Spring Development Bank
20.4K subscribers
1.88K photos
97 videos
933 links
Discover the First Neo Bank for Myanmar.
Download Telegram
၄ရက် မပြည့်ခင် သိန်းပေါင်း ၉၀၀၀ ကျော်

"မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်း ပြုလုပ်ချိန် ၄ရက် မပြည့်သေးခင်မှာ မြန်မာငွေကျပ် သိန်းပေါင်း ၉၀၀၀ ကျော်ရရှိတဲ့အထိ ပြည်သူများအတူတကွ ယုံကြည်စွာကူညီပါဝင်ပေးကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်။

ပြင်းထန်လွန်းလှတဲ့ ငလျင်ဘေးသင့်သတင်းတွေ ၊ "အောက်မှာငလျင် အပေါ်မှာလေယာဉ်" ဆိုသလို လူမဆန်လွန်းလှတဲ့ အာဏာရှင်ရဲ့ဝေဟင်တိုက်ခိုက်မှု သတင်းတွေကြားမှာ စိတ်ပင်ပန်း ဝမ်းနည်းနေကြရတာမို့ ဒီစုပေါင်းညီညွတ်မှုက ပြည်သူများကို စိတ်ခွန်အားပေးနိုင်ဖို့ မျှော်လင့်ယုံကြည်ပါတယ်။

ရရှိသမျှထောက်ပံ့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အမြန်ဆုံးလွှဲပြောင်း၍ ငလျင်ဘေးသင့်ဒေသမှ ပြည်သူများကို ကူညီပေးလျက်ရှိပါတယ်။ ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ @SpringCrowdFund တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
137👍27🥰11
Forwarded from Spring Crowdfund
အံ့မခန်း ပြည်သူ့ညီညွတ်မှုအား
သိန်းပေါင်း ၁၀၀၀၀ ပြည့်ရန် သိန်း ၅၀၀ သာလိုတော့သည်


ပြည်တွင်းပြည်ပ နိုင်ငံအရပ်ရပ်မှ ပြည်သူများ၏ စာနာရက်ရောစွာ စုပေါင်းပါဝင် ကူညီလှူဒါန်းမှုများကြောင့် @SpringDevBank မှ ဦးဆောင်ပြုလုပ်ပေးနေတဲ့ “မြေငလျင် သဘာဝဘေး ၊ ထောက်ပံ့စာနာ ကူညီပေး “ ကမ်ပိန်းဟာ သိန်း ၁၀၀၀၀ ပြည့်ရန် သိန်း ၅၀၀ သာ လိုပါတော့တယ်။

ဒါဟာ ငလျင်ဘေးကြောင့် စိတ်ပူပန်သောကရောက်နေရပြီး အာဏာရှင်ကောင်စီရဲ့ လူမဆန်စွာ ပစ်ပယ်နှောင့်ယှက်နေမှုများကြောင့် ခံပြင်းနာကျည်းနေရတဲ့ ပြည်သူများအတွက် ခွန်အားများစွာပေးနိုင်တဲ့ စုပေါင်းညီညွတ်မှုတစ်ခုဖြစ်ပါတယ်။

ကမ်ပိန်းမှ ရရှိသမျှထောက်ပံ့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အမြန်ဆုံးလွှဲပြောင်း၍ ငလျင်ဘေးသင့်ဒေသမှ ပြည်သူများကို ကူညီပေးလျက်ရှိပြီး ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ SCF တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
167👍32🥰11👏4🆒1
စုပေါင်းအားနဲ့ တွဲလက်ညီ၊ ၁ ဘီလီယံ ပြည့်ခဲ့ပြီ

“ မြေငလျင်သဘာဝဘေး ၊ ထောက်ပံ့စာနာ ကူညီပေး “ ကမ်ပိန်းဟာ မျှော်မှန်းထားခဲ့တဲ့ တားဂတ်ပမာဏ သိန်း ၁၅၀၀ ကို ၅ရက်မပြည့်ခင်မှာပဲ ၆၆၆% ဖြင့် ကျော်လွန်ပြီး သိန်းပေါင်း ၁၀၀၀၀ ကျော်အထိ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ တကယ့်ကို ကြားရသူတိုင်း ကြက်သီးမွေးညင်းများထပြီး ပီတိမျက်ရည်ဝဲမိလောက်စေတဲ့အထိပါ။

ဒီ ၁ ဘီလီယံဟာ မတရားသိမ်းယူထားတဲ့ ငွေကြေးများလုံးဝမပါပဲ ပြည်သူများရဲ့ ရာနှုန်းပြည့် စေတနာအစစ်အမှန်ပါဝင်မှုနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

စာနာရက်ရောစွာဖြင့် တက်တက်ကြွကြွ စုပေါင်းပါဝင်ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပ နိုင်ငံအရပ်ရပ်မှ @SpringDevBank@NwayOoHti@SpringCrowdFund အသုံးပြုသူ ပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ကမ်ပိန်းမှ ရရှိသမျှထောက်ပံ့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနသို့ အချိန်နှင့်တပြေးညီ လွှဲပြောင်းပေးပြီး မြေပြင်အဖွဲ့အစည်းများနှင့် စနစ်တကျချိတ်ဆက်ကာ ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများကို ကြိုးစားကူညီပေးလျက်ရှိပါတယ်။

ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ SCF တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
197👍22🥰19🎉6👏4🏆3
Forwarded from Spring Crowdfund
၅ရက်အတွင်း သိန်းပေါင်း ၁၀၀၀၀ ကျော်
အချိန်နှင့်တပြေးညီ ကူညီနိုင်စေရန် SCF မှ အမြန်ဆုံးလွှဲပြောင်းပေးလျက်ရှိ
1113👍13🥰9🎉1
Forwarded from Spring Crowdfund
၅ရက်အတွင်း သိန်းပေါင်း ၁၀၀၀၀ ကျော်
အချိန်နှင့်တပြေးညီ ကူညီနိုင်စေရန် SCF မှ အမြန်ဆုံးလွှဲပြောင်းပေးလျက်ရှိ

“ မြေငလျင်သဘာဝဘေး ၊ ထောက်ပံ့စာနာ ကူညီပေး “ ကမ်ပိန်းမှာ မျှော်မှန်းတားဂတ်ပမာဏ သိန်း ၁၅၀၀ ကို ၅ရက်အတွင်း ၆၆၆% ဖြင့် ကျော်လွန်ပြီး သိန်းပေါင်း ၁၀၀၀၀ ကျော်အထိ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ စာနာရက်ရောစွာဖြင့် တက်တက်ကြွကြွ စုပေါင်းပါဝင်ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပ နိုင်ငံအရပ်ရပ်မှ @SpringDevBank@NwayOoHti@SpringCrowdFund အသုံးပြုသူ ပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ရရှိထောက်ပံ့ငွေများကို ငလျင်ဘေးသင့်ဒေသများအတွက် အမြန်ဆုံးကူညီနိုင်စေရန်
◾️ ပထမအကြိမ်အဖြစ် သိန်း ၂၀၀၀ ကျပ်တိတိ
◾️ ဒုတိယအကြီမ်အဖြစ် သိန်း ၂၅၀၀ ကျပ် တိတိ
◾️ တတိယအကြိမ်အဖြစ် သိန်း ၂၇၀၀ ကျပ်တိတိ
◾️ ယခု စတုတ္ထအကြိမ်အဖြစ် သိန်း ၂၈၀၀ ကျပ် တိတိ
စုစုပေါင်း သိန်း ၁၀၀၀၀ ကျပ် တိတိကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အောင်မြင်စွာလွှဲပြောင်းပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ ကမ်ပိန်းရှိသွားမှာဖြစ်လို့ SCF မှာ စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
1138👍16🥰16🔥2
❤️‍🩹 နွေဦးထီရပ်ဝန်းမှ ငလျင်ဘေး ကူညီခွင့်

သန့်စင်သောနှလုံးသားများ၏ မေတ္တာဓာတ်စိုက်ပျိုးမှုကြောင့် အောင်လံလွှင့်ချီ နွေဦးထီ @NwayOoHti ရဲ့ မတ်လရောင်းအားမှ ကျပ် ၁၆၂ သိန်းခန့် (16,203,000 MMK ) ကို ငလျင်ဘေး ကူညီ မတည်ငွေ အဖြစ် @SpringCrowdFund သို့ လှူဒါန်းခဲ့ပါတယ်။

တစောင်ချင်းစီအလိုက် ပါဝင်ကံစမ်းပေးတဲ့ ပြည်သူများအားလုံးကို ကျေးဇူးတင်ရင်း ချစ်ခင် ဂုဏ်ယူရပါတယ်။ အမွန်မြတ်ဆုံး စိတ်ထားနဲ့အတူ ရင်ဖွင့်လှူဒါန်းမှုတွေက ငလျင်ဘေးသင့်ဒေသတွေအတွက် အလင်းရောင်သစ်ဖြစ်လာစေဖို့ ဘဝများစွာ ပြန်လည်ထူထောင်ပေးနိုင်အောင် စာနာပံ့ပိုးလိုက်ကြဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။

SCF ကမ်ပိန်း တွင် ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

နွေဦးထီ ကံစမ်းရင်း ကူညီရန်
bit.ly/m/NwayOoHtiv2

#EarthquakeDisasterRelief #SupportAndAid
#SpringDevelopmentBank #SpringCrowdFund #NwayOoHti
#TogetherWithSCF
190👍22🥰10
ကမ်ပိန်းကူပြီးနောက် Certificate နဲ့ ပက်သက်လို့ အခက်တွေ့နေရပါသလား ?
🥰69👍267
Forwarded from Spring Crowdfund
ကမ်ပိန်းကူပြီးနောက် Certificate နဲ့ ပက်သက်လို့ အခက်တွေ့နေရပါသလား ?

ထောက်ပံ့ကူညီပေးနေကြတဲ့ ပြည်သူတို့ရဲ့ အခက်အခဲကို လမ်းညွှန်ဖြေရှင်းပေးခွင့်ပြုပါနော်။ အရေးကြီးတဲ့ လမ်းညွှန်လေးမို့ အဆုံးထိဖတ်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်။ ❤️🙏

ကိုယ်ထောက်ကူချင်တဲ့ အရေးပေါ်ကမ်ပိန်းများကို SCF website ကိုဝင်ပြီး မိမိရဲ့ SDB အကောင့် နဲ့ ချိတ်ဆက်၊ email ဖြည့်ကာ တိုက်ရိုက်လှူဒါန်းနိုင်ပါတယ်။

သို့ပေမယ့် မိမိတကြိမ် လှူလိုက်တိုင်း email ရိုက်ရတဲ့အခါ စာလုံးပေါင်း မှားရိုက်မိခြင်း၊ စာလုံးပေါင်းမှန်ပေမယ့်လည်း certificate က email inbox မှာ မဝင်လာပဲ spam mail ထဲ ရောက်နေတတ်ပြီး ရှာမတွေ့ခြင်း တို့ကို ကြုံရတတ်ပါတယ်။

ဒါကိုဘယ်လို ဖြေရှင်းမလဲ ?

SCF Website သို့ဝင်ပါက home page ကို တွေ့ရပါမယ်
အောက်ခြေ ညာဘက်ထောင့်က Setting ကို နှိပ်ပါ
SCF မှာ အကောင့်မဖွင့်ဖူးသေးပါက Create an Account နှိပ်ပြီး Sign Up လုပ်ပေးပါ။
SCF မှာ အကောင့်ဖွင့်ဖူးပါက Log In နှိပ်ပါ။

ဒါဆို မိမိရဲ့ ကိုယ်ပိုင် SCF အကောင့်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်သလို ဒီနည်းအတိုင်း Log In ဝင်ထားပြီးမှ ကမ်ပိန်းများကို ထောက်ကူပါက မိမိအရင်ကူဖူးတဲ့ ကမ်ပိန်းများကိုလည်း တစုတစည်းထဲမြင်နိုင်မှာဖြစ်ပြီး ကမ်ပိန်းအသီးသီးရဲ့ certificate များကိုလည်း အချိန်မရွေး တကြိမ်ထက်မက ဝင်ရောက် download ရယူနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် SCF Website ကို ဘယ်အချိန်ပဲဝင်ဝင် အကောင့် Log in အရင်ဝင်ကြမယ်နော်။
ပြည်သူများအားလုံး ဘေးကင်းကျန်းမာကြပါစေ ❤️🙏

စိတ်ချလုံခြုံစွာ SCF ဖြင့်ထောက်ကူပါ
www.springcrowdfund.org

ငလျင်ဘေးသင့် ပြည်သူများကို ထောက်ကူရန်
bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
🥰62👍3720👌1
Forwarded from Spring Crowdfund
၇ ရက်အတွင်း သိန်းပေါင်း ၁၃၀၀၀ ကျော်

"မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်းမှာ ၆ ရက်အတွင်း မြန်မာငွေကျပ် သိန်းပေါင်း 1️⃣3️⃣0️⃣0️⃣0️⃣ ကျော် (၁.၃ ဘီလီယံကျော်) ရရှိတဲ့အထိ စာနာရက်ရောစွာဖြင့် တက်တက်ကြွကြွ စုပေါင်းပါဝင်ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပ နိုင်ငံအရပ်ရပ်မှ @SpringDevBank@NwayOoHti@SpringCrowdFund အသုံးပြုသူ ပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ရရှိသမျှထောက်ပံ့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အမြန်ဆုံးလွှဲပြောင်း၍ ငလျင်ဘေးသင့်ဒေသမှ ပြည်သူများကို ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။

ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ SCF တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
👍6556🥰8👏4🎉1
Forwarded from Spring Crowdfund
(၅) ကြိမ်မြောက် ထောက်ပံ့ငွေလွှဲပြောင်းပေးနိုင်မှု သိန်း ၃၀၀၀ ကျပ်
စုစုပေါင်း သိန်းပေါင်း ၁၃၀၀၀ ကျပ် တိတိ
105👍13🥰2
Forwarded from Spring Crowdfund
(၅) ကြိမ်မြောက် ထောက်ပံ့ငွေလွှဲပြောင်းပေးနိုင်မှု သိန်း ၃၀၀၀ ကျပ်
စုစုပေါင်း သိန်းပေါင်း ၁၃၀၀၀ ကျပ် တိတိ


“ မြေငလျင်သဘာဝဘေး ၊ ထောက်ပံ့စာနာ ကူညီပေး “ ကမ်ပိန်းမှာ (၅) ရက်အတွင်း သိန်းပေါင်း ၁၃၀၀၀ ကျော် ရရှိသည်အထိ စာနာရက်ရောစွာဖြင့် တက်တက်ကြွကြွ စုပေါင်းပါဝင်ကူညီပေးလျက်ရှိကြတဲ့ ပြည်တွင်းပြည်ပ နိုင်ငံအရပ်ရပ်မှ @SpringDevBank@NwayOoHti@SpringCrowdFund အသုံးပြုသူ ပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ရရှိထောက်ပံ့ငွေများကို ငလျင်ဘေးသင့်ဒေသများအတွက် အမြန်ဆုံးကူညီနိုင်စေရန်
ပထမအကြိမ်အဖြစ် သိန်း ၂၀၀၀ ကျပ်တိတိ
ဒုတိယအကြီမ်အဖြစ် သိန်း ၂၅၀၀ ကျပ် တိတိ
တတိယအကြိမ်အဖြစ် သိန်း ၂၇၀၀ ကျပ်တိတိ
စတုတ္ထအကြိမ်အဖြစ် သိန်း ၂၈၀၀ ကျပ် တိတိ
ယခု ပဉ္စမအကြိမ်အဖြစ် သိန်း ၃၀၀၀ ကျပ် တိတိ
စုစုပေါင်း သိန်း 1️⃣3️⃣0️⃣0️⃣0️⃣ ကျပ် (၁.၃ ဘီလီယံ) တိတိကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အချိန်နှင့်တပြေးညီအောင်မြင်စွာလွှဲပြောင်းပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူတို့ရဲ့ အခက်အခဲများကို အတတ်နိုင်ဆုံး အလျှင်အမြန်ကူညီနိုင်ဖို့ အထိရောက်ဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေတာသိရတဲ့အတွက် အတူတကွပါဝင်ကူညီထောက်ပံ့ပေးခဲ့ကြသူများအားလုံးကိုယ်စား SCF မှ ကျေးဇူးအထူးတင်ရှိပြီး

ဆက်လက်ပြီးလည်း ဧပြီလ (၁၁)ရက်နေ့အထိ SCF မှာ စိတ်ချယုံကြည်စွာ ဝိုင်းဝန်းကူညီကြဖို့ ဖိတ်ခေါ်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
134👏14👍13🥰2
Media is too big
VIEW IN TELEGRAM
မြေငလျင်သဘာဝဘေး ၊ ထောက်ပံ့စာနာကူညီပေး ကမ်ပိန်းကို ဘာကြောင့်လုပ်ခဲ့ရလဲ?

အို…မြန်မာနိုင်ငံ… အာဏာရှင်ပေးတဲ့ အခက်အခဲတွေကြားမှာ မနည်းရုန်းကန်နေကြရတဲ့ ပြည်သူတွေ….

စစ်ကိုင်းငလျင်ကြောကြီးလည်း သူ့ကျောရိုးပေါ် တည့်တည့်လာချနေတဲ့ ပေါင် ၅၀၀ တွေကို စိတ်ဆိုးသွားရော့ထင်ပါရဲ့ ။ မတ်လ ၂၈ ရက် ပြင်းထန်လွန်းလှတဲ့ ငလျင်ကြီးအဖြစ် ရုတ်တရက် ဒေါသတကြီး လှုပ်ခတ်ခဲ့တဲ့နောက်မှာတော့………..

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund
#NwayOoHti
#TogetherWithSCF
152👍33🥰5👌2
အရေးပေါ်ဒေသတွေကို အချိန်မီထောက်ကူပါ

မတ်လ ၂၈ ရက် ပြင်းထန်စွာလှူပ်ခတ်ခဲ့တဲ့ ငလျင်ဘေးအပြင် နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် ၅.၄.၂၀၂၅ (မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီအထိ)
သေဆုံးသူ - ၄၁၇၄
ထိခိုက်ဒဏ်ရာရသူ - ၆၁၆၈
ပျောက်ဆုံးသူ - ၇၆၉
ကယ်ဆယ်ရရှိသူ - ၄၉၈ ဦးဖြစ်ကြောင်း ယုံကြည်စိတ်ချရသော ဒေတာအချက်အလက်များအရ သိရပါတယ်။

မြေပြင်မှာ အရေးကြီးလိုအပ်နေတဲ့ အကူအညီများစွာကို လျှင်မြန်စွာပေးနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန မှ ငလျင့်ဘေးသင့် ထိခိုက်ဒေသတွေကို ခြုံငုံနိုင်ရန် ကောက်ခံရရှိပြီးသော လှူဒါန်းငွေများကို နေ့စဉ်နဲ့အမျှ လွှဲပို့ ထောက်ပံ့နေလျက်ရှိပြီး ဧပြီလ (၁၁)ရက်နေ့အထိ "မြေငလျင်သဘာဝဘေး ထောက်ပံ့စာနာကူညီပေး" ကမ်ပိန်းမှာ ဝိုင်းဝန်းပါဝင်ထောက်ပံ့ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

SCF အကောင့် Log in ဝင်ပြီး
ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
144👍38🥰8
“ပြင်းထန်ငလျင်
မရွာစေချင်မိုး
လေပြင်းတိုးလို့
ငါတို့ရင်ထဲ
သောကစိုလဲ
မခွဲ အမြဲကူကြမယ်”


မတ်လ ၂၈ မှ စတင်ပြုလုပ်ခဲ့တဲ့ " မြေငလျင်သဘာဝဘေး ထောက်ပံ့စာနာကူညီပေး " ကမ်ပိန်းတွင် လက်ရှိလှူဒါန်းကောက်ခံငွေ သိန်းပေါင်း ၁၄၀၀၀ ကျော် ရရှိထားပြီး ငလျင်ဘေးသင့်ဒေသများတွင် လိုအပ်သောအကူအညီများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန မှ တဆင့် အချိန်နှင့်တပြေးညီ လွှဲပြောင်းထောက်ပံ့ပေးလျက်ရှိပါတယ်။

ဧပြီလ ၁၁ ရက်နေ့အထိသာ ကမ်ပိန်းတွင် ပါဝင်နိုင်မှာဖြစ်လို့ မပြီးဆုံးခင် အတတ်နိုင်ဆုံး ပံ့ပိုးထောက်ကူနိုင်ကြစေရန် ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
131👍19🥰8
ဝက်ဝံတိုက်ခိုက်မှုကို ဧပြီ ၁၀ ရက်နေ့အထိ ထပ်တိုးရပ်ဆိုင်း လိုက်ပြီ 🐻

သဘာဝ ငလျင်ဘေးဒဏ် ကျရောက်တဲ့ နွေဦးပျားရဲဘော်များရဲ့ အခက်အခဲများကို စာနာထောက်ထား၍ -

၂၄ နာရီတိုင်း ပေါ်လာတတ်တဲ့ ဝက်ဝံဆိုးကို ဧပြီ ၄ ရက်နေ့ အထိ ထိမ်းသိမ်းခဲ့ရာမှ ယခုတွင် ဧပြီ ၁၀ ရက်နေ့အထိ ၆ ရက်ထပ်မံ တိုးချဲ့ထိမ်းသိမ်းထားပြီ ဖြစ်ကြောင်း သတင်းကောင်း မျှဝေရင်း နွေဦးပျားတိုင်း ဘေးကင်းလုံခြုံကြဖို့ ဆုတောင်းပြုပါတယ်။

ပျားကမ္ဘာသို့ ဝင်ရောက်ရန်
🐝 t.me/springbees_bot

ငလျင်ဒဏ်သင့်သူများကို ထောက်ကူပါ
🆘 bit.ly/CrowdFundforEarthquake

#StinglikeSDBees
#SpringBeesbySDB
#SpringDevelopmentBank
252👏31👍20🥰5