share/p/1Beri6bdf1


#SDVeeComics #SDBToken #SDB2theMoon #SpringBeesbySDB #StingLikeSDBees #SpringDevelopmentBank
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
77👍12🥰8
အားလုံး Ready ည ၈ နာရီ 🚨

$SDB Token ရဲ့ ရေရှည်ခရီးစဉ်ကို ပုံဖော်မယ့် Galaxy HODLer Challenge ရဲ့ ရည်ရွယ်ချက် နှင့် စိတ်လှုပ်ရှားစရာ အနာဂတ် အစီအစဉ်တို့ကို Ko Merlin ကိုယ်တိုင် ရှင်းလင်းဆွေးနွေးသွားမှာဖြစ်လို့ ဒီနေ့ည မြန်မာစံတော်ချိန် ၈:၀၀ နာရီ မှာ ပြုလုပ်မယ့် Community Call Live ကို မပျက်မကွက် တက်ရောက် နားဆင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်နော် 🎧

December 16, 2025 | 8:00 PM (MMT)
🔗 t.me/springdevbank?livestream

#SDB2theMoon
#SDBCommunityCall
#SpringDevelopmentBank
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
111🥰14👍12🆒1
Galaxy HODLer Challenge အမေးအဖြေများ

တော်လှန်ပြည်သူတို့ရဲ့ ဂလက်စီ အနာဂတ် ခိုင်မာဖို့အတွက် ခရာကျတဲ့ $SDB Token များကို ပိုင်ဆိုင်ထားသူများ အနေနဲ့ @SpringDevBank Account သစ်ထဲမှာ 5,000 Token မှစပြီး (၃) လတိတိအတွက် ကတိပြု ကိုင်ဆောင်ထားခြင်းဖြင့် Galaxy HODLer တဦးအဖြစ် အထူး အခွင့်အရေးများ ရယူလိုက်ပါ။

1. 6% APR ကိုဘယ်လိုတွက်ချက်သလဲ?
6% APY ကို ကိုင်ဆောင်ရန် ကတိပြုထားတဲ့ $SDB Token ပမာဏအတိုင်း ၁၂ လကို အခြေခံပြီး အားလုံးညီမျှစွာ ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် များများကတိပြု ကိုင်ဆောင်ထားလေ၊ Token များများပိုရရှိလေ ဖြစ်ပါတယ်။

2. ကတိပြုပမာဏထက် ပိုထည့်ထားသော Token များအတွက် Reward ရနိုင်မလား?
Form မှာ ကတိပြုထားတဲ့ ပမာဏထက် ပိုထည့်ထားခြင်းဖြစ်စေ၊ Form ပိတ်ချိန်နောက်ပိုင်း ကတိပြု ၃ လ အတွင်း ဖြစ်စေ၊ ထပ်တိုးလာတဲ့ Token များအတွက် reward မရနိုင်ပါ။

3. Challenge ကာလအတွင်း ကတိပြုပမာဏကို Token ဆိုင်ရာ ဝန်ဆောင်မှုများမှာ အသုံးပြုခွင့်ရှိလား?
ကတိပြုပမာဏကို Available Token အောက်တွင်သာ challenge ကာလတလျှောက်လုံး ထိန်းသိမ်းထားရမှာဖြစ်ပြီး Token ဝန်ဆောင်မှုများဖြစ်သည့် Earn ၊ Collateral Loan တွင်လည်း အသုံးပြုခွင့်မရှိပါ။

4. Challenge မှာ ပါဝင်ဖို့ အနည်းဆုံး Token ပမာဏ ဘယ်လောက်ရှိရမလဲ?
Challenge တွင် ပါဝင်ခွင့်ရရှိရန် အနည်းဆုံး ၅,၀၀၀ $SDB Token ကိုင်ဆောင်ထားရန် လိုအပ်ပါတယ်။ Form တွင် မိမိကိုင်ဆောင်မည့် ပမာဏကို ကတိပြု၍ သေချာစွာ ဖြည့်သွင်းထားမှသာ Challenge တွင် ပါဝင်သူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး အကယ်၍ Snapshot မှတ်တမ်းတင်ချိန် တွင် သင်၏အကောင့်၌ ၅,၀၀၀ SDB အောက် လျော့နည်းနေပါက ပါဝင်ခွင့်မရှိသူ အဖြစ် သတ်မှတ်ခြင်း ခံရမည် ဖြစ်
ပါသည်။

5. Challenge ကာလအတွင်း ကတိပြု Token ပမာဏအောက် လျော့သွားရင် ဘာဖြစ်မလဲ?
(၃) လ Challenge ကာလအတွင်း Form တွင် ကတိပြုထားသည့် Token ပမာဏအောက် လျော့နည်းနေပါက Challenge အောင်မြင်ခြင်းမရှိပဲ ပယ်ဖျက်ခံရမည်ဖြစ်ပြီး မည်သည့် Reward မှ ရရှိတော့မည် မဟုတ်ပါ။

6. ကတိပြုပမာဏထက် ပိုထည့်ထားမိသော Token များကို လွှဲပြောင်းခွင့် ရှိပါသလား?
Challenge ကာလ (၃) လအတွင်း မူလ ကတိပြုထားသည့် ပမာဏထက် ပိုလျှံနေသော Token များကို ဆန္ဒရှိပါက SDB အကောင့်အချင်းချင်း (သို့မဟုတ်) ပြင်ပ Wallet သို့ လွှဲပြောင်းနိုင်ပါသည်။ သို့သော် အဆိုပါ ပိုလျှံ Token များကို Earn သို့မဟုတ် Collateral Loan တွင် အသုံးပြုခွင့် မရှိပါ။

7. အကောင့်သစ်က History မရှိရဘူးဆိုတဲ့ စည်းကမ်းချက်နှင့် အခု Token လွှဲပြောင်းခွင့်က ဘယ်လို ကွာခြားပါသလဲ?
ယခင် "အကောင့်သစ်" သတ်မှတ်ချက်သည် Challenge မစတင်မီ ICO1/2 (သို့မဟုတ်) Airdrop Activity များ မရှိစေရန်ဖြစ်ပြီး Data စိစစ်ရာတွင် အငြင်းပွားဖွယ်မရှိစေရန် ရည်ရွယ်ပါသည်။ Challenge စတင်ပြီးနောက်ပိုင်းမှသာ ကတိပြုပမာဏထက် ပိုလျှံသော Token များကို လွှဲပြောင်းခွင့်ပြုခြင်းဖြစ်သဖြင့် အကောင့်သစ် သတ်မှတ်ချက်နှင့် သက်ဆိုင်မှု မရှိပါ။

8. အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ရင် ဘယ်လို ဆုံးဖြတ်ပေးမှာလဲ၊ စည်းကမ်းတွေ ပြောင်းလဲနိုင်ပါသလား?
အငြင်းပွားဖွယ် တစုံတရာ ရှိပါက SDB ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပြီး ဖော်ပြထားတဲ့ သတိပြုလိုက်နာရမည့် စံနှုန်းနှင့် သတ်မှတ်စည်းကမ်းချက်များကို အခြေအနေ လိုအပ်ချက်အလိုက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပြောင်းလဲနိုင်ကြောင်းကိုလည်း အသိပေးအပ်ပါတယ်နော်။

9. Challenge အောင်မြင်ပြီးလျှင် ဘယ်လိုအခွင့်အရေး ရနိုင်မလဲ?
စည်းကမ်းချက်များနှင့် အညီ Challenge အောင်မြင်သူတိုင်း ခိုင်မာတဲ့ ၆% APR နှုန်းဖြင့် Token ပိုင်ဆိုင်မှုတွေ တိုးပွါးနိုင်မည့်အပြင် SDB App အတွင်းမှာလည်း ဂုဏ်ယူဖွယ် “Galaxy HODLer” Verified Tag ကို ရရှိပိုင်ဆိုင်နိုင်ပြီး သစ္စာသမာဓိ ပြည့်ဝမှုကို ဝံ့ကြွားနိုင်မယ့် Official Certificate ဂုဏ်ပြုလွှာ ကိုလည်း email မှ တဆင့် မှတ်တမ်းတင် ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။

Agreement Form ဖြည့်ဖို့ မမေ့မလျော့ဘဲ အခုပဲ HODLer Challenge မှာ ပါဝင်လိုက်ရအောင်
လား။ 💪

#SDB2theMoon
#GalaxyHODLerChallenge
#SpringDevelopmentBank
Please open Telegram to view this post
VIEW IN TELEGRAM
84👍19🥰6
$SDB Token ကို တော်လှန်ရေး ရင်းနှီးငွေအဖြစ် မြင်တဲ့ Token Holder များရဲ့ စိတ်ဓာတ်ကြောင့် ဘဏ္ဍာရေးခံတပ် SDB Counter မှာ ပြည်သူ့အင်အားဟာ အလင်းလက်ဆုံး ဆက်လက် တောက်ပနေဆဲပါ။ 💪

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း ပြည်သူများက ဒေါ်လာ ၁သိန်း ၈သောင်းကျော် တန်ဖိုးရှိ $SDB Token စုစုပေါင်း ၃၂ သန်းကျော်ကို အားတက်သရော ဝယ်ယူအားဖြည့်ခဲ့ကြကာ $SDB Token ရဲ့ ဦးတည်ချက်နဲ့ ရေရှည်အလားအလာအပေါ် ပြည်သူလူထုရဲ့ ခိုင်မာသော ယုံကြည်မှုကို ပိုမိုခိုင်လုံစေခဲ့ပါတယ်။

Vesting ကာလတလျှောက် ထပ်မံရရှိလာမယ့် Token များကိုလည်း @SpringDevBank Earn / Loan ဝန်ဆောင်မှုတို့အပြင် Galaxy HODLer Challenge မှာပါဝင်ခြင်းဖြင့်လည်း စစ်မှန်သော လုံခြုံရေးနှင့် တည်တံ့သော တန်ဖိုးကို ပေးစွမ်းမည့် ဖက်ဒရယ် ဒီမိုကရေစီပန်းတိုင်ဆီသို့ $SDB Token ဖြင့် အတူတကွ ဆက်လက် ခရီးနှင်ကြပါစို့။ 💫

🔗SDB Counter တရားဝင် Page:
facebook.com/sdbcounter

#SDBToken
#SDBCounter
#SpringDevelopmentBank
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
111👍11🥰10🔥1
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ နေ့လည် မြန်မာချိန် ၁ နာရီမှာ ခလုတ်တချက်ဖြင့် နွေဦးဘဏ်၌ လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများနဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
63👍5🥰3🔥2
Media is too big
VIEW IN TELEGRAM
🌌 Galaxy HODLer ဖြစ်ဖို့ သမာဓိအားကောင်းပြီလား?

Galaxy HODLer Challenge ဟာ Challenge တစ်ခုထက်ပိုကြောင်း၊ @SpringDevBank Ecosystem တစ်ခုလုံးရဲ့ ရေရှည်ခိုင်မာမှုနဲ့ Token Value ကို တည်ဆောက်မယ့် စီမံကိန်း တစ်ခု ဖြစ်ပြီး တော်လှန်ရေးခရီးစဉ်မှာ သမာဓိအားကောင်းသူတို့ရဲ့ အောင်ပွဲ ကို ဘယ်လိုသက်သေထူ ပုံဖော်မလဲဆိုတာ HODL Beyond the Galaxy Call မှာ Ko Merlin မှ အားတက်ဖွယ်ပြောကြားထားတာကို ဗီဒီယိုထဲမှာ အတူတူ ပြန်လည်နားဆင်ကြည့်လိုက်ရအောင်နော်💪

🔗Community Call အပြည့်အစုံ နားဆင်ရန်:

https://www.youtube.com/live/MAUcU0ou5ww?si=2tuxfNZt0ACpAeDh

#SpringDevelopmentBank
#ChooseSDB
#SDBToken
#GalaxyHODLerChallenge
Please open Telegram to view this post
VIEW IN TELEGRAM
67👍9🥰6🔥1
$SDB Token ရဲ့ အနာဂတ်ကို ပုံဖော်မယ့် ဂလက်စီ ခရီးစဉ်မှာ ကတိပြု ကိုင်ဆောင်လိုက်တဲ့ Token ပမာဏ အလိုက် ထူးခြားတဲ့ ကံကြမ္မာတွေကို ကိုယ်စီ ဖော်ဆောင်နေကြတဲ့ HODLer တွေကတော့ -

🛰️Tier 4 (5,000 - 50,000 SDB) The Star Scout: စကြဝဠာသစ်ကို စူးစမ်းဖို့ အခုမှ စတင်ပျံသန်းလာတဲ့ အာကာသယာဉ်မှူးလေးတွေ။ သင့်ရဲ့ ခြေလှမ်းလေးတွေက အနာဂတ်အတွက် အခြေခံကောင်းတွေပါပဲ။

🛡️Tier 3 (50,000 - 500,000 SDB) The Galaxy Guardian: SDB Ecosystem ကို ပိုမိုခိုင်မာစေမယ့် ယုံကြည်မှုတို့ဖြင့် ကြယ်စုတန်းတွေဆီ ဦးဆောင်ပြီး လမ်းကြောင်းသစ်တွေ ဖော်ဆောင်ပေးမယ့် စစ်သည်တွေ။

☀️Tier 2 (500,000 - 5,000,000 SDB) The Galaxy Titan: ဂလက်ဆီတစ်ခုလုံးကို အုပ်စိုးပြီး တည်ငြိမ်မှုနဲ့ အင်အားကို ပေးစွမ်းမယ့် စွမ်းအားရှင်တွေ။ သင့်ရဲ့ HODL သမာဓိက တကယ်ကို လေးစားစရာပါပဲ။

👑Tier 1 (5,000,000 and above) The Universal Creator: စကြဝဠာရဲ့ နိယာမတွေကို ပြောင်းလဲပစ်နိုင်တဲ့ ခေါင်းဆောင်တွေ။ သင်ဟာ SDB Galaxy ရဲ့ တကယ့် Whales ကြီးတွေပါပဲ။

သမာဓိခိုင်မာတဲ့ ဒီ HODLer များအနက် သင်ကရော ဘယ်လို HODLer တဦးအဖြစ် ဂုဏ်ယူစွာနဲ့ ပါဝင်ထားလဲဆိုတာ ရှာဖွေရွေးချယ်ပြီး တခြားသော HODLer များလည်း သိအောင် Comment မှာ မျှဝေပြောပြခဲ့ပါဦးနော်။👇

🔗https://www.facebook.com/share/p/1BvLwE9SJS/?mibextid=wwXIfr

#GalaxyHODLerChallenge
#SDBToken
#SpringDevelopmentBank
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
90🥰12👍7👏1
ယနေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့လေးမှာ ကရင်အမျိုးသား သွေးချင်းညီအစ်ကိုမောင်နှမများ နှင့်တကွ ပြည်သူအားလုံး ဘေးကင်းကျန်းမာဖို့ ဆုတောင်းပြုရင်း ပြည်သူလုထူအားလုံး မျှော်မှန်းထားတဲ့ ဖက်ဒရယ် အနာဂတ်ဆီသို့ တော်လှန်လူထု စုပေါင်းအားများ လက်တွဲညီကာ အောင်လံစိုက်ထူနိုင်သည့်တိုင် အတူလျှောက်လှမ်း ကြရအောင်။

#SpringDevelopmentBank
#ChooseSDB
#RealBankRealFreedom
166🥰11🎉2