Spring Development Bank
✔
20.5K subscribers
1.84K photos
95 videos
915 links
Discover the First Neo Bank for Myanmar.
Download Telegram
🤔 နွေဦးထီ ဘယ်လိုထိုးရမလဲ​ ?

လစဥ်ကံထူးသူတွေကြားမှာ ဒီလမှစ ပါဝင်ကံစမ်းချင်သူများအတွက် နွေဦးထီဝယ်ယူနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။

နွေဦးထီကို ယခင်လများမှာ -

✅ SDB အကောင့်မှတဆင့် ငွေဖြည့်ပြီး - နွေဦးထီ Web App မှာ ကိုယ်တိုင်ဝယ်ယူနိုင်သလို၊
✅ နွေဦးထီကိုယ်စားလှယ် (NOH Agents) များကို ဆက်သွယ်ပြီးတော့လည်း လွယ်ကူစွာ ကံစမ်းနိုင်ပါတယ်။

ဒီလမှာတော့ ဖော်ပြပါနည်းလမ်းများအပြင် -
✅ ကိုယ်စားလှယ်များထံမှ နွေဦးထီလက်ဆောင်ကဒ် NOH Gift Card နဲ့ ဝယ်ယူငွေဖြည့်ပြီး - Web App မှာ စိတ်ကြိုက်နံပါတ်ရွေးချယ်ဝယ်နိုင်သလို
✅ လက်ဆောင်ရတဲ့ နွေဦးထီ Gift Card ကို အသုံးပြုပြီးတော့လည်း ကိုယ်တိုင်ကိုယ်ကျ နွေဦးထီထိုးနိုင်ပါပြီ။

ကဲ ဒါဆိုရင်တော့ တစ်စောင်ကို မြန်မာငွေ ၂၀၀၀ ကျပ်နဲ့ နွေဦးထီကံစမ်းဖို့ နည်းလမ်းလေးတွေလည်း ဖော်ပြပေးပြီးဖြစ်လို့ လွယ်လွယ်ကူကူနဲ့ နွေဦးထီကံစမ်းနိုင်ပြီလို့ ယုံကြည်ပါတယ်နော်။

အနာဂတ်အိပ်မက်တွေ နွေဦးထီနဲ့ ခပ်ရဲရဲမက်လိုက်ကြရအောင်လား။

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
❤47🥰2
အိမ်ပြန်လမ်း ခရီးအတွက် တောင်တန်းမြေပြန့် စုပေါင်းအင်အားနဲ့ ဖက်ဆစ် စကစကို တွန်းလှန်ဖို့အတွက် အထိရောက်ဆုံး ဘဏ္ဍာရေးဗျူဟာအသစ် တွေ လာတော့မှာဖြစ်ပါတယ်။

နွေဦးဘဏ် အကောင့်ရှိထားသူတွေ အတွက် မကြာမီ ရောက်ရှိလာမှာမို့ နောက်ဆုံးပန်းတိုင်လှိုင်းမှာ ဝိုင်းဝန်း ပါဝင် ကူညီပေးသွားကြဖိို့ တိုက်တွန်းအပ်ပါတယ်နော်။

SDB အကောင့်ဖွင့်နည်း Video
https://www.facebook.com/SpringDevBank/videos/820120973375392

Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

လွတ်လပ်ဧကန် နွေဦးဘဏ်
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
❤68👍2🥰2👌2
❤️‍🩹 ရေဘေး စစ်ဘေး ရှောင်နိုင်ရေး ၊ ထောက်ပံ့စာနာ ကူညီပေး

ပြည်သူအပေါင်း ပင်ပန်းကြီးစွာ ကြုံတွေ့နေရတဲ့ ဖက်ဆစ်ကောင်စီရဲ့အကြမ်းဖက်မှုများကိုသာမက သဘာဝတရားရဲ့ ရိုက်ခတ်မှုဒဏ်များ ကိုပါ ရင်ဆိုင်နေရပါတယ်။

လက်ရှိ ရေဘေးသင့်နေတဲ့ မြို့နယ်များအတွက် နိုင်ငံအရပ်ရပ်မှ နွေဦးဘဏ်မိသားစုနှင့် အသုံးပြုသူများအနေနဲ့ ဆုတောင်းမေတ္တာ နွေးထွေးမှုတွေ နဲ့အတူ ငွေကြေးစုံလင်စွာနဲ့ SDB မှ လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေ အဖြစ် Ministry of Humanitarian Affairs and Disaster Management - NUG ဖြင့် ချိတ်ဆက်ပြီး လိုအပ်သည့် လုပ်ငန်းစဉ်များအတိုင်း ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့အထိ ကောက်ခံသွားမှာဖြစ်လို့ SDB app မှာ ဖော်ပြပါ QR မှ Scan ဖတ်ပြီး ပါဝင်နိုင်သလို အောက်ပါအတိုင်း ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ဖို့ အသိမိတ်ဆွေများကိုလည်း တိုက်တွန်းနှိုးဆော် နိုင်ပါကြောင်း အထူး မေတ္တာရပ်ခံလိုပါတယ်။

📩 SDB Humanitarian Support Fund
username : sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c

🫶အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
❤57👍8🥰1
Spring Development Bank
❤️‍🩹 ရေဘေး စစ်ဘေး ရှောင်နိုင်ရေး ၊ ထောက်ပံ့စာနာ ကူညီပေး ပြည်သူအပေါင်း ပင်ပန်းကြီးစွာ ကြုံတွေ့နေရတဲ့ ဖက်ဆစ်ကောင်စီရဲ့အကြမ်းဖက်မှုများကိုသာမက သဘာဝတရားရဲ့ ရိုက်ခတ်မှုဒဏ်များ ကိုပါ ရင်ဆိုင်နေရပါတယ်။ လက်ရှိ ရေဘေးသင့်နေတဲ့ မြို့နယ်များအတွက် နိုင်ငံအရပ်ရပ်မှ န…
❤54👍12🥰2
ရေဘေး စစ်ဘေး ရှောင်နိုင်ရေး ရန်ပုံငွေ ကောက်ခံရရှိမှု စာရင်းများ ❤️‍🩹

လက်ရှိ ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ ၁၃ ရက်နေ့ ညနေ မြန်မာချိန် ၉ နာရီ အထိ နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ စုပေါင်းမေတ္တာ ထက်သန်စွာ လှူဒါန်းကြသော လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေများကို ငွေကြေးစုံလင်စွာဖြင့် ပျမ်းမျှ ငွေကျပ် တန်ဖိုး ၄၅,၃၁၁,၂၆၃ ( ကျပ် သိန်းပေါင်း ၄၅၀ ကျော် ခန့် ) လက်ခံရရှိနိုင်ခဲ့ပါတယ်။

၎င်း ရန်ပုံငွေများကို Ministry of Humanitarian Affairs and Disaster Management - NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန မှ တဆင့် မြေပြင်အဖွဲ့အစည်းများအထိ သင့်တော်သည့် လုပ်ငန်းစဥ်များအတိုင်း အမြန်ဆုံး ထောက်ကူနိုင်ဖို့ လွှဲပြောင်း ပို့ဆောင်ရန် ပြင်ဆင်လျက် ရှိပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့အထိ ရန်ပုံငွေ ကောက်ခံသွားမှာဖြစ်လို့ နီးစပ်ရာ SDB အသုံးပြုသည့် မိတ်ဆွေများကိုလည်း ဆက်လက် တိုက်တွန်းနှိုးဆော် နိုင်ပါကြောင်း အသိပေးအပ်ပါတယ်နော်။

📩 SDB Humanitarian Support Fund
username : sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c

🫶အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
👏57❤31👍3🔥3🎉3
Update : ရေဘေး စစ်ဘေး ရှောင်နိုင်ရေး ရန်ပုံငွေ ကောက်ခံရရှိမှု စာရင်းများ

စက်တင်ဘာ ၁၄ ရက်နေ့ ညနေ မြန်မာချိန် ၆ နာရီ အထိ နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ စုပေါင်းမေတ္တာထက်သန်စွာ ငွေကြေးစုံလင်စွာဖြင့် လှူဒါန်းကြသော လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ များကို လဲလှယ်ပြီးနောက် စုစုပေါင်း ငွေကျပ် တန်ဖိုး ၉၀,၀၀၀,၀၀၀ (ကျပ် သိန်းပေါင်း ၉၀၀ တိတိ) ကို Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ လွှဲပြောင်း ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။ ရေဘေးသင့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ် လိုအပ်ချက်များအလိုက် သက်ဆိုင်ရာကဏ္ဍ အသီးသီးရှိ မိတ်ဖက်အဖွဲ့အစည်းများမှ မျှဝေသုံးစွဲသွားမှာ ဖြစ်ပါတယ်။

ကျန်ရှိ ငွေကြေးအလိုက် ပမာဏများကိုလည်း စက်တင်ဘာလ ၂၀ ရက်နေ့အထိ လက်ခံရရှိသွားမည့် ရန်ပုံငွေ နဲ့အတူ ထပ်မံ လွှဲပြောင်းပေးပို့နိုင်ရန် ဆက်လက်ပြီး တတပ်တအား ပါဝင်ထောက်ကူဖို့ တိုက်တွန်းအပ်ပါတယ်နော်။

📩 SDB Humanitarian Support Fund
username : sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c

🫶အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
❤65👏20👍10
လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေ စာရင်း update

ရေဘေးသင့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကဏ္ဍ အလိုက် မျှဝေသုံးစွဲသွားနိုင်ရန် Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ စက်တင်ဘာ ၁၅ ရက်နေ့ ညနေ မြန်မာချိန် ၅ နာရီ အထိ ကောက်ခံရရှိ ရန်ပုံငွေ ကို လဲလှယ်ပြီးနောက် စုစုပေါင်း ကျပ် တန်ဖိုး ၈၀,၀၀၀,၀၀၀ (ကျပ် သိန်းပေါင်း ၈၀၀ တိတိ) ကို ထပ်မံ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါတယ်။

နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ ငွေကြေးစုံလင်စွာဖြင့် လှူဒါန်းကြသော ကျန်ရှိ ပမာဏများနှင့်အတူ စက်တင်ဘာလ ၂၀ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်၍ ဆက်လက်ပြီး စုပေါင်းမေတ္တာ ထက်သန်စွာ ပါဝင် ထောက်ကူကြဖို့ အသိပေးအပ်ပါတယ်နော်။

📩 SDB Humanitarian Support Fund
username : sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c

🫶အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
❤55👏6🥰1
လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေ update ❤️‍🩹

ရေဘေးသင့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး အလိုက် မျှဝေသုံးစွဲသွားနိုင်ရန် Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ စုစုပေါင်း ငွေကျပ် တန်ဖိုး ၁၇၀,၀၀၀,၀၀၀ (ကျပ် သိန်းပေါင်း ၁၇၀၀ တိတိ) ကို ၃ ရက်
အတွင်း လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ ညနေ မြန်မာချိန် ၇ နာရီခွဲ အထိ ကျန်ရှိပမာဏများမှာလည်း အောက်ပါ ငွေကြေးအတိုင်း ပျမ်းမျှ ကျပ်ငွေ သိန်း ၂၅၀ ခန့် လက်ခံရရှိထားပါတယ်။


တိုင်းပြည် ကပ်ဘေးကြုံတွေ့တဲ့အချိန်တိုင်း နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ ငွေကြေးစုံလင်စွာဖြင့် အုတ်တချပ်သဲတပွင့် လှူဒါန်းကြသည့် အယောက်ဆီတိုင်းရဲ့ စုပေါင်း အင်အားကို များစွာ ဂုဏ်ယူမိပြီး တော်လှန်ပီတိ ဖြစ်ကြမယ်လို့လည်း ယုံကြည်ပါတယ်။

ခရစ်ပတိုအသုံးပြုသူများအနေနဲ့ USDT ဖြင့် လှူဒါန်းလိုပါကလည်း အောက်ပါ အတိုင်း ၂၀ ရက်နေ့အထိ သဒ္ဓါ ထက်သန်စွာ ပါဝင်ထောက်ကူကြဖို့ တိုက်တွန်းအပ်ပါတယ်နော်။

✅ SDB နဲ့ ပါဝင်လိုပါက >>>

Spring Development Bank
username : sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c


✅ USDT နဲ့ လှူဒါန်းလိုပါက >>>

Wallet Address :
0xa186a8cDC7f08a329Ef63BF07a3ee8B2a0296aF7

Network Available :
☑️ Binance Smart Chain
☑️ Ethereum
☑️ Polygon

🫶အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
❤54👍7
စိတ်ကြိုက် ကူညီ၊ လှူဒါန်း၊ ထောက်ပို့နိုင်တဲ့ နွေဦးဘဏ် 

၂၀၂၁ က စပြီး ဖိနှိပ်ကန့်သတ်မှုတွေကြားမှာ ရောဂါဘေး၊ စစ်ဘေး ၊ ကပ်ဘေး အန္တာရာယ် တစ်ခုခုကြုံလာတိုင်း လူသားချင်းစာနာမှုမရှိတဲ့ စကစ နဲ့အတူ လက်ဝေခံ ဘဏ်တွေကတော့ အကောင့်တွေကိုပိတ်၊ ငွေကြေးကိုချုပ်နှောင်၊ မတရားစွာ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ဖမ်းဆီးလျက်ရှိနေဆဲပါ။ 

ခုလို ဝမ်းနည်းဖွယ်ကာလမှာ ကြားသိရတဲ့ "ရေဘေးအလှူ" မှတ်ချက်များကို လွတ်လပ်စွာ ရေးသားခွင့် ပျောက်ကွယ်ပြီး ချွေးနဲစာများလည်း ဆုံးရှုံးနေရပါတယ်။ 

ဒါကြောင့် မိမိပိုင်ဆိုင်မှုများကို အလေအလွင့် မရှိရလေအောင် ငွေကြေးစုံလင်တဲ့ SDB ကို အသုံးပြုပြီး အလိုဆန္ဒရှိရာ ဒေသများဆီ ပို့ဆောင်နိုင်သလို Notes မှာလည်း စိတ်ကြိုက်ရေးသားပြီး လှူဒါန်း ၊ စာနာ ၊ လက်ကမ်းနိုင်တဲ့အတွက် ဘက်စုံသုံး နွေဦးဘဏ် ကိုသာ ရွေးချယ်သင့်ကြောင်း ကို ထပ်လောင်း တိုက်တွန်းအပ်ပါတယ်။ 

ပြည်သူတွေမှာ ပြည်သူတွေပဲရှိတယ်၊ ပြည်သူ့ဘဏ် SDB နဲ့ အတူ ရပ်တည်ကြရအောင်။

📩 SDB Humanitarian Support Fund
username : @sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c

🫶အားလုံးအတွက် နွေဦးဘဏ် 
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
👍43❤19🥰1
“အခမဲ့အကောင့်ဖွင့်၊ အခမဲ့ ငွေလွှဲ”

ကိုယ်ပိုင် E-mail တစ်ခုရှိရုံနဲ့ SDB အကောင့် အခမဲ့ဖွင့်နိုင်သလို၊ SDB အကောင့်တစ်ခုရှိထားရုံနဲ့ အချိန်မရွေး၊ နေရာမရွေး မိမိအလိုရှိရာနေရာကို အခကြေးငွေ ပေးဆောင်စရာမလိုပဲ စိတ်တိုင်းကျ ငွေလွှဲနိုင်ပါတယ်။

နွေဦးဘဏ်နှင့်အတူ အခမဲ့ ဝန်ဆောင်မှုတွေ ရယူပြီး လွတ်လပ်တဲ့ အနာဂတ်ဆီသို့ စိတ်ချလုံခြုံစွာ လျှောက်လှမ်းလိုက်ရအောင်။

📲 Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

📲 iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
❤57👏5👍1
“ချိတ်ဆက်မှုတွေမရပ်တန့်ဖို့ နွေဦးဘဏ်ရှိတယ်”

စိတ်ချလုံခြုံရတဲ့ အနာဂတ်ဆီသို့ တွဲလက်ညီညီနဲ့ ရောက်ရှိနိုင်ဖို့ ပြည်သူအားလုံး စုပေါင်းဝိုင်းဝန်းတည်ဆောက်နေကြတယ်ဆိုတာ ယခု ရေဘေးကူညီမှုများက သက်သေပါပဲ။

ဒီလိုစိတ်ဓါတ်နဲ့ ပြင်းပြတဲ့ အားသန်မှုတွေကို ဘယ်အရာကမှ တားဆီးမရနိုင်သလို၊ အချိန်မရွေး လွတ်လပ်စွာ စာနာကူညီနိုင်ဖို့အတွက်တော့ ပြည်သူ့ဘဏ် နွေဦးဘဏ်ရှိနေပါတယ်။

"ရေဘေးအလှူ" "ရဲဘော်လေးအတွက်" "ချပ်ဝတ်တန်ဆာ" အစရှိတဲ့ စကားလုံးအကန့်အသတ် မရှိသလို၊ လွှဲခလုံးဝမရှိပဲ အချင်းချင်း နေရာဒေသမရွေး ပေးပို့နိုင်ပြီး၊ နိုင်ငံတကာ ငွေကြေး (၁၀)မျိုးနဲ့လည်း လက်ခံနိုင်တာဖြစ်လို့ လိုအပ်နေသူတိုင်းအတွက်လည်း အဆင်ပြေချောမွေ့စေပါတယ်။

နွေဦးဘဏ်နဲ့ ချိတ်ဆက်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်လမ်းကို အတူလျှောက်လှမ်းကြရအောင်။

လွတ်လပ်ဧကန် နွေဦးဘဏ်။

📲 Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

📲 iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
❤47👍6👏3
“SDB အကောင့်နဲ့ လက်တွဲကူညီ၊ အားလုံးပြုံးပျော်ကြည်”
🙋‍♀️နွေဦးရေ.. ငါရေဘေးအတွက် လှူချင်လို့။ ဒါပေမယ့်လည်း Notes မှာရေးရုံနဲ့ အကောင့်ပိတ်တယ်ဆိုလား၊ ဘယ်လိုလုပ်ရမလဲ ဟယ်?
👩‍🦳 ဟဲ့! SDB အကောင့်နဲ့လှူလေ။ ကိုယ့်ဖုန်းထဲကနေ ကြိုက်သလို ပို့ရုံပဲ၊
🙋‍♀️ ဟုတ်လား၊ အဲလိုဆိုအဆင်ပြေတာပေါ့။ ဒါပေမယ့် ငါ့မှာ SDB အကောင့်မရှိဘူးရယ်။ 🫢
👩‍🦳 SDB မှာ အကောင့်အခမဲ့ဖွင့်လို့ရတယ်ဆိုတာ ပြောထားတာကြာပြီကို မေ့နေတာလား။ ခုပဲ SDB ကိုဒေါင်းလုဒ်ဆွဲပြီး အကောင့်ဖွင့်လိုက်တော့။ 😒
🙋‍♀️ ဟုတ်ပြီ၊ ဒါမယ့် လွှဲခကရော😅
👩‍🦳 အချင်းချင်းလွှဲခလည်း ပေးစရာမလို၊ Notes လည်း ရေးချင်တာရေးပေးလို့ရ၊ ငွေကြေးလည်း ၁၀မျိုး…
🙋‍♀️ ရပြီ ရပြီ၊ သိပြီ။ အခုအမြန်ဆုံး SDB နဲ့အကောင့်ဖွင့်ပြီး လှူလိုက်ဦးမယ်ဟေ့၊ နောက်မှဆက်ပြောတော့။
👩‍🦳 …🙂

ကဲ နွေဦးဘဏ်နဲ့ စာနာကူညီနေသူများအနေနဲ့လည်း နွေဦးဘဏ်မှ စီစဉ်ထားသော ရေဘေးသင့်ဒေသများအတွက် စာနာလှူဒါန်းမှုများကို ဒီနေ့နောက်ဆုံးထားပြီး ပေးပို့လှုဒါန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

📩 SDB Humanitarian Support Fund
username: @sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c

#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
❤49👍12
🏆 နွေဦးထီ ဆုငွေ ပုံစံအသစ် ပြင်ဆင် သတ်မှတ်ခြင်း 🏆

၂၀၂၄ မတ်လ ၁ ရက်နေ့ မှာ ဆန်းသစ်ဖွင့်လှစ်ခဲ့တဲ့ နွေဦးထီ @nwayoohti version 2 ကို ယနေ့ထိတိုင် ဝန်းရံအားပေးခဲ့တဲ့ အနာဂတ်အိပ်မက် ရဲရဲမက်ကြသူ အယောက်စီတိုင်းကို ကျေးဇူးဂုဏ်ပြုတဲ့ အနေနဲ့ နွေဦးထီ ဆုအရေအတွက်ပေါင်း ကို ယခင် “၂၂,၂၃၈ ဆု” မှ စက်တင်ဘာလ ထီဖွင့်ပွဲတွင် စတင် အသက်ဝင်မည့် “၄၂,၂၂၉ ဆု” အထိ နှစ်ဆ နီးပါး တိုးမြှင့် သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

အသစ်ပြင်ဆင် ပြောင်းလဲထားသည့် ဆုပေါင်း လေးသောင်းကျော်မှာ မဟာဆုကြီးများ ဖြစ်သည့် 🥇ပထမဆု “သန်း ၅၀၀ ကျပ်” ၊ 🥈ဒုတိယဆု “သန်း ၂၀၀ ကျပ်” ၊ 🥉တတိယဆု “သန်း ၁၀၀ ကျပ်” နှင့် 🏅အထူးဆု Jackpot Prize “သန်း ၅၀ ကျပ်” ကို မူလအတိုင်း မပြောင်းလဲပဲ ထားရှိမှာ ဖြစ်ပါတယ်။

🎖️ဂုဏ်ပြုဆုများတွင် ပထမဆုနှင့် နောက်ဆုံး နံပါတ်လွဲသည့် Lucky Prize “သိန်း ၁၀၀ ကျပ်” ကံကောင်းဆု (၉) ဆု မပါရှိတော့ပဲ Gift Prize “သိန်း ၅၀ ကျပ်” လက်ဆောင်ဆု (၁၀) ဆု နှင့် Consolation Prize “သိန်း ၂၀ ကျပ်” နှစ်သိမ့်ဆု (၁၅) ဆု ကို မူလအတိုင်း ထားရှိမှာ ဖြစ်ပါတယ်။

🏵️ နွေဦးထီတွင် ဂဏန်းတူ ပျော်ရွှင်ဆုများကို မဟာဆုများနဲ့ နောက်ဆုံးဂဏန်းများ နှင့် လုံးဝ မတူပဲ သီးခြားဆု အဖြစ် ပေးအပ်ချီးမြှင့် လျက်ရှိပါတယ်။

4️⃣နောက်ဆုံး (၄) လုံးတူ “Last 4 Digits” ဆု အား အရေအတွက် ၂၀၀ အတိုင်း ထားရှိပြီး ဆုငွေ ပမာဏအားဖြင့် ၁ သိန်း ကျပ် မှ ၃ သိန်း ကျပ် အဖြစ် တိုးမြှင့် သတ်မှတ်မှာ ဖြစ်ပါတယ်။

3️⃣နောက်ဆုံး (၃) လုံးတူ “Last 3 Digits” ဆု ၏ အရေအတွက် ကို ၂,၀၀၀ အတိုင်းထားရှိပြီး ဆုငွေ ပမာဏအားဖြင့် ၃ သောင်း ကျပ် မှ ၅ သောင်း ကျပ် အဖြစ် ပြင်ဆင် သတ်မှတ်မှာ ဖြစ်ပါတယ်။

2️⃣နောက်ဆုံး (၂) လုံးတူ “Last 2 Digits” ဆု၏ ဆုငွေ ပမာဏအား ၅ ထောင် ကျပ် မှ ၁ သောင်း ကျပ် အထိ တိုးမြှင့်ထားတဲ့အပြင် ထပ်တိုး နောက်ထပ် (၂) လုံးတူ ဆုအား တိုးချဲ့ထည့်သွင်းပြီး စုစုပေါင်း အရေအတွက် နှစ်ဆ အဖြစ် ၄၀,၀၀၀ ဆု အထိ ချီးမြှင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။

နွေဦးထီ ဆုငွေ ပုံစံအသစ် နှင့်တကွ လွယ်ကူစွာ ငွေဖြည့်ပြီး ကံစမ်းနိုင်ဖို့ NOH Gift Card လက်ဆောင်ကဒ် ၊ နွေဦးရိမ်းဂျား အစီအစဉ်များနှင့် အခြားသော ပိုမိုကောင်းမွန်သည့် Product များလည်း မကြာမီ ရောက်ရှိလာမည်ဖြစ်လို့ ပြည်သူအားလုံးရဲ့အိမ်ပြန်ခရီးအတွက် အိပ်မက်သစ်တို့ မက်ကြရအောင်။

🎁နွေဦးထီ အကြောင်း ပိုမိုသိရှိရန်
https://bit.ly/m/NwayOoHti4u

#NwayOoHti
#WeDreamBold
❤79👍17🥰2
ငွေကြေး (၇)သွယ်၊ ကံစမ်းမယ် 🎰

အောင်လံလွှင့်ချီ နွေဦးထီ ရဲ့ "ငွေကြေး ဆယ်မျိုး၊ ထီပြိုင်ထိုး" Challenge ကြီးကို (၆)လ တိတိ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် ယခု စက်တင်ဘာလမှာတော့ ကံတက်စေမယ့် ဂဏန်းနံပါတ်လေးအတိုင်း ငွေကြေး (၇) သွယ်နဲ့ ကံစမ်းနိုင်မယ့် အစီအစဥ်လေး အဖြစ်ပြောင်းလဲထားပါတယ်။

ဒီ Challenge လေးမှာ ပါဝင်နိုင်ဖို့ အတွက် စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း AUD, EUR, GBP, THB, KRW, JPY, MYR အစရှိတဲ့ ငွေကြေး (၇) သွယ်ကို အသုံးပြုပြီး စိန်ခေါ် ကံစမ်းရမှာဖြစ်လို့ မိမိနှစ်သက်ရာ ထီအစောင်ရေများနဲ့လည်း ကံစမ်းနိုင်ပါတယ်။

ကံတရားကို နည်းအမျိုးမျိုးနဲ့ စမ်းသပ်နေကြတဲ့ NOH ချစ်သူ တဦးချင်းစီ ကို သန်း (၅၀၀) နှင့်တကွ မဟာဆုကြီးများ ကံထူးကြစေရန် အစဥ်မျှော်လင့်ပြီး ဘေးဘယာအပေါင်းမှကင်းဝေးကြပါစေလို့လည်း လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုပါတယ်။

ပိုပိုကံစမ်းပြီး ပိုပိုလှူဒါန်း ကြပါစို့။

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
❤49🥰3
နွေဦးဘဏ်အကောင့် ရှိပြီးပြီလား ?

ပိတ်ပင်တားဆီးမှုတွေကြားမှာ စနစ်တကျနဲ့ အပြန်အလှန် ကူညီချိတ်ဆက်လုပ်ဆောင်နေကြတဲ့ ပြည်သူ့ဘက်တော်သား မောင်နှစ်မများနဲ့ အဖွဲ့အစည်းများကို နွေဦးဘဏ်မှာ အကောင့်ဖွင့်ထားဖို့ ဖိတ်ခေါ်ပါရစေ။

နွေဦးဘဏ်မှာ အကောင့် အခမဲ့ ဖွင့်ထားလိုက်ရုံနဲ့
✅ ပမာဏအကန့်အသတ်မရှိ လက်ခံနိုင်တယ်
✅ အချင်းချင်း အခမဲ့ ပြန်လည်လွှဲပြောင်း ပေးပို့နိုင်တယ်
✅ နိုင်ငံတကာမှ ငွေကြေး (၁၀)မျိုးနဲ့လည်း စီမံခန့်ခွဲနိုင်တယ်
✅ Notes မှာ မိမိစိတ်ကြိုက်လည်း ရေးသား ပေးပို့နိုင်တဲ့အပြင်
✅ ပိတ်ပင်ခံရမှာကို စိုးရိမ်ပူပန်စရာမလိုပဲ လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

အခုလို အခမဲ့ငွေလွှဲစနစ် နဲ့ ငွေကြေးအစုံရှိတဲ့ နွေဦးဘဏ်ကို အသုံးပြုပြီး ပြည်သူမှ ပြည်သူသို့ လူသားချင်းဆိုင်ရာ ကူညီမှုများကို စိတ်လုံခြုံ လွတ်လပ်စွာ ပြုလုပ်လိုက်ရအောင်။

နွေဦးဘဏ် - ပြည်သူ့ဘဏ်။

✨SDB အကောင့်ဖွင့်လိုသူများအတွက်
📲 Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

📲 iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
❤55👍6
နွေဦးဘဏ်ချစ်သူတို့၏ ကျပ် သန်း ၂၄၀ ကျော် စုပေါင်း ရန်ပုံငွေ ✅

ရေဘေး၊ စစ်ဘေးသင့် ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ ၁၂ မှ ၂၁ အထိ (၁၀) ရက်အတွင်း ကောက်ခံရရှိသည့် ရန်ပုံငွေများကို Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ စုစုပေါင်း ငွေကျပ် တန်ဖိုး ၂၄၀,၈၇၇,၀၇၇ (ကျပ် သိန်းပေါင်း ၂၄၀၀ ကျော်) ကို (၃) ကြိမ် ခွဲ၍ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

၂၁ ရက်နေ့ နောက်ပိုင်း ထပ်မံ ရရှိမည့် အလှူငွေများကိုလည်း စုစည်းပြီး စက်တင်ဘာ လကုန်တွင်ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

တိုင်းပြည် ကပ်ဘေးကြုံတွေ့ချိန်တိုင်း ပြည်တွင်းပြည်ပ နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ ရွှေအပါအဝင် နိုင်ငံတကာငွေကြေးများဖြင့် အုတ်တချပ်သဲတပွင့် ထည့်ဝင် လှူဒါန်းကြသည့် အယောက်ဆီတိုင်းရဲ့ စုပေါင်းအင်အားကို ဂုဏ်ယူပီတိ ဖြစ်ကြမယ်လို့လည်း ယုံကြည်ပါတယ်။

လွတ်မြောက်နယ်မြေရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ အနေဖြင့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ ကောက်ခံမြှင့်တင်ခြင်း ၊ ဖြန့်ဝေစီးဆင်းခြင်း ကိစ္စများအတွက် ငွေကြေးစုံလင်သည့် နွေဦးဘဏ်ကို အသုံးပြုနိုင်ကြောင်း ဖ်ိတ်ခေါ် တိုက်တွန်း အသိပေးအပ်ပါတယ်။

အိမ်ပြန်လှိုင်းကို နွေဦးဘဏ်နှင့်အတူ ဆက်ချီတက်ကြရအောင်။

🫶အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
❤60👏8👍4🎉3