Spring Development Bank
20.3K subscribers
1.83K photos
93 videos
910 links
Discover the First Neo Bank for Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
နွေဦးဘဏ်အစုရှယ်ယာ Token များ ရောင်းချခဲ့တဲ့ ICO ကာလ မှာ နွေဦးဘဏ်ရဲ့ ဝန်ဆောင်မှုများ အဆင်ပြေချောမွေ့စေဖို့အတွက် နေ့ညမပြတ် နောက်ကွယ်မှ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ အဖွဲ့ပေါင်းများစွာရှိပါတယ်။ ထို အဖွဲ့များထဲမှ နွေဦးဘဏ်၏ Operation team နှင့် Finance team မှ ICO ကာလအတွင်း မည်ကဲ့သို့ ဝန်ဆောင်မှု ပေးခဲ့ကြောင်းကို MCM team မှ မေးမြန်းဆက်သွယ်တင်ဆက် ပေးထားပါတယ်။

နားဆင်ကြည့်ကြရအောင်။

#SDBTalkShow
#SpringDevelopmentBank
#RealBankRealFreedom
70👍23🥰3🎉2
နွေဦးဘဏ်၏ လေးစားတန်ဖိုးထားရပါသော

Customer များအား အသိပေး အကြောင်းကြားအပ်ပါသည်။ 🚨

နွေဦးဘဏ်၏ RM တစ်ဦးဖြစ်သူ မပန်ထွာ

User name: panhtwar

FB page: lucky2pdf
Telegram: @PH_Revo

သည် ဆက်သွယ်မှု ဧရိယာပြင်ပတွင်ရောက်ရှိလျက်ရှိပြီး ၊ သူ/သူမ၏ လူမှုကွန်ယက်ဆိုင်ရာ Account များအား အခြားပြင်ပမှ ခိုးယူသုံးစွဲနေသည်ဟု ယူဆရပါသဖြင့်

Customer များ၏ အကျိုးစီးပွါးနှင့် အခြားလုံခြုံရေးဆိုင်ရာ အချက်အလက်များ ထိခိုက်နစ်နာမှု မရှိစေရန် ယင်း အား RM အဖြစ်မှ ခေတ္တ ရပ်ဆိုင်းထားပါသည်။

ထို့ကြောင့် SDB နှင့်သက်ဆိုင်သော ငွေသွင်း၊ ငွေထုတ်ခြင်း လုပ်ငန်းများကို မပန်ထွာ နှင့် ဆက်လက်လုပ်ဆောင်ခြင်း မပြုကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။
နွေဦးဘဏ်၏ ဝန်ဆောင်မှုများကို တခြား RM များနှင့် ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်သွားနိုင်ပါသည်။
မပန်ထွာ မှ SDB ၏ RM အဖြစ် ပြန်လည် တာဝန်ထမ်းဆောင်လာပါက တော်လှန်ပြည်သူများအား ထပ်မံ အသိပေး အကြောင်းကြားသွားမည် ဖြစ်ပါသည်။

လေးစားစွာဖြင့်
နွေဦးဖွံ့ဖြိုးရေးဘဏ်
👍12933👌3
ခရစ်ယာန်ဘာသာဝင်များရဲ့ အထွဋ်အမြတ်ထားတဲ့ ပျော်ရွှင်ဖွယ်ရာခရစ္စမတ် အချိန်ကာလ အားလပ်ရက်မှာ မိသားစု၊ မိတ်ဆွေ၊ ချစ်ခင်ရတဲ့ ရဲဘော်ရဲဘက်တွေနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ပိုင်ဆိုင်ကြပြီး ညီညွတ်ငြိမ်းချမ်းခြင်း နှင့်အတူ ငွေကြေးလွတ်မြောက်ခြင်းများ ပိုင်ဆိုင်နိုင်တဲ့ နှစ်သစ် ဖြစ်ပါစေကြောင်းလည်း နွေဦးဘဏ် မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

#SpringDevelopmentBank
#ChristmasTime
115👍24
လေလှိုင်းက ဘဏ် ဆိုပြီး လေအလွင့်မှာ တချက်တချက် ထခုန်တဲ့ ကြွပ်ကြွပ်အိတ်လို မလိုသူတွေက ရယ်မောကြတယ်။

ကျောက်သားကျောက်စိုင်ကိုတောင် ဖြိုခွင်းနိုင်စွမ်းရှိတဲ့ ခွန်အားကြီးမားတဲ့ လှိုင်းလုံးကြီးတွေကတော့ သူ့အလုပ်သူ တည်ငြိမ်စွာလုပ်ရင်း သက်သေထူနိုင်ကြတော့မယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဒစ်ဂျစ်တယ်ဘဏ် ဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ပထမဆုံး မြေပြင်ဘဏ်ခွဲမှ နွေဦးချစ်သူတွေကို မကြာမှီ ကာလအတွင်းမှာ ဘဏ်ဝန်ဆောင်မှုတွေ စတင် ပေးပါတော့မယ်။

လွယ်မယ်ထင်လို့ လှမ်းခဲ့ကြတာမဟုတ်၊ နိုင်ကို နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ နွေဦး ခရီးကြမ်း ကို လမ်းဖောက်ခဲ့ကြတာပါ။ အခုဆို ပန်းတိုင်ကို မြင်နေရပါပြီ။ ပေါ်လာသမျှ ထိုးနှက်မှု အခက်အခဲတိုင်း ကို အားအဖြစ်ယူရင်း တဦးနဲ့တဦး လက်ချင်းခိုင်ခိုင်တွဲပြီး ဖီးနစ်ငှက်လို နှလုံးသားနဲ့ ပန်းတိုင်ဆီသို့ အရှိန်မပျက် တဟုန်ထိုး အတူပျံကြမယ်ဆိုတာ နွေဦးဘဏ်မှ နွေဦးသစ္စာ အဖြစ် ထပ်လောင်း တိုင်တည်အပ်ပါတယ်။

#SpringDevelopmentBank
#realbankrealfreedom
201👏48👍25🎉4
" အားလုံးပျော်သည် SDB" Podcast လေး ထုတ်လွှင့်မယ့် သီတင်းပတ်ကို ရောက်ရှိလာခဲ့ပါပြီ။
ဒီတပတ်မှာတော့ နွေဦးဘဏ် RM များရဲ့ ICO ကာလမှာ ကြုံရဆုံရတဲ့ အတွေ့အကြုံလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ နွေဦးဘဏ်ချစ်သူ ဘဏ်ရှယ်ယာရှင်ကြီးတွေလည်း သူတို့ပြောပြတဲ့ အမှတ်တရ အလွဲလေးတွေနဲ့ ဘာတွေကြုံခဲ့လဲ သိရအောင် လာမယ့် သောကြာနေ့၊ ညနေ ၆နာရီမှာ
SDB Podcast လေး အတူတူ နားဆင်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🎶
#SDBPodcast #SpringDevelopmentBank #realbankrealfreedom #chooseSDB
👍6525🥰1🎉1
Media is too big
VIEW IN TELEGRAM
နှစ်ပတ်တခါ တင်ဆက်မယ့် "အားလုံးပျော်သည် SDB" Podcast Friday အစီအစဥ်လေး အလှည့်ကျရောက်လို့ လာပါပြီ။

ဒီတခါတော့ အောင်မြင်ပြီးမြောက်ခဲ့တဲ့ နွေဦးဘဏ်အစုရှယ်ယာ Token ICO ကာလမှာ နွေဦးဘဏ်၏ Relationship Manager များ ကြုံတွေ့ခဲ့ရတဲ့ ကြည်နူးစရာ၊ ချစ်စရာ၊ ရယ်မောစရာ အတွေ့အကြုံလေးတွေကို ဩစီ မှ RM မဘုတ်၊ ယူကေမှ RM ကိုဇာနည် နှင့် ဂျပန်မှ RM မစတယ်လာ တို့ မှ ဝင်ရောက် ဆွေးနွေးထားကြပါတယ်။

USA မှ RM တစ်ဦးဖြစ်သူ ကိုဖြိုးမှ Host အဖြစ် ဆောင်ရွက်ပြီး အပိုင်း အနေနဲ့ ၃ ပိုင်းခွဲကာ တင်ဆက်ပေးထားပါတယ်။

အပိုင်း (၁) ကို အတူနားဆင် ခံစားကြည့်ကြရအောင်နော်။

#SDBPodcastFriday
#RealBankRealFreedom
👍3515🥰2
Media is too big
VIEW IN TELEGRAM
"အားလုံးပျော်သည် SDB" Podcast Friday အစီအစဥ်လေးရဲ့ ကြုံရဆုံရ RM ဘဝ အပိုင်း(၂)လေး လာပါပြီ။

ဒီတပတ် Podcast အစီအစဉ်မှာ နွေဦးဘဏ်အစုရှယ်ယာ Token ICO ကာလမှာ နွေဦးဘဏ်၏ Relationship Manager များ ကြုံတွေ့ခဲ့ရတဲ့ ကြည်နူးစရာ၊ ချစ်စရာ၊ ရယ်မောစရာ အတွေ့အကြုံလေးတွေကို ဩစီ မှ RM မဘုတ်၊ ယူကေမှ RM ကိုဇာနည် နှင့် ဂျပန်မှ RM မစတယ်လာ တို့ မှ ဝင်ရောက် ဆွေးနွေးထားကြပါတယ်။

USA မှ RM တစ်ဦးဖြစ်သူ ကိုဖြိုးမှ Host အဖြစ် ဆောင်ရွက်ပြီး အပိုင်း အနေနဲ့ ၃ ပိုင်းခွဲကာ တင်ဆက်ပေးထားပါတယ်။

အပိုင်း (၁) ကိုတော့ ဒီလင့််ခ်မှာ နားဆင် ခံစားလို့ရပါတယ်။
https://www.facebook.com/SpringDevBank/videos/378533451255701


#SDBPodcastFriday
#RealBankRealFreedom
37👍11🥰1
Media is too big
VIEW IN TELEGRAM
"အားလုံးပျော်သည် SDB" Podcast Friday ရဲ့
ကြုံရဆုံရ RM ဘဝ အပိုင်း ၃ မှာ နှစ်သစ်ဆုတောင်း စကားသံလေးတွေကိုလည်း နားဆင်နိုင်ပါတယ်။

ဒီတပတ် Podcast အစီအစဉ်မှာ နွေဦးဘဏ်အစုရှယ်ယာ Token ICO ကာလမှာ နွေဦးဘဏ်၏ Relationship Manager များ ကြုံတွေ့ခဲ့ရတဲ့ ကြည်နူးစရာ၊ ချစ်စရာ၊ ရယ်မောစရာ အတွေ့အကြုံလေးတွေကို ဩစီ မှ RM မဘုတ်၊ ယူကေမှ RM ကိုဇာနည် နှင့် ဂျပန်မှ RM မစတယ်လာ တို့ မှ ဝင်ရောက် ဆွေးနွေးထားကြပါတယ်။

USA မှ RM တစ်ဦးဖြစ်သူ ကိုဖြိုးမှ Host အဖြစ် ဆောင်ရွက်ပြီး အပိုင်း အနေနဲ့ ၃ ပိုင်းခွဲကာ တင်ဆက်ပေးထားပါတယ်။

အပိုင်း (၁) ကိုတော့ ဒီလင့်ခ်မှာ နားဆင်ရန်
https://www.facebook.com/SpringDevBank/videos/378533451255701

အပိုင်း (၂) ကိုတော့ ဒီလင့်ခ်မှာ နားဆင်ရန်
https://www.facebook.com/SpringDevBank/videos/1029475311648734


#SDBPodcastFriday
#RealBankRealFreedom
🥰35👍14
နွေဦးဘဏ်မှ နွေဦးဘဏ် ချစ်သူတွေအတွက် အကျိုးရှိစေပြီး ဗဟုသုတ ရစရာများကို မျှဝေမယ့် Community Knowledge Sharing အစီအစဥ်လေးကို နှစ်ပတ်တခါ ထုတ်လွှင့်နိုင်ဖို့ ကြိုးစားနေပါတယ်။ ယခုတပတ်အတွက် အလှည့်ကျတာကတော့ Crypto Currency အကြောင်းသိကောင်းစရာ၊ သိသင့်သိထိုက်တဲ့ အခြေခံ မှတ်သားလေ့လာစရာတွေကို Myan Crypto ရဲ့ KOOL မှ Host အဖြစ်တင်ဆက်ပြီး Feliz မှ ရှင်းလင်းပြောကြားပေးသွားမယ့် အစီအစဥ်လေးဖြစ်ပါတယ်။ အောက်ပါ Telegram Channel Link မှ ဝင်ရောက်နားဆင်နိုင်ပါတယ်။

Date: 01 Jan 2024
Time: 8:00 PM MMT
Link : https://t.me/SpringDevBankCommunity?videochat
59👍17
ဆန္ဒ နဲ့ ဘဝ ထပ်တူကျမယ့် နှစ်သစ် 🍀
ဆန္ဒနဲ့ဘဝ ထပ်တူကျမယ့် နှစ်သစ်မှာ နွေဦးဘဏ်ကနေရော ဘယ်လို အသစ်အသစ်တွေမျှော်လင့်ထားကြလဲ ?
ငွေကြေးအသစ်တွေလား ? Application လား ?
နောက်ထပ်ရောင်းချမယ့် ရှယ်ယာတွေလား ?
သို့မဟုတ် အခြား ဘယ်လို ဝန်ဆောင်မှုမျိုးတွေ ထပ်တိုးရစေချင်လဲဆိုတာ Comment မှာ မျှဝေပေးသွားကြပါဦးနော်။ 🤩
နှစ်သစ်မှာ ငွေကြေးလွတ်မြောက်မှုရရှိဖို့ရာ စုဆောင်း၊ ရင်းနှီးမြုပ်နှံနိုင်မယ့်
နွေဦးဘဏ်အကောင့်တွေ ဖွင့်ထားကြဖို့လည်း တိုက်တွန်းကြရအောင်။
#SDB100KCampaign
#realbankrealfreedom
#SpringDevelopmentBank
👍5536👌2🥰1
လေးစားတန်ဖိုးထားရပါသော နွေဦးဘဏ်၏ အကျိုးသက်ဆိုင်သူများခင်ဗျာ

မင်္ဂလာနှစ်သစ်ကို ကြိုဆိုရင်း နွေးထွေးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

၂၀၂၃ ခုနှစ် ကို ပြန်လည်သုံးသပ်ရမယ်ဆိုရင် ကျွန်တော်တို့၏ စုပေါင်းကတိသစ္စာနှင့် ကြံ့ကြံ့ခံနိုင်မှုတွေကို စမ်းသပ်ခဲ့သည့် တခဲနက်အောင်ပွဲများနှင့် တိုးတက်မှုရလဒ်ကောင်းတို့ကြောင့် သမိုင်းဝင်နှစ် တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့၏ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်သော မိတ်ဖက်အဖွဲ့အစည်းများနှင့် ERO တိုင်းရင်းသားမဟာမိတ်တို့၏ ကြိုးပမ်းမှုများက အတူတကွ မျှဝေထားကြသော ရည်မှန်းချက်များကို ဆွတ်ခူးဖမ်းဆုပ်ရာမှာ လွန်စွာအဓိကကျပါတယ်။ နွေဦးဘဏ်အတွက် ယခုနှစ်ဟာ ကျွန်တော်တို့အသိုက်အဝန်း၏ ပြင်းပြသည့် ပံ့ပိုးကူညီမှုတွေကို ထင်ဟပ်အောင် အုတ်မြစ်ချနိုင်ခဲ့သောနှစ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့၏ စီမံခန့်ခွဲမှုအောက်ပိုင်ဆိုင်မှု (AUM) မှာ အမေရိကန်ဒေါ်လာ၂၅ သန်း ကျော်နှင့် အကောင့်ဖွင့်သူပေါင်း တစ်သိန်း ခန့် ရောက်ရှိမည့် မှတ်တိုင်တစ်ခုအဖြစ် ဦးတည်နေပါတယ်။ အောင်ပွဲကြိုဆိုခဲ့သည့် Seed Round ICO မှာလည်း အမေရိကန်ဒေါ်လာ ၁၁.၈၅ သန်း ကို မြှင့်တင်ပေးနိုင်ခဲ့တာ ကျွန်တော်တို့၏ စုစည်းခွန်အားနှင့် မျှော်ရည်ရာ အလားအလာကို သိသိသာသာ မီးမောင်းထိုးပြနေပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူ့ဓနဆက်ဆံရေးအရာရှိ (RMs) ပေါင်း ၂၀၀ ခန့် နှင့် အမြဲတမ်းအဖွဲ့ဝင် ၅၄ ဦး ပါရှိသည့် အစုအဖွဲ့ဟာ ငွေကြေးစနစ် ၁၀ မျိုးဖြင့် ဆောင်ရွက်နိုင်အောင် နွေဦးဘဏ်၏ ဝန်ဆောင်မှုရေးရာများကို အဓိက ပံ့ပိုးပေးထားပါတယ်။ ဒီတိုးချဲ့စုဖွဲ့မှုမှာ ရွှေနှင့် စာရင်းသေအပ်ငွေစုခြင်း အစီအစဉ်များကလည်း ထူးခြားကွဲပြားတဲ့ ဘဏ်ဝန်ဆောင်မှုများအဖြစ် ပါဝင်ပါတယ်။

၂၀၂၃ ခုနှစ်ဟာ နွေဦးဘဏ် အတွက် အမှန်တကယ်ကို အင်မတန်မှ ထူးခြားသောနှစ် ဖြစ်ပါတယ်။
၂၀၂၄ နှစ်သစ်ကို ခြေလှမ်းလာသည်နှင့်အမျှ တိုကင်ရှယ်ယာပိုင်ရှင်များ၊ အသုံးပြုသူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဖက်များအပါအဝင် အကျိုးသက်ဆိုင်သူအားလုံးအတွက် ရေရှည်တည်တံ့မည့် တန်ဖိုးကို ဖန်တီးပေးနိုင်ဖို့ နွေဦးဘဏ်အနေနှင့် တိုးတက်အောင်မြင်မှုများ ပိုင်ဆိုင်နိုင်အောင် ထပ်လောင်း ကတိပြုပါတယ်။

၂၀၂၄ ခုနှစ် ပထမ သုံးလပတ်ကို သွက်လက်ထိရောက်မည့် ဆန်းသစ်တီထွင်မှုတို့နှင့် ဝန်ဆောင်မှုအသစ်များစွာကို တွေ့မြင်နိုင်မည့် ကာလတစ်ခုဖြစ်လာမယ်ဆိုတာ အသိပေးပါတယ်။ မကြာမီ ဖွင့်လှစ်နိုင်တော့မည့် ကျွန်တော်တို့၏ ကောလင်း မြေပြင်ဘဏ်ခွဲ ဝန်ဆောင်မှု အတွက် စိတ်လှုပ်ရှားမိပြီး လက်ရှိမှာလည်း နွေဦးဘဏ်ခွဲကွန်ရက်ကို ချဲ့ထွင်နိုင်ဖို့နှင့် ပူးပေါင်းမိတ်ဖက်အသစ်များ ရှာဖွေနိုင်ဖို့ ရည်ရွယ်ပြီး တိုင်းရင်းသားမဟာမိတ် ၃ ဖွဲ့နှင့် စဥ်ဆက်မပြတ်ဆွေးနွေးမှုများလည်း ပြုလုပ်လျက်ရှိပါတယ်။

နွေဦးဘဏ် အသုံးပြုသူများ၏ အတွေ့အကြုံကို မြှင့်တင်နိုင်ဖို့ Android နှင့် iOS ပလပ်ဖောင်းနှစ်ခုလုံး၏ SDB မိုးဘိုင်းအက်ပလီကေးရှင်းများကို ထုတ်လုပ်ဖို့ စီစဥ်နေပါတယ်။ ၂၀၂၄ ခုနှစ်အတွက် နောက်ထပ် ထူးခြားသည့် လုပ်ငန်းစဥ်တခုအဖြစ် သီးသန့် စုဆောင်းနိုင်သော ရွှေဒင်္ဂါးပြားများကို ကြားကာလဗဟိုဘဏ်နှင့် ပူးပေါင်းပြီး ရောင်းချပေးသွားမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနှင့် ပိုမိုကောင်းမွန်သော အသုံးပြုသူအတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့ ပြင်ဆင်ဖန်တီးထားသည့် နွေဦးထီ (ဗားရှင်း ၂) ကို မွေးဖွားတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဗားရှင်းအသစ်မှာ လွယ်ကူချောမွေ့သော ထီစနစ်ကို ထီလက်မှတ်များ ဝယ်ယူခြင်းမှ ထီပေါက်သည်အထိ နွေဦးဘဏ်အကောင့်နှင့် တိုက်ရိုက်ပေါင်းစပ်ထားသည့် feature များနှင့်အတူ ဆွဲဆောင်မှုရှိသော ဆုကြေးများလည်း ပါဝင်မှာပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့် နွေဦးဘဏ် အဖွဲ့သားအားလုံးဟာ ပိုမိုစုစည်းညီညွတ်ပြီး လုံခြုံလွတ်လပ်သည့် အသိုက်အဝန်းတစ်ခုကို ဘလော့ချိန်းအခြေပြု ဘဏ္ဍာရေးနည်းပညာ ပလပ်ဖောင်းပေါ်မှာ တည်ဆောက်နိုင်ဖို့ ကိုယ်စိတ်နှလုံး အပ်နှံထားပါတယ်။ ဒီလို ဆန်းသစ်ထူးခြားသည့် လုံခြုံရေးအမာခံ ပလပ်ဖောင်းက ငွေစုခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ၊ ငွေပေးချေမှုများ၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လှူဒါန်းခြင်း၊ သင်ယူခြင်း နှင့် အပြန်အလှန် ဆက်သွယ်တုံ့ပြန်မှု အတွေ့အကြုံများ အပါအဝင် ငွေကြေးဆိုင်ရာလုပ်ဆောင်မှုအမျိုးမျိုးအတွက် ကြောက်ရွံ့ခြင်းကင်းဝေးသည့် ပတ်ဝန်းကျင်ကို ပေးဆောင်နိုင်သောနေရာ တခုအဖြစ် အခိုင်အမာ ရပ်တည်ပါတယ်။

၂၀၂၃ ခုနှစ်မှ ယနေ့တိုင်အထိ လူကြီးမင်းတို့၏ ထောက်ခံအားပေးမှုများအတွက် အနက်ရှိုင်းဆုံးလေးနက်စွာ ကျေးဇူးတင်ရှိပါတယ်။ နွေဦးဘဏ် ကတစ်ဆင့် မြန်မာ့တော်လှန်ရေးနှင့် ပိုမိုကျယ်ပြန့်သည့် အသိုက်အဝန်းအတွက် ဘဝအဓိပ္ပာယ်ပြည့်စုံအောင် ပံ့ပိုးကူညီနိုင်ဖို့ ကြိုးပမ်းရင်း လူကြီးမင်းတို့၏ ဆက်လက်ပူးပေါင်းပါဝင်မှုများကို အထူး မျှော်လင့်နေပါမယ်။

ချစ်ခင်ရသူများနှင့် အတူ စိတ်ချမ်းသာ ကိုယ်ကျန်းမာသော ၂၀၂၄ ခုနှစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

နွေဦးဖွံ့ဖြိုးရေးဘဏ် ကိုယ်စား

ကယ်လ်ဗင်
အလုပ်အမှုဆောင်အရာရှိချုပ်

#realbankrealfreedom
#SpringDevelopmentBank
115👍27🥰1
90👍17
"သုံးပြီးမှကျန်တဲ့ ငွေကို မစုပါနဲ့၊ စုဆောင်းပြီးမှ ကျန်တဲ့ငွေကို အသုံးပြုပါ" လို့ Warren Buffett က ဆိုထားပါတယ်။

သင်ရော… ဘယ်လိုနည်းနဲ့ ဘယ်နေရာမှာ ငွေစုဆောင်းဖြစ်နေလဲ ?

မစုဆောင်းဖြစ်သေးရင် ...
အနာဂါတ်နိုင်ငံတော်အတွက်ပါ ရင်းနှီးမြုပ်နှံပြီးဖြစ်မယ့်ငွေကြေးစနစ် အစုံလင်ဆုံး နွေဦးဘဏ်မှာ
အကောင့်ဖွင့်ပြီး နည်းများမဆို ငွေစုတက်တဲ့ အလေ့အကျင့်လေးကို စတင်ဖို့ နှိုးဆော်ပေးလိုက်ပါတယ်နော်။

➡️အကောင့်ဖွင့်ရန်
https://app.springdevelopmentbank.com/register

➡️ အကောင့်ဖွင့်နည်း - Video File ကြည့်ရှုရန်။
https://fb.watch/orQB8TEFDh/

#SDB100KCampaign
#realbankrealfreedom
#SpringDevelopmentBank
👍7520🥰2👌1
နှစ်သစ်မှာ ငွေကြေးနဲ့ပက်သက်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေအပြည့်နဲ့ ငွေစုဖို့ ပြင်ဆင်နေသူများအတွက် နွေဦးဘဏ်မှာ ငွေကြေးစနစ်စုံလင်စွာနဲ့ စာရင်းသေအပ်ငွေစုပြီး အတိုးတွေယူနိုင်ဖို့အတွက် နှစ်စဥ်အတိုးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။

စာရင်းသေငွေ အပ်နှံမယ်ဆိုရင်တော့ သက်ဆိုင်ရာ ငွေကြေးအလိုက် အနိမ့်ဆုံး $100 နှင့် ညီမျှသော ငွေပမဏမှစ အပ်နှံလို့ရပြီး နွေဦးဘဏ်အကောင့်ရဲ့ Fixed Deposit Tab ထဲမှ တဆင့် မိမိအပ်နှံလိုတဲ့ ငွေကြေးနဲ့ အချိန်ကာလကို ရွေးချယ်၊ Invest Now ကိုနှပ်ပြီး အပ်နှံနိုင်ပါတယ်။ အတိုးများကို စုဆောင်းကာလ အချိန်ပြည့်တာနဲ့ (၄၈) နာရီစောင့်ပြီး တိုးရင်းပေါင်း ကို မိမိရဲ့ ဘဏ်စာရင်းထဲမှာ ပြန်လည် ထုတ်ယူလို့ ရပြီနော်။

ကဲ ... နှစ်သစ်မှာ နွေဦးဘဏ်အကောင့်ဖွင့်၊ ငွေစု၊ Fixed Deposit အပ်နှံပြီး
အခြားဘဏ်တွေမှာ မရနိုင်တဲ့ ငွေကြေးစနစ်အစုံအလင်နဲ့ လစဥ်၊ နှစ်စဥ်အတိုးတွေ ခပ်မြန်မြန်လေး လာယူလိုက်တော့နော်။ 🍀

➡️နွေဦးဘဏ် အကောင့်ဖွင့်ရန်
https://app.springdevelopmentbank.com/register

#SDB100KCampaign #ChooseSDB
👍5129🥰1
၂၀၂၄ မှာ သင် ကြုံရမယ့် ငွေကြေးနိမိတ် ၅ ခု

နှစ်သစ်မှာ ရည်မှန်းချက်အသစ်တွေနဲ့ ဖြတ်သန်းဖို့ ပြင်ဆင်နေကြတဲ့ နွေဦးဘဏ်ချစ်သူတို့ရေ ....
စာလုံးဖွက်ထားတဲ့ ဇယားလေးမှာ ဒေါင်လိုက်ရော အလျားလိုက်ပါ ရှာဖွေလိုက်ကြရအောင်။ 🔍

Comment ထဲ မှာ ဘာလေးတွေ တွေ့လဲဆိုတာ ဝေမျှပေးပါဦးနော်။ 🍀

#SDB100KCampaign
#RealBankRealFreedom
#SpringDevelopmentBank
47👍23🥰1
Media is too big
VIEW IN TELEGRAM
နှစ်သစ်ကစပြီး နွေဦးဘဏ်မှာ ငွေစုကြဖို့ တိုက်တွန်းထားတဲ့ ဇာတ်လမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

ဒီ animation လေးကို FFA မြေပြင်အဖွဲ့ မှ နွေဦးဘဏ်ချစ်သူတို့အတွက် ဖန်တီး တင်ဆက်ထားတာ ဖြစ်ပါတယ်။

အကယ်၍ နွေဦးဘဏ်နှင့် ပတ်သက်တဲ့ ဇာတ်လမ်းတို၊ ပုံပြင်လေးတွေ လက်စွမ်းပြချင်တယ်ဆိုရင် hello@springdevelopmentbank.com ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။

#SDB100KCampaign 
#RealBankRealFreedom 
#SpringDevelopmentBank
62👍19🥰2
၂-ပတ်တစ်ခါ ထုတ်လွှင့်ပေးနေတဲ့ "အားလုံးပျော်သည် SDB" Podcast လေး ထုတ်လွှင့်မယ့် သီတင်းပတ်ကို ပြန်လည်ရောက်ရှိလာပါပြီ။

ဒီတပတ်မှာတော့ တော်လှန်ရေးကာလအတွင်း Fundraiser များ ကြုံတွေ့နေကြရတဲ့ ဘဏ်နဲ့ FR သံသရာတွေထဲကမှ Ko Moon King နဲ့ Ma Lwin တို့ရဲ့ အတွေ့အကြုံလေးတွေ အဖြစ်အပျက်လေးတွေ ကို နွေဦးဘဏ်ချစ်သူတွေထံ မျှဝေပေးထားပါတယ်။

ဘာတွေပါဝင်လာမလဲ ? FR တွေ ဘယ်လို သံသရာတွေ တွေ့ကြုံခဲ့ရလဲဆိုတာ ...
ခုလာမယ့် 12-Jan-2024 (သောကြာနေ့ ) ညနေ ၆နာရီမှာ နားဆင်ကြရအောင်နော်။ 🎶

#SDBPodcast #SpringDevelopmentBank #realbankrealfreedom #chooseSDB
👍51🥰4
သင် သိပြီးပြီလား ?

နွေဦးဘဏ်မှာ အကောင့်တခု ပိုင်ဆိုင်ထားမယ်ဆိုရင်
▪️ အခြားဘဏ်တွေလို အကောင့်ဖွင့်တဲ့အခါ ကနဦး သွင်းငွေ ပေးစရာမလိုဘဲ
▪️အားလုံး စိတ်ပူနေကြတဲ့ လစဥ် ငွေစာရင်းထိန်းသိမ်းခများ လုံးဝ မရှိသလို
▪️မိမိကိုယ်တိုင် စိတ်ကြိုက် ငွေသွင်း/ငွေထုတ်ခြင်းများကို ပြုလုပ်နိုင်ပြီး၊
▪️နိုင်ငံတကာ ငွေကြေးအစုံအလင်ကို အချိန်မရွေး လဲလှယ်နိုင်ပါတယ်။

အကောင့်ဖွင့်ဖို့ပဲဖြစ်ဖြစ်၊ ငွေသွင်းငွေထုတ်ဖို့အတွက်ပဲဖြစ်ဖြစ်
အပြင်တကူးတက ထွက်စရာမလိုပဲ အိမ်မှာ အင်တာနက်ရှိရုံနဲ့ အသုံးပြုလို့ရတာဖြစ်လို့
ခုပဲ နွေဦးဘဏ်မှာ အကောင့်ဖွင့်ထားကြရအောင်...

အကောင့်ဖွင့်ရန် -
https://app.springdevelopmentbank.com/register

အကောင့်ဖွင့်နည်း - Video File ကြည့်ရှုရန်။
https://fb.watch/orQB8TEFDh/

#SDB100KCampaign
#realbankrealfreedom
#SpringDevelopmentBank
54👍13🥰3
Reminder ပါဗျို့...

ဒီနေ့ကတော့ "အားလုံးပျော်သည် SDB" Podcast လေး ထုတ်လွှင့်မယ့် သောကြာနေ့လေးပဲ ဖြစ်ပါတယ်။

Podcast ခေါင်းစဥ်မှာ ဖော်ပြထားတဲ့ ဘဏ်နဲ့ FR သံသရာ ဆိုတာက ဘာများလဲ ? FR တွေ ဘာတွေ ကြုံတွေ့နေကြရတာလဲ? Ko Moon King နဲ့ Ma Lwin တို့ကရော ဘာတွေ ဝေမျှပေးထားမလဲ ဆိုတာ သိရအောင် ဒီနေ့ ညနေ ၆နာရီ၊ နွေဦးဘဏ် Facebook Page မှာ လာရောက် နားဆင်ကြဖို့ ဖိတ်ခေါ်ပါတယ်။..

ဒီနေ့ ညနေ ၆နာရီနော်... See you ❤️

#SDBPodcast #SpringDevelopmentBank #realbankrealfreedom #chooseSDB
52👍13🔥1🥰1
"အားလုံးပျော်သည် SDB" Podcast Friday ပြန်လည်ရောက်ရှိလာပါပြီ။
ဒီအစီအစဥ်ကို ၂ ပတ် တကြိမ် ထုတ်လွှင့်ပေးနေပါတယ်။

ဒီတပတ်မှာတော့ တော် လှန်ရေး ကာလအတွင်း Fundraiser များ ကြုံတွေ့နေကြရတဲ့ "ဘဏ်နဲ့ FR သံသရာ" တွေထဲကမှ Moon King နဲ့ Ma Lwin တို့ရဲ့ အဖြစ်အပျက်လေးတွေကို နွေဦးဘဏ်ချစ်သူတွေထံ မျှဝေပေးထားပါတယ်။

FR တွေရဲ့ ဘဏ် သံသရာလွတ်မြောက်ဖို့ ဘယ်လို ကြိုးစားကြလဲ ဆိုတာ နားဆင်ကြရအောင်နော်။

Podcast နားထောင်ရန် link 🎶
https://www.facebook.com/SpringDevBank/videos/348132868164915

#SDBPodcast
#SpringDevelopmentBank
#realbankrealfreedom #chooseSDB
👍42🥰5