Spring Development Bank
21.4K subscribers
2.11K photos
118 videos
1.01K links
Discover the First Neo Bank for Myanmar.
Download Telegram
ငွေကြေးစုံလင်တဲ့ SDB မှာ စာရင်းသေအပ်နှံပါ 🏦

ငွေကြေးဖောင်းပွမှုနဲ့ ကြုံရတဲ့အခါမှာ မိမိငွေကြေး ပိုင်ဆိုင်မှုတွေကို စိတ်ချလွတ်လပ်စွာ စီမံခန့်ခွဲနိုင်အောင် နွေဦးဘဏ်မှာ စာရင်းသေအပ်နှံထားခြင်းဖြင့် အတိုးနှုန်း ၁၃% အထိ အမြှင့်ဆုံးရယူဖို့ တိုက်တွန်းလိုက်ပါတယ်။ 🔥

SDB မှာ နိုင်ငံတကာ ငွေကြေး ၁၀ မျိုးနဲ့ ကမ္ဘာ့ရွှေ (digital gold) ကိုလည်း အပ်နှံကာလအလိုက်၊ သတ်မှတ်နှုန်းထားများကို SDB အကောင့်တစ်ခုထဲနဲ့ အသုံးပြု ရယူနိုင်တာဆိုတော့ အဆင်သင့်ပဲပေါ့။ 🤩

ဒါကြောင့် ဖော်ပြပါ အနည်းဆုံး အပ်နှံနှုန်းထားများမှ စ၍ အပူအပင်ကင်းတဲ့ အနာဂတ်တခုကို စတင်တည်ဆောက် လိုက်ရအောင်။💪

အားလုံးအတွက် နွေဦးဘဏ်
bit.ly/m/SDB4all

#SDBFixedDeposit
#SpringDevelopmentBank
#ChooseSDB
366👍83🏆19🥰16🎉1
The Weekly Comic - Diary of a Bee
ပျားတို့ရဲ့တိုင်းပြည်အကြောင်း 🐝

ဒီတပတ်ကောမစ်လေးမှာတော့ ပျားတို့ရဲ့တိုင်းပြည်မှာ ဝက်ဝံကြီးတွေနဲ့ ပျားတွေနဲ့ ဘယ်လိုဆက်ဆံရေးမျိုး ရှိခဲ့ကြပြီး ဘာတွေဆက်ဖြစ်ကြသေးလဲကို နွေဦးပျားလေးရဲ့ ဒိုင်ယာရီမှတ်တမ်းထဲမှာ အတူတူ ဖတ်ရှုကြည့်ကြရအောင်။

တနင်္လာနေ့တိုင်း ထွက်ရှိတဲ့ အပတ်စဉ် ကောမစ်ကဏ္ဍလေး ကို အသိမိတ်ဆွေတွေ သိအောင်ရှယ်ဖို့လည်း မမေ့နဲ့နော်။

#SDBeeComic
#StinglikeSDBees
#SpringBeesbySDB
#SpringDevelopmentBank
384👍78🥰19🎉15
ထောက်ပို့၊ ပညာရ SCF နဲ့ တည Community Call 🔊

မနက်ဖြန် မတ်လ ၁၂ ရက် ည ၈ နာရီမှာ စိတ်ဝင်စားစရာကောင်းပြီး အားလုံးသိချင်နေကြတဲ့ ဝေဟင်လေကြောင်း နည်းပညာဗဟုသုတတွေ အကြောင်းကို "ဝေဟင်စိုးမိုး ဇီဝဇိုး" ကမ်ပိန်းမှ ညီအကိုမောင်နှမတွေက မျှဝေပြောပြပေးသွားမှာဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ @SpringCrowdFund - နွေဦးလူထုရန်ပုံငွေ SCF Website မှာလည်း ဒီကမ်ပိန်းကို ထောက်ပို့ကူနိုင်ပါတယ်။

အားလုံးအတွက် အကျိုးရှိပြီး အမေးအဖြေလုပ်ကြမယ့် CC လေးမှာ မတ်လတွင် နွေဦးထီ @nwayoohti ကံစမ်းသူတိုင်း သိန်း ၅၀၀၀ အပြင် SDB ရွှေဆု ပါ ကံထူးနိုင်မယ့် NOH Gift Card ၂၀၀၀ တန် များကို အဖြေမှန်သူ ၉ ဦး ကိုလည်း လက်ဆောင်ပေးဦးမှာဖြစ်လို့ လာဖြစ်အောင်လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။

12 Mar (မြန်မာစံတော်ချိန် ည ၈နာရီ)
http://t.me/SpringDevBank?livestream

#ဝေဟင်စိုးမိုးဇီဝဇိုး
#SpringCrowdFund
#NwayOoHti
#SDBCommunityCall
#SpringDevelopmentBank
#ChooseSDB
276👍59🥰58🏆9
🐝 စာအုပ်စာပေ ပျားမိတ်ဆွေ 📖

ရက်ပေါင်း ၆၅၀ အကျဥ်းကျနေခဲ့ရတဲ့ ပါမောက္ခ ရှောင်တာနယ်၏ An Unlikely Prisoner စာအုပ်အား စာရေးဆရာ အေကေမိုးမှ "သူမတူ အကျဉ်းသား" အမည်ဖြင့် မြန်မာဘာသာ ပြန်ဆိုထားတဲ့ စာအုပ် ကို @SpringBeesbySDB များအတွက် လက်ဆောင်အဖြစ် ပေးသွားမယ့် ကမ်ပိန်းလေးရှိကြောင်း သတင်းကောင်းပါး လိုက်ပါတယ်နော်။

👑 နွေဦးပျားတို့ကမ္ဘာမှ နိုင်ငံရေး အကျဉ်းသားများ ကိုယ်စား ဂုဏ်ပြုရင်း
Level 10 Emperor (၁၀) ဦး အတွက် ဘာသာပြန် မူရင်း စာအုပ် (paperback) နှင့်
Level 5 Warrior နှင့် အထက် (၂၀) ဦး အတွက် ဒီဂျစ်တယ် စာအုပ် (digital copy) ကို
ကျပန်းစနစ်ဖြင့် ရွေးချယ်ပြီး လက်ဆောင် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

မတ်လ ၂၀ ရက်နေ့အထိ Level 5 မှ 10 ရောက်ရှိတိုင်း ဤကမ်ပိန်းမှာ အကျုံးဝင်တာဖြစ်လို့ “သူမတူ အကျဉ်းသား” စာအုပ် ပိုင်ဆိုင်ဖို့ ပါဝင်ကြရအောင်။

SpringBees ကမ္ဘာထဲ ဝင်ရောက်ရန်
📲 t.me/springbees_bot

#AnUnlikelyPrisoner
#သူမတူအကျဉ်းသား
#SpringDevelopmentBank
#RealBankRealFreedom
#chooseSDB
389👍89👏17🥰16🆒4🔥2
အားလုံး Ready ည ၈ နာရီ 🚨

ဒီည ၈ နာရီမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဝေဟင်လေကြောင်း နည်းပညာဗဟုသုတတွေ အကြောင်းကို "ဝေဟင်စိုးမိုး ဇီဝဇိုး" ကမ်ပိန်းမှ ညီအကိုမောင်နှမတွေက @SpringCrowdFund SCF နဲ့အတူ မျှဝေပြောပြပေးသွားမှာဖြစ်ပြီး မတ်လတွင် နွေဦးထီ နွေဦးထီ @NwayOoHti ကံစမ်းသူတိုင်း သိန်း ၅၀၀၀ နဲ့ SDB ရွှေဆု ပါ ကံထူးနိုင်မယ့် NOH Gift Card ၂၀၀၀ တန် များကို CC ရဲ့ အမေးအဖြေကဏ္ဍမှာ အဖြေမှန်သူ ၉ ဦး ကိုလည်း လက်ဆောင်ပေးဦးမှာ ဖြစ်တာကြောင့် နောက်တနာရီအကြာမှာ အမှီလေး ပါဝင်နားဆင်ကြဖို့ ထပ်မံဖိတ်ခေါ် လိုက်ပါတယ်နော်။

12 Mar (မြန်မာစံတော်ချိန် ည ၈နာရီ)
http://t.me/SpringDevBank?livestream

အမေးအဖြေကဏ္ဍမှာ ပါဝင်လက်ဆောင်ယူရန် 🎁
https://t.me/SpringDevBankCommunity

#ဝေဟင်စိုးမိုးဇီဝဇိုး
#SpringCrowdFund
#NwayOoHti
#SDBCommunityCall
#SpringDevelopmentBank
#ChooseSDB
1284👍55🥰14🏆11
Live stream started
Live stream finished (11 minutes)
Live stream started
Live stream finished (17 seconds)
Live stream started
Live stream finished (1 hour)
ပအိုဝ်း အမျိုးသားနေ့ကို ဂုဏ်ပြုခြင်း 💪

၁၉၄၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ပအိုဝ်းအမျိုးသားခေါင်းဆောင်များက တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ တရားမျှတမှုအတွက် ပထမဆုံး ပအို့ဝ်း အမျိုးသားနေ့ကို ကျင်းပခဲ့ကြပြီး ယနေ့တွင် ပအိုဝ်းလူမျိုး၏ ယုံကြည်မှု၊ သစ္စာနှင့် ယဉ်ကျေးမှု မြင့်မားမှုကို အမှတ်ရဂုဏ်ပြုတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ တပေါင်းလပြည့်နေ့မှာ ၇၆ ကြိမ်မြောက် ကျရောက်တဲ့ သမိုင်းဝင် ပအိုဝ်း အမျိုးသားနေ့ကို နွေဦးဘဏ်မှ တန်ဖိုးထားဂုဏ်ပြုရင်း ယုံကြည်မှုနဲ့ သစ္စာတရားအပေါ် တည်ဆောက်ခဲ့တဲ့ သမိုင်းများကို နောင်မျိုးဆက်သစ်အတွက် ဆက်လက် ထိန်းသိမ်းကြပါစို့။

#SpringDevelopmentBank
#realbankrealfreedom
#ChooseSDB
1318👍61🥰15🏆7🎉5
💸 ဘဏ္ဍာရေးတိုက်ပွဲ ဝင်နွှဲကြဖို့ ဖိတ်ခေါ်ခြင်း 💫

အာဏာရှင်ကို ဘက်ပေါင်းစုံကနေ တပြိုင်နက်တည်း တိုက်ခိုက်ဖို့ဆိုရင် ထိန်းချုပ်ခံထားရတဲ့ ငွေကြေးစနစ်ကိုပါ သတ္တိရှိရှိ ငြင်းဆန်ပြီး လွတ်လပ်တဲ့ ကိုယ်ပိုင် ငွေကြေးလည်ပတ်မှု စနစ်ကို အသုံးမပြုသင့်ဘူးလား..?

လာပါ.. နွေဦးဘဏ် ရှိနေပါပြီ။

📅 မတ်လ (၁၅) ရက်နေ့ (စနေနေ့)
မြန်မာစံတော်ချိန် ည (၇) နာရီတိတိ

မှာ 4C ချန်နယ်ကနေ တိုက်ရိုက် live လွှင့်ပေးသွားကာ တော်ပြည်သူတွေနဲ့အတူ နွေဦးဘဏ် အကောင့်တစ်ခု လက်တွေ့ ဖွင့်လို့ရတဲ့ Workshop လေးတစ်ခုကို သတင်းမှန် ဖိုးစီ @mmtruthnews မှ စီစဉ်ထားပါတယ်။

အောက်မှာပြထားတဲ့ Workshop Live လေးကို နှိပ်ပြီး အတူပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ် ခင်ဗျာ။

https://t.me/mmtruthnews?livestream=50c3c49f6aff8f248a

💸 တက်ရောက်ပြီး အကောင့်အသစ် ဖွင့်သူတိုင်းအတွက်လည်း လက်ဆောင်ပေးသွားမယ့် အစီအစဥ်တစ်ခု ပါရှိတာဖြစ်လို့ လာမယ့် စနေနေ့ ည (၇) နာရီတိတိ အချိန်မှာ အတူ ဆုံတွေ့ကြမယ်နော် 🥰

#SpringDevelopmentBank
#ChooseSDB
#Partnerwith4C
#4C_TruthNews
258👍75🥰15🔥1