Spring Development Bank
20.4K subscribers
1.75K photos
88 videos
883 links
Discover the First Neo Bank for Myanmar.
Download Telegram
ဘုံအနာဂတ် ရောင်နီ အဆုံးအဖြတ် ၂ နာရီ အလို🚀

ဒီဇင်ဘာ ၈ ရက်နေ့ ည သန်းခေါင် ၁၂ နာရီမှာ နွေဦးဘဏ် ICO Round 2 အစုရှယ်ယာများကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ တရားဝင် အရောင်းပိတ်သွားမှာ ဖြစ်ပါတယ်။

အောင်စိတ် ယုံကြည်မှု ရေစီးကမ်းပြိုပြီး ရင်းနှီးမြှုပ်နှံကြသူ အစုစု၏ အားပေးဝန်းရံမှုကြောင့်ပဲ ယခုဆိုရင် အစုရှယ်ယာ တိုကင် ပမာဏပေါင်း ၅ ဘီလီယံ ကျော် အထိ စာရင်းဝင်နေပြီ ဖြစ်ပါတယ်။

ခွင့်သာခိုက်မှာ ကိုယ်ပိုင် အနာဂတ် ကံကြမ္မာ ကို လွတ်လပ်စွာ ထုဆစ်ပုံဖော်လိုသူများအတွက် အချိန်အားဖြင့် ၂ နာရီသာ ကျန်ရှိပါတော့တယ်။

အနာဂတ်မှာ သပိတ်ဝင် အိတ်ဝင်ဖို့ ICO 2 အခွင့်အရေးကို နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ကြရအောင်။ 🦾

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
https://t.me/SpringDevBankCommunity

#ICOround2 #NewWaveNewHome #SDBTokenOffering #chooseSDB
1.19K👍226🥰43👏19🎉17👌10🔥8
ICO 2 အောင်လံစိုက်ထူမှု ပြီးမြောက်ခြင်း

အိမ်ပြန်လှိုင်းသစ် ICO Round 2 ကာလအား ထပ်တိုးရက်အပါအဝင် ဒီဇင်ဘာ ၈ ရက်နေ့ ည သန်းခေါင်အတိတွင် ကိုယ်တိုင်ကိုယ်ကျ တရားဝင် ဝယ်ယူခွင့်ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ယနေ့အချိန်ထိ အချက်အလက် စုစည်းမှုအရ ပြည်သူလူထုမှ အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃ သန်း နီးပါးခန့် ရရှိထားပါပြီ။

ဒီလို အံ့မခန်း စံချိန်တင် အောင်မြင်မှုဟာ ဘုံအနာဂတ်ကို လက်တွေ့ကျကျ ယုံကြည်သက်ဝင်ကြတဲ့ “ပြည်သူသာလျှင် အဓိက”ဟု ထပ်လောင်း အတည်ပြု သက်သေထူခြင်း ဖြစ်ပါတယ်။

ICO 2 ကာလ ပြီးဆုံးသည့်တိုင် RM များမှ တဆင့် စာရင်းပေး ဝယ်ယူကြသည့် ငွေလွှဲကျန်များ ပြန်လည်ပြင်ဆင်နိုင်ဖို့ နှင့် စာရင်းကျန် အမှာစာများ ဖြည့်စွက် ကိုက်ညီမှုများရှိနေသည့်အတွက် နောက်ဆုံး စာရင်းပိတ် ရင်းနှီးမှုပမာဏ အားဖြင့် အပြောင်းအလဲ ရှိနိုင်ကြောင်း မေတ္တာထား အသိပေးအပ်ပါတယ်။

အောင်ပန်းများစွာ ဝတ်မှုန်ကူးမယ့် ICO Round 2 ၏ ထိရောက်စွာ အကျိုးပြုမှုကို ဆက်လက်လိုက်ပါ စီးမျောကြရအောင်။

#ICOround2 #NewWaveNewHome #SDBTokenOffering #chooseSDB
633👍104🎉36🥰19👌1
"SpringBees Community Call" 🐝

သင်ဟာ SpringBees Airdrop စချိန်ကတည်းက Pollen စုနေခဲ့တဲ့ နွေဦးပျားစီနီယာလေးလား?

ဒါမှမဟုတ် အခုမှစစုရမှာမို့ နောက်ကျမှာစိုးရိမ်နေတဲ့ နွေဦးပျားဂျူနီယာလေးလား?

မနက်ဖြန် ဗုဒ္ဓဟူးနေ့ည ၈နာရီအချိန် ပြုလုပ်မယ့် Community Call Live မှာ SpringBees Airdrop ကြောင့် ချိုမြိန်လှပတဲ့အနာဂတ်ဘဏ္ဍာရေးမှာ ဘယ်လိုအကျိုးကျေးဇူးတွေရစေနိုင်လဲဆိုတာကို @myancrypto မှအလင်းပြပေးသွားမှာဖြစ်တာမို့ နွေဦးပျားလေးတွေအားလုံးကို လက်လွှတ်မခံပဲ လာရောက်နားထောင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ စုထားတဲ့ Pollen လေးတွေကိုလည်း ကြွယ်သွားပေးကြပါဦး။

11 Dec (မြန်မာစံတော်ချိန် ည၈နာရီ)
http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
405👍73🥰15👌6🔥3👏1🎉1
လူ့အခွင့်အရေးထွန်းကားမည့် ဘုံအနာဂတ်ဆီ

ယခုလို နိုင်ငံတကာ ဝရမ်းပြေး အာဏာရှင်အောက် စနစ်ဆိုး ကာလမှာ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ တရားမျှတမှု တို့ဟာ ဆိတ်သုန်း ပျောက်ကွယ်နေရတယ်ဆိုတာ သာဓကပေါင်းများစွာက သက်သေထူလျက်ရှိပါတယ်။

ခေတ်အဆက်ဆက် တောင်းဆို ကြွေးကြော်ခဲ့ကြတဲ့ ပြည်သူ တဦးချင်းစီရဲ့ လူသားဂုဏ်သိက္ခာနဲ့ တန်ဖိုးများကို အာမခံချက် ပေးနိုင်ဖို့ နွေဦးဘဏ်ရဲ့ အိမ်ပြန်လှိုင်းသစ် ICO Round 2 ရင်းနှီးမြှုပ်နှံမှုကလည်း အရေးပါတဲ့ အခန်းကဏ္ဍတခု အဖြစ် ပါဝင်နေပါတယ်။

ယနေ့ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား ကို ကြိုဆိုရင်း တရားမျှတပြီး ပကတိ လွတ်လပ်မည့် ဘုံအနာဂတ်မှာ လူသားတန်ဖိုးတွေ ပြန်လည် ထွန်းကား တောက်ပြောင်နိုင်ဖို့ အတူတကွ ဦးတည် ဖော်ဆောင်ကြရအောင်။

လူ့အခွင့်အရေးထွန်းကားစေ တရားမျှတ လွတ်လပ်မြေ

🫶🏻 bit.ly/m/SDB4all

#realbankrealfreedom
#springdevelopmentbank
#chooseSDB
391👍67🥰63👏6🔥4🎉1
"အားလုံး Ready ည ၈နာရီ"

ပျားလေးတွေချစ်စရာ နွေဦးကောင်းကင်မှာ....
တို့အတူပြုံးရင်း Pollen စုနေတာ🎶🎵

ဒီနေ့ည ၈နာရီပြုလုပ်မယ့် Community Call Live မှာ Spring Bees Airdrop နဲ့ပတ်သက်တဲ့ ချိုမြိန်လှပတဲ့အနာဂတ်ဘဏ္ဍာရေးအကြောင်းတွေကို MCM မှအလင်းပြပေးသွားမှာဖြစ်ပြီး လက်ဆောင်လေးတွေလည်းပေးဦးမှာမို့ နွေဦးပျားစီနီယာလေးတွေရော၊ဂျူနီယာလေးတွေရော၊ပျားစုံတွဲလေးတွေကို အတူတူဆုံတွေ့ချင်ပါတယ်။ အောက်မှာပေးထားတဲ့လင့်လေးကတဆင့် Join ပေးကြမယ်နော်။

11 Dec (မြန်မာစံတော်ချိန် ည၈နာရီ)
http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
366👍31👌25🥰9👏7🎉3
ပျားတို့ အိပ်ရေးဝချိန် တန်ပြီ 💤

နေ့စဉ်တာဝန် မပျက်မကွက် ကြိုးစားထမ်းဆောင်တဲ့ နွေဦးပျားလုပ်သားတို့ အတွက် အရင်လို အိပ်ချိန်တွေ ဖဲ့ပြီး တနေ့ ၈ နာရီ (၃) ကြိမ် မတို့ရတော့ပဲ အသစ် ပြင်ဆင် မွမ်းမံသွားမယ့် အစီအစဉ်လေး လာပါပြီဗျို့ ။

ဒီဇင်ဘာ ၁၂ ရက်နေ့မှ မြန်မာချိန် ည ၁၀ နာရီမှ စပြီး သင့်ပျားလေးကို နေ့စဉ် မှန်မှန် တို့မယ်ဆိုရင် ၁၂ နာရီ countdown အဖြစ် ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။

ထို အချိန်မှစပြီး လက်ကျန် countdown ကို ၄ နာရီ ထပ်ပေါင်းသွားမှာပါ။

SpringBees နဲ့ ချိုမြိန်တဲ့ အနာဂတ်တွေ ဖန်တီးဖို့ နည်းလမ်းတွေ update တွေ အကြောင်း ကို Pollen လက်ဆောင်ယူရင်း ၈ နာရီ မှာ နားထောင်ကြရအောင်။

ပျားကြီးတို့ အေးဆေး 🐝

🐝 Community Call Live (11 Dec 8pm MMT)
http://t.me/SpringDevBank?livestream

#ချစ်ပျားတုပ်ချက်
#SpringBeesbySDB #realbankrealfreedom
#springdevelopmentbank
#chooseSDB
582👍105👌8🥰7👏7🔥4🎉4
Live stream started
Live stream finished (1 hour)
လေးစားတန်ဖိုးထားအပ်ပါသော ရင်းနှီးမြှုပ်နှံသူများနှင့် နွေဦးဘဏ်အသိုက်အဝန်းသို့

ကျွန်တော်တို့၏ စံချိန်တင်ခမ်းနားခဲ့တဲ့ ICO Round 2 ၏ တခဲနက်အောင်မြင်မှုကို ပြန်လည်မျှဝေရသည့်အတွက် လွန်စွာ ဝမ်းမြောက်ရကြောင်း ဦးစွာ ပြောလိုပါတယ်။

SDB ၏ CEO အနေဖြင့် ဒီလို ထူးခြားတဲ့ ဘုံအကျိုးတူ အိမ်ပြန်လှိုင်းသစ် အောင်ပွဲမှာ ပူးပေါင်းလိုက်ပါသူတိုင်း၏ ကြိုးစားအားထုတ်မှု၊ ယုံကြည်သက်ဝင်မှုနှင့် မျှော်ရည်ရာ ပန်းတိုင်တို့ကို ထင်ဟပ်စေခဲ့သည့်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူမိပါတယ်။ ICO Round 2 ၏ အောင်လံစိုက်ထူနိုင်ခြင်းဟာ ကိန်းဂဏန်းအရ ငွေကြေးအောင်မြင်မှုထက် ပိုပြီး ကိုယ်စားပြုတယ်လို့ ဆိုနိုင်ပါတယ်။ တော်လှန်ရေး အမြန်ဆုံး အောင်နိုင်ရေးအတွက် ရင်းနှီးမြုပ်နှံသူများနှင့် ပိုမိုကျယ်ပြန့်လာတဲ့ အသိုက်အဝန်းတို့၏ ကျွန်တော်တို့အပေါ် ဆက်လက် အပ်နှံအားထားမှုနှင့် စိတ်ပြင်းပြမှုတို့ကို သက်သေထူ မှတ်တမ်းတင်နေတာပါ။ ဒီလို အဘက်ဘက်က နိုင်ရာ ခွန်အားမျှပြီး မူလမျှော်မှန်းချက်ကို စံချိန်သစ် ကမ္မည်းထိုးနိုင်ခြင်းဟာ နွေဦးဘဏ်၏ တိုးတက်ဖြစ်ထွန်းမှုအတွက် ရည်မွန်တဲ့ အထောက်အပံ့ကောင်းတွေ ဖြစ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။

ICO Round 2 အား တခဲနက် ယုံကြည် အားပေးမှုကို လေးစားသောအားဖြင့် ကျွန်တော်တို့ ပြည်သူ့ဓနဆက်ဆံရေးအရာရှိ RM များမှတစ်ဆင့် တိုကင်အမှာစာများ၏ စာရင်း ဖြည့်စွာ ကိုက်ညီနိုင်မည့်ကာလကို ဒီဇင်ဘာ ၁၁ ရက်နေ့ အထိ တိုးမြှင့် ခွင့်ပြုခဲ့ပါတယ်။ အားလုံး ပါဝင်ခွင့်ရရှိစေရေးကို ထောက်ရှုအလေးပေးလို၍ ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးပိတ်ချိန်အထိ အစုရှယ်ယာရင်းနှီးမှု စုစုပေါင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၃.၄ သန်း သို့ ရောက်ရှိခဲ့ပြီလို့ အသိပေးအပ်ပါတယ်။

SDB နွေဦးဘဏ် က ငွေကြေးဆိုင်ရာအဖွဲ့အစည်းတစ်ခုထက် သာလွန်နေသည်မှာ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေးနည်းပညာ ဂေဟစနစ်ကို ဂုဏ်ယူစွာ ဦးဆောင် ရပ်တည်နေခြင်း ဖြစ်ပါတယ်။ နွေဦးဘဏ်၏ အန္နိမ ရည်မှန်းချက်သည် မြန်မာပြည်သူ ၅၅ သန်းလုံး လက်လှမ်းမီနိုင်တဲ့ အနာဂတ်နည်းပညာများဖြင့် ဘဏ္ဍာရေး ဝန်ဆောင်မှုကို လွယ်ကူချောမွေ့စွာ ပံ့ပိုးပေးရန် ဖြစ်ပါတယ်။ ICO Seed Round နှင့် ICO Round 2 နှစ်ခုစလုံး၏ အောင်မြင်မှုတွေဟာ ၎င်းရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည့် သမိုင်းဝင် မှတ်တိုင်များအဖြစ် တည်ရှိနေပါတယ်။ နွေဦးဘဏ် အစုရှယ်ယာတိုကင်ရောင်းချမှုမှာ စိတ်အားထက်သန်မှုနှင့် ခိုင်မာတဲ့ ပံ့ပိုးမှုများကပဲ ကျွန်တော်တို့အတွက် သန္နိဋ္ဌာန်သစ်၊ စွမ်းအားသစ်များနှင့် ထပ်လောင်း တာဝန်ယူမှုများဖြင့် ရှေ့သို့ ဆက် ချီတက်ဖို့ လှုံ့ဆော်တွန်းအားပေးလျက်ရှိပါတယ်။

ဆက်ပြီး ဝန်းရံကူညီမှုနဲ့ တွဲလက်ခိုင်မြဲမှုများအတွက် လေးလေးနက်နက် ရင်နှင့်အမျှ ကျေးဇူးတင်မိပါတယ်။ နွေဦးဘဏ်မှာ ပြည်သူ တစ်ဦးစီတိုင်း၏ ပါဝင်ပတ်သက်နေခြင်းဟာ ဘဏ္ဍာရေးနည်းပညာ လုပ်ငန်းထက်ကို ကျော်လွန်ပြီး မြန်မာနိုင်ငံသစ်နှင့် လွတ်လပ်ရေးအတွက် ပိုမိုကြီးမားတဲ့ အထောက်အပံ့အဖြစ် ကတိကဝတ်ပြုနေခြင်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို ပံ့ပိုးပေးရင်း လက်ရှိနှင့် အနာဂတ်မျိုးဆက်များ ၊ ဘုံအကျိုးသက်ဆိုင်သူအားလုံးအတွက် နောက်ဆုံးပေါ် နည်းပညာများမှတဆင့် ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ရေရှည်တည်မြဲသော တန်ဖိုးကို ဖန်တီးပေးအပ်နိုင်ရန် အထူးအာရုံစိုက် ဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်။

ယုံကြည်မြှုပ်နှံမှုနှင့် အားပေးဝန်းရံမှုတိုင်းကို ထပ်မံ ကျေးဇူးတင်ရင်း ရွှေရောင်လွှမ်းမယ့် ဘုံအနာဂတ်ကို အတူတကွ တည်ဆောက်ကြရအောင်။

ရိုသေတန်ဖိုးထား လေးစားစွာဖြင့်

ကယ်လ်ဗင်
CEO, နွေဦးဖွံ့ဖြိုးရေးဘဏ်

၁၂ ဒီဇင်ဘာ ၂၀၂၄
471👏37👍25🥰11🎉10
ယုံကြည်မှုတို့ မြစ်ဖျားခံမယ့် အနာဂတ် 🚩

ဘုံအနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ ပြည်သူတွေရဲ့ရွေးချယ်ဆုံးဖြတ်ချက်တွေက နွေဦးဘဏ်နဲ့အတူ သမိုင်းသစ်စာမျက်နှာကို မော်ကွန်းထိုး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာမှ ငွေကြေးခွန်အားပိုမျှနိုင်သူတွေ အပါအဝင် ငွေပိုငွေလျှံရှိလို့ မဟုတ်ပဲ အင်တာနက်ခက်ခဲတဲ့ နယ်မြေတွေက အစပြုလို့ ပြည်သူ့ဝန်ထမ်း CDM တွေ၊ မြေပြင်ရဲဘော်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ နည်းပညာအကြောင်းနားမလည်တဲ့ သက်ကြီးပိုင်းတွေ၊ မကျန်းမာပဲ အိပ်ရာထဲ လဲနေသူတွေ မကျန် တရွာလုံးပေါင်း ခြစ်ကုပ်စုဆောင်းရင်း ပါဝင်ခဲ့ကြတဲ့ ပြည်တွင်းပြည်ပ စုပေါင်း ခွန်အားတွေဟာ ဘုံအောင်ပွဲကို မြစ်ဖျားခံမယ့် မယိမ်းယိုင်တဲ့ ယုံကြည်ခြင်း သန္နိဋ္ဌာန် များကို သက်သေပြခဲ့ကြတာပါ။

နွေဦးဘဏ်ရဲ့ ICO 2 အိမ်ပြန်လှိုင်း တားဂတ်ထိရုံသာမက အမေရိကန် ဒေါ်လာ ၁၃ သန်းမက ကျော်လွန်အောင်မြင်ခဲ့အောင် ပါဝင် ရင်းနှီးမြှုပ်နှံသူတိုင်းကို နွေဦးဘဏ်မှ ဦးညွတ်လေးစားလျက် နိုင်ကိုနိုင်ရမယ် ဆိုတဲ့ ယုံကြည်မှုနဲ့ အတူ အဆုံးသတ်အောင်ပွဲဆီသို့ ခရီးဆက် ပန်းဝင်ကြဦးစို့။


ကိုယ်တိုင်ရွေးခဲ့တဲ့ လမ်း၊ ကိုယ်တိုင်လျှောက်မယ့် ဒီလမ်း၊ ဘာ အကြောင်းပြချက်မှ သိပ်မလိုဘူး

https://bit.ly/m/SDB4all

#ICOround2 #NewWaveNewHome
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
352👍63🥰16🔥2
ကိုပေါက်နဲ့ နွေဦးဘဏ်ချစ်သူများ Community Call

လာမယ့် Sunday မှာပြုလုပ်မယ့် Community Call Live အတွက် အထူးဧည့်သည်တော်အဖြစ် အမှန်တရားဘက်မှာ ပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ ဒါရိုက်တာကိုပေါက် ကိုဖိတ်ခေါ်ထားပါတယ်။

ကိုပေါက်ရဲ့ ဒီကာလအတွေ့အကြုံတွေ၊ အမှတ်တရတွေ၊ ပြည်သူတွေရဲ့ပိုပိုနီးလာတဲ့အိမ်ပြန်ရက်တွေနဲ့ ပြည်သူ့ဘဏ္ဍာရေးအောင်ပွဲတွေအကြောင်းကို စကားဝိုင်းလေးပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲ....ရှမ်းခေါက်ဆွဲဆိုင်လေးရဲ့လိပ်စာလေးပါ သိချင်တယ်ဆိုရင်တော့ နွေဦးဘဏ်ချစ်သူများကိုယ်တိုင် Community Call လေးမှာမေးကြည့်ကြပါနော်။

အတူတူဆုံတွေ့ကြစို့။

15 Dec (မြန်မာစံတော်ချိန် ည၈နာရီ)
http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
442👍85🥰19
Media is too big
VIEW IN TELEGRAM
နွေဦးရိမ်းဂျားများအကြောင်း တစေ့တစောင်း 🦸‍♂️🦹‍♀️

@nwayoohti ကို စောင့်ရှောက်မယ့် နွေဦးရိမ်းဂျား ပရိုဂရမ် ဖြစ်ပေါ်လာပုံ နဲ့ သူတို့ အတွက် ဂုဏ်ပြုမယ့် အစီအစဉ် တွေအပြင် နွေဦးရိမ်းဂျား တယောက် ဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ စတဲ့ အသေးစိတ် ဆွေးနွေး ရှင်းပြပေးထားတဲ့ Community Call ကို ပြန်လည် နားဆင်နိုင်ပါပြီ။

သင့်အနီးအနားမှာ စွမ်းအားအပြည့်နဲ့ နွေဦးရိမ်းဂျား ဖြစ်ချင်သူတွေရှိရင် လက်တို့ဖို့ မမေ့နဲ့နော်။

🎧Call အပြည့်အစုံ နားထောင်ရန်
https://youtu.be/-4UfrdB6trE

#WeDreamBold
#NwayOoHti
#SpringDevelopmentBank
265👍30🥰11🔥3
နှစ်ထပ်ကွမ်း ထီပေါက် ၊ ကံအရောင် တောက် 🏆

ဒီဇင်ဘာအမှတ်တရ ရော နှစ်ကူးလက်ဆောင်တွေပါ တသီကြီးပေးချင်နေတဲ့ အောင်လံလွှင့်ချီ နွေဦးထီ ကတော့ ခုဆိုရင် အားလုံးမျှော်လင့်နေတဲ့ ဆုထူးဝေဆာ Lucky ဒီဇင်ဘာ အစီအစဥ်လေးရဲ့ ဝှက်ထားတဲ့ ထပ်တိုးဆုကို ထုတ်ဖော်လာပါပြီ။ 🧑‍🎄🎁

🪙နောက်ထပ် အပိုဆုကတော့ ကံထူးရှင် ၅ ဦးကို နွေဦးဘဏ် ရှယ်ယာ SDB Token $30 ဖိုး ချီးမြှင့်မှာ ဖြစ်ပါတယ်။

🗓️ ဒီဇင်ဘာ ၇ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း

🎲 မိမိကိုယ်တိုင် (သို့မဟုတ်) NOH agent ၊ နွေဦးရိန်းဂျားများ ထံမှ ကံစမ်းနိုင်ပါတယ်။

🎫 (၁၀) စောင် ဝယ်ယူတိုင်း ကံစမ်းခွင့် (၁) ကြိမ်ရရှိမှာ ဖြစ်ပြီး

🏆ကံစမ်းထားသူများထဲမှာ (၁၅)​ ဦး တိတိကို ကျပန်း ရွေးချယ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ယခင်လ မှာ ဘဏ်ရှယ်ယာရှင် ဖြစ်ခွင့် ကပ်လွဲခဲ့သူများလည်း ဒီတခေါက် ကံစပ်ရင်း နောက်ထပ် ကံထူးရှင် (၅)ဦး က 🎁🎁🎁 ဘာဆုလေးဖြစ်မလဲ ဆက်ပြီး ရင်ခုန်ရအောင်။ 🤩💝🎉

🎰ဆုထူး ဝေဆာ ကံစမ်းရန်
bit.ly/NwayOoHti4u

#WeDreamBold
#NwayOoHti
#SpringDevelopmentBank
🥰132113👍39🔥2
တနေ့ (၂) ကြိမ် အချိန်မှန်တုပ် 📢

နွေဦးပျားတို့ အိပ်ရေးဝဖို့ အတွက် အရင်က ၈ နာရီ တကြိမ်နဲ့ တနေ့ (၃) ခါ တို့ရတဲ့ ပျားလေးကို ၁၂ နာရီ တကြိမ်နဲ့ တနေ့ (၂) ခါသာ အတို့ သက်သာအောင် ဒီဇင်ဘာ ၁၂ ရက်နေ့မှ စတင် ပြောင်းလဲ ပေးခဲ့တာ သိပြီးကြပြီ ဟုတ်?

နိုင်ငံအနှံ့အပြားမှာလည်း စကစ ကို လိုရင်းတိုရှင်း ရှယ်တုပ်နေကြပြီမို့ နွေဦးပျားတို့လည်း အားကျမခံ တနေ့ (၂) ကြိမ် အချိန်မှန်တုပ်ကြဖို့ အသိပေး ဆော်ဩ လိုက်ပါတယ်နော်။

🎮 SpringBees ကမ္ဘာသို့ ဝင်ရောက်ရန်
bit.ly/SpringBeesBot

🐝 တုပ်မယ့်ပျားများ စည်းလုံးရာ
t.me/SpringDevBankCommunity

#ချစ်ပျားတုပ်ချက် #StinglikeSDBees
#SpringBeesbySDB #ICOround2
#NewWaveNewHome #chooseSDB
347👍52🥰8🔥3
Voting Partner Announcement

The Voice of Freedom - Karenni Idol သီချင်းဆိုပြိုင်ပွဲ အစီအစဉ်ကို ဒီဇင်ဘာလ (၁၄) ရက်မှစတင်ပြီး ဇန်နဝါရီလ (၁၈) ရက်နေ့ထိ ညနေ (၆) နာရီမှာ တင်ဆက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

ပြည်သူ့ဘက်သား အနုပညာရှင်များဖြစ်တဲ့ ကိုလင်းလင်း၊ မချမ်းချမ်း၊ ကိုဒယ်နီယယ်စော ၊ ကိုဖိုးသင်္ကြန် နှင့် ဆရာပီးပီ တို့မှ အမှတ်ပေးဒိုင်များအဖြစ် ပါဝင် အားဖြည့်ထားတဲ့ အပြင် စင်မြင့်ထက်ပေါ်မှာ ယှဉ်ပြိုင်ကြဖို့ ရွေးချယ်ထားတဲ့ ပြိုင်ပွဲဝင် (၁၄) ဦး အသင့်ဖြစ်နေကြပါပြီ။

The Voice of Freedom ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ တော်လှန်သူတွေရဲ့အသံကိုထင်ဟပ်နိုင်ဖို့ ဖြစ်တာကြောင့် နွေဦးဘဏ်ချစ်သူတို့ကလည်း တတပ်တအား ထောက်တိုင်အဖြစ် အားဖြည့်ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

1 Vote ကို မြန်မာငွေ - ၅၀၀၀ ကျပ်ဖြစ်ပြီး မိမိ ချစ်ခင်နှစ်သက်တဲ့ ပြိုင်ပွဲဝင်နံပါတ်ကို SDB ရဲ့ Note မှ ထည့်သွင်းပြီး Vote ပေးနိုင်ပါတယ်။

SDB username : voiceoffreedom
SDB UID : e062f447-6559-40e7-a8f2-0c86a545222c

Vote နည်း နှင့် အခြား ငွေကြေးပမာဏ အသေးစိတ်ကို www.thevoiceoffreedom.net မှ တဆင့်လည်း ကြည့်ရှုနိုင်ပါတယ်။

ချိန်းကြိုးကင်းတဲ့ အနာဂတ်ဆီ အတူ လျှောက်လှမ်းကြရအောင်။

The Voice of Freedom အကြောင်း အသေးစိတ် သိရှိလိုပါက
https://www.facebook.com/TVoFreedom/posts/485912941276098

#TheVoiceofFreedom
#SpringDevelopmentBank
372👍67🥰7🎉4🔥2👏1👌1
Live stream scheduled for
"အားလုံး Ready ည ၈နာရီ"

ဒီနေ့ည ၈နာရီမှာ ပြုလုပ်မယ့် Community Call Live အတွက် အထူးဧည့်သည်တော်အဖြစ် ကိုဗစ်ကာလမှာ ဟာသဗီဒီယိုလေးတွေနဲ့ အမောပြေစေခဲ့သူ၊ မတရားမှုကို တွန်းလှန်နေကြတဲ့ အခုကာလမှာလည်း ပြည်သူတွေနဲ့အတူ အမှန်တရားဘက်မှာ မားမားမတ်မတ် ရပ်တည်ပေးနေသူ ဖြစ်တဲ့ ဒါရိုက်တာ ကိုပေါက် ကို ဖိတ်ခေါ်ထားပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စရာ မေးခွန်းလေးတွေကို အပြိုင်အဆိုင် ဖြေပြီး လက်ဆောင်လေးတွေ ရမယ့်အပြင် နွေဦးဘဏ်ချစ်သူတွေဟာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့အကြောင်း ကိုပေါက်ကို ကြွယ်ထားတာမို့ ဒီည ၈ နာရီမှာ နွေဦးပျားလေးတွေအားလုံးနဲ့ အတူတူဆုံတွေ့ချင်ပါတယ်။

အောက်မှာပေးထားတဲ့လင့်လေးကတဆင့် Join ပေးကြမယ်နော်။

15 Dec (မြန်မာစံတော်ချိန် ည၈နာရီ)
http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#ChooseSDB
#SpringDevelopmentBank
276👍52🥰12👏2
သင်က မိုးခါးရေ မသောက်မယ့် နွေဦးပျားလား

ဒီနေ့ ည ၈ နာရီမှာ ပြည်သူ့အချစ်တော် ဒါရိုက်တာ ကိုပေါက် နဲ့ နွေဦးဘဏ် ချစ်သူတို့ ကြား ရင်းရင်းနှီးနှီး ဆုံတွေ့ကြမယ့် Community Call အစီအစဉ်မှာ လက်ဆောင်တွေကလည်း စောင့်နေတာမို့ ဆက်ဆက် နားထောင်ဖို့ မမေ့နဲ့နော်။

ဒီနေ့ Special Live အတွက် Pollen ရယူဖို့ SpringBees code ကလည်း ဘာများဖြစ်မလဲ အတူ ရင်ခုန်ကြရအောင်။

15 Dec (မြန်မာစံတော်ချိန် ည၈နာရီ)
http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#ChooseSDB
#SpringDevelopmentBank
339👍73🥰9🎉2
Live stream started
Live stream finished (1 hour)
နွေဦးပျားတို့ရဲ့ ရဲဘော်ပျားလေးတွေကို Referral Link ပေးပြီး ဖိတ်ခေါ်ရာမှာ ပိုအဆင်ပြေစေဖို့ အတွက် ပြင်ဆင်မွမ်းမံချက်လေး တိုးပေးထားပါတယ်နော်။

၁။ ပုံမှန်အတိုင်း “Invite Your Friend” ခလုတ် မှတဆင့် Referral Link ကိုပေး၍ ဖိတ်ခေါ်နိုင်ပါတယ်။

၂။ ဖိတ်ထားတဲ့ ရဲဘော်ပျားလေးတွေက Referral Link ကိုနှိပ်ပြီး နွေဦးပျားကမ္ဘာလေးကို စတင် ဝင်ရောက်လာတဲ့ အခါမှာ အောက်ပါပုံအတိုင်း Referral Code လေးကိုပါ တစ်ခါထဲ ဖြည့်ပြီးသား ဖြစ်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကဲ အခုလိုဆို ရဲဘော်ပျား ဖိတ်ခေါ်တာရော pollen တွေရဖို့ရော ပိုသေချာပြီပေါ့။ SpringBees အကြောင်း မသိသေးတဲ့ ပျားသစ်လေးတွေကိုလည်း ဖိတ်ခေါ်ဖို့ မမေ့နဲ့နော်။

🎮 SpringBees ကမ္ဘာသို့ ဝင်ရောက်ရန်
bit.ly/SpringBeesBot

🐝 တုပ်မယ့်ပျားများ စည်းလုံးရာ
t.me/SpringDevBankCommunity

#StinglikeSDBees
#SpringBeesbySDB #chooseSDB
223👍34🥰12🔥1