လေးစားတန်ဖိုးထားရပါသော နွေဦးဘဏ်၏ ရင်းနှီးမြုပ်နှံသူများနှင့် မိတ်ဖက်လူကြီးမင်းများ ခင်ဗျာ
ကျွန်တော်တို့ နွေဦးဘဏ်၏ အစုရှယ်ယာအကြိုရောင်းချခြင်း ICO Seed Round ထူးခြားတဲ့ အောင်မြင်မှုနှင့် ပတ်သက်ပြီး ထပ်မံမျှဝေရတဲ့အတွက် ဂုဏ်ယူ ဝမ်းသာမိပါတယ်။ SDB ၏ CEO အနေဖြင့် ဒီအရေးကြီးတဲ့ စီမံကိန်းမှာ ပါဝင်သူတိုင်း၏ ကြိုးစားအားထုတ်မှု နှင့် စိတ်ရင်းအပ်နှံမှုကို ဂုဏ်ယူဝမ်းမြောက်စွာပဲ အသိအမှတ်ပြု ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ ICO အောင်မြင်မှုဟာ ဘဏ္ဍာရေးကိန်းဂဏန်းများထက် ပိုမိုသာလွန်တဲ့ မှတ်တိုင်တစ်ခုကို ကိုယ်စားပြုပါတယ်။ ICO မပြီးမြောက်မီနေ့မှာပဲ နွေဦးဘဏ်မှာ ရင်းနှီးမြုပ်နှံသူများနှင့် ပိုမိုကျယ်ပြန့်သော အသိုက်အဝန်းရဲ့ ခိုင်မာသောယုံကြည်မှုနှင့် ပြတ်သားရဲရင့်မှုတို့ကို တခဲနက် ပြသခဲ့ကြရင်း ကျွန်တော်တို့ မူလမျှော်မှန်းချက်ကို ကျော်လွန်စေခြင်းဟာ ၎င်းတို့၏ မြင့်မားသောပံ့ပိုးမှုကပဲ တန်ဖိုးမဖြတ်နိုင်တဲ့အခန်းကဏ္ဍ အဖြစ် ပါဝင်ခဲ့ပါတယ်။ သူတို့ရဲ့ ပံ့ပိုးထောက်ခံမှုသာ မရှိခဲ့ရင် ဒီလိုအောင်မြင်မှုဆိုတာ မဖြစ်နိုင်ပါဘူး။
ကျွန်တော်တို့ ICO ကို စိတ်အားထက်သန်စွာ ကြိုဆိုအားပေး တုံ့ပြန်ခဲ့ကြခြင်းဟာ အလွန် အားရစရာ ကောင်းလှပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ အစုရှယ်ယာ တိုကင်ဝယ်ယူမှုများ အမှာစာလက်ခံခြင်းကို ဝက်ဘ် အက်ပ်လီကေးရှင်း မှတစ်ဆင့် နိုဝင်ဘာ ၂၇ ရက်အထိ နှင့် ကျွန်တော်တို့ ၏ ပြည်သူ့ဓနဆက်ဆံရေးအရာရှိများ (RMs) မှတစ်ဆင့် ဝယ်ယူမှုစာရင်း ကိုက်ညှိစိစစ်မှုများအတွက် ရည်ရွယ်၍ ဒီဇင်ဘာ ၂ ရက် အထိ ဆက်လက် ဆောင်ရွက်ရန် ထားရှိခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အားလုံး ပါဝင်နိုင်အောင် အခွင့်အရေးပေးလိုတဲ့ ဆန္ဒကို ဆန်းသစ်တဲ့ ပူးပေါင်းပါဝင် စွန့်စားမှုအဖြစ် ထင်ဟပ်ကတိပြုစေပါတယ်။ စုစုပေါင်း တိုကင်ဝယ်ယူမှု နောက်ဆုံးစာရင်းအဖြစ် ဒီဇင်ဘာလ ၂ ရက်နေ့ အထိ အမေရိကန် ဒေါ်လာ ၁၁.၈၅ သန်းကို သမိုင်းမှတ်တမ်းတင် ရလောက်အောင် ရောက်ရှိခဲ့တာကိုလည်း အသိပေးကြေညာအပ်ပါတယ်။
RM ချန်နယ် ရက်တိုးမြင့်ခြင်းဟာ အဆင့်အဆင့် လုပ်ဆောင်ရသော စာရင်းချုပ် စိစစ်အတည်ပြုခြင်းများကြောင့် တိုကင်ဖြန့်ဝေပေးမှုကို အနည်းငယ် နှောင့်နှေးစေခဲ့ကြောင်းကိုလည်း ကောင်းစွာ နားလည်သိရှိပါတယ်။ အဆင်မပြေမှုများ ဖြစ်ပေါ်နိုင်ခဲ့တယ့်အတွက် အလေးအနက်ထား တောင်းပန်မေတ္တာရပ်ခံရင်း RM များမှတဆင့်ဝယ်ယူထားသော တိုကင်ဖြန့်ဝေခြင်းကို ဒီဇင်ဘာလ (၄) ရက်နေ့မှ စတင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကိုလည်း အသိပေးလိုပါတယ်။ နွေဦးဘဏ်နှင့်တကွ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ထဲရှိ အကောင်းဆုံး အကျိုးစီးပွားများကို ထင်ဟပ်ရန်အတွက် တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ ကျွန်တော်တို့၏ ကတိကဝတ်များနှင့် အညီ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
နွေဦးဘဏ်ဆိုတာ မြန်မာနိုင်ငံ၏ ပထမဆုံး ခေတ်သစ် ဒစ်ဂျစ်တယ် ဘဏ်အဖြစ် ရှေ့တန်းမှာ တည်ထောင်ရပ်တည်နေတာဖြစ်လို့ ငွေရေးကြေးရေးအဖွဲ့အစည်းတခု ထက်ပိုပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက် ပန်းတိုင်က ၅၅ သန်းသော နိုင်ငံသူနိုင်ငံသား အားလုံးအတွက် အဆင်ပြေချောမွေ့ပြီး လက်လှမ်းမီနိုင်သော ဘဏ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးအပ်ဖို့ဖြစ်တယ်။ ကျွန်တော်တို့၏ ICO ၏အောင်မြင်မှုဟာလည်း ၎င်းပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ အဓိကခြေလှမ်း ဖြစ်ပါတယ်။ အစုရှယ်ယာအကြိုရောင်းချခြင်း အစီအစဥ်မှာ ဂန္တဝင်မြောက် အတုယူစရာကောင်းလှတဲ့ စိတ်အားထက်သန်မှုနှင့် ကြိုဆိုပံ့ပိုးမှုများကြောင့်ပဲ ကျွန်တော်တို့ ရှေ့ဆက်ဖော်ဆောင်မယ့် လုပ်ငန်းဆောင်တာများအတွက် သစ္စာပြုထားရှိမှုများကို အားအင်သစ်တွေအဖြစ် လှုံ့ဆော် တွန်းအားပေးပါတယ်။
လူကြီးမင်းတို့၏ ဆက်လက်ပံ့ပိုးမှု နှင့် နွေးထွေးနားလည်ပေးမှု တွေအတွက် လှိုက်လှဲစွာ ကျေးဇူးဂါဝရ မှတ်တမ်းတင်ရှိပါတယ်။ လူကြီးမင်းတို့၏ ပါဝင်ပတ်သက်မှုဟာ နွေဦးဘဏ် နဲ့ ဘဏ်လုပ်ငန်းနယ်ပယ်ကို ကျော်လွန်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ပြင်းပြတဲ့ စိတ်ထားအပ်နှံမှုကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့၏ မယိမ်းမယိုင်သော အန္တိမ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ပဓာနကျသော ဘဏ္ဍာရေးဝန်ဆောင်မှုများ လက်ဆင့်ကမ်း ပေးအပ်ဖို့ပဲ ဖြစ်ပါတယ်။ နွေဦးဘဏ်မှာ ပါဝင်သက်ဆိုင်သူအားလုံးအတွက် ရင့်သန်စည်ပင်တဲ့ ရေရှည် အကျိုးကျေးဇူးများ ဖန်တီးပေးရန် နှင့် ပြည်သူ့လွတ်လပ်ရေး အောင်ပွဲ၏ အခြေခံအုတ်မြစ် အစိတ်အပိုင်း တစ်ခုအနေဖြင့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့မှုများတွင် အရေးပါသော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် ရည်ရွယ်ကြောင်းကို ထပ်လောင်း အလေးအနက် ကတိပြုပါတယ်။
ရိုသေဂါဝရပြု လေးစားဦးညွတ်လျက်
ဦးကယ်လ်ဗင်
အလုပ်အမှုဆောင်အရာရှိချုပ်
နွေဦးဖွံ့ဖြိုးရေးဘဏ်
၃ ဒီဇင်ဘာ ၂၀၂၃

❤176👍41
တော်လှန်ပြည်သူများအားလုံးမင်္ဂလာပါ။🙏
နွေဦးဘဏ်၏ Relationship Manager များမှတဆင့် ဝယ်ယူထားသော အစုရှယ်ယာ Tokens များကို နွေဦးဘဏ်မှ သေချာစိစစ် ဖြန့်ဝေခြင်းများ စတင်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ကြောင်း အသိပေးပါရစေ။
ပြည်သူများ ယုံကြည်စွာဖြင့် ၀ယ်ယူထားသော အစုရှယ်ယာ Token များ လွဲမှားခြင်း၊ တိမ်းချော် ပျောက်ပျက်ခြင်းများ လုံး၀မရှိစေရန် နွေဦးဘဏ်မှ အလုံးစုံတာ၀န်ယူထားသည့် အလျောက်
RM များစီမှ ပေးပို့သော ငွေကြေး currency စာရင်းနှင့် System မှ စာရင်းများ အား တိုက်ဆိုင်စစ်ဆေးရခြင်း၊
ပေးပို့ထားသော UID နှင့် Wallet Address များ မပြည့်စုံမှုများ ရှိလာပါက RM များနှင့် တခါ ပြန်လည် အတည်ပြု ရခြင်း အစရှိသည်များကို နွေဦးဘဏ်မှ သေချာစွာ စိစစ် လုပ်ဆောင်ပြီးမှသာ သက်ဆိုင်ရာ အကောင့်များသို့ အစုရှယ်ယာများအား ဖြန့်ဝေ ရခြင်း ဖြစ်သည့်အတွက် မျှော်လင့် ထားသည်ထက် အနည်းငယ် နှောင်နှေးကြန့်ကြာမှုများ ရှိနေပါသည်။
သို့ပါသော်လည်း အစုရှယ်ယာ Tokens များ သက်ဆိုင်ရာ အကောင့်များထံသို့ အမြန်ဆုံး ခွဲဝေ ပေးနိုင်ရန် အတွက် နွေဦးဘဏ်မှ နေ့နေ့ညည မပြတ် အထူး ကြိုးစားဆောင်ရွက်လျက်ရှိနေပါကြောင်း ပြည်သူများ အားလုံးအား အသိပေး ပန်ကြားအပ်ပါသည်။ ယခုကဲ့သို့ ယုံကြည် စိတ်ရှည် စွာ စောင့်ဆိုင်းပေးကြသော တော်လှန်ပြည်သူပြည်သားများ အားလုံးကို နွေဦးဘဏ်မှ များစွာ လေးစားကျေးဇူးတင်အပ်ပါသည်။
#SpringDevelopmentBank #realbankrealfreedom #chooseSDB

❤155👍35👌3👏1
This media is not supported in your browser
VIEW IN TELEGRAM
နွေဦးဘဏ် မှ ဘဏ်အစုရှယ်ယာ Token တွေကို အသေအချာစိစစ်ပြီး စနစ်တကျဖြန့်ဝေမှုတွေ အဆက်မပြတ်လုပ်ဆောင်နေပါတယ်။ အကောင့်ထဲမှာ မရရှိသေးတဲ့ နွေဦးဘဏ်ချစ်သူတွေလည်း မကြာခင်ရရှိလာမှာ ဖြစ်လို့ စောင့်ပေးပါဦးနော်။ 🤩
တဦးတယောက်ချင်းစီကို တန်ဖိုးထားလေးစားစွာနဲ့ အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။
ရရှိပိုင်ဆိုင်ထားတဲ့ နွေဦးဘဏ်အစုရှယ်ယာရှင်ကြီးများရဲ့ အနာဂတ်မျှော်လင့်ချက် နဲ့ စိတ်ကူးချိူချိုလေးတွေကိုလည်း မန့်မှာ မျှဝေပေးသွားပါဦးနော်။ 🍀
#SpringDevelopmentBank #realbankrealfreedom #chooseSDB
တဦးတယောက်ချင်းစီကို တန်ဖိုးထားလေးစားစွာနဲ့ အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။
ရရှိပိုင်ဆိုင်ထားတဲ့ နွေဦးဘဏ်အစုရှယ်ယာရှင်ကြီးများရဲ့ အနာဂတ်မျှော်လင့်ချက် နဲ့ စိတ်ကူးချိူချိုလေးတွေကိုလည်း မန့်မှာ မျှဝေပေးသွားပါဦးနော်။ 🍀
#SpringDevelopmentBank #realbankrealfreedom #chooseSDB
❤136👍38🥰5
လေးစားအားထားရပါသော
တော်လှန်ပြည်သူပြည်သားများ အားလုံး မင်္ဂလာပါ။
နွေဦးဘဏ် ၏ အစုရှယ်ယာ token များ ကို အသေအချာ စိစစ်ပြီး စနစ်တကျဖြန့်ဝေပေးလျှက်ရှိပါသည်။
အစုရှယ်ယာဖြန့်ဝေမှု အပိုင်းမှာ စာရင်းအမှား၊ အချက်အလက်အမှားများအတွက် သက်ဆိုင်ရာ RM များနှင့်ပြန်လည် တိုက်ဆိုင်စစ်ဆေးခြင်းများပြုလုပ်ရသည့်အတွက် နှောင့်နှေး ကြန့်ကြာမှု အပိုင်းအတွက် နွေဦးဘဏ်မှ အနူးအညွတ်တောင်းပန်အပ်ပါသည်။
အစုရှယ်ယာ ဖြန့်ဝေမှုအားလုံး အား ဒီဇင်ဘာလ (၁၇) တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ကျန်ရှိနေသေးသော သက်ဆိုင်ရာ အချက်အလက် ပြည့်စုံ မှန်ကန်သော အကောင့်များအားလုံးထံသို့ ဖြန့်ဝေသွားပါမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
နွေဦိးဘဏ်သည် ပြည်သူ့ဘဏ်ဖြစ်သည့်အလျောက် လေးစားအားထားရသော ပြည်သူ၊ ပြည်သားများ၏အားပေးကူညီမှုဖြင့် နွေဦးခရီးပန်းတိုင်သို့ မလျော့သောဇွဲ၊ မဆုတ်မနစ်သော လုံ့လ တို့ဖြင့် အတူတကွ ချီတက်ကြပါမည်ဟု လေးစားစွာဖြင့် ကတိပြုပြောကြားလိုပါသည်။

👍93❤44🥰13👏4🎉1
Media is too big
VIEW IN TELEGRAM
နွေဦးဘဏ်ချစ်သူများအတွက် စိတ်အပန်းပြေစရာ၊ ဗဟုသုတရစရာ အစီအစဥ်များကို ဒီကနေ့ သောကြာ နေ့ ညနေ မှ စပြီး နှစ်ပတ်တခါ "အားလုံးပျော်သည် SDB " podcast အစီအစဉ်လေးတစ်ခု အဖြစ် ဖန်တီး တင်ဆက်သွားပါမယ်။
ဒီ အစီအစဥ်လေးမှာ တင်ဆက်စေချင်တဲ့ အိုင်ဒီယာ အသစ်အဆန်းလေးတွေ၊ ဇာတ်လမ်းတိုလေးတွေ ရှိလျင်လည်း hello@springdevelopmentbank.com
ကို ဆက်သွယ်ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။
ခဏတာ စိတ်အပန်းပြေစေဖို့ နွေဦးဘဏ် Podcast အစီအစဉ်လေးကိုအခုပဲ အတူတူ နားဆင်ကြည့်ကြရအောင်။ 🎶
#SDBPodcast #SpringDevelopmentBank #realbankrealfreedom #chooseSDB

👍70❤57🎉7
ဒီနေ့ည ၈ နာရီမှာ "ICO ခရီးအတွေ့အကြုံ မျှဝေတင်ဆက်ခြင်းကဏ္ဍ" ဆိုတဲ့ talk show တစ်ခုကို Myan Crypto နဲ့ SDB တို့ ပူးပေါင်းတင်ဆက်သွားဖို့ ရှိပါတယ်။
SDB ရဲ့ Operation team နဲ့ Finance team ဖက်ကနေ ICO နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို host KOOL နဲ့အတူ ဆွေးနွေးမျှဝေသွားမှာဖြစ်လို့ လာရောက်နားဆင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
talk show နားဆင်ရန် : https://t.me/SpringDevBankCommunity?videochat
#SDBTalkShow #chooseSDB #realbankrealfreedom

❤77👍10👏10🥰1
မြန်မာပြည်ကို မတရားသဖြင့် အထိန်းသိမ်းခံ ဘဝမှ လွတ်မြောက်ချင်သူတွေရဲ့ တဟုန်ထိုး အားပေးမှုကြောင့် နွေဦးဘဏ်ဟာ နွေဦးခရီးလမ်းပေါ်မှာ အရာထင် ကောက်ကြောင်းပေါ်ခဲ့ပါပြီ။
ရှေ့ဆက်ပြီး ဘဏ္ဍာရေးကဏ္ဍ အတွက် ပိုမိုရုပ်လုံးပေါ်ဖို့၊ နိုင်ငံတကာနဲ့ ရင်ဘောင် တန်းနိုင်တဲ့ ဘဏ်တစ်ခု အဖြစ် ရပ်တည်နိုင်ဖို့အတွက် ပြည်သူတွေရဲ့ စဥ်ဆက်မပြတ်သော ပါဝင်ကူညီမှုတွေ အမြဲမပြတ် လိုအပ်နေပါတယ်။
အခုဆို နွေဦးဘဏ်အကောင့်ရှိရုံနဲ့ နိုင်ငံတကာ ငွေကြေးစနစ် (၁၀) မျိုးကို မိမိစိတ်ကြိုက် အချိန်မရွေး လုံခြုံစွာ လဲလှယ် ဝယ်ယူရောင်းချနိုင်တဲ့အပြင် ငွေစုနိုင်တယ်၊ ရွှေစုနိုင်တယ်။ မကြာခင်ကာလမှာ မိမိပိုင် ဘဏ်ရှယ်ယာတွေကို ရောင်းဝယ်နိုင်ပါတော့မယ်။
အမြဲမပြတ် အစဥ်တိုးတက်မှုကိုသာ အားထုတ်ရှာဖွေနေတဲ့ နွေဦးဘဏ်မှာ အနာဂတ် လုပ်ငန်းစဥ်တွေ များစွာ ထပ်မံ ထည့်သွင်းပေးဖို့ရှိနေပါတယ်။
မကြာခင်မှာ ထပ်မံရောက်ရှိလာမယ့် နွေဦးဘဏ်ရဲ့ ခေတ်မှီငွေကြေးဝန်ဆောင်မှုများကို ခေတ်မမှီလိုက်၊ မသိလိုက် မရှိရလေအောင် အကောင့်မရှိသူများ အခု ကတည်းက အကောင့်ဖွင့်ထားဖို့ ဖိတ်ခေါ်တိုက်တွန်းပါတယ်နော်။
နှစ်မကုန်ခင် နွေဦးဘဏ်မှာ အကောင့်ဖွင့်ထားသူ ဦးရေ တစ်သိန်း ပြည့်အောင် နွေဦးအမျိုးတို့ရေ ချစ်ခင်ကြင်နာစွာနဲ့ ဝိုင်းတွန်းပေးကြပါလို့လည်း မေတ္တာရပ်ခံ လိုက်ရပါတယ်။
#SDB100KCampaign
#realbankrealfreedom
#SpringDevelopmentBank

👍92❤39🎉3
Media is too big
VIEW IN TELEGRAM
နွေဦးဘဏ်အစုရှယ်ယာ Token များ ရောင်းချခဲ့တဲ့ ICO ကာလ မှာ နွေဦးဘဏ်ရဲ့ ဝန်ဆောင်မှုများ အဆင်ပြေချောမွေ့စေဖို့အတွက် နေ့ညမပြတ် နောက်ကွယ်မှ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ အဖွဲ့ပေါင်းများစွာရှိပါတယ်။ ထို အဖွဲ့များထဲမှ နွေဦးဘဏ်၏ Operation team နှင့် Finance team မှ ICO ကာလအတွင်း မည်ကဲ့သို့ ဝန်ဆောင်မှု ပေးခဲ့ကြောင်းကို MCM team မှ မေးမြန်းဆက်သွယ်တင်ဆက် ပေးထားပါတယ်။
နားဆင်ကြည့်ကြရအောင်။
#SDBTalkShow
#SpringDevelopmentBank
#RealBankRealFreedom
နားဆင်ကြည့်ကြရအောင်။
#SDBTalkShow
#SpringDevelopmentBank
#RealBankRealFreedom
❤70👍23🥰3🎉2
နွေဦးဘဏ်၏ လေးစားတန်ဖိုးထားရပါသော
Customer များအား အသိပေး အကြောင်းကြားအပ်ပါသည်။ 🚨
နွေဦးဘဏ်၏ RM တစ်ဦးဖြစ်သူ မပန်ထွာ
User name: panhtwar
FB page: lucky2pdf
Telegram: @PH_Revo
သည် ဆက်သွယ်မှု ဧရိယာပြင်ပတွင်ရောက်ရှိလျက်ရှိပြီး ၊ သူ/သူမ၏ လူမှုကွန်ယက်ဆိုင်ရာ Account များအား အခြားပြင်ပမှ ခိုးယူသုံးစွဲနေသည်ဟု ယူဆရပါသဖြင့်
Customer များ၏ အကျိုးစီးပွါးနှင့် အခြားလုံခြုံရေးဆိုင်ရာ အချက်အလက်များ ထိခိုက်နစ်နာမှု မရှိစေရန် ယင်း အား RM အဖြစ်မှ ခေတ္တ ရပ်ဆိုင်းထားပါသည်။
ထို့ကြောင့် SDB နှင့်သက်ဆိုင်သော ငွေသွင်း၊ ငွေထုတ်ခြင်း လုပ်ငန်းများကို မပန်ထွာ နှင့် ဆက်လက်လုပ်ဆောင်ခြင်း မပြုကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။
နွေဦးဘဏ်၏ ဝန်ဆောင်မှုများကို တခြား RM များနှင့် ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်သွားနိုင်ပါသည်။
မပန်ထွာ မှ SDB ၏ RM အဖြစ် ပြန်လည် တာဝန်ထမ်းဆောင်လာပါက တော်လှန်ပြည်သူများအား ထပ်မံ အသိပေး အကြောင်းကြားသွားမည် ဖြစ်ပါသည်။
လေးစားစွာဖြင့်

👍129❤33👌3
ခရစ်ယာန်ဘာသာဝင်များရဲ့ အထွဋ်အမြတ်ထားတဲ့ ပျော်ရွှင်ဖွယ်ရာခရစ္စမတ် အချိန်ကာလ အားလပ်ရက်မှာ မိသားစု၊ မိတ်ဆွေ၊ ချစ်ခင်ရတဲ့ ရဲဘော်ရဲဘက်တွေနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ပိုင်ဆိုင်ကြပြီး ညီညွတ်ငြိမ်းချမ်းခြင်း နှင့်အတူ ငွေကြေးလွတ်မြောက်ခြင်းများ ပိုင်ဆိုင်နိုင်တဲ့ နှစ်သစ် ဖြစ်ပါစေကြောင်းလည်း နွေဦးဘဏ် မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
#SpringDevelopmentBank
#ChristmasTime
#SpringDevelopmentBank
#ChristmasTime
❤115👍24
လေလှိုင်းက ဘဏ် ဆိုပြီး လေအလွင့်မှာ တချက်တချက် ထခုန်တဲ့ ကြွပ်ကြွပ်အိတ်လို မလိုသူတွေက ရယ်မောကြတယ်။
ကျောက်သားကျောက်စိုင်ကိုတောင် ဖြိုခွင်းနိုင်စွမ်းရှိတဲ့ ခွန်အားကြီးမားတဲ့ လှိုင်းလုံးကြီးတွေကတော့ သူ့အလုပ်သူ တည်ငြိမ်စွာလုပ်ရင်း သက်သေထူနိုင်ကြတော့မယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဒစ်ဂျစ်တယ်ဘဏ် ဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ပထမဆုံး မြေပြင်ဘဏ်ခွဲမှ နွေဦးချစ်သူတွေကို မကြာမှီ ကာလအတွင်းမှာ ဘဏ်ဝန်ဆောင်မှုတွေ စတင် ပေးပါတော့မယ်။
လွယ်မယ်ထင်လို့ လှမ်းခဲ့ကြတာမဟုတ်၊ နိုင်ကို နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ နွေဦး ခရီးကြမ်း ကို လမ်းဖောက်ခဲ့ကြတာပါ။ အခုဆို ပန်းတိုင်ကို မြင်နေရပါပြီ။ ပေါ်လာသမျှ ထိုးနှက်မှု အခက်အခဲတိုင်း ကို အားအဖြစ်ယူရင်း တဦးနဲ့တဦး လက်ချင်းခိုင်ခိုင်တွဲပြီး ဖီးနစ်ငှက်လို နှလုံးသားနဲ့ ပန်းတိုင်ဆီသို့ အရှိန်မပျက် တဟုန်ထိုး အတူပျံကြမယ်ဆိုတာ နွေဦးဘဏ်မှ နွေဦးသစ္စာ အဖြစ် ထပ်လောင်း တိုင်တည်အပ်ပါတယ်။

❤201👏48👍25🎉4
" အားလုံးပျော်သည် SDB" Podcast လေး ထုတ်လွှင့်မယ့် သီတင်းပတ်ကို ရောက်ရှိလာခဲ့ပါပြီ။
ဒီတပတ်မှာတော့ နွေဦးဘဏ် RM များရဲ့ ICO ကာလမှာ ကြုံရဆုံရတဲ့ အတွေ့အကြုံလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ နွေဦးဘဏ်ချစ်သူ ဘဏ်ရှယ်ယာရှင်ကြီးတွေလည်း သူတို့ပြောပြတဲ့ အမှတ်တရ အလွဲလေးတွေနဲ့ ဘာတွေကြုံခဲ့လဲ သိရအောင် လာမယ့် သောကြာနေ့၊ ညနေ ၆နာရီမှာ
SDB Podcast လေး အတူတူ နားဆင်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🎶
#SDBPodcast #SpringDevelopmentBank #realbankrealfreedom #chooseSDB
ဒီတပတ်မှာတော့ နွေဦးဘဏ် RM များရဲ့ ICO ကာလမှာ ကြုံရဆုံရတဲ့ အတွေ့အကြုံလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ နွေဦးဘဏ်ချစ်သူ ဘဏ်ရှယ်ယာရှင်ကြီးတွေလည်း သူတို့ပြောပြတဲ့ အမှတ်တရ အလွဲလေးတွေနဲ့ ဘာတွေကြုံခဲ့လဲ သိရအောင် လာမယ့် သောကြာနေ့၊ ညနေ ၆နာရီမှာ
SDB Podcast လေး အတူတူ နားဆင်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🎶
#SDBPodcast #SpringDevelopmentBank #realbankrealfreedom #chooseSDB
👍65❤25🥰1🎉1
Media is too big
VIEW IN TELEGRAM
နှစ်ပတ်တခါ တင်ဆက်မယ့် "အားလုံးပျော်သည် SDB" Podcast Friday အစီအစဥ်လေး အလှည့်ကျရောက်လို့ လာပါပြီ။
ဒီတခါတော့ အောင်မြင်ပြီးမြောက်ခဲ့တဲ့ နွေဦးဘဏ်အစုရှယ်ယာ Token ICO ကာလမှာ နွေဦးဘဏ်၏ Relationship Manager များ ကြုံတွေ့ခဲ့ရတဲ့ ကြည်နူးစရာ၊ ချစ်စရာ၊ ရယ်မောစရာ အတွေ့အကြုံလေးတွေကို ဩစီ မှ RM မဘုတ်၊ ယူကေမှ RM ကိုဇာနည် နှင့် ဂျပန်မှ RM မစတယ်လာ တို့ မှ ဝင်ရောက် ဆွေးနွေးထားကြပါတယ်။
USA မှ RM တစ်ဦးဖြစ်သူ ကိုဖြိုးမှ Host အဖြစ် ဆောင်ရွက်ပြီး အပိုင်း အနေနဲ့ ၃ ပိုင်းခွဲကာ တင်ဆက်ပေးထားပါတယ်။
အပိုင်း (၁) ကို အတူနားဆင် ခံစားကြည့်ကြရအောင်နော်။
#SDBPodcastFriday

👍35❤15🥰2
Media is too big
VIEW IN TELEGRAM
"အားလုံးပျော်သည် SDB" Podcast Friday အစီအစဥ်လေးရဲ့ ကြုံရဆုံရ RM ဘဝ အပိုင်း(၂)လေး လာပါပြီ။
ဒီတပတ် Podcast အစီအစဉ်မှာ နွေဦးဘဏ်အစုရှယ်ယာ Token ICO ကာလမှာ နွေဦးဘဏ်၏ Relationship Manager များ ကြုံတွေ့ခဲ့ရတဲ့ ကြည်နူးစရာ၊ ချစ်စရာ၊ ရယ်မောစရာ အတွေ့အကြုံလေးတွေကို ဩစီ မှ RM မဘုတ်၊ ယူကေမှ RM ကိုဇာနည် နှင့် ဂျပန်မှ RM မစတယ်လာ တို့ မှ ဝင်ရောက် ဆွေးနွေးထားကြပါတယ်။
USA မှ RM တစ်ဦးဖြစ်သူ ကိုဖြိုးမှ Host အဖြစ် ဆောင်ရွက်ပြီး အပိုင်း အနေနဲ့ ၃ ပိုင်းခွဲကာ တင်ဆက်ပေးထားပါတယ်။
အပိုင်း (၁) ကိုတော့ ဒီလင့််ခ်မှာ နားဆင် ခံစားလို့ရပါတယ်။
https://www.facebook.com/SpringDevBank/videos/378533451255701

❤37👍11🥰1
Media is too big
VIEW IN TELEGRAM
"အားလုံးပျော်သည် SDB" Podcast Friday ရဲ့
ကြုံရဆုံရ RM ဘဝ အပိုင်း ၃ မှာ နှစ်သစ်ဆုတောင်း စကားသံလေးတွေကိုလည်း နားဆင်နိုင်ပါတယ်။
ဒီတပတ် Podcast အစီအစဉ်မှာ နွေဦးဘဏ်အစုရှယ်ယာ Token ICO ကာလမှာ နွေဦးဘဏ်၏ Relationship Manager များ ကြုံတွေ့ခဲ့ရတဲ့ ကြည်နူးစရာ၊ ချစ်စရာ၊ ရယ်မောစရာ အတွေ့အကြုံလေးတွေကို ဩစီ မှ RM မဘုတ်၊ ယူကေမှ RM ကိုဇာနည် နှင့် ဂျပန်မှ RM မစတယ်လာ တို့ မှ ဝင်ရောက် ဆွေးနွေးထားကြပါတယ်။
USA မှ RM တစ်ဦးဖြစ်သူ ကိုဖြိုးမှ Host အဖြစ် ဆောင်ရွက်ပြီး အပိုင်း အနေနဲ့ ၃ ပိုင်းခွဲကာ တင်ဆက်ပေးထားပါတယ်။
အပိုင်း (၁) ကိုတော့ ဒီလင့်ခ်မှာ နားဆင်ရန်
https://www.facebook.com/SpringDevBank/videos/378533451255701
အပိုင်း (၂) ကိုတော့ ဒီလင့်ခ်မှာ နားဆင်ရန်
https://www.facebook.com/SpringDevBank/videos/1029475311648734

🥰35👍14
နွေဦးဘဏ်မှ နွေဦးဘဏ် ချစ်သူတွေအတွက် အကျိုးရှိစေပြီး ဗဟုသုတ ရစရာများကို မျှဝေမယ့် Community Knowledge Sharing အစီအစဥ်လေးကို နှစ်ပတ်တခါ ထုတ်လွှင့်နိုင်ဖို့ ကြိုးစားနေပါတယ်။ ယခုတပတ်အတွက် အလှည့်ကျတာကတော့ Crypto Currency အကြောင်းသိကောင်းစရာ၊ သိသင့်သိထိုက်တဲ့ အခြေခံ မှတ်သားလေ့လာစရာတွေကို Myan Crypto ရဲ့ KOOL မှ Host အဖြစ်တင်ဆက်ပြီး Feliz မှ ရှင်းလင်းပြောကြားပေးသွားမယ့် အစီအစဥ်လေးဖြစ်ပါတယ်။ အောက်ပါ Telegram Channel Link မှ ဝင်ရောက်နားဆင်နိုင်ပါတယ်။
Date: 01 Jan 2024
Time: 8:00 PM MMT
Link : https://t.me/SpringDevBankCommunity?videochat

❤59👍17