Spring Development Bank
20.2K subscribers
1.97K photos
102 videos
955 links
Discover the First Neo Bank for Myanmar.
Download Telegram
ICO 2 ရှယ်ယာ ဘယ်လိုဝယ်သင့်လဲ? ✌️

အနည်းဆုံး $10 ပမာဏနဲ့ SDB အကောင့်ရှိရုံနဲ့ ကိုယ်တိုင်ဝယ်ဝယ်၊ RM ဆီကဝယ်ဝယ် နွေဦးဘဏ် ရှယ်ယာရှင် ဖြစ်နိုင်ပါတယ်။

အပတ်စဉ် သတ်မှတ် ငွေလဲနှုန်းထားများအတိုင်း SDB app အတွင်းရှိ “ICO Round 2” icon မှတဆင့် ရှယ်ယာ တိုကင်များကို စိတ်ကြိုက်ဝယ်ယူပြီး ဂုဏ်ပြုလွှာ ထုတ်ယူနိုင်ပါတယ်။

ပြင်ပလိမ်လည်သူရန်မှ သတိပြုကာကွယ်နိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ RM များအားလုံးနဲ့ ရင်းနှီးတဲ့မိတ်ဆွေ လမ်းကြောင်းကတဆင့်သာ ဆက်သွယ်ဝယ်ယူကြဖို့ကိုလည်း အထူး တိုက်တွန်းလိုက်ပါတယ်နော်။ 🚀

📲 SDB ဖွင့်ဖို့ Zoom တွင် မေးမြန်းရန်
bit.ly/openSDBforICO

ယုံကြည်စိတ်ချ RM များနှင့်သာ ငွေဖြည့်ပါ
www.facebook.com/SpringDevBank/posts/488126620933170

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
186👍39👏2
💡ICO 2 ပထမအပတ် ရှယ်ယာဝယ်ယူမှု ငွေလဲနှုန်းထားများ

SDB app အတွင်း ငွေကြေး ၁၀ မျိုး ဖြင့် ICO Round 2 တိုကင်များကို နိုဝင်ဘာ ၁၅ မှစ ၂၁ ရက်နေ့အထိ အောက်ပါ တပတ်စာ ပုံသေ ငွေလဲနှုန်းထားများနဲ့ ဝယ်ယူနိုင်ပါပြီနော်။ 💰

ငွေ (၁၀) မျိုးတွင် မပါဝင်သော TWD, NZD, CAD အစရှိတဲ့ ငွေကြေးတွေအတွက် ဘဏ်ခွဲအဖြစ် ပါဝင်လိုတဲ့ RM များ ရှိနေတာကြောင့် ထိုနိုင်ငံများမှ ဘဏ်ရှယ်ယာ ဝင်လိုသူများအနေနှင့် သက်ဆိုင်ရာ RM များအား ဆက်သွယ်ပြီး ဝယ်ယူနိုင်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်။

ဤငွေလဲနှုန်းများမှာ ၂၁ ရက်နေ့ ည ၁၂ နာရီ အထိသာ တရားဝင်ဖြစ်တာကြောင့် မလွတ်စတမ်း ရင်းနှီးမြှုပ်နှံလိုက်ကြစို့လား။

📲 SDB ဖွင့်ဖို့ Zoom တွင် မေးမြန်းရန်
bit.ly/openSDBforICO

ယုံကြည်စိတ်ချ RM များနှင့်သာ ငွေဖြည့်ပါ
www.facebook.com/SpringDevBank/posts/488126620933170

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
1.83K👍395👏36🥰35🎉27👌19🔥18
ပကတိလွတ်လပ်မှုအတွက် ရင်းနှီးမြှုပ်နှံပါ 🌟

ဖက်ဒရယ် နိုင်ငံသစ်အတွက် တရားသော တိုက်ပွဲဝင်နေကြတဲ့ မဟာမိတ် သွေးချင်းညီနောင်အပေါင်းတို့ရဲ့ အိပ်မက် မျှော်လင့်ချက်ဟာ အမြန်ဆုံး အိမ်ပြန်ချင်ကြတယ်။

မျိုးဆက်သစ်တို့ လွတ်လပ်စွာ ရှင်သန်နေမယ့် အနာဂတ် အာမခံချက် ကို ရင်းနှီးမြှုပ်နှံနိုင်မယ့် အိမ်ပြန်လှိုင်းသစ်ဟာ ပြည်သူပြည်သားတို့ ရှေ့မှောက်သို့ ရောက်ရှိလာပါပြီ။

ပကတိလွတ်လပ်တဲ့ ခေတ်သစ်ကို ပြောင်းကူးဖို့ ICO Round 2 မှာ နောက်ကျမကျန်ခဲ့ဘဲ လိုက်ပါစီးနှင်းကြဖို့ နှိုးဆော်အပ်ပါတယ်။ 🙌

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
1.14K👍236🥰32👏22🔥14🎉14
ဝက်ဝံဆိုးတို့ ပေါက်ဖော်ဆွေမျိုးစပ်နေချိန် နွေဦးပျားတွေ ပိုပြီး စည်းလုံးဖို့ လိုအပ်ပါတယ်။ 💪

ဒီပုံလေးကို အမှတ်ရနေမယ့် SpringBees ဆော့ကြသူတချို့ ၂၄ နာရီကျော်လို့ ပျားလေး ကို အချိန်မီ အလုပ်မပေးမိရင် ဝက်ဝံကြီးရောက်လာပြီး ပျားအုံတွေ ဖျက်ဆီးတာပါ။ လက်တွေ့ဘဝ မှာ ထိုနည်း၄င်းပါပဲ။

ပြည်သူလူထုကို နေ့စဉ် ဗိုလ်ကျဖိနှိပ်ဖို့ နည်းမျိုးစုံ အားထုတ်နေတဲ့ ဖက်ဆစ်မိစ္ဆာကို အချိန် (၁) ရက်မျှ တွန်းလှန်ဖို့ မေ့လျော့နေခဲ့မယ်ဆိုရင်……

ခေတ် စနစ်ဆိုးအောက်ကနေ အပြီးတိုင် လွတ်မြောက်ဖို့ ICO Round 2 ၏ တုပ်အားပြင်းမယ့် ရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်ရင်း ကမ္ဘာ့သမိုင်းသစ်ရေးထိုးကြဦးစို့။

နေ့စဉ် တော်လှန် အသိ ၊ တော်လှန် သတိ ရှိပါ ချစ်ပျားတို့။

ရှယ်ယာရှင်လုပ်မယ်
📲 https://bit.ly/m/SDB4all

အာဏာရှင်တုပ်မယ်
🐝 https://bit.ly/SpringBeesBot

#SpringBeesbySDB #ICOround2
#chooseSDB #NewWaveNewHome
406👍76🥰18🔥4
" I LOVE YOU $ 3 0 0 0 "

ချစ်ခြင်းကဲ့သို့ ရှယ်ယာမျှဝေပေးတဲ့ အခွင့်အရေးက ကိုယ့်ဘေးမှာရှိနေတာဖြစ်လို့ မမြင်နိုင်ပေမယ့် ဖမ်းဆုပ်နိုင်တဲ့ ကံကို @nwayoohti နဲ့ ပုံဖော်နိုင်ပါပြီနော်။🎯

NOH ဆုငွေတွေ ထုတ်ယူနိုင်ဖို့ဖြစ်စေ၊ နောက်ထပ် မရနိုင်တဲ့ နွေဦးဘဏ် ရှယ်ယာ ဝယ်ယူဖို့ဖြစ်စေ ၊ သန်းကြွယ် အနာဂတ်များစွာကို တည်ဆောက်ဖို့ စိတ်ချရတဲ့ SDB အကောင့် ဖွင့်ထားဖို့လည်း အရေးကြီးပါတယ်။

ခုပေါက်ခုရောက် စနစ်နဲ့ ရင်ခုန်မှုတွေ ချက်ချင်းမျက်မြင် ကြုံတွေ့နိုင်ဖို့အတွက် ခုပဲ Express Buy 50 နဲ့ အိမ်ပြန်လမ်းကို ခြေလှမ်း သွက်လိုက်ပါ။ 👣

ကံစီမံရာအတိုင်း ဘဏ်ရှယ်ယာရှင် အဖြစ်စတင်ရန် အသေးစိတ်လေ့လာနိုင်ပါတယ်။
www.facebook.com/SpringDevBank/posts/488488744230291

#NwayOoHti
#WeDreamBold
#SpringDevelopmentBank
#ICOround2 #NewWaveNewHome
286👍50👏8🥰1
ICO Round 2, Day 4 - $3.2M+ (8pm MMT)

ပကတိ လွတ်လပ်မှုကို မြတ်နိုးကြသူတို့ရဲ့ အိမ်ပြန်လှိုင်းသစ် ခရီးစဥ်ဟာ ICO2 စတင်ပြီး (၄) ရက်မြောက်နေ့ မြန်မာချိန် ည ၈နာရီခန့်မှာ အမေရိကန်ဒေါ်လာ ၃.၂ သန်း ကျော် အထိ ရောက်ရှိလာခဲ့ပါပြီ။ 🌊

ဘုံရည်မှန်းချက် ၊ ဘုံအနာဂတ် ၊ ဘုံအကျိုးအမြတ်တွေ ဖြောင့်ဖြူးဖို့  Round 2 မှာ လက်မနှေးပဲ ဆက်ပြီးတော့ ဝုန်းကြရအောင်။

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
https://t.me/SpringDevBankCommunity

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
302👍42🥰8🎉6👏4🔥1
ဘုံအနာဂတ်သစ်၏ ဘဏ္ဍာရေးတိုက်စစ်မှူး အလိုရှိသည် 👩‍🚀

အနည်းဆုံး $10 ပမာဏဖြင့် မှတ်တမ်းတင်ပါ
www.facebook.com/SpringDevBank/posts/488488744230291

SDB ဘဏ္ဍာရေးတိုက်စစ်မှူးများ စုဝေးရာ
https://t.me/SpringDevBankCommunity

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
179👍19👏7🔥3
ချစ်ပျားတုပ်ချက် 🐝🐝🐝

အုံနဲ့ကျင်းနဲ့ တုပ်မယ့် နွေဦးပျားတို့အတွက် SDB မှ အမြဲ အသစ်သစ်တွေ ယူဆောင်လာပေးဖို့ စီစဥ်လျက်ရှိပါတယ်။

ဒီနေ့မှာ ဝက်ဝံဆိုးတွေကို အံတုနေတဲ့ SpringBees ကမ္ဘာက ပျားအိမ်တည်ဆောက်သူ ရာထူး အဆင့်ဆင့် အလိုက် သက်ဆိုင်ရာ ပျားပုံလေးတွေ version update ပေးထားပါတယ်။

mission အသစ် အနေနဲ့ မိမိ ရောက်ရှိနေတဲ့ level ပျားပုံကို screenshot နဲ့ hashtag #StinglikeSDBees ကို မိမိ social media တွေရဲ့ My Day မှာ တင်ပြီး နွေဦးပျားသစ်တွေကို စည်းရုံးရမှာ ဖြစ်ပါတယ်။

လှိုင်းမြင့်မုန်တိုင်းကို ဆန်ပြီး ပျားရည်ဘဏ်တိုက် ဆောက်ကြစို့။

🎮 SpringBees ကမ္ဘာသို့ ဝင်ရောက်ရန်
bit.ly/SpringBeesBot

🐝 တုပ်မယ့်ပျားများ စည်းလုံးရာ
@SpringDevBankCommunity

🎯 ရှယ်ယာရှင်လည်း လုပ်မယ်၊ အာဏာရှင်လည်း တုပ်မယ်
www.facebook.com/SpringDevBank/posts/488488744230291

#SpringBeesbySDB #ICOround2 #NewWaveNewHome
224👍36🎉2
"ဦးမင်းကိုနိုင်တက်ရောက်မယ့် ICO Round 2 ရဲ့ Special Community Call"

ကမ္ဘာမြေပြင် အမေ့ရင်ခွင်ဆီ သားလေးတွေပြန်လာနိုင်မယ့် အဆုံးသတ်အောင်ပွဲကြီးကို မြန်မြန်ရောက်နိုင်ဖို့ ဘက်ပေါင်းစုံကနေအတူတကွကြိုးစားနေကြရာမှာ ဘဏ္ဍာရေးအောင်မြင်မှုကလည်း အလွန်အရေးကြီးပါတယ်။

ဒါကြောင့် မနက်ဖြန် ဗုဒ္ဓဟူးနေ့ ည၈နာရီအချိန်မှာ ပြုလုပ်သွားမယ့် အိမ်ပြန်လှိုင်းသစ် ICO Round 2 ရဲ့ Special Community Call Live မှာ အထူးဧည့်သည်တော်အဖြစ် ဦးမင်းကိုနိုင် ကိုယ်တိုင် နွေဦးဘဏ်ချစ်သူများနဲ့တွေ့ဆုံသွားမှာဖြစ်တဲ့အတွက် အားလုံးတက်ရောက်နိုင်ဖို့ နွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်။

Community Call ကိုတက်ရောက်နိုင်ရန်အတွက် အောက်မှာပေးထားတဲ့ link လေးကို Join ရမှာပါ။

၂၀ရက် နိုဝင်ဘာလ၊ မြန်မာစံတော်ချိန် ည၈နာရီ
👉 http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
359👍57🥰7🎉2👏1
ကျွတ်မနေဘဲ ကြုံးမယ့်် နွေဦးပျားများ 🔥

ဝက်ဝံဆိုးတွေရဲ့ အဓမ္မဖိနှိပ်မှုတွေကို ရင်ဆိုင် အံတုနေတဲ့ ခြေသံလုံလုံ တုပ်ချက်ပြင်းတဲ့ နွေဦးပျားတွေရှိပါတယ်။

Level 4 ရောက်ရှိတဲ့ Scavenger အဆင့် မှာတော့ ရရာ ဝတ္ထုပစ္စည်းများနဲ့ လျှို့ဝှက် ရုန်းကန် အားထုတ်မှုတွေနဲ့ အတူ ပျားအိမ်တွေကို မရပ်မနား တည်ဆောက် ကာကွယ်ကြပါတယ်။

အန္တရာယ်ပေါင်းစုံဝန်းရံနေတဲ့ မြို့ပြတခွင်မှာ တိတ်တဆိတ် လှုပ်ရှားနေကြတဲ့ သတ္တိခဲ အညတရ ပြောက်ကျား သူရဲကောင်းတွေရဲ့အခန်းကဏ္ဍကို ကိုယ်စားပြုပါတယ်။ 🥷

နွေဦးပျား Level 4 ရောက်ရှိသူတိုင်းကို လေးစားဂုဏ်ပြုပါတယ်။ 🐝

ပြည်သူနဲ့ တသားတည်း သိုသိပ်စွာ ဆက်တုပ်ကြစို့။

🕹️ SpringBees ဆော့ရန်:
bit.ly/SpringBeesBot

#SpringBeesbySDB
#ProtectYourColony
#SpringDevelopmentBank
310👍31🎉9
ပြည်သူ့ဘဏ္ဍာရေးမှူး RM များ 👩‍🚀

နွေဦးဘဏ်ရဲ့ တရားဝင်ခန့်အပ်ထားသော Relationship Managers (RM) များသည် နွေဦးဘဏ်အတွက် ရှေ့တန်းမှ ဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများ ဖြစ်ကြပါတယ်။ ဒါ့အပြင် -

🔹 ငွေသွင်း၊ ငွေထုတ် ဆောင်ရွက်မှုများအတွက် RM များထံမှ လုပ်ဆောင်ရာတွင် မည်သည့် ဝန်ဆောင်ခမှ ပေးဆောင်ရန် မလိုအပ်ပါ။

🔹 ICO 2 ရှယ်ယာဝယ်ယူမှု အတွက် နွေဦးဘဏ်မှ တရားဝင် RM များထံမှ သို့မဟုတ် မိမိကိုယ်တိုင်ပါဝယ်ယူနိုင်ပြီး ယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်ပါတယ်။

ICO 2 တွင် ဒီဇင်ဘာ ၅ ရက် နေ့မတိုင်မီ ဘဏ္ဍာရေးမှူး RM များမှတဆင့် အနည်းဆုံး $10 ဖြင့် လုံခြုစွာရင်းနှီးမြှုပ်နှံပြီး အိမ်ပြန်လှိုင်းမှာ အတူ လိုက်ပါစီးနင်းရအောင်လား။

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

ယုံကြည်စိတ်ချ RM များနှင့်သာ ငွေဖြည့်ပါ
www.facebook.com/SpringDevBank/posts/488126620933170

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

#SpringBeesbySDB
#ProtectYourColony
#SpringDevelopmentBank
1.91K👍374🔥38🎉19🥰18👏8👌6
၅ ရက်မြောက်နေ့ ဒေါ်လာ ၃.၅ သန်း ကျော် 🔥

ICO Round 2 စတင်ချိန် နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီ မှ နိုဝင်ဘာ ၁၉ ရက် ည ၉ နာရီအထိ ကိုယ်တိုင် နှင့် RM များမှ တဆင့် နွေဦးဘဏ် အစု ရှယ်ယာ ဝယ်ယူမှုအသီးသီးရဲ့ စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၃.၅ သန်း ကျော် ရရှိထားပြီးဖြစ်ပါတယ်။

ယခု နောက်ဆုံး ICO 2 မှာ ပါဝင်ရန် ဒီဇင်ဘာ ၅ ရက် အထိ (၁၆) ရက် သာ ကျန်ရှိတဲ့အတွက် နီးစပ်ရာ မိတ်ဆွေတွေကို လက်မနှေးကြဖို့ အသိပေးကြရအောင်။

ICO Round 2 Token ဝယ်နည်း
💵 www.facebook.com/SpringDevBank/posts/488488744230291

အားလုံးအတွက် နွေဦးဘဏ်
🫶 bit.ly/m/SDB4all

#ICOround2 #NewWaveNewHome
#SDBTokenOffering #chooseSDB
1.2K👍214👏49👌21🎉20🔥10🥰10
အားလုံး Ready ည၈နာရီ 🚨

ဒီည ၈နာရီမှာပြုလုပ်မယ့် Community Call Live မှာ ဦးမင်းကိုနိုင်ကိုယ်တိုင် နွေဦးဘဏ်ချစ်သူများနဲ့တွေ့ဆုံသွားမှာဖြစ်ပြီး လက်ရှိ ICO Round 2 ရဲ့အရှိန်၊ ပြည်သူများရဲ့ပါဝင်မှု၊ အတူတကွဆက်သွားရမယ့်ခြေလှမ်းတွေကိုလည်း နွေဦးဘဏ်မှရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်။

လက်ဆောင်တွေလည်းပေးမှာမို့ မေးခွန်းလေးတွေပြင်ဆင်ထားဖို့လည်း တိုက်တွန်းချင်ပါတယ်။

ည၈နာရီ မှာအားလုံးအတူဆုံနိုင်ဖို့ ဒီ ပို့စ်လေး share ပြီး ကိုယ့်သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်လိုက်ကြစို့။

၂၀ရက် နိုဝင်ဘာလ၊ မြန်မာစံတော်ချိန် ည၈နာရီ
👉 http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
393👍72🥰17
ICO Round 2, Day 6 - $3.7M+ (12pm MMT)

ICO2 နှင့် အိမ်ပြန်လှိုင်းသစ် ခရီးစဉ်အတွက် ၆ ရက်မြောက်နေ့ မြန်မာချိန် နေ့လည် ၁၂ နာရီခန့်မှာ ရှယ်ယာ ဝယ်ယူမှု စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၇ သန်း ကျော် အထိ ရောက်ရှိလာခဲ့ပါပြီ။

ကိုယ်ပိုင် SDB အကောင့်ဖြင့် ပါဝင်လိုက်ပါသူတို့၏ ဖြည့်တင်းမှုမှာ ဒေါ်လာ ၂ သန်း ခန့်ရှိပြီ ဖြစ်ပါတယ်။

ဘုံအနာဂတ်သစ် ဖြောင့်ဖြူးဖို့ Round 2 တားဂတ် အချိန်မှီပြည့်အောင် ဆက်တွန်းကြပါစို့။ 🚀

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
https://t.me/SpringDevBankCommunity

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
408👍64👏5🎉5🔥2🥰2
ICO ရဲ့ အဓိက အကျိုးအမြတ်က ဘာလဲ?

နွေဦးအရေးတော်ပုံကြောင့် နည်းပညာတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ နွေဦးဘဏ် ဟာ ပြည်သူ့ဘဏ်ဖြစ်တဲ့ အလျောက် ဘဏ်၏အကျိုးအမြတ်အားလုံးကို (၂) ကြိမ်တိုင် ရာနှုန်းပြည့် ခွဲဝေပေးနိုင်ခဲ့တဲ့ အပြင် ယခုဆိုရင် SDB Token မူလတန်ဖိုး ပိုင်ဆိုင်မှုမှာ ၂၅၀% မြင့်တက်လာခဲ့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ခဲ့ပြီ။

Seed Round ICO မှာ ရှယ်ယာတိုကင်ပိုင်ဆိုင်သူပေါင်း ၂၄၀၀၀ ကျော် စုစည်းပါဝင်ခဲ့ကြတဲ့ နှမ်းစေ့ပေါင်းများစွာဟာ သမိုင်းတွင်စေမယ့် အောင်ပွဲအလီလီကို ကြိုဆိုဆွတ်ခူးပေးနိုင်ခဲ့တယ်။

ကိန်းဂဏန်း ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ်ဆိုတာ ထက်ပိုပါတယ်။

ဗိုလ်ကျ စနစ်ဆိုး အပြီးတိုင် ချုပ်ငြိမ်းသွားဖို့ ၊ မြန်မာ့ သမိုင်းသစ် ဖက်ဒရယ် အခွင့်အလမ်းများစွာကို လမ်းဖွင့်ပေးဖို့ ၊ မဟာမိတ် သွေးချင်းပြည်သူပြည်သားတို့၏ အနာဂတ် အာမခံချက်တွေ ကို ဖော်ဆောင်ပေးနိုင်ဖို့ သာ အဓိက ကျပါတယ်။

ခိုင်မာတည်တံ့တဲ့ ဘုံအနာဂတ်သစ်ကို နွေဦးဘဏ်နဲ့ အတူ ယုံကြည်သက်ဝင်သူတို့ဟာ နောက်ဆုံး အိမ်ပြန်လှိုင်းသစ် ICO Round 2 ၏ မျှော်မှန်းချက်ပြည့်မှီအောင် ချီတက်မောင်းနှင်ကြပြီဖြစ်လို့ ခွင့်သာခိုက်မှာ လိုက်ပါဦးစို့။

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
@SpringDevBankCommunity

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
245👍31
အိမ်ပြန်လှိုင်းသစ် ပီတိရှယ်ယာ မျှဝေပါ 💖

ICO2 မှာ နွေဦးဘဏ် အစုရှယ်ယာများကို ကိုယ်တိုင် ဝယ်ယူကြသူများ အနေနဲ့ ကိုယ် ငွေဖြည့်နေကြ၊ ချစ်ခင်လေးစားရတဲ့ RM (သို့မဟုတ်) ကိုယ် အားကျမြတ်နိုးရတဲ့ လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်းတွေကို Referrer ရည်ညွှန်းသူအဖြစ် ရွေးချယ်ပြီး သမိုင်းသစ် ရေးထိုးဖို့အတွက် ပီတိလက်ဗွေ နှိပ် နိုင်ပြီဆိုတာ သိပြီးကြပြီလား။

ဘဏ္ဍာရေးမျက်နှာစာမှ လူထုအောင်ပွဲ အတွက် ကိုမင်းကိုနိုင်နဲ့ အတူ ICO အ​ကြောင်း တစေ့တစောင်း community LIVE ယခု ည ၈ နာရီမှာ အားဖြည့်နားထောင်ကြဖို့လည်း မမေ့နဲ့နော်။

👉 http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
215👍25👌2
Live stream started
တော်လှန်ရေးကဏ္ဍ တိုးတက်မှုများနဲ့ SDB ICO 2 အကြောင်း အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော် ကိုမင်းကိုနိုင်နဲ့ တကွ ICO2 Community Call စတင်နေပြီ ဖြစ်တာကြောင့် အခုပဲ မလွတ်တမ်း နားဆင်ဖို့ ဖိတ်ခေါ်ပါတယ်။

👉 http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
354👍56
Live stream finished (1 hour)
၇ ရက် မြောက်နေ့ မနက် ဒေါ်လာ ၄ သန်း ကျော် 🚀

ICO Round 2 စတင်ချိန် နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီ မှ နိုဝင်ဘာ ၂၁ ရက် မနက် ၉ နာရီအထိ နွေဦးဘဏ် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အသီးသီး၏ စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ သန်း ကျော် ရရှိထားပြီးဖြစ်ပါတယ်။

ဖော်ပြပါ ငွေကြေး (၁၀) မျိုး ဝယ်ယူမှုအားမှာ သက်ဆိုင်ရာ ငွေကြေးပမာဏများပင်ဖြစ်သည့်အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အိမ်ပြန်လှိုင်းစီးမည့် အင်အားကို ပြသဖိို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။

နှမ်းစေ့ပေါင်းများစွာ၏ နောက်ဆုံး လှိုင်းအရွေ့မှာ ပါဝင်ရန် ဒီဇင်ဘာ ၅ ရက် အထိ (၁၄) ရက် သာ ကျန်ရှိတဲ့အတွက် နီးစပ်ရာ နိုင်ငံအသီးသီးရှိ မိတ်ဆွေတွေကို လိုက်ပါကြဖို့ လက်တို့ကြရအောင်။

ICO Round 2 Token ဝယ်နည်း
💵 www.facebook.com/SpringDevBank/posts/488488744230291

အားလုံးအတွက် နွေဦးဘဏ်
🫶 bit.ly/m/SDB4all

#ICOround2 #NewWaveNewHome
#SDBTokenOffering #chooseSDB
224👍29👏24🎉7🔥3
ရွှေထက်ရှားတဲ့ ပုန်ကန်နွယ် ပျားများ ⚔️

SpringBees ကမ္ဘာမှာ လွတ်လပ်မှုကို ရူးသွပ်တဲ့ သူရဲကောင်း ကိုရွှေပျားတို့ဟာ ပျားအိမ်တွေကို စောင့်ရှောက်ကြရင်း အကောင်သေးပေမယ့် အဆိပ်ပြင်းကြောင်း ဝက်ဝံဆိုးတွေ ထုအင်အားနဲ့ တုပ်လွှတ်လျက် ရှိပါတယ်။

နွေဦးပျား Warrior ဆိုတာ တနည်းအားဖြင့် နိုင်ငံနှင့် ပြည်သူ လွတ်မြောက်ရေးအတွက် အသက်ကို ပဓာန မထားပဲ ရွှေထက်ရှားတဲ့ ရဲစွမ်းသတ္တိကို ကိုင်စွဲပြီး လုပ်အား ဉာဏအား ထောက်ပို့အား စသဖြင့် ရှေ့တန်း နောက်တန်း တာဝန်ထမ်းဆောင်နေကြတဲ့ တောင်တန်းမြေပြန့် ကာကွယ်ရေး ရဲဘော် ရဲမေ တွေ အားလုံးကို တန်ဖိုးထား ကိုယ်စားပြုပါတယ်။ ❤️‍🔥

Level 5 အဆင့် ရောက်ရှိသူတိုင်းဟာ ကာကွယ်ရင်း တည်ဆောက် ၊ တည်ဆောက်ရင်း ကာကွယ်ကြသူများ ဖြစ်လို့ အလေးနီပြုပါတယ်။

ဘုံ အနာဂတ်အတွက် နောက်မဆုတ်စတမ်း တည်ကြည် ပြတ်သားမှု နဲ့ ဆက်ပြီး ချစ်ပျားတို့ တုပ်ချက်ပြင်းကြရအောင်။ 💥

ပြည်တင်းရင် မင်းခံနိုင်ရိုးလား။

🕹️ SpringBees ဆော့ရန်:
bit.ly/SpringBeesBot

#SpringBeesbySDB
#ProtectYourColony
#StinglikeSDBees
#SpringDevelopmentBank
244👍31🥰7🎉6🔥2