Spring Development Bank
✔
17.5K subscribers
2.98K photos
195 videos
1 file
1.28K links
Discover the First Neo Bank for Myanmar.
Download Telegram
ထားဝယ်ခရိုင်၊ လောင်းလုံဒေသမှာ ကြုံတွေ့နေရတဲ့ ရေဘေးအတွက် @SpringCrowdFund (SCF) မှာ အရေးပေါ်ကမ်ပိန်း စတင်နေပြီဖြစ်လို့ နွေဦးပြည်သူများ အနေနဲ့ @SpringDevBank ဖြင့်ချိတ်ဆက်ပြီး တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။

🔹 ပလက်ဖောင်းအသုံးပြုခ လုံးဝပေးစရာမလိုဘဲ လှူဒါန်းငွေ ရာနှုန်းပြည့် ရေဘေးသင့်ပြည်သူများထံ အမြန်ဆုံးလွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။

🔹 လှူဒါန်းငွေပမာဏကို ပွင့်လင်းမြင်သာစွာ ကြည့်ရှုနိုင်ပြီး ဂုဏ်ပြု Certificate ကိုလည်း ချက်ချင်းလက်ခံရရှိနိုင်မယ်ဖြစ်လို့ ခက်ခဲနေချိန်မှာ အချင်းချင်း ဖေးမကူညီရင်း အတူတကွ အားဖြည့်ပေးကြပါစို့။ 💛

(ဤ Post လေးကို Share ပေးခြင်းဖြင့်လည်း ကူညီနိုင်ပါတယ်)

🔗 ကမ်ပိန်းအကြောင်း အသေးစိတ်ဖတ်ရှုရန်နှင့် ပါဝင်လှူဒါန်းရန်
springcrowdfund.org/c/mNR41W


#SpringDevelopmentBank #SDB #SpringCrowdFund #SCF #EmergencyRelief #RealBankRealFreedom #ChooseSDB
5❤67👍5🥰1
ဒီနေ့မှာတော့ Galaxy HODLer 2 Mission က ဆက်လက်မောင်းနှင်နေဆဲဖြစ်ပြီး ပန်းတိုင်ရောက်ဖို့ရန် အချိန် ၁ လတိတိသာ ကျန်ရှိတော့တဲ့အလျောက် ယခုအချိန်ထိ ကတိပြုထားတဲ့ HODL ပမာဏကို ခိုင်ခိုင်မာမာ ထိန်းသိမ်းလာနိုင်ခဲ့တဲ့ အနာဂတ် HODLer များရဲ့ သမာဓိနဲ့ ဘုံယုံကြည်ချက် တို့အတွက် ဂုဏ်ယူမိပါတယ်။ 💫

အောက်တိုဘာလ (၃၁) ရက်နေ့ Mission ပြီးဆုံးသည်အထိ မိမိတို့ရဲ့ SDB Token တွေကို ခိုင်ခိုင်မာမာ ဆက်လက်ကိုင်ဆောင်ထားပြီး၊ လအကုန်မှာ အထိုက်တန်ဆုံး ဆုလာဘ်များနဲ့အတူ သမာဓိခိုင်မာတဲ့ Galaxy HODLer များအဖြစ် အောင်ပွဲခံလိုက်ကြရအောင်။ 🚀

#GalaxyHODLer2 #SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤67🥰5👍4
Website နဲ့ App Link အတုအယောင်တွေကနေ မိမိရဲ့ Account နဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူဖို့ ကြိုးပမ်းတဲ့ Phishing Scam တွေ ပိုမိုဖြစ်ပေါ်လာတာကြောင့် Link တွေကို အသုံးပြုတဲ့အခါ အထူးသတိထားဖို့ လိုအပ်ပါတယ်။

🔹 တရားဝင် Channel တွေမှ မျှဝေပေးထားတဲ့ Link တွေကိုသာ အသုံးပြုပါ။

🔹 မသေချာတဲ့ Sender/Channel များမှ Link တွေကို မနှိပ်မိရန် သတိပြုပါ။

🔹 App များအတွက် ပြင်ပ Link (သို့) မသေချာတဲ့ APK ဖိုင်များမှ Download ရယူခြင်းကို ရှောင်ကြဉ်ပြီး တရားဝင် App Store/Play Store မှသာ ရယူပါ။

မသေချာတဲ့ Link တခုကို နှိပ်မိခြင်းက မိမိရဲ့ Account နဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေးကို ထိခိုက်စေနိုင်တာကြောင့် Link တွေကို အမြဲစစ်ဆေးပြီး သတိရှိရှိ အသုံးပြုကြပါ။

#SpringDevelopmentBank #SDB #RealBankRealFreedom #SecurityAlert #SafeBanking #PhishingAwareness #ChooseSDB
❤65👍4🥰3
ဒီနှစ် သီတင်းကျွတ် ညချမ်းလေးကို ပိုပြီး အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်တဲ့ အကြည်ဓာတ်လေးတွေ ရှိလား... ✨

ဂီတသံစဉ်လေးတွေ နားဆင်ရင်း စစ်ဘေးရှောင် ကလေးငယ်လေးတွေရဲ့ ပညာရေးအိပ်မက်တွေကို အတူတူ ဖေးမကူညီပေးနိုင်မယ့် အစီအစဉ်ကောင်းတစ်ခု @SpringDevBank နဲ့ @SpringCrowdFund တို့ဆီကနေ ရောက်လာတော့မယ်နော်။

ဘယ်လို အနုပညာရှင်တွေက ဖျော်ဖြေပေးသွားမလဲ...
ဘယ်လို ရင်ခုန်စရာ အစီအစဉ်တွေ ပါဝင်မလဲ...

လာမယ့် အောက်တိုဘာ (၇) ရက်နေ့မှာ အစီအစဉ်အပြည့်အစုံ ကြေညာပေးသွားမှာမို့... အခုကတည်းက ပြက္ခဒိန်ပေါ်မှာ Date လေး မှတ်ထားလိုက်တော့နော်။ 😍❤️

#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund 
❤68👍5🥰2
SDB မှ အရေးကြီးသတင်းအချက်အလက်များနဲ့ အကောင့်ဆိုင်ရာ အသိပေးချက်တွေကို Email မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားလေ့ရှိပါတယ်။ 📥

ဒါကြောင့်မို့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို အချိန်မီသိရှိပြီး မလွတ်သွားစေဖို့ မိမိတို့ SDB အကောင့်ဖွင့်ထားတဲ့ Email ကို ပုံမှန်ဝင်ရောက်စစ်ဆေးတဲ့ အလေ့အကျင့်လေး မွေးမြူကြပါစို့နော်။ 💛

SDB အကောင့်ရယူရန်
📲 bit.ly/m/SDB4all

SDB အသုံးပြုနည်း လမ်းညွှန်
📖 bit.ly/SDBmanual


#SpringDevelopmentBank #SDB #SecurityAwareness #SmartBanking #RealBankRealFreedom #ChooseSDB
👍41❤39
Media is too big
VIEW IN TELEGRAM
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ မြန်မာချိန် ည ၈:၀၀ နာရီမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများ၊ $SDB Token နဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SDBExchangeFunction #SDBToken #SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
❤53👍5🥰1
Spring Galaxy Store ရဲ့ 10.10 Sales အတွက် ကိုယ်နှစ်သက်တဲ့ SGS Collectibles လေးတွေကို အထူး Offer တွေနဲ့ ရယူနိုင်ပါပြီ။ 💫

🎒 $10.10 Picks
@SpringDevBank Tote Bags • Baseball Caps • @SpringBeesbySDB Keychains
တစ်ခုကို $10.10

🎁 $18 Buy 1 Get 1 Free
SpringBees Figurines • @NwayOoHti Fluffy Keychain • Super 4 Fluffy Keychain
$18 ဖိုးဝယ်ယူတိုင်း Acrylic Keychain တစ်ခု FREE ရရှိမှာပါ။

10.10 Sales က အောက်တိုဘာ ၆ ရက်မှ ၁၀ ရက်နေ့အထိသာ ဖြစ်ပြီး $15 နှင့် အထက် ဝယ်ယူမှုများအတွက် ပြည်တွင်းပို့ဆောင်ခ အခမဲ့ ( Thailand, Singapore,Malaysia) ဖြစ်တာကြောင့် ကိုယ်နှစ်သက်တဲ့ SGS Collectibles လေးတွေကို @SpringZey မှာ SDB Payment နဲ့ အခုပဲ ရယူလိုက်ပါနော်။ ⏳💙

10.10 Sales ဖြင့် SGS ဝယ်ယူရန်
https://www.springzey.com/galaxy-merchandise

SpringZey ရဲ့ Free Delivery အကြောင်း ပိုမိုသိရှိရန်
https://www.facebook.com/share/1CiQx4m7v9/?mibextid=wwXIfr


#SpringGalaxyStore #OurGalaxyOurFuture #SGS #1010Sales #SpringBees #NwayOoHti #SpringDevelopmentBank
❤49🥰4👍2
ဒီသီတင်းကျွတ်မှာ ဂီတနားဆင်ရင်း စစ်ဘေးရှောင်ကလေးငယ်လေးတွေရဲ့ ပညာရေးအိပ်မက်တွေကို အတူတူပံ့ပိုးကြမယ်။ ✨ 

အောက်တိုဘာ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ “Keep Their Dreams Alive” သီတင်းကျွတ်ဂီတညခင်း — Thadingyut Charity Concert 2026 ကို @SpringDevBank နဲ့ @SpringCrowdFund တို့က အွန်လိုင်းကနေ ကျင်းပသွားမှာဖြစ်ပါတယ်။ 

Artist များအနေနဲ့ Abnormal၊ Extant တို့နဲ့အတူ Special Guest ဖြစ်သူ The Circle တို့က ပါဝင်ဖျော်ဖြေပေးသွားမှာဖြစ်ပြီး၊ ဒီပွဲလေးကို ကရင်နီဒေသရှိ စစ်ဘေးရှောင်နေရတဲ့ ကလေးလေးတွေရဲ့ ပညာရေးကို အတူတကွ ထောက်ပံ့ကူညီပေးနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။

ဒီဂီတညခင်းလေးကနေ ရရှိလာမယ့် လက်မှတ်ရောင်းရငွေများကို SCF platform မှာပြုလုပ်နေတဲ့ South Shan State Kayah Liphu Youth ရဲ့ “Keep Their Dreams Alive” ကမ်ပိန်းသို့ စစ်ဘေးရှောင် ကလေးငယ်များရဲ့ ပညာသင်စရိတ်အတွက် ထောက်ပံ့လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဒီလိုလှူဒါန်းမှုနဲ့အတူ ဂီတပွဲဖြစ်မြောက်ရေးအတွက် ကုန်ကျစရိတ်များနဲ့ ပါဝင်အားဖြည့်ပေးကြတဲ့ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်များအတွက်ကိုလည်း ဂုဏ်ပြုပံ့ပိုးပေးသွားမှာပါ။

ဒါကြောင့် လက်မှတ်ဝယ်ယူအားပေးခြင်းဖြင့် စစ်ဘေးရှောင် ကလေးငယ်များအတွက် ပညာဒါနသာမက အမှန်တရားဘက်မှာ ခိုင်မာစွာ ရပ်တည်ပေးနေတဲ့ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်များကိုလည်း ကူညီပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။

လက်မှတ်များကို
- Dolpha Pay 
- SDB Counter Page
- SDB RM 

စတဲ့ နေရာများမှာ အောက်တိုဘာ ၉ ရက်နေ့မှ စတင်ကာ ဝယ်ယူနိုင်မှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်။

#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund 
❤45👍10🥰4
ဒီနေ့ကစပြီး “Keep Their Dreams Alive” သီတင်းကျွတ်ဂီတညခင်း — Thadingyut Charity Concert 2026 အတွက် ဝင်ခွင့်လက်မှတ်များကို စတင်ဝယ်ယူနိုင်ပါပြီ။ ✨

အောက်တိုဘာ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ @SpringDevBank နဲ့ @SpringCrowdFund တို့က အွန်လိုင်းကနေ ကျင်းပသွားမယ့် “Keep Their Dreams Alive” သီတင်းကျွတ်ဂီတညခင်းမှာ Abnormal Band ၊ Extant တို့နဲ့အတူ Special Guest အဖြစ် Ko Aung Myint Myat ပါဝင်တဲ့ The Circle တို့က ပါဝင်ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။ 🎶

ဒီဂီတညခင်းလေးကနေ ရရှိလာမယ့် လက်မှတ်ရောင်းရငွေများကို ကရင်နီဒေသရှိ စစ်ဘေးရှောင်ကလေးငယ်များရဲ့ ပညာရေးအတွက် “Keep Their Dreams Alive” ကမ်ပိန်းသို့ ထောက်ပံ့လှူဒါန်းသွားမှာဖြစ်ပြီး၊ ပွဲဖြစ်မြောက်ရေးအတွက် ကုန်ကျစရိတ်များနဲ့ ပါဝင်အားဖြည့်ပေးကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များကိုလည်း ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် လက်မှတ်တစ်စောင်ဝယ်ယူအားပေးခြင်းနဲ့အတူ စစ်ဘေးရှောင်ကလေးငယ်များရဲ့ ပညာရေးအိပ်မက်တွေကို အတူတူပံ့ပိုးပေးလိုက်ကြရအောင်။ 💛
လက်မှတ်များကို အောက်ပါ Channel များမှတဆင့် ဝယ်ယူနိုင်ပါပြီ။

✅Dolpha Pay : www.dolphapay.com

✅SDB RMs : မိမိဝယ်ယူမယ့် ငွေကြေးအမျိုးအစားအလိုက် SDB App မှတဆင့် သက်ဆိုင်ရာ RM များထံ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

✅SDB Counter : SDB Counter Page ရဲ့ Page Inbox မှတဆင့် စုံစမ်းမေးမြန်းပြီး ဝယ်ယူနိုင်ပါတယ်။

Dolpha Pay မှ လက်မှတ်ဝယ်ယူနည်းလမ်းညွှန်
🔗 https://bit.ly/DolphaPayUserManualTCC

ဒီသီတင်းကျွတ်မှာ ဂီတကို ခံစားရင်း ကလေးငယ်တွေရဲ့ ပညာရေးအိပ်မက်တွေကို အတူတူရှင်သန်ခွင့်ပေးကြမယ်။✨

#KeepTheirDreamsAlive #ThadingyutCharityConcert2026 #TicketSales #SpringDevelopmentBank #SpringCrowdFund
❤35🥰4👍1
SDB Token ကို အပေါင်ထားပြီး Collateral Loan ရယူထားတယ်ဆိုရင် ကိုယ့်ရဲ့ ချေးငွေအခြေအနေကို ပုံမှန်စစ်ဆေးဖို့ အရေးကြီးပါတယ်။

❓LTV Ratio ဆိုတာ ဘာလဲ?

LTV (Loan-to-Value) Ratio ဆိုတာ ကိုယ်ချေးထားတဲ့ ငွေပမာဏနဲ့ အပေါင်ထားတဲ့ SDB Token တန်ဖိုးတို့ရဲ့ အချိုးအစား ဖြစ်ပါတယ်။

LTV Ratio = (ချေးငွေပမာဏ ÷ SDB Token တန်ဖိုး) × 100%

LTV Ratio မြင့်တက်လာနိုင်တဲ့အကြောင်းတွေကတော့ -
▫️SDB Token ပေါက်ဈေး ကျဆင်းသွားတဲ့အခါ
▫️(၁၂) လအတွင်း မပေးဆပ်ရသေးတဲ့ အတိုးတွေ ချေးငွေပမာဏထဲ ပေါင်းစပ်သွားတဲ့အခါ

❓ LTV Ratio 80% ရောက်ရင် ဘာဖြစ်မလဲ?

LTV Ratio 80% (Liquidation Threshold) ရောက်တာနဲ့ Liquidation လုပ်ငန်းစဉ်ကို စနစ်က အလိုအလျောက် စတင်မှာဖြစ်ပြီး Grace Period မရှိသလို စတင်ပြီးတဲ့ Liquidation ကိုလည်း ပြန်ရပ်တန့်လို့ မရတော့ပါဘူး။

အပေါင်ထားတဲ့ SDB Token တွေကို ချေးငွေလက်ကျန်ကို ကာမိစေဖို့ အလိုအလျောက် ရောင်းချမှာဖြစ်ပြီး Liquidation Fee လည်း ကျသင့်မှာ ဖြစ်ပါတယ်။ ရောင်းချရငွေ မလုံလောက်ခဲ့ရင် ကျန်ရှိတဲ့ ကွာဟချက် (Shortfall) ကို ထပ်မံပေးဆပ်ရနိုင်ပါတယ်။

❓ဒါကြောင့် ဘာတွေကို သတိထားသင့်လဲ?

Loan Balance နဲ့ LTV Ratio ကို ပုံမှန်စစ်ကြည့်ပြီး အတိုးတွေကို အစောဆုံး ပေးချေထားပါ။ Margin Call Alert ရတဲ့အခါ အချိန်မနှောင်းစေဘဲ လိုအပ်တာကို ဆောင်ရွက်ပါ။

ကိုယ့်ရဲ့ LTV Ratio ကို သတိပြုကာ ဒီနေ့ပဲ စစ်ဆေးကြည့်ကြပါစို့။ ✅

#CollateralLoan #SDBToken #MarginCall #Liquidation #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤30
ကလေးတွေရဲ့ ပညာရေးအိပ်မက်တွေကို ဖြည့်ဆည်းပေးရင်း ကိုယ်ချစ်တဲ့ အနုပညာရှင်တွေကိုပါ အားပေးပံ့ပိုးနိုင်မယ့် သီတင်းကျွတ်ညလေး 🎶🕯️

“Keep Their Dreams Alive” Thadingyut Charity Concert မှာ ပါဝင်ခြင်းက ကရင်နီ စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာသင်ယူခွင့်အတွက် အားဖြည့်ပေးသလို၊ ပွဲမှာ ပါဝင်ဖျော်ဖြေကြမယ့် အနုပညာရှင်တွေရဲ့ ဖန်တီးမှုနဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း အားပေးရာရောက်ပါတယ်။ 💛

ဒီအဓိပ္ပာယ်ရှိတဲ့ ညလေးမှာ ကမ္ဘာတဝှမ်းက ပြည်သူတွေ ပါဝင်အားဖြည့်ဖို့ ပိုမိုလွယ်ကူအောင် နိုင်ငံခြားငွေကြေး (၁၀) မျိုးဖြင့် အောက်ပါ လက်မှတ်နှုန်းထားများအတိုင်း ဝယ်ယူအားဖြည့်နိုင်တဲ့ အကြောင်းလေးကို သတင်းကောင်းပါးအပ်ပါတယ်။ 🤗

🔺 THB 300
🔺 USD 10
🔺 SGD 13
🔺 MMK 43,000
🔺 AUD 15
🔺 EUR 10
🔺 JPY 1,600
🔺 KRW 13,000
🔺 GBP 8
🔺 MYR 40

🎤 Abnormal Band ၊ Extant Band & The Circle
📅 ၂၀၂၆ အောက်တိုဘာ ၂၃ ရက် (သောကြာနေ့)
🕖 မြန်မာစံတော်ချိန် ည ၇ နာရီ
💻 Zoom မှတဆင့်

ချစ်ရတဲ့သူတွေကိုလည်း ဖိတ်ခေါ်ပြီး သီချင်းတွေနဲ့အတူ ကလေးတွေရဲ့ အိပ်မက်တွေကို ဆက်လက်ရှင်သန်ဖို့ အတူတကွ ကြိုးစားကြရအောင်။

Dolpha Pay မှ လက်မှတ်ဝယ်ယူရန်
www.dolphapay.com

SDB Counter မှတဆင့် ဝယ်ယူရန်
www.facebook.com/SDBCounter


#KeepTheirDreamsAlive #ThadingyutCharityConcert2026 #TicketSales #SpringDevelopmentBank #SpringCrowdFund
❤20
Media is too big
VIEW IN TELEGRAM
SDB Canteen Chitchat – တမူထူးတဲ့ Season 2 🎙️✨

အပတ်စဉ် သောကြာနေ့တိုင်းအတွက် ပိုမိုလန်းဆန်းတက်ကြွတဲ့ Canteen Chitchat စကားဝိုင်း အစီအစဉ်လေးကို နွေဦးပြည်သူရှေ့မှောက် ပြန်လည်တင်ဆက် ခေါ်ဆောင်လာပါပြီ။ 🎉

မဆုံတာကြာပြီဖြစ်တဲ့ July နဲ့ Eric တို့ရဲ့ စိတ်ဝင်စားဖွယ် စကားဝိုင်းလေးရဲ့ ပထမအပိုင်းကို အခုပဲ အတူတူ ကြည့်ရှုနားဆင် ခံစားလိုက်ကြရအောင်နော်။ 🎧

#SDBCanteenChitchat #SDBPodcastSeries #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤22👍1