Spring Development Bank
✔
17.5K subscribers
2.97K photos
194 videos
1 file
1.28K links
Discover the First Neo Bank for Myanmar.
Download Telegram
ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း Spring Development Bank In-App Exchange ၌ $SDB တိုကင်ရောင်းအား ၂၅ သန်းကျော်နှင့် ဝယ်အား ၃၇ သန်းကျော်အထိ မှတ်တမ်းတင်နိုင်ခဲ့ပြီး ဩဂုတ်လ ပထမနှစ်ပတ်အတွင်း ဝယ်အားထက် ၂.၃ ဆကျော် မြင့်တက်လာခဲ့ကာ ပြင်းပြသော ယုံကြည်မှုနှင့် အားဖြည့်မှုတို့ကို မြင်တွေ့ရပါသည်။ 🚀

ယခုလို မြင့်တက်လာသော တိုကင်ဝယ်အားက ပိုမိုခိုင်မာလာတဲ့ ပြည်သူ့ဘဏ္ဍာနဲ့အတူ ဘုံယုံကြည်ချက်တို့ရဲ့ သက်သေတရပ် ဖြစ်တာကြောင့် ဤအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းပြီး လွတ်လပ်တဲ့ ဖက်ဒရယ်အနာဂတ်ကို အတူတကွ ဆက်လက်လှမ်းချီကြပါစို့။ 💪

SDB Token ထပ်မံဖြည့်တင်းရန် 
📲 http://bit.ly/m/SDB4all

SDB Token ဝယ်ယူနည်းလမ်းညွှန်
▶️ https://www.facebook.com/share/v/1BiofvWMC7


#SDBToken #SDB #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤64👍4💯1
အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် ပြည်သူတရပ်လုံး တညီတညွတ်တည်း စတင်ခဲ့သော တော်လှန်ခရီးလမ်းသည် ယခုတွင် (၅) နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။

ဤကာလတလျှောက် လွတ်လပ်မျှတတဲ့ ဖက်ဒရယ်အနာဂတ်အတွက် စွမ်းစွမ်းတမံ အမှုထမ်းခဲ့ကြသူများ၊ ရဲရင့်စွာ ပေးဆပ်ခဲ့ကြသော သူရဲကောင်းများနှင့်အတူ ကြံ့ကြံ့ခံ ရပ်တည်နေကြသည့် ပြည်သူလူထုတရပ်လုံးကို လေးစားဂုဏ်ပြုအပ်ပါသည်။

ရှေ့ဆက်ရမည့် ခရီးလမ်းအတွက်လည်း SDB သည် ပြည်သူလူထုနှင့် တသားတည်း ဆက်လက်ရပ်တည်ရင်း ခိုင်မာသော ဘဏ္ဍာအင်အားတရပ်အဖြစ် အစွမ်းကုန် ကြိုးပမ်းလျှောက်လှမ်းသွားမည် ဖြစ်ပါသည်။

#PDF5thAnniversary #SpringDevelopmentBank #SDB #RealBankRealFreedom #ChooseSDB
❤48👍8
ချစ်စဖွယ် Spring Galaxy Collectibles အသစ်လေးတွေကို ကိုယ့်ရဲ့ Collection ထဲ ထည့်သွင်းပိုင်ဆိုင်ဖို့ အချိန်ရောက်ပါပြီ။ 💫

အခုလို အချိန်ကာလအကန့်အသတ်နဲ့ SGS Collectibles အသစ်လေးတွေကို အထူး Pre-order ဈေးနှုန်းတွေနဲ့ ကြိုတင်မှာယူနိုင်မှာဖြစ်ပါတယ်။

🐝 SpringBees Figurine
$18 Pre-order Price

🧸 NOH Plushie
$15 Pre-order Price

Pre-order ကာလမှာ စက်တင်ဘာ ၇ ရက်မှ ၂၀ ရက်နေ့ အထိသာ ဖြစ်လို့ Pre-order ကာလအတွင်း အထူးဈေးနှုန်းနဲ့ ကိုယ်နှစ်သက်တဲ့ Collectibles လေးတွေကို Spring Development Bank Payment ဖြင့် မလွတ်တမ်း ကြိုတင်မှာယူထားလိုက်ပါနော်။ ⏳

#SpringGalaxyStore #OurGalaxyOurFuture #SGS #PreOrder #SpringBees #NwayOoHti #SpringDevelopmentBank
❤54👍3
ခိုင်မာတဲ့ အနာဂတ်တခု (Savings Goal) ကို တည်ဆောက်ဖို့ဆိုရင် လစာရရချင်း စုငွေကို အရင်ဆုံး ဖယ်ထားတဲ့ အလေ့အကျင့်လေး မွေးမြူထားဖို့က အရေးကြီးသလို အခုလို စနစ်တကျ ချွေတာထားတဲ့ ငွေအနည်းငယ်က အနာဂတ်မှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် အားကိုးရတဲ့ ကျောထောက်နောက်ခံအင်အားတခု ဖြစ်လာမှာ အသေအချာပါပဲ။ 💵

SDB မှာတော့ သင့်ရဲ့ ရည်မှန်းချက်တွေကို ပံ့ပိုးပေးနိုင်မယ့် ရေတိုရေရှည် စုဆောင်းနိုင်တဲ့ Fixed Deposit၊ တန်ဖိုးခိုင်မာတဲ့ Digital Gold နဲ့ နေ့စဉ်ဝင်ငွေ တိုးပွားစေမယ့် SDB Earn စတဲ့ ဝန်ဆောင်မှုတွေက အသင့်ရှိနေပါတယ်။ ကိုယ့်ရဲ့ စုငွေတွေကို တဖြည်းဖြည်း ပွားများလာအောင် စီမံရင်း၊ ခိုင်မာတဲ့ အနာဂတ်ကို SDB နဲ့အတူ ဆက်လက် တည်ဆောက်လိုက်ပါ။ 💛

#SpringDevelopmentBank #SDB #RealBankRealFreedom #ChooseSDB #SDBSavingGoals #Banking
❤65👍3
ဒီနေ့မှာကျရောက်တဲ့ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ (International Literacy Day) အတွက် စာပေမြတ်နိုးသူများနဲ့ သင်၊ မြင်၊ ကြား ဆရာအသီးသီးကို SDB မှ အထူးလေးစားဂုဏ်ပြုအပ်ပါတယ်။

ဒီလို အဓိပ္ပာယ်ပြည့်ဝတဲ့နေ့လေးမှာ ရိုးရိုးစာပေအပြင် Digital & Financial Literacy အပါအဝင် ခေတ်သစ် FinTech အသိပညာတွေကိုပါ SIF နဲ့အတူ ဆက်လက် လေ့လာနိုင်ပါပြီ။ @SIFinstitute (SIF) မှာ @SpringDevBank Payment ကိုအသုံးပြု၍ လွယ်ကူမြန်ဆန်စွာ ငွေပေးချေပြီးတာနဲ့ ချက်ချင်း Enroll လုပ်ကာ လုံခြုံချောမွေ့စွာ စတင်လေ့လာနိုင်ပါတယ်။

ခေတ်နောက်မကျဖို့ ဒီနေ့ပဲ SIF မှာ SDB Payment နဲ့ Enroll လုပ်ပြီး ကိုယ့်ရဲ့ Digital & Financial Skills ကို မြှင့်တင်လိုက်ပါ။

#InternationalLiteracyDay #DigitalLiteracy #SIF #SpringDevelopmentBank #SDB #RealBankRealFreedom
❤49👍3
eric and july chitchat podcast SQ ep 24 final.mp4
67.6 MB
SDB Canteen Chitchat - Episode 24 (End of Season 1) ✨

အပတ်စဉ်တိုင်း တင်ဆက်ပေးလေ့ရှိတဲ့ Canteen Chitchat Mini-Podcast Series လေးကတော့ နွေဦးပြည်သူများရှေ့မှောက် ပြန်လည်ရောက်ရှိလာပါပြီ။ 🎙️

ဒီတပတ်မှာတော့ Eric ရဲ့ မထင်မှတ်ထားတဲ့ ခွင့်ယူမှုကြောင့် July တယောက် ဘယ်လိုတုံ့ပြန်ခဲ့လဲ နဲ့ Eric ခွင့်ယူရတဲ့အကြောင်းအရင်းလေးကို ကြားသိရဖို့ Season 1 ဇာတ်သိမ်းပိုင်းလေးမှာ အတူတူ နားဆင်လိုက်ကြပါစို့။ 🫶🏻

#SDBCanteenChitchat #SDBPodcastSeries #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤58👍3
Digital Assets တွေကို လုံခြုံစွာထိန်းသိမ်းဖို့ဆိုရင် အကောင့်လုံခြုံရေးကစပြီး ကိုယ်တိုင်ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ 🔐

လုံခြုံရေးအတွက် အောက်ပါအချက်များကို ပြုလုပ်ထားပါ -

⚠️ ခန့်မှန်းရခက်တဲ့ Password အသုံးပြုပြီး မည်သူ့ကိုမှ မမျှဝေပါနဲ့။

⚠️ 2FA (Two-Factor Authentication) ကို အသုံးပြုပြီး အကောင့်လုံခြုံရေးကို ပိုမိုခိုင်မာအောင်ထားပါ။

⚠️ Password၊ PIN နဲ့ OTP တွေကို ဘယ်သူ့ကိုမှ မပေးပါနဲ့။

⚠️ မသင်္ကာဖွယ် Link များကို Email နဲ့ Message တွေမှာ မနှိပ်ခင် သေချာစစ်ဆေးပါ။

⚠️ Email နဲ့ Social Media အကောင့်တစ်ခုခု ထိခိုက်ခံရရင် အဲဒီအကောင့်တွေနဲ့ ချိတ်ဆက်ထားတဲ့ ဝန်ဆောင်မှုတွေကိုပါ အန္တရာယ်ရှိနိုင်တာကြောင့် အကောင့်အားလုံးကို သတိထားကာကွယ်ပါ။

SDB ကလည်း သုံးစွဲသူတွေရဲ့ ဘဏ်အကောင့်နဲ့ အချက်အလက် လုံခြုံရေးကို အစဉ်အမြဲ အလေးထားကာ ကာကွယ်ပေးထားတာကြောင့် မိမိအကောင့်လုံခြုံဖို့ လုံခြုံရေးအလေ့အကျင့်ကောင်းများကို ဒီနေ့ကစပြီး လိုက်နာကြစို့နော်။ 🫶🏻

#DigitalSecurity #SecurityAwareness #SpringDevelopmentBank #SDB #RealBankRealFreedom #ChooseSDB
❤54👍5🥰2
@SpringDevBank မှာ ငွေသွင်းထားရုံနဲ့ ဘဏ္ဍာဂေဟစနစ်တခုလုံးကို သင့်လက်ထဲမှာတင် ပိုင်ဆိုင်နိုင်ပါပြီ။ SDB ရဲ့ သမားရိုးကျဝန်ဆောင်မှုတွေထက် ပိုမိုစုံလင်တဲ့ အောက်ပါ အကျိုးခံစားခွင့်တွေကို တနေရာတည်းမှာ ရယူလိုက်ပါ။

▪️ နိုင်ငံတကာငွေကြေး ၁၀ မျိုးကို လွတ်လပ်စွာလဲလှယ်နိုင်ပြီး SDB အကောင့်ချင်း အချိန်မရွေး အခမဲ့ ငွေလွှဲပြောင်းနိုင်ခြင်း

▪️Binance၊ Bybit၊ Bitget နှင့် MEXC ကဲ့သို့သော ကမ္ဘာ့ Exchange များနှင့် ချိတ်ဆက်ပြီး Polygon Network မှတဆင့် USDT ဖြင့် ငွေသွင်း/ငွေထုတ် ပြုလုပ်နိုင်ခြင်း

▪️Digital Gold ဝယ်ယူစုဆောင်းခြင်း (သို့) အတိုးနှုန်းမြင့်မားသည့် Fixed Deposit များဖြင့် ပိုင်ဆိုင်မှုကို ရေရှည်တိုးပွားစေခြင်း

▪️Weekly Super 4 နှင့် @NwayOoHti တို့တွင် အပတ်စဉ်နှင့် လစဉ်အားဖြည့်ကာ ဆုမဲပေါင်းများစွာကို ကံစမ်းနိုင်ခြင်း

▪️@SpringCrowdFund ဖြင့် လူမှုအကျိုးပြု ကမ်ပိန်းများကို မိနစ်ပိုင်းအတွင်း တိုက်ရိုက်ကူညီ ထောက်ပို့နိုင်ခြင်း

▪️@SpringBees ပျားကမ္ဘာတွင် Reward များဖြင့် လဲလှယ်နိုင်သည့် Pollen များကို နေ့စဉ်စုဆောင်းနိုင်ခြင်း

▪️@SIFInstitute မှတဆင့် ခေတ်သစ်ဘဏ္ဍာရေးနှင့် နည်းပညာ ပညာရပ်များကို စနစ်တကျ သင်ယူနိုင်ခြင်း

▪️@SpringZey တွင် လိုအပ်သည့်ကုန်ပစ္စည်းများကို အလွယ်တကူ ရှာဖွေဝယ်ယူနိုင်ခြင်း

Blockchain-grade လုံခြုံရေးနှင့် ပွင့်လင်းမြင်သာမှုတို့ကြောင့် ကိုယ့်ရဲ့ Digital Asset တွေကို ကိုယ်ကိုယ်တိုင် အပြည့်အဝ ပိုင်ဆိုင်စီမံနိုင်တာကြောင့် ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေးအတွေ့အကြုံသစ်ကို SDB နဲ့အတူ ယနေ့ပဲ စတင်လိုက်ပါ။

#SpringDevelopmentBank #RealBankRealFreedom #ChooseSDB #SDB #DigitalBanking
❤52👍4🥰4
SDBVerse Comics (Part 1)💻 Work From Home ကြသောအခါ

နှစ်ပတ်တကြိမ် သောကြာညတိုင်း ပေါ့ပေါ့ပါးပါးနဲ့ အပန်းပြေ ဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍသစ်လေး ပြန်လည်ရောက်ရှိလို့ လာပါပြီ။ ✨

ဒီတပတ်မှာတော့ Work from home လုပ်ကိုင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပုံမှန်ကြုံတွေ့လေ့ရှိတဲ့ လူအမျိုးစားများနဲ့ တဦးချင်းဆီရဲ့ ကိုယ်ပိုင်အလွဲလေးများကို သိရှိရမှာဖြစ်လို့ အခုပဲအတူ ဖတ်ကြည့်လိုက်ရကြအောင်နော်။ 😁

#SDBVerse #SDBComics #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤43👍7
SDBVerse Comics (Part 2)💻 Work From Home ကြသောအခါ

နှစ်ပတ်တကြိမ် သောကြာညတိုင်း ပေါ့ပေါ့ပါးပါးနဲ့ အပန်းပြေ ဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍသစ်လေး ပြန်လည်ရောက်ရှိလို့ လာပါပြီ။ ✨

ဒီတပတ်မှာတော့ Work from home လုပ်ကိုင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပုံမှန်ကြုံတွေ့လေ့ရှိတဲ့ လူအမျိုးစားများနဲ့ တဦးချင်းဆီရဲ့ ကိုယ်ပိုင်အလွဲလေးများကို သိရှိရမှာဖြစ်လို့ အခုပဲအတူ ဖတ်ကြည့်လိုက်ရကြအောင်နော်။ 😁

#SDBVerse #SDBComics #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤59👍9