Spring Development Bank
✔
17.3K subscribers
3.03K photos
202 videos
1 file
1.3K links
Discover the First Neo Bank for Myanmar.
Download Telegram
Keep Their Dreams Alive သီတင်းကျွတ်ဂီတညခင်း - Thadingyut Charity Concert 2026 ရဲ့ ဝင်ခွင့်လက်မှတ်များကို Dolpha Pay မှတဆင့် အောက်ပါ အသုံးပြုနည်း လမ်းညွှန်အတိုင်း အားပေးဝယ်ယူနိုင်ပါပြီနော်။ ✨

လက်မှတ်များ ဝယ်ယူရန်
https://www.dolphapay.com

#KeepTheirDreamsAlive #ThadingyutCharityConcert2026 #DolphaPay #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤48👍4
SGS 10.10 Sales ရဲ့ အထူး Offer တွေကို October 15 ရက်နေ့အထိ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်နော်။ 🎉💙

🛍️ $10.10 Picks
Tote Bags • Baseball Caps • SpringBees Keychains

🎁 $18 Buy 1 Get 1 Acrylic Keychain FREE
SpringBees Figurines • NOH Fluffy Keychain • S4 Fluffy Keychain

သတင်းကောင်းလေးကတော့ SGS 10.10 Sales ရဲ့ အထူး Offer တွေကို October 15 ရက်နေ့အထိ တိုးမြှင့်ပေးထားတာကြောင့် ကိုယ်နှစ်သက်တဲ့ SGS Collectibles လေးတွေကို Campaign မပြီးဆုံးခင် @SpringZey မှာ SDB Payment နဲ့ အခုပဲ ဝယ်ယူရင်း အထူး Offer တွေကို လက်မလွတ်တမ်း ရယူလိုက်ကြရအောင်နော်။ 🛍️✨

#SpringGalaxyStore #OurGalaxyOurFuture #SGS #1010Sales #SpringBees #NwayOoHti #SpringDevelopmentBank
❤49👍3🔥1🥰1
@SpringZey ချစ်သူများအတွက် အောက်တိုဘာလရဲ့ “တူယှဥ်နွှဲပျော် သီတင်းကျွတ်ဈေးရောင်းပွဲတော်" ကို အောက်တိုဘာလ ၁၅ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ထားပါတယ်။

📅 Promotion ကာလ — ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့အထိ

🌏 Promotion ရရှိနိုင်မယ့် နိုင်ငံများ — ထိုင်း၊ စင်္ကာပူနှင့် မလေးရှား

🚚 Promotion အစီအစဉ် — $15 နှင့်အထက် ဝယ်ယူတဲ့ Order များအတွက် ဒေသတွင်း ပို့ဆောင်ခ Cashback ရရှိနိုင်မှာ ဖြစ်ပါတယ်။

💳 ငွေပေးချေမှုဆိုင်ရာ သတိပြုရန်

မိမိတို့ ကြိုက်နှစ်သက်ရာ currency ကို ပြောင်းလဲဝယ်ယူနိုင်ပါသည်။ သတိပြုရန်မှာ မိမိတို့ @SpringDevBank ထဲရှိ ငွေဖြည့်ထားသော currency ကိုသာ ရွေးခြယ်ဝယ်ယူမှသာလျှင် successful transaction အဖြစ် ငွေပေးချေနိုင်မှာပဲ ဖြစ်ပါတယ်။

အသေးစိတ်ကို သိရှိလိုပါက SpringZey ၏ Facebook page messenger မှ မေးမြန်းနိုင်ပါသည်။

ဒီမှာဝယ်ပါ − https://www.springzey.com/

#SpringZey #WhereLocalMeetsGlobal #ThadingyutSale #October #Myanmar #festival #FREEDOMESTICSHIPPING #Thailand #Singapore #Malaysia
❤43🥰7👍4
သီတင်းကျွတ်မှာ ပညာဒါန အလင်းရောင်တို့ မျှဝေစို့ 🪔

သီတင်းကျွတ်ဆိုတာ ချစ်ရသူတွေကို လက်ဆောင်ပေးပြီး ကောင်းမှုလေးတွေ မျှဝေကြတဲ့ မြန်မာတို့ရဲ့ မြတ်နိုးစရာ အချိန်လေးပါ။ ဒီနှစ်မှာ SIF ကလည်း ပညာသင်ယူခွင့်ဆိုတဲ့ လက်ဆောင်လေးနဲ့ ပါဝင်ချင်ပါတယ်။

❇️ @SpringDevBank × @SpringCrowdFund တို့ ပူးပေါင်းကျင်းပမယ့် "Keep Their Dreams Alive - သီတင်းကျွတ်ဂီတညခင်း" Charity Concert မှာ ပထမဆုံး လက်မှတ် (၅၀၀) အတွက် @SIFinstitute ကနေ Scholarship Coupon (၅၀၀) ကို ပညာဒါနအဖြစ် ထပ်ဆောင်းပေးမှာပါ။

🪔 လက်မှတ် ၁ စောင်ဝယ်ရင် Coupon ၁ ခု ရမှာဖြစ်ပြီး Abnormal၊ Extant၊ Ko Aung Myint Myat ပါဝင်တဲ့ The Circle တို့ရဲ့ တေးဂီတဖျော်ဖြေမှုတွေကို ပျော်ပျော်ရွှင်ရွှင် နားဆင်ရင်း စစ်ဘေးရှောင်ဒေသက ကလေးငယ်တွေရဲ့ ပညာရေးအိပ်မက်ကို ပံ့ပိုးနိုင်သလို FinTech ပညာသင်ယူခွင့်လည်း ရရှိမှာပါ။

🪔 ရလာတဲ့ Coupon ကို SIF Platform မှာ နှစ်သက်ရာ Paid Course တစ်ခုကို Enroll လုပ်ဖို့ သုံးနိုင်ပါတယ်။ Claim မလုပ်ရသေးရင် တခြားသူတွေကို ပညာဒါနလက်ဆောင်အဖြစ် ပြန်ပြီးမျှဝေလို့လည်း ရပါတယ်။

ဒီသီတင်းကျွတ်မှာ တေးဂီတနဲ့အတူ စီးမျောရင်း ပညာသင်ယူခွင့်လေးတွေပါ မျှဝေလိုက်ကြရအောင်။ 💪

•••

🎶 “Keep Their Dreams Alive - သီတင်းကျွတ်ဂီတညခင်း” Thadingyut Charity Concert 2026

▫️23 October, 2026 (Friday)
▫️7.00 PM MMT
▫️Zoom

လက်မှတ်များ ဝယ်ယူရန်
https://www.dolphapay.com

#SIF #SpringInstituteOfFinTech #KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund 
❤45🥰5👍2
SDBVerse Comics 🪔

နှစ်ပတ်တစ်ကြိမ် ပေါ့ပေါ့ပါးပါးနဲ့ အပန်းပြေ ဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍလေး ပြန်လည်ရောက်ရှိလို့ လာပါပြီ။ ✨

လာမယ့် သီတင်းကျွတ်ကာလလေးအတွက် အလုပ်ရှုပ်နေကြတဲ့ SDB ရုံးတွင်းက July နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဘယ်လို အထူးအစီအစဉ်လေးတခုကို ကြိုတင်ပြင်ဆင်နေကြတာလဲဆိုတာ သိရဖို့အတွက် ဒီတပတ်ရဲ့ SDBVerse Comic လေးမှာ အတူတူ ကြည့်လိုက်ရအောင်နော်။ 🎉

#SDBVerse #SDBComics #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤58👍3🥰2
ရပ်တည်ချက် မယိုင်လဲ၊ ယုံကြည်ချက် မပြောင်းလဲတဲ့ လူငယ်တွေရဲ့ ဂီတသံများနဲ့  Abnormal Band 🎶 

လူငယ်တွေရဲ့ ခံစားချက်နဲ့ မျှော်လင့်ချက်တွေကို အားပြင်းတဲ့ Rock သံစဉ်တွေနဲ့ ဖော်ပြနေတဲ့ Abnormal Band က အောက်တိုဘာလ (၂၃)ရက်နေ့မှာ လုပ်မယ့် "Keep Their Dreams Alive" သီတင်းကျွတ်ရန်ပုံငွေပွဲမှာ ပါဝင်ဖျော်ဖြေပေးသွားမှာပဲ ဖြစ်ပါတယ်။ 🎉 

ပြည်သူတွေဝယ်ယူလိုက်တဲ့ လက်မှတ်တစ်စောင်စီက သူတို့ရဲ့  အကြမ်းစား အနုပညာဖန်တီးမှု‌တွေကို နားဆင်ခံစားနိုင်မယ့်အပြင်  တဖက်မှာလည်း စစ်ဘေးကြားမှာ ကြီးပြင်းနေရတဲ့ ကလေးငယ်တွေအတွက် ပညာသင်ယူခွင့်တွေ ဆက်ရှိနေဖို့  အားတစ်ခုဖြစ်နေစေမှာပါ။ 💪 

🗓 အောက်တိုဘာ ၂၃ ရက်၊ ၂၀၂၆
🕖 ည ၇ နာရီ — မြန်မာစံတော်ချိန်
💻 Zoom မှတဆင့်
🎟 လက်မှတ်တစ်စောင် — ၃၀၀ ဘတ်

ပြည်သူနဲ့အတူ ရပ်တည်နေတဲ့ လူငယ်တွေကို ပြည်သူ့အားနဲ့ ပြန်ဝန်းရံကြမယ်။ လက်မှတ်လေးဝယ်၊ သူငယ်ချင်းတွေကို ဖိတ်ပြီး Abnormal Band နဲ့အတူ ဆုံကြမယ်နော်! 💛

Dolpha Pay မှ လက်မှတ်ဝယ်ယူရန်
www.dolphapay.com

SDB Counter မှတဆင့် ဝယ်ယူရန်
www.facebook.com/SDBCounter


#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund #thadingyut #charity_concert #revolution #sdb #scf
❤53🥰5👍2
SDB Token ကို အပေါင်ထားပြီး Collateral Loan ရယူထားပြီဆိုရင် ချေးငွေရယူပြီးတဲ့နောက်ပိုင်းမှာလည်း ကိုယ့်ရဲ့ Loan အခြေအနေနဲ့ အပေါင်ထားတဲ့ Token တွေကို ပုံမှန်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ✅ 

ဒါကြောင့် ဒီနေ့မှာတော့ ကိုယ့်ရဲ့ SDB Token တွေကို ပိုမိုဂရုစိုက်စီမံနိုင်ဖို့ လက်တွေ့အသုံးဝင်တဲ့ အလေ့အကျင့် (၅) ခုကို အတူတူကြည့်လိုက်ရအောင်။ 🫶🏻

၁။ LTV Ratio ကို ပုံမှန်စစ်ဆေးပါ

SDB Token ပေါက်ဈေး ကျဆင်းလာရင် ကိုယ့်ရဲ့ LTV Ratio မြင့်လာနိုင်ပါတယ်။ ဒါကြောင့် App ထဲမှာ LTV Ratio အခြေအနေကို ပုံမှန်စစ်ဆေးပေးပါ။

၂။ အတိုးကို (၁၂) လအတွင်း ပေးချေပါ

(၁၂) လအတွင်း မပေးဆပ်ရသေးတဲ့ အတိုးတွေဟာ ချေးငွေပမာဏထဲကို ပေါင်းစပ်သွားနိုင်ပြီး LTV Ratio ကို မြင့်တက်စေနိုင်ပါတယ်။

၃။ Margin Call Email ရလျှင် ချက်ချင်းဖွင့်ကြည့်ပါ

Liquidation မဖြစ်မီ SDB မှ Email မှတဆင့် Margin Call Alert ပေးပို့ပေးပါတယ်။ Alert ရရှိတဲ့အခါ မိမိရဲ့ Loan အခြေအနေကို ချက်ချင်းစစ်ဆေးပြီး လိုအပ်တာကို အချိန်မီ ဆောင်ရွက်ပါ။

၄။ LTV 80% နီးကပ်လာခြင်းကို မစောင့်ပါနဲ့

LTV Ratio မြင့်တက်လာနေပြီဆိုပါက ကြိုတင်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ချေးငွေပြန်ဆပ်ပြီး ချေးငွေအသစ် ပြန်လည်ရယူခြင်းမှာလည်း အချိန်လိုနိုင်တာကြောင့် နောက်ဆုံးအချိန်အထိ မစောင့်ဆိုင်းသင့်ပါ။

၅။ App ထဲက Loan Terms တွေကို ပြန်လည်ဖတ်ရှုပါ

မိမိရယူထားတဲ့ Collateral Loan ရဲ့ Liquidation၊ Liquidation Fee နဲ့ Shortfall တို့ စည်းမျဉ်းတွေက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို နားလည်ထားခြင်းက အရေးကြီးပါတယ်။ 

ကိုယ့်ရဲ့ SDB Token တွေကို ဂရုစိုက်တာက ချေးငွေရယူပြီးတဲ့နောက်မှာ စတင်တာမဟုတ်ဘဲ၊ နေ့စဉ်စောင့်ကြည့်ပြီး အချိန်မီ ဆောင်ရွက်တဲ့ အလေ့အကျင့်ကောင်းတခုအဖြစ် စတင်လိုက်ကြပါစို့။

#CollateralLoan #SDBToken #MarginCall #Liquidation #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤46🥰6👍3