Spring Development Bank
21.4K subscribers
2.11K photos
118 videos
1.02K links
Discover the First Neo Bank for Myanmar.
Download Telegram
နွေဦးပျားတို့အတွက် ပျားရည်ယူလာနေပြီနော် 🍯

အပတ်စဉ် တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး ည ၇ နာရီတိုင်းမှာ ဆုံကြလေ့ရှိတဲ့ SDB Community Call လေးမှာ ဒီတပတ်ရဲ့ Special Guest ကတော့ ပျားသကာလို ချိုမြိန်တဲ့ မဟန်နီနွေဦး ပဲဖြစ်ပါတယ်။

အထူးဧည့်သည်တော်ကို @SpringCrowdFund နဲ့ အတူတူ ကြိုဆိုမယ့် ဒီညလေးမှာ နွေဦးပျားများနဲ့ အခြားပျားဘော်ဒါ များပါမကျန် မြန်မာချိန် ည ၇ နာရီ တက်ရောက်တွေ့ဆုံကြဖို့ လှိုက်လှဲစွာ တိုက်တွန်းဖိတ်ခေါ် လိုက်ပါတယ်နော်။

🌻 http://t.me/SpringDevBank?livestream

#SpringCrowdFund
#springdevelopmentbank
#တို့အတူချီတက်SCF
#SDBCommunityCall
#HoneyNwayOo
1.17K👍273🥰53👏25🔥12🏆8👌5🆒2💯1
Live stream started
Live stream finished (1 hour)
The Weekly Comic - Diary of a Bee
ဝက်ဝံတွေရဲ့ Plan B 🐻

ပျားတသိုက်ဆီက အချောင် ရယူလိုတဲ့ ရန်သူဝက်ဝံကြီးတွေက ထပ်မံကြိုးစားလိုက်တဲ့ ဒုတိယအကြံစည်က ဘယ်လို အဆုံးသတ်သွားလဲ ဆိုတာကို @springbees_bot နွေဦးပျားရဲ့ ဒိုင်ယာရီမှာ အတူတူ ဖတ်ရှုကြရအောင်။

တနင်္လာနေ့တိုင်း ထွက်ရှိတဲ့ အပတ်စဉ် ကောမစ်ကဏ္ဍလေး ကို အသိမိတ်ဆွေတွေ သိအောင်ရှယ်ဖို့လည်း မမေ့နဲ့နော်။

#SDBeeComic
#StinglikeSDBees
#SpringBeesbySDB
#SpringDevelopmentBank
1360👍79🥰17🆒2💯1
ပြည်သူ့နွေဦးဘဏ်ကို ဘာအတွက် အဓိက အသုံးပြုဖြစ်လဲ 🏦

စုံလင်သော ငွေကြေး (၁၀) မျိုး နဲ့ ကမ္ဘာ့ရွှေ အပြင် ခေတ်မီဝန်ဆောင်မှုများကို တနေရာထဲမှာ ခလုတ်တချက်နဲ့ ရယူအသုံးပြုနိုင်တဲ့ နွေဦးဘဏ်ရဲ့ လုပ်ဆောင်ချက်များထဲက သင့် အကြိုက်ဆုံး ဝန်ဆောင်မှုက ဘယ်တခုလဲ၊ အများဆုံး အသုံးပြုဖြစ်လဲ ဆိုတာကို အောက်ပါ လင့်ကိုနှိပ်ပြီး React ပေးရအောင်။⚡️

👉 www.facebook.com/SpringDevBank/posts/582644094814755

လွတ်လပ်ခေတ်မီတဲ့ ဘဏ်စနစ်ကို ရယူရန်
bit.ly/m/SDB4all

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
156👍31🥰17🏆5🔥2
စာအုပ်ကံထူးရှင် ဘယ်သူတွေ ဖြစ်ကြမလဲ? 🤩

နွေဦးပျား ရဲဘော်ရဲဘက်တို့ရေ…

မနက်ဖြန် ည ၇ နာရီမှာ ပြုလုပ်မယ့် Community Call မှာ “သူမတူအကျဉ်းသား” စာအုပ်ကို ဘာသာပြန် ရေးသားထားတဲ့ ဆရာ အေကေမိုးနဲ့ ပျားဘော်ဒါတို့ ဆုံရမယ့် ညလေးတည ဖြစ်ပါတယ်။🥰

ဒီစာအုပ်လေးအပေါ် ဆရာ့ရဲ့ အတွေးအမြင်၊ ရေးသားခံစားမှုတွေကို ကြားသိရမယ့် အပြင် Springbees ကမ်ပိန်းမှာ ပါဝင်အားဖြည့် ထားသူများအတွက် ဘာသာပြန် မူရင်းစာအုပ် ၁၀ အုပ် နဲ့ Ebook အုပ် ၂၀ တို့ကို ကျပန်းစနစ်နဲ့ Live မှာ မဲဖောက်ပေးသွားမှာလည်း ဖြစ်တာကြောင့် အတူတူရင်ခုန်ရမယ့်ညမှာ ပျံသန်းလာကြဖို့ ဖိတ်ခေါ်ပါတယ်။ 🎉

26 March, Wednesday (မြန်မာစံတော်ချိန် ည ၇ နာရီ)
🐝 http://t.me/SpringDevBank?livestream

#SDBCommunityCall
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
1229👍25👏12🥰7🏆6🎉4
ရင်ထဲက နံပါတ်လေးတစ်ခု ❤️🎰

တခါတလေ… မျှော်လင့်ချက်တွေကို ရှာမတွေ့သေးဘူးလို့ ထင်ခဲ့ပေမယ့်မသိသာတဲ့ အိပ်မက်တွေက ကိုယ့်နှလုံးသားထဲမှာ ရှိနေခဲ့တာ…💝

အတိတ်လား…လက်ရှိလား…တစ်ချိန်ချိန်မှာ ကြုံတွေ့ခဲ့တဲ့ အမှတ်တရလား…ဒါတွေ ဟာမိမိကံကောင်းခြင်းတွေဖြစ်နိုင်တာမလို့ ကိုယ့်နှလုံးသားထဲက နံပါတ်တွေနဲ့ ကံစမ်းကြည့်လိုက်ပါ။ 🌟💰✍️

💝မတ်လ ထီထိုးရင်း ရွှေလက်ဆောင်ယူပါ
https://t.me/nwayoohti/951

#NwayOoHti
#WeDreamBold
113👍13🥰6🎉1
အားလုံး Ready ည ၇ နာရီ ‼️

“သူမတူအကျဉ်းသား” စာအုပ်ကို ဘာသာပြန် ရေးသားထားတဲ့ ဆရာ အေကေမိုး နဲ့အတူ ဆုံတွေ့ရမယ့် ဒီနေ့ ည ၇ နာရီရဲ့ Community Call အချိန်လေး ရောက်ရှိလာဖို့ သိပ်မလိုတော့ဘူးနော်။ 😍

ဒီစာအုပ်လေးအပေါ် ဆရာ့ရဲ့ အတွေးအမြင်၊ ရေးသားခံစားမှုတွေကို ကြားသိရမယ့် အပြင် Springbees @springbees_bot ကမ်ပိန်းမှာ ပါဝင်အားဖြည့် ထားသူများအတွက် ဘာသာပြန် မူရင်းစာအုပ် ၁၀ အုပ် နဲ့ Ebook အုပ် ၂၀ တို့ကို ကျပန်းစနစ်နဲ့ Live မှာ မဲဖောက်ပေးဦးမှာလည်း ဖြစ်လို့ ဒီည ၇ နာရီမှာ အုံနဲ့ကျင်းနဲ့ ပျံသန်းလာတဲ့ ပျားညီအကို၊ မောင်နှမတွေကို ဆက်ဆက် စောင့်မျှော်နေမယ်နော်။ 🎉

26 March, Wednesday (မြန်မာစံတော်ချိန် ည ၇ နာရီ)
🐝 http://t.me/SpringDevBank?livestream

#SDBCommunityCall
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
181👍27🏆11🥰10👏2
Live stream started
Live stream finished (1 hour)
နွေဦးပျားရဲ့ ခုခံနည်းအသစ်ဆိုတာ ဘာများလဲ🤔

ပျားတို့ရဲ့ ကမ္ဘာရန်သူ အာဏာရှင်ဝက်ဝံဆိုးတွေကို တနေ့နှစ်ခါ နေ့စဉ် မလွတ်တမ်း တုပ်ရင်း မောနေလောက်ရောပေါ့။ 🥵

ဘယ်လိုနည်းဗျူဟာတွေက ရန်သူဝက်ဝံဆိုးတွေရဲ့ တိုက်ခိုက်မှုဒဏ်ကို ထိရောက်စွာ ကာကွယ်ဟန့်တားနိုင်မလဲ ဆိုတာကို မကြာခင် သိခွင့်ရတော့မှာ ဖြစ်လို့ နားစွင့်ထားကြဖို့ အကြံပြုလိုက်ပါတယ် ပျားကြီးတို့။ 🔊

ပျားကမ္ဘာသို့ ဝင်ရောက်ရန်
🐝 t.me/m/springbees_bot

#StingbySDBees
#SpringBeesbySDB
#SpringDevelopmentBank
#ChooseSDB
164👍27🥰13🆒2
New Item : ဝက်ဝံထောင်ချောက်🐻 🆕

ယနေ့ ကျရောက်တဲ့ (၈၀) နှစ် ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အာဏာရှင်ဝက်ဝံဆိုးများကို ဟန့်တားထားနိုင်တဲ့ Bear Trap ထောင်ချောက်ကဒ်ကို SpringBees Store မှာ Pollen နဲ့ လဲလှယ်ရယူနိုင်ပါပြီ။ 

တနေ့နှစ်ကြိမ် မတုပ်ဖြစ်တဲ့ရက်တွေမှာ ပျားအုံများကို ဝက်ဝံ မတိုက်ခိုက်နိုင်အောင် ကာကွယ် ထိန်းချုပ်နိုင်ရန် အထူးလိုအပ်ချက်ပင် ဖြစ်ပါတယ်။ 

ပျားညီနောင်အပေါင်းတို့ လက်တွဲညီညီ သွေးစည်းညီညွတ်မှုဖြင့် ဝက်ဝံရန်ဆွယ်ကို အမြစ်ပြတ် မောင်းထုတ်နိုင်ဖို့ ဘယ်လိုအသုံးပြုရလဲဆိုတဲ့ လမ်းညွှန်ကို ဖတ်ကြည့်ရအောင်။ 

🐝 t.me/springbees_bot 

#StinglikeSDBees
#SpringBeesbySDB
#SpringDevelopmentBank
#RealBankRealFreedom
#chooseSDB
171👍39🥰11🆒1