Spring Development Bank
20.5K subscribers
1.69K photos
83 videos
857 links
Discover the First Neo Bank for Myanmar.
Download Telegram
Live stream finished (1 hour)
မေတ္တာစုံလင် နွေဦးထီရင်ခွင် ❤️‍🔥

💘 တိုင်းပြည်ချစ်တဲ့ သစ္စာတရားတွေ ထွန်းကားပြီး နှစ်ကိုယ်တူ အိပ်မက်တွေ ကိုယ်စီ ပြည့်နှက်နေတဲ့ တာဝန်သိပြည်သူများဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို ချစ်မေတ္တာ ဓမ္မစွမ်းအားများနဲ့ နက်ရှိုင်းစွာ ရေးဖွဲ့သီကုံးနေကြပါတယ်။ 🤟

📅 ဖေဖော်ဝါရီလ ၂၈ ရက် မြန်မာချိန် ည ၅ နာရီမှာ @nwayoohti နွေဦးထီဖွင့်ပွဲ ကို PVTV အဖွဲ့သားတွေနဲ့ ချစ်ခြင်း ဧည့်သည်တော်တွေက သန်းကြွယ်ကံထူးရှင်များ ရွေးချယ်ဖို့ ဘယ်လို တင်ဆက်ပေးသွားမလဲ ဆိုတာစောင့်မျှော်ရှုစားဖို့ မမေ့နဲ့နော်။ 🫶

🌟ပြည်သူ့အစိုးရထီ ကံစမ်းရန်
app.nwayoohti.com/login

💝 NOH Gift Card ဝယ်ယူရန်
m.me/nwayoohtigiftcard

#NwayOoHti
#WeDreamBold
#SpringDevelopmentBank
182👍15🥰9🎉6👏2
နှစ်ကိုယ်တူ လွတ်လပ်ရေး အိပ်မက်ဆီသို့

စွယ်တော်အိပ်မက် ကိုယ်စီ မေတ္တာလွှမ်းခြုံပြီး အရောက် သက်သေထူနိုင်မယ့် နိုင်ငံဂုဏ်ဆောင် သန်းကြွယ်ရှင် ရွေးချယ်ပွဲကြီး အမှတ်စဉ် NOH20250201 နွေဦးထ္ဖွင့်ပွဲကို ဒီနေ့ ညနေ (၅) နာရီ တွင် မိဘပြည်သူများထံ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။💝

ဒီ ဖေဖော်ဝါရီလမှာ သိန်း ၅၀၀၀ ၊ သိန်း ၂၀၀၀ ၊ သိန်း ၁၀၀၀ ၊ သိန်း ၅၀၀ အပြင် သိန်း ၁၀၀ ကတိဆု (၂)ဆု အပါအဝင် ဆုပေါင်း လေးသောင်းကျော် အထိ ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။🥳

ယနေ့ဖွင့်ပွဲကို PVTV မှ Main Media Partner အဖြစ်ပါဝင်ထားပြီး အောင်လံလွှင့်ချီနွေဦးထီ ၊ Spring Development Bank၊ NOH Gift Card Page တို့မှ တိုက်ရိုက် LIVE ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။😍

ဒါကြောင့် နှစ်ကိုယ်တူ လိပ်ပြာလုံမယ့် အနာဂတ်အိပ်မက်တွေကို ရဲရဲမက်ကြရင်း အားလုံးအတူတူ ရင်ခုန်စွာ LIVE မှာ ပြန်တွေ့ကြမယ်နော်! 🤩

#NwayOoHti
#WeDreamBold
150🥰13👍4🏆2
လိုရင်းတိုရှင်းတုပ်ကြမယ် - အပိုင်း (၆) 💭

SpringBees ကမ္ဘာထဲမှာ အသစ်ထပ်တိုးတဲ့ စတိုးဆိုင် store feature အသစ်လေးအကြောင်းကို နွေဦးပျားလေးကိုယ်တိုင် စတိုးဆိုင်ထဲ ပတ်မွှေပြီး ရှင်းပြသွားမှာဖြစ်လို့ ဘာတွေပြောပြဦးမလဲဆိုတာကို တပုံချင်းစီ ဖတ်ကြည့်လိုက်ရအောင်။ 🐝

#SDBeeComic
#StinglikeSDBees
#SpringBeesbySDB
#SpringDevelopmentBank
147👍11🥰11🆒1
ဖေဖော်ဝါရီ နွေဦးထီပေါက်စဉ် ရပြီ😍

၂၀၂၅ ဖေဖော်ဝါရီလရဲ့ နွေဦးထီ အမှတ်စဉ် NOH20250201 ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ 🥳

မေတ္တာစုံလင် နွေဦးထီရင်ခွင်မှာ သိန်းငါးထောင်၊ သိန်းနှစ်ထောင်၊ သိန်းတစ်ထောင်နှင့် သိန်းငါးရာ မဟာဆုကြီးများ နှင့်တကွ "ချစ်ခြင်းသက်သေ သိန်း ၁၀၀ ကတိဆု" (၂) ဆုကိုလည်း တော်လှန်အချစ်ငှက်များ နှင့်တကွ ပွင့်လင်းမြင်သာစွာ ရွေးချယ်ခဲ့ပါတယ်။💪

အပူးဂဏန်းများနဲ့ ကံထူးရှင်များအတွက် ဂုဏ်ယူပျော်ရွှင်ရသလို၊ ဒီလမှာ ထီဆုကြီးကံထူးဖို့ ခေတ္တ လွဲချော်သွားသူတွေအတွက် လည်း ဆက်ပြီး ဇွဲမလျော့ပဲ ကြိုးစားပေးကြဖို့ ဖိတ်ခေါ်ရင်း...🙏💝

မတ်လ အတွက် နွေဦးထီ ကံစမ်းနိုင်ပါပြီနော်။🤩

#NwayOoHti
#WeDreamBold
180👍21🥰10🔥1🏆1
နွေဦးထီ version 2 (၁) နှစ်ပြည့်ပြီ! 🥳

၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့ မှာ @SpringDevBank နှင့် ပူးပေါင်း၍ အဆင့်မြှင့် ဆန်းသစ်ခဲ့တဲ့ NUG အစိုးရ၏ တခုတည်းသော တရားဝင်ထီ ၊ နွေဦးထီ version 2 ကို မောင်းနှင်ချီတက်ခဲ့တာ (၁) နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။

ဖက်ဆစ်တပ်၏ သွေးစွန်းဝင်ငွေများကို ပိတ်ဆို့ဖြတ်တောက်ရင်း အောင်လံလွှင့်ချီ နွေဦးထီ ကို ယနေ့ထက်တိုင် စဉ်ဆက်မပြတ် အားပေးဝန်းရံခဲ့သူ အယောက်စီတိုင်း အားလုံးကို အထူးပင် ဂုဏ်ယူ ကျေးဇူးတင်ရှိပါတယ်။

နွေဦးထီ 2.0 တနှစ်ပြည့် အထိမ်းအမှတ် အဖြစ် မကြာခင်မှာ NOH Gift Card ကဲ့သို့ ပြည်သူ့ဘဏ္ဍာ သင်ရိုးသစ် ရေးဆွဲဖို့ ရင်ခုန်အားရစေမယ့် အစီအစဉ်သစ်များစွာကို မိတ်ဆက်ပေးတော့မည် ကိုလည်း လေးစားစွာ အသိပေးလိုပါတယ်။

ဆက်လက်ပြီး လစဉ်လတိုင်း နိုင်ငံ့ဂုဏ်ဆောင်ရင်း အနာဂတ်အိပ်မက် ရဲရဲမက် ကြရအောင်။

🎁 www.nwayoohti.com

#NwayOoHti
#WeDreamBold
#SpringDevelopmentBank
🥰9945👍35🎉10🏆4
ငွေလဲ၊ ရွှေစု၊ ထီထိုး၊ ထောက်ပို့၊ ပျားတုပ် 

စစ်အာဏာရှင်စနစ်ဖြိုချမယ့် နောက်ဆုံးတိုက်ပွဲမှာ ဘဏ္ဍာရေးခံတပ် အဖြစ် ပြည်သူရှေ့မှောက် အခိုင်အမာ ရပ်တည်နေတဲ့ ဝရဇိန် (၅) မျိုးကို အခမဲ့ SDB အကောင့်ဖွင့်ထားရုံနဲ့  စိတ်ချလုံခြုံစွာ ခေတ်မီလွတ်လပ်တဲ့ ဝန်ဆောင်မှုတွေ အသုံးပြုနိုင်ဖို့ တပုံချင်းစီ လေ့လာလိုက်ရအောင်။

ဝရဇိန် ၅ မျိုး အသေးစိတ် ဖတ်ရှုရန်
https://www.facebook.com/SpringDevBank/posts/564441559968342

တော်လှန် ဝရဇိန် SDB ကိုင်စွဲရန် 
bit.ly/m/SDB4all

#NwayOoHti
#SpringCrowdFund
#SpringBeesbySDB
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
1133👍13🥰8🏆4
မေတ္တာစုံညီ ကတိဆု သိန်း(၁၀၀) ကံထူးရှင်များ

ဖေဖော်ဝါရီလ ၂၈ ရက် မြန်မာချိန် ည ၅ နာရီမှာ ကျင်းပခဲ့တဲ့ နွေဦးထီဖွင့်ပွဲ LIVE လေးမှာ ကံစမ်းထားသူများထဲမှ ကံထူးရှင် (၂)ဦးကို ကျပန်းရွေးချယ် ဖော်ပြခဲ့ပါတယ်။

အချစ်တွေ သီကုံးဖော်ပြပေးထားတဲ့ အချစ်လလေးမှာ ကတိဆု သိန်း (၁၀၀) ကံထူးသွားတဲ့ သူနှစ်ဦးကတော့ ဗိုလ်ချုပ်မွေးနေ့ (လွတ်လပ်ရေး အိပ်မက်ဆီ တွဲလက်ညီ ) ကမ်ပိန်းကနေ ကံထူးသွားတာဖြစ်ပါတယ်။

ကိုယ်တိုင်ကိုယ်ကျ ကံစမ်းမှုအပြင် ကိုယ်စားလှယ်ဆီက ကံထူးကြတာဖြစ်လို့ မေတ္တာစုံညီစွာ တွဲလက်ညီ အောင်မြင်မှုထွက်ပေါ်လာခဲ့ပါတယ်။💎

ဆုနဲ့အနည်းငယ် လွဲချော်သွားတဲ့သူတွေကတော့ နောက်လာမယ့် ကမ်ပိန်းတွေမှာလည်း အထူးဆုတွေအပြင် သိန်း ၅၀၀၀ ဆုထူးတွေပါ ရရှိနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင့်။🎉

#NwayOoHti
#WeDreamBold
151👍31🥰6🎉4
လွတ်လပ်ပြည်သူ့ ထံသတင်းစကား Community Call 📨

အားလုံးစောင့်မျှော်နေကြတဲ့ တနင်္ဂနွေနေ့ ည Live Community Call ဟာ ပြန်လည်ရောက်ရှိလို့လာပါပြီ။

ဒီနေ့ မတ်လ ၂ ရက်နေ့၊ မြန်မာချိန် ည ၈ နာရီတိတိ မှာတော့ နွေဦးဘဏ်နဲ့အတူ အထူးဧည့်သည်တော် ဖြစ်တဲ့ ACPLF Rangers ရဲ့ တပ်ခွဲတာဝန်ခံ J Buborn မှ ပထမဦးဆုံးအကြိမ် အဖြစ် ပြည်သူနဲ့အတူ တွေ့ဆုံ စကားပြောသွားမှာ ဖြစ်ပါတယ်။

စိုးမိုးဒေသရဲ့ မြေပြင်အခြေအနေ၊ ACPLF Rangers များရဲ့လှုပ်ရှားမှုတွေနဲ့ အားတက်ဖွယ်ရာ သတင်းစကားတွေအပြင် တက်ရောက်လာသူတွေနဲ့ Quiz များမေးဖြေပြီး NOH Gift Card လက်ဆောင်များလည်း ပေးသွားဦးမှာ ဖြစ်တာကြောင့် ဒီည Community Call လေးကို လက်လွတ်မခံပဲ လာရောက်နားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🎁

2 Mar (မြန်မာစံတော်ချိန် ည ၈နာရီ)
http://t.me/SpringDevBank?livestream

#SDBCommunityCall
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
155👍28🥰7🆒3
Hello March 💖

ဒီလအတွက် ထောက်ပို့မယ်ဆို အခမဲ့ အသုံးပြုနိုင်ပြီး လုံခြုံစိတ်ချ ယုံကြည်ရတဲ့ @SpringCrowdFund ( SCF ) မှာ အောက်ပါကမ်ပိန်းများကို လွယ်ကူမြန်ဆန်စွာ ပါဝင်အားဖြည့်ကူနိုင်ပါတယ်။

ယောဗျူဟာ
Smart ဇီးကွက်
မျိုးဆက်သစ်လောင်း ၅/
ဝေဟင်စိုးမိုးဇီဝဇိုး
တပ်သားသစ်များအတွက် ရိက္ခာ
ကြယ်ကာမယ်
တွံတေးအတွက် ကျောပိုးအိတ်
ရိက္ခာဖြည့်ကူ ကန့်ဘလူ
မွန်းဟေလို မြို့ပြယူဂျီ (One-off Campaign)
ရိုးမခေါ်သံ-၂ (Yoma Calling 2)
သက်ကယ် ၁၄၀ Project - Combat Gear To Save Lives

တို့အတူချီတက် SCF
အရေးကြီးအောင်ပွဲတွေမှာ အုတ်တချပ်သဲတပွင့်အဖြစ် ကိုယ်တိုင်ပါဝင်လိုက်ပါ
💖👉 https://springcrowdfund.org

#SpringCrowdFund #CollectivePower #togetherstronger
112👍17🎉3🥰2
အားလုံး Ready ည ၈ နာရီ 🚨

ဒီည မြန်မာချိန် ၈ နာရီတိတိ မှာ ဆုံကြမယ့် “လွတ်လပ်ပြည်သူ့ ထံသတင်းစကား Community Call” မှာ နွေဦးဘဏ်နဲ့အတူ အထူးဧည့်သည်တော် ဖြစ်တဲ့ ACPLF Rangers ရဲ့ တပ်ခွဲတာဝန်ခံ J Buborn မှ ပထမဦးဆုံးအကြိမ် အဖြစ် ပြည်သူနဲ့အတူ တွေ့ဆုံ စကားပြောသွားမှာ ဖြစ်တဲ့အပြင် Quiz များမေးဖြေရင်း NOH Gift Card တွေလည်း လက်ဆောင်ပေးသွားဦးမှာ ဖြစ်လို့ တက်ရောက်နားဆင်ကြဖို့ ထပ်မံ ဖိတ်ခေါ်ပါတယ်နော်။ 🎁

2 Mar (မြန်မာစံတော်ချိန် ည ၈နာရီ)
http://t.me/SpringDevBank?livestream

#SDBCommunityCall
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
126👍14🥰14🏆1
Live stream started
Live stream finished (1 hour)