Spring Development Bank
✔
17.5K subscribers
2.97K photos
194 videos
1 file
1.28K links
Discover the First Neo Bank for Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ မြန်မာချိန် ညနေ ၆ နာရီမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများ၊ $SDB Token နဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SDBExchangeFunction #SDBToken #SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
1❤55👍4
ကြယ်တာရာစခန်း (၆) ခုနှင့် ဘဏ္ဍာခံတပ် (၃) ရပ်ဖြင့် တည်ဆောက်ထားသော နွေဦးဂလက်စီ၏ (၃) နှစ်ပြည့် အောင်ပွဲခရီးစဉ်သည် ရဲဘော်များအားလုံး၏ စုပေါင်းအားကြောင့်သာ ဖက်ဒရယ်အနာဂတ်အတွက် ညီညွတ်သော အရှိန်အဟုန်ဖြင့် မောင်းနှင်နေတာ ဖြစ်ပါတယ်။ 💫

ဇူလိုင်လ ကုန်ဆုံးရန် (၁၀) ရက်ဝန်းကျင်သာ ကျန်ရှိတော့သည့်အလျောက် အမြင့်ဆုံးဆုလာဘ် စုစုပေါင်း USD 4,800 အထိ မျှဝေပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကို လက်လွတ်မခံဘဲ ကိုယ်တိုင်ထပ်မံ အားဖြည့်ရုံသာမက အနာဂတ် ဂလက်စီမိတ်ဆွေများကိုပါ အမြန်ဆုံး လက်တို့ဖိတ်ခေါ်ပြီး တားဂတ်ခံတပ်များကို အတူတကွ အောင်ပန်းဝင်လိုက်ကြပါစို့။ 🎊

ဇူလိုင်လ ကမ်ပိန်းများတွင် ပါဝင်ရန်
💫 https://www.facebook.com/share/p/1EWzzsQcDs

$SDB Token ဝယ်ယူနည်း ကြည့်ရှုရန်
🎧https://www.facebook.com/share/v/19Dr5mfLLA

USDT ဖြင့် ငွေသွင်းနည်း ကြည့်ရှုရန်
🎧https://www.facebook.com/share/v/18uZyAtLAp

#SDB3YearsAndBeyond #GalaxyBonus #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
1❤73👍7
"Trust, Security, Freedom" ဟူသော ဘဏ္ဍာရေးခံတပ် (၃) ရပ်အပေါ် အခြေခံ၍ ဂလက်စီရဲဘော်တဦးချင်းစီ၏ အစဉ်အမြဲ အားဖြည့်ဝန်းရံမှုများဖြင့် Spring Development Bank ဟာ အနာဂတ်ပြည်သူ့ဘဏ္ဍာရေးစနစ်ဆီသို့ (၃) နှစ်တင်းတင်း တက်ကြွစွာ ခရီးနှင်လှမ်းလာနိုင်ခဲ့ပါပြီ။ 💫

ဤ (၃) နှစ်တာအတွင်း လက်တွဲညီညီ ဖြတ်သန်းခဲ့သော အမှတ်တရများ၊ အရေးပါသော မှတ်တိုင်များနှင့် ဂလက်စီကို ကျော်လွန်၍ အတူတကွ ရှေ့ဆက်သွားမည့် အနာဂတ်မျှော်မှန်းချက်များကို SDB ဦးဆောင်အဖွဲ့ဝင်များ၊ အထူးဧည့်သည်တော်များ နှင့် Community Host မ Wendy တို့မှ မျှဝေဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ 💬

ဒါကြောင့် ဂလက်စီဂေဟစနစ်၏ ကြယ်တာရာစခန်း အသီးသီးမှ နွေဦးပြည်သူများအားလုံးကို မနက်ဖြန်ရဲ့ Live မှာ ပါဝင်ဆင်နွှဲကြရန် လေးစားစွာ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🎊

July 22 (Wednesday) | 7:00 PM MMT
https://t.me/springdevbank?livestream

#TogetherBeyondTheGalaxy #SDBCommunityCall #SDB3YearsAndBeyond #RealBankRealFreedom #ChooseSDB
1❤53👍5
Media is too big
VIEW IN TELEGRAM
SDB Canteen Chitchat - Episode 17 💫

အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးလေ့ရှိတဲ့ Canteen Chitchat Mini-Podcast Series လေးကတော့ နွေဦးပြည်သူများရှေ့မှောက် ပြန်လည်ရောက်ရှိလာပါပြီ။ 🎙️

ဒီတပတ်မှာတော့ July နဲ့ Eric တို့ရဲ့ စကားဝိုင်းလေးမှာ ဇူလိုင်လရဲ့ ကမ်ပိန်း (၂) မျိုး အနက် ကမ်ပိန်းတခုချင်းစီ၏ ရည်ရွယ်ချက်၊ ပါဝင်ပုံနဲ့ ထူးခြားချက်များကို Eric နားလည်လွယ်ရန် July က သေချာရှင်းပြပေးသွားတာဖြစ်လို့ အခုပဲ ပေါ့ပေါ့ပါးပါးနဲ့အတူ နားဆင်လိုက်ကြရအောင်နော်။ 💫

#SDBCanteenChitchat #SDBPodcastSeries #SDB3YearsAndBeyond #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤63👍4🥰1
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ သည် Spring Development Bank (SDB) တည်ထောင်ခဲ့သည်မှာ (၃) နှစ်ပြည့် မြောက်သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

ဤသည်မှာ တည်ဆောက်ခဲ့သော သုံးနှစ် ၊ သက်လုံဖြင့် ရပ်တည်ခဲ့သော သုံးနှစ် နှင့် ကျွန်တော်တို့၏ တော်လှန်ရေး၏ စီးပွားရေးမျက်နှာစာတွင် မလျော့သောစိတ်ဓာတ်ဖြင့် ဆက်လက်တိုက်ပွဲဝင်ခဲ့သော သုံးနှစ်ဖြစ်ပြီး၊ အောက်ပါ ရှင်းလင်းသော ရည်မှန်းချက် (၃) ရပ်ကို အခြေခံ၍ လျှောက်လှမ်းခဲ့ခြင်း ဖြစ်ပါသည်။

▪️အာဏာရှင်၏ ဘဏ္ဍာရေးစနစ်ကို ဟန့်တားပိတ်ဆို့ရန်။

▪️တော်လှန်ရေးကို ငွေကြေးအရ ထောက်ပံ့ကူညီရန်။

▪️အနာဂတ် နိုင်ငံသစ်၏ ဘဏ္ဍာရေးအခြေခံအုတ်မြစ်ကို တည်ဆောက်ရန်။

ယနေ့ သုံးနှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ကျွန်တော်အနေဖြင့် အထူး ပြောကြားလိုသည့် စကားတခွန်းမှာ—

"ကျေးဇူးအထူးတင်ရှိပါသည်။"

SDB ကို နက်ရှိုင်း ယုံကြည်စွာ ဝန်းရံအားပေးခဲ့ကြသော တော်လှန်ရေး အသိုက်အဝန်း အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

ကျွန်တော်တို့၏ အသုံးပြုသူများ၊ Token ကိုင်ဆောင်သူများ၊ Relationship Managers များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ထောက်ခံအားပေးသူများနှင့် လုပ်ဖော်ကိုင်ဖက်များ ၊ လူကြီးမင်းတို့၏ ယုံကြည်မှုနှင့် မလျော့သော အားပေးထောက်ခံမှုတို့သည် စိန်ခေါ်မှုတိုင်းကို ကျော်လွှားနိုင်ရန် ကျွန်တော်တို့အား အမြဲတမ်း အင်အား ဖြစ်စေခဲ့ပါသည်။ ၎င်းတို့မရှိဘဲ SDB သည် ယခုအဆင့်သို့ ရောက်ရှိလာနိုင်မည် မဟုတ်ပါ။

လွန်ခဲ့သော သုံးနှစ်အတွင်း ၎င်းယုံကြည်မှုကြောင့် SDB မှတဆင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၄၅ ဘီလီယံ (မြန်မာကျပ် ၁၁,၀၂၅ ဘီလီယံနှင့် ညီမျှသော) ငွေလွှဲပြောင်းမှု ပမာဏအဖြစ် သက်သေထူလာနိုင်ခဲ့ပါသည်။ ၎င်းသည် ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေသော အသိုက်အဝန်း၏ အင်အား၊ ယုံကြည်မှုနှင့် ကြီးမားသော ပံ့ပိုးမှုကို ထင်ဟပ်ပြသနေသည့် မှတ်တိုင်တခုလည်း ဖြစ်ပါသည်။

ယခု ကျွန်တော်တို့၏ စတုတ္ထနှစ်သို့ ဝင်ရောက်လာသည်နှင့်အမျှ လာမည့် (၁၂) လတာ ကာလသည် "အကောင်အထည်ဖော်ခြင်း (Execution) နှင့် တိုးတက်ချဲ့ထွင်ခြင်း (Growth)" ကို အဓိက ဦးတည်သည့် နှစ်တနှစ် ဖြစ်ပါလိမ့်မည်။

ကျွန်တော်တို့သည် အသုံးပြုသူများအတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စေရန် ဆက်လက် ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သော ထုတ်ကုန် ဝန်ဆောင်မှုများ ၊ ပိုမိုလွယ်ကူ မြန်ဆန်သော ငွေလွှဲပြောင်းမှုများ ၊ ကမ္ဘာတဝန်း ချိတ်ဆက်အသုံးပြုနိုင်သော ဝန်ဆောင်မှုများ ၊​ အသုံးဝင်မှု ပိုမိုကျယ်ပြန့်သော ဘဏ္ဍာရေး ဂေဟကွင်းဆက် ၊ ပိုမို ခိုင်မာ၍ လုံခြုံ စိတ်ချရသော စနစ်များ ၊ ပိုမို ယုံကြည် စိတ်ချရသော လုပ်ငန်းလည်ပတ်မှု ၊ ယုံကြည်စွာ အသုံးပြုနေသူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုအတွေ့အကြုံ တို့ကို ယူဆောင်ပေးသွားမည် ဖြစ်ပါသည်။

တချိန်တည်းမှာပင် ကျွန်တော်တို့သည် ရဲရင့်သော မဟာဗျူဟာမြောက် တိုးတက်မှုကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ကာ Ecosystem ကို ချဲ့ထွင်၍ ရေရှည် တည်တံ့နိုင်သော၊ တိုးချဲ့နိုင်သော၊ ပိုမိုခိုင်မာသော ဘဏ္ဍာရေးအဖွဲ့အစည်းတခုအဖြစ် တည်ဆောက်သွားမည် ဖြစ်ပါသည်။ SDB ၏ မဟာဗျူဟာကို ပိုမို ရင့်သန်စေရုံသာမက Token ကိုင်ဆောင်သူများအတွက်လည်း ရေရှည် တိုးပွားသော တန်ဖိုးများကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ယနေ့အထိ အတူတကွ လျှောက်လှမ်းခဲ့သော ခရီးစဉ်အတွက် ကျွန်တော်အနေဖြင့် အထူးပင် ဂုဏ်ယူမိပါသည်။ သို့သော် သုံးနှစ်ဆိုသည်မှာ အစပျိုးခြင်းသာ ဖြစ်ပါသည်။

ကျွန်တော်တို့၏ ရည်မှန်းချက် မပြောင်းလဲပါ။ တော်လှန်ရေးအသိုက်အဝန်းအပေါ် ကျွန်တော်တို့၏ ကတိကဝတ်သည် မပြတ်မတောက် တည်ရှိနေပါသည်။ ကျွန်တော်တို့၏ အဖွဲ့အစည်းအနေဖြင့် ပိုမို ခိုင်မာလာသလို မျှော်မှန်းချက်များသည်လည်း ယခင်ထက် ပိုမိုကြီးမားလာပါသည်။

အတူတကွ ဆက်လက်ချီတက်ကြမည်။

တော်လှန်ရေးအတွက်။

ဘဏ္ဍာရေးနှင့် စီးပွားရေးလွတ်လပ်ခွင့်အတွက်။

ကျွန်တော်တို့ အတူတကွ တည်ဆောက်နေသော နိုင်ငံသစ်အတွက်။


ကယ်လ်ဗင်
အမှုဆောင်အရာရှိချုပ် (CEO)
နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB)

လွတ်လပ်ဧကန် နွေဦးဘဏ်

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်
5❤90👍7🥰2
Spring Development Bank ရဲ့ (၃) နှစ်တာ ခရီးစဉ်အတွင်း အတူတကွ ဖန်တီးခဲ့ကြတဲ့ အမှတ်တရများ၊ အရေးပါသော မှတ်တိုင်များနဲ့ အနာဂတ်မျှော်မှန်းချက်များကို SDB ဦးဆောင်အဖွဲ့ဝင်များ နှင့် အထူးဧည့်သည်တော်များမှ ယနေ့ ည မြန်မာချိန် ၇ နာရီ Live မှာ မျှဝေဆွေးနွေးသွားမှာဖြစ်လို့ SDB (၃) နှစ်ပြည့် နှစ်ပတ်လည် နေ့ထူးနေ့မြတ်မှာ အတူပါဝင်ဆင်နွှဲကြဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💫

July 22 (Wednesday) | 7:00 PM MMT
https://t.me/springdevbank?livestream

#TogetherBeyondTheGalaxy #SDBCommunityCall #SDB3YearsAndBeyond #RealBankRealFreedom #ChooseSDB
1❤91👍10🏆2
Live stream started
Live stream finished (2 hours)
Media is too big
VIEW IN TELEGRAM
SDB ရဲ့ (၃) နှစ်တာ ခရီးစဉ်အတွက် နွေဦးဘဏ် ဌာနအသီးသီးနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ဂုဏ်ပြုဆုတောင်းများ၊ အနာဂတ်ခရီးအတွက် အားပေးစကားသံများကို အခုပဲ အတူတကွ ခံစားကြည့်ရှုလိုက်ကြရအောင်။

#SDB3YearsAndBeyond #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤80🥰6👍3🎉2
Media is too big
VIEW IN TELEGRAM
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ မြန်မာချိန် ညနေ ၇ နာရီမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများ၊ $SDB Token နဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SDBExchangeFunction #SDBToken #SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
❤53👍4🥰3
ယနေ့ ဇူလိုင် ၂၃ ရက်နေ့တွင် တရားမျှတမှုနှင့် လွတ်လပ်မှုတို့အတွက် မတရားကွပ်မျက်ခြင်းခံခဲ့ရသည်မှာ (၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် အာဇာနည်သူရဲကောင်းများဖြစ်ကြသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား လေးစားစွာဖြင့် အောက်မေ့ဂုဏ်ပြုအပ်ပါသည်။

ဤပေးဆပ်မှုများကို နှလုံးသွင်းကာ မပြီးဆုံးသေးသော ဖက်ဒရယ်ဒီမိုကရေစီ ခရီးလမ်းတွင် ပြည်သူလူထုနှင့်အတူ SDB မှ တရားမျှတလွတ်လပ်သော ဖက်ဒရယ်အနာဂတ်အတွက် ဆက်လက်ရပ်တည် ကြိုပမ်းသွားပါမည်။

#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤61👍7👏1
ဇူလိုင် ၁၅ ရက်မှ ၂၂ ရက်အတွင်း SDB In-App Exchange ၌ $SDB တိုကင်ဝယ်ယူမှု ၁၂.၇ သန်းကျော် ထပ်မံရရှိခဲ့ပြီး၊ ဇူလိုင်လအတွင်း စုစုပေါင်းဝယ်ယူမှုမှာ ၄၀ သန်းကျော်အထိ ရောက်ရှိကာ Trust ခံတပ် တားဂတ်၏ ၄၀.၄% နှင့် Freedom ခံတပ် တားဂတ်၏ ၁၃.၅% အထိ အောင်မြင်စွာ လှမ်းချီလာနိုင်ခဲ့ပါသည်။ 🚀

3 Years & Beyond ကမ်ပိန်း၏ တားဂတ်ခံတပ်များကို အချိန်မီ အရောက်လှမ်းနိုင်ရန် ဇူလိုင်လကုန်အထိ အချိန်ကျန်ရှိနေသေးသည်မို့ ဂလက်စီရဲဘော်တဦးချင်းစီ၏ ပါဝင်အားဖြည့်မှုများဖြင့် အရှိန်ထပ်မြှင့်တင်ကာ အတူလက်တွဲညီစွာ ပန်းတိုင်ဆီသို့ ဆထက်တိုး ချီတက်ကြပါစို့။ 💪

SDB Token များ ထပ်မံအားဖြည့်ရန်
📲 bit.ly/m/SDB4all

3 Years & Beyond ကမ်ပိန်းတွင် ပါဝင်ရန်
💫 https://www.facebook.com/share/p/19LwipejwU

SDB Token ဝယ်ယူနည်းလမ်းညွှန်
🎧https://www.facebook.com/share/v/14mrJkNYRN7

#3YearsAndBeyond #SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤74👍3
နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) သည် စတင် ထူထောင်သည့်အချိန်မှ စ၍ ကမ္ဘာတဝန်းရှိ တော်လှန်ပြည်သူများ အား ယုံကြည်မှု (Trust) ၊ လုံခြုံမှု (Security) ၊ လွတ်လပ်မှု (Freedom) တို့ကို အခြေခံ၍ တော်လှန်ရေး အကျိုးပြု ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်ရန် ခိုင်မာစွာ ကတိသစ္စာ ပြုထား သည့်အတိုင်း ပြည်သူ့ အင်အားဖြင့် တော်လှန်ရေးကာလ၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ကျော်လွှားရင်း တိုးတက်ခိုင်မာစွာ ရပ်တည်လာခဲ့သည်မှာ ဇူလိုင်လ ၂၂ ရက်နေ့တွင် (၃) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

(၃) နှစ်တာ ကာလ အတွင်း @SpringDevBank (SDB) သည် အသုံးပြုသူပေါင်း (၆) သိန်း နီးပါး နှင့်တကွ Transaction ငွေကြေးလွှဲပြောင်းမှုပမာဏ စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ ၂.၄၅ ဘီလီယံ ခန့် ရှိသည့် အခြေခံ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ ပြည်သူ့ရန်ပုံငွေမြင့်တင်ရေး အစီအစဥ်များ၊ ပြည်တွင်းပြည်ပ မိတ်ဖက်လူထု ကွန်ရက်များအကြား လုံခြုံလွတ်လပ်သော အစားထိုး ငွေကြေးဝန်ဆောင်မှုများကို လက်တွေ့ကျကျ ပိုမိုတိုးချဲ့ ဆောင်ရွက်လာနိုင်ခြင်းသည် လူထုအောင်ပွဲ၊ တော်လှန်ရေး အောင်ပွဲသာ ဖြစ်ပါသည်။

ဤခရီးစဉ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ သန်းကျော်ခန့်အထိ တခဲနက် ဝန်းရံဝယ်ယူခဲ့ကြသည့် နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ၏ SDB Token ရောင်းချမှု ICO Round 1 နှင့် Round 2 ရင်းနှီးမြှုပ်နှံမှု အစီအစဥ်များက အစပြု၍ ၂၀၂၅ နိုဝင်ဘာလ တွင် ကမ္ဘာကျော် နိုင်ငံတကာ အိတ်ချိန်းတခုဖြစ်သော MEXC ပလက်ဖောင်းတွင် တရားဝင် စျေးကွက် စာရင်းဝင်ရောက်နိုင်ခဲ့ခြင်း ကဲ့သို့သော တိုးတက်မှု မှတ်တိုင်များစွာ လည်း စိုက်ထူနိုင်ခဲ့ပါသည်။

အဆိုပါ တော်လှန်ရေးခရီးစဉ်တွင် နိုင်ရာဝန်ထမ်း၍ ယုံယုံကြည်ကြည် အသုံးပြုသူ မိဘပြည်သူများ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများကို ရှေ့တန်းမှ သက်လုံကောင်းစွာဖြင့် ဆောင်ရွက်လျက်ရှိသော RM များ၊ မိတ်ဖက် အဖွဲ့အစည်းများ နှင့် နောက်ကွယ်မှ မောင်းနှင်ပေးနေသည့် SDB အဖွဲ့သားများ အားလုံးကို လေးနက်စွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

နွေဦးဖွံ့ဖြိုးရေးဘဏ်အနေဖြင့် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ဟူသော မဏ္ဍိုင် (၂) ရပ်ကို ဗဟိုပြုကာ လက်ရှိ ပထဝီနိုင်ငံရေး ၊ စီးပွားရေး အကျပ်အတည်း အခင်းအကျင်းများအား ပြည်သူလူထုနှင့်အတူ ရင်ဆိုင်အံတုရင်း တော်လှန်ရေး ပန်းတိုင် ရောက်သည်အထိ မဆုတ်မနစ် ဆက်လက် ရှင်သန် ရပ်တည်သွားမည် ဖြစ်ကြောင်း ထပ်လောင်း ကတိပြုအပ်ပါသည်။

ဦးတင်ထွန်းနိုင်
ပြည်ထောင်စုဝန်ကြီး
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
❤83🥰5👍1
3 Years & Beyond ခရီးစဉ်ကြီးမှာ Galaxy ရဲဘော်များအားလုံး စကြဝဠာအနှံ့မှ စုစည်းညီညွတ်စွာဖြင့် တခဲနက် လက်တွဲပါဝင်ပြီး Galaxy တခွင် ကာကွယ် စောင့်ရှောက်ရမယ့် သမိုင်းဝင် အချိန်အခါသမယ ကျရောက်လို့ လာပါပြီ။ 🪐

ပြည်သူ့ဘဏ္ဍာ ခံတပ်များကို အတူတကွ ပိုမိုခိုင်မာတောင့်တင်းစေဖို့ $SDB Token များဖြင့် အားဖြည့်ရင်း ဇူလိုင် (၃၁) ရက်မတိုင်မီ အနိမ့်ဆုံး 100 Million Trust မျှော်မှန်းချက်ကို အောင်မြင်အောင် (၃) ဆ ညီညွတ်စွာ ဖြည့်ဆည်းကြရအောင်။ 💪

SDB Token များ ထပ်မံအားဖြည့်ရန်
📲 bit.ly/m/SDB4all

3 Years & Beyond ကမ်ပိန်းတွင် ပါဝင်ရန်
💫 https://www.facebook.com/share/p/19LwipejwU

SDB Token ဝယ်ယူနည်းလမ်းညွှန်
🎧https://www.facebook.com/share/v/14mrJkNYRN7

#SDB3YearsAndBeyond #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤70👍4🥰2
ရက်ပေါင်း (၂၀၀၀) ပြည့်မြောက်သည့် ယနေ့တွင် မတရားမှုကို ငြင်းဆန်ပြီး လွတ်လပ်မှု၊ တရားမျှတမှုနှင့် ပြည်သူတို့၏ မျှော်လင့်ချက်အတွက် မယိမ်းမယိုင် ရပ်တည်ခဲ့ကြသည့် လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူများ၏ မလျှော့သော ဇွဲလုံ့လနှင့် အနစ်နာခံမှုများကို အစဉ်အမှတ်ရလျက်ရှိပါသည်။

ပေးဆပ်မှုများကို နှလုံးသွင်းလျက် တရားမျှတမှု၊ ယုံကြည်မှုနှင့် ညီညွတ်ခြင်းတို့ဖြင့် ပိုမိုကောင်းမွန်သော ဖက်ဒရယ်အနာဂတ်ဆီသို့ နွေဦးဘဏ်မှ ပြည်သူများနှင့်အတူ ခိုင်မာစွာ ဆက်လက်လျှောက်လှမ်းသွားပါမည်။

#2000DaysofResistance #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤72🥰7
SDB (၃) နှစ်ပြည့် အထိမ်းအမှတ်များအနက် တခုဖြစ်တဲ့ Galaxy Bonus ကမ်ပိန်းမှာ ပြီးဆုံးရန် (၃) ရက်သာ ကျန်ရှိတော့တာကြောင့် ဂလက်စီရဲဘော်များ အားဖြည့်ပါဝင်ပြီးပြီလား။ 💫

10 USDT ကို Polygon မှ ဖြည့်သွင်းပြီး နွေဦးဂလက်စီရဲ့ ကြယ်တာရာစခန်း (၂) ခုကို ဖြတ်ကျော်ကာ အားလုံးအတူ မျှဝေရယူနိုင်မယ့် USD 1,800 Galaxy Prize Pool ဆုလာဘ်ကို လက်မလွှတ်တမ်း ပါဝင်ဆွတ်ခူးလိုက်ပါစို့။ 🥳

USDT ဖြင့်ငွေသွင်းနည်းလမ်းညွှန်
🎧 https://www.facebook.com/share/v/19DqLWNGUR

Galaxy Bonus Campaign
🔗 https://www.facebook.com/share/p/1EhBGM7xtP

#SDB3YearsAndBeyond #GalaxyBonus #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
❤78👍5
SDB (၃) နှစ်ပြည့် ဆုလာဘ်များအတွက် ဇူလိုင် (၃၁) ရက်နေ့တွင် ပြီးဆုံးမည့် “3 Years & Beyond” ကမ်ပိန်းနှင့် ဇူလိုင် (၂၈) ရက်နေ့တွင် ပြီးဆုံးမည့် Galaxy Bonus ကမ်ပိန်းတို့၌ ဂလက်စီရဲဘော်များ၏ ဘုံယုံကြည်ချက်နှင့် ညီညွတ်မှုကို တက်ညီလက်ညီ ပြသလျက်ရှိသလို၊ သင့်အတွက် နောက်ဆုံး ရင်ခုန်စရာ အထူးအစီအစဉ်တခုလည်း ကျန်ရှိနေပါသေးတယ်။ 🥳

မနက်ဖြန်မှာ ဂလက်စီရဲဘော်များနှင့် Galaxy HODLer များအတူ ဖက်ဒရယ်အနာဂတ်ဆီသို့ ညီညွတ်စွာ လက်တွဲလျှောက်လှမ်းနိုင်မယ့် အထူးကြေညာချက်ကို ထုတ်ပြန်ပေးသွားမှာဖြစ်လို့ အခုကတည်းက အသင့်ပြင်ပြီး အတူစောင့်မျှော်လိုက်ကြပါစို့။ 🎉

3 Years & Beyond တွင်ပါဝင်ရန်
https://www.facebook.com/share/p/19LwipejwU

Galaxy Bonus တွင်ပါဝင်ရန်
https://www.facebook.com/share/p/1EhBGM7xtP

#SDB3YearsAndBeyond #GalaxyBonus #GalaxyHODLer2 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤82👍5
SDB (၃) နှစ်ပြည့် အထိမ်းအမှတ်တခုအဖြစ် ဂလက်စီရဲဘော်များနှင့် Galaxy HODLers များ၏ ဘုံကြယ်တာရာခရီးစဉ်ကို ယနေ့မှစတင် ဖွင့်လှစ်လိုက်ပါပြီ။ 🚀

အောက်ပါ HODLer Form မှာ ဖြည့်သွင်းကာလ ဇူလိုင် (၂၇) ရက်နေ့မှ (၃၁) ရက်နေ့အတွင်း အနည်းဆုံး 30,000 $SDB Token မှစ၍ -

🤝 လက်ရှိ HODLer များအနေဖြင့် ကတိပြုထားသော တိုကင်ပမာဏကို ကျန်ရှိကိုင်ဆောင်ကာလ (၃) လ ဖြစ်သည့် ဩဂုတ် (၁) ရက်နေ့ မှ အောက်တိုဘာ (၃၁) ရက်နေ့ အတွက် ထပ်တိုးဖြည့်သွင်းခွင့် နှင့်

🤝 3 Years & Beyond ကမ်ပိန်းမှာ $SDB Token ဝယ်ယူထားသော ဂလက်စီရဲဘော်များ နှင့် HODLer အဖြစ် အသစ်ပါဝင်လိုသည့် တိုကင်ကိုင်ဆောင်သူများ အနေဖြင့် ဩဂုတ် (၁) ရက်နေ့ မှ အောက်တိုဘာ (၃၁) ရက်နေ့အထိ သမာဓိထိန်း HODL ထားမည် ဖြစ်ကြောင်း ကတိပြု၍ တိုကင်အပ်နှံခွင့် တို့ကို ရယူနိုင်ပြီ ဖြစ်ပါတယ်။

HODLer မစ်ရှင်ရဲ့ ဆုလာဘ်များဖြစ်တဲ့ 6% APR နှင့် ဂုဏ်ယူဝင့်ကြွားနိုင်မယ့် အထူးအမှတ်တံဆိပ် Galaxy HODLer Tag တို့အတွက် Galaxy Warriors များနှင့် Galaxy HODLers များ လက်တွဲကာ ဤ (၃) လတာ ဖက်ဒရယ်ခရီးစဉ်ကို အခုပဲ စာရင်းပေးသွင်း ပါဝင်လိုက်ကြပါစို့။ 🥳

Galaxy HODLer 2 မစ်ရှင်မှာ ထပ်တိုးစာရင်းပေးသွင်းပါ
🔗 bit.ly/GalaxyHODLer2AgreementExt

#GalaxyHODLer2Extension #SDB3YearsAndBeyond #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤64🥰5👍2