Spring Development Bank
✔
17.5K subscribers
2.97K photos
194 videos
1 file
1.28K links
Discover the First Neo Bank for Myanmar.
Download Telegram
SDBVerse Comics (Part 3)
Special Episode – Galaxy Bonus 💫

နှစ်ပတ်တကြိမ် ပေါ့ပေါ့ပါးပါးနဲ့ သောကြာနေ့ညတိုင်းမှာ အပန်းပြေ ဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍသစ်လေး ပြန်လည်ရောက်ရှိလာပါပြီ။ ✨

Galaxy Bonus Mission အသစ် စတင်မှုနဲ့အတူ SDB ရဲ့ လုပ်ဖော်ကိုင်ဖက်များအတွက် မမျှော်လင့်ထားတဲ့ Tarot Session တခုက ဘယ်လို အံ့အားသင့်စရာ ကံကြမ္မာတွေကို ဖော်ထုတ်ပေးမလဲဆိုတာ ဒီတပတ် SDBVerse Comic မှာ အတူတူ ဖတ်ကြည့်လိုက်ကြရအောင်နော်။ 🔮

#SDBVerse #SDBComics #GalaxyBonus #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
1❤52👍3
ဇူလိုင် ၁ ရက်မှ ၁၄ ရက်အတွင်း SDB In-App Exchange ၌ $SDB တိုကင်ဝယ်ယူမှု ၂၇ သန်းကျော်အထိ ရောက်ရှိခဲ့ပြီး၊ ပြည်သူလူထု၏ စုပေါင်းအားနှင့် ဘုံယုံကြည်ချက်တို့ဖြင့် ဖက်ဒရယ်အနာဂတ်သစ်ဆီသို့ လျှောက်လှမ်းနေသည့် ခြေလှမ်းများကို ထင်ဟပ်လျက်ရှိပါသည်။ 🚀

3 Years & Beyond ကမ်ပိန်း၏ တားဂတ်ခံတပ်များဆီသို့ ရောက်ရှိနိုင်ရန် ဂလက်စီရဲဘော်တဦးချင်းစီ၏ ပါဝင်အားဖြည့်မှုတိုင်းသည် အဆုံးအဖြတ်ပေးမည့် ခွန်အားဖြစ်သည်မို့၊ အတူလက်တွဲညီစွာ ဆထက်တိုးကာ အချိန်မီ လှမ်းချီကြပါစို့။ 💪


$SDB Token ထပ်မံအားဖြည့်ရန်
 đŸ“˛ bit.ly/m/SDB4all

3 Years & Beyond ကမ်ပိန်းတွင် ပါဝင်ရန်
💫https://www.facebook.com/share/p/19LwipejwU

Exchange Function အသုံးပြုနည်း လမ်းညွှန်
📖 bit.ly/SDBmanual


#3YearsAndBeyond #SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
1❤67🥰6👍4
Galaxy Bonus ကမ်ပိန်းရဲ့ ပထမအဆင့်အတွက် Polygon Network မှတဆင့် 10 USDT Deposit ပြုလုပ်ရာတွင် 3 Years & Beyond ကမ်ပိန်းရဲ့ အနည်းဆုံးပမာဏဖြစ်တဲ့ 30,000 $SDB Token ဝယ်ယူရန် လိုအပ်တဲ့ ပမာဏအထိ USDT ကို ထပ်တိုးဖြည့်သွင်းလိုက်ရုံဖြင့် ကမ်ပိန်း (၂) ခုလုံးတွင် တချိန်တည်း ပါဝင်နိုင်မယ့် အခွင့်အရေးကို ရယူနိုင်ပါတယ်နော်။ 💫

USD ဖြင့် တိုက်ရိုက်ဝယ်ယူနိုင်သည့် $SDB Token ရဲ့ အားသာချက်ကို အသုံးချပြီး၊ နှစ်ဆင့်ခံ ငွေလဲလှယ်မှုမလိုဘဲ လွယ်ကူစွာ ပါဝင်ကာ နွေဦးဘဏ်ရဲ့ (၃) နှစ်ပြည့်မည့် အထိမ်းအမှတ်ကာလကို ဂလက်စီဆုလာဘ်များနှင့်အတူ အတူတကွ ဆင်နွှဲစောင့်ကြိုလိုက်ကြပါစို့။ 🎊

USDT ဖြင့်ငွေသွင်းနည်းလမ်းညွှန်
📖 bit.ly/SDBmanual

3 Years & Beyond Campaign
🔗https://www.facebook.com/share/p/1E5WrWYt1H

Galaxy Bonus Campaign
🔗https://www.facebook.com/share/p/1EhBGM7xtP


#SDB3YearsAndBeyond #GalaxyBonus #SDBToken #USDT #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
1❤66👍3
(၇၉) ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦး နှင့်တကွ ဖက်ဒရယ်အနာဂတ်နှင့် တရားမျှတမှုအတွက် ခေတ်အဆက်ဆက် သက်စွန့်တော်လှန်ခဲ့ကြသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် သူရဲကောင်းအားလုံးကို ဦးညွတ်ဂုဏ်ပြုအပ်ပါသည်။

မျှော်မှန်းထားသည့် ဖက်ဒရယ် မြန်မာနိုင်ငံတော်သစ်ဆီသို့ ပြည်သူလူထုနှင့်အတူ နွေဦးဘဏ်၏ ဘဏ္ဍာရေးစစ်မျက်နှာမှ အခိုင်အမာ ရပ်တည်ကာ ဘုံရည်မှန်းချက် ပန်းတိုင်ဆီသို့ မယိုင်မလဲ အတူလက်တွဲ လျှောက်လှမ်းကြပါစို့။

#19July #SDB3YearsAndBeyond #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
1❤110
Media is too big
VIEW IN TELEGRAM
USDT ဖြင့် ဘယ်လိုငွေသွင်းမလဲ? 💫

SDB App မှာ Polygon Network မှတဆင့် USDT ကို အလွယ်ကူဆုံး ဖြည့်သွင်းနိုင်တဲ့ နည်းလမ်းကို SDB ရဲ့ ပင်တိုင် Host လေးဖြစ်သူ July မှ တဆင့်ချင်းစီ အသေးစိတ် မျှဝေသွားတာ ဖြစ်လို့ အခုပဲအတူ နားဆင်ကြည့်လိုက်ကြရအောင်နော်။ 🫶🏻

#SDBExchangeFunction #SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
1❤57👍7
Media is too big
VIEW IN TELEGRAM
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ မြန်မာချိန် ညနေ ၆ နာရီမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများ၊ $SDB Token နဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SDBExchangeFunction #SDBToken #SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
1❤55👍4
ကြယ်တာရာစခန်း (၆) ခုနှင့် ဘဏ္ဍာခံတပ် (၃) ရပ်ဖြင့် တည်ဆောက်ထားသော နွေဦးဂလက်စီ၏ (၃) နှစ်ပြည့် အောင်ပွဲခရီးစဉ်သည် ရဲဘော်များအားလုံး၏ စုပေါင်းအားကြောင့်သာ ဖက်ဒရယ်အနာဂတ်အတွက် ညီညွတ်သော အရှိန်အဟုန်ဖြင့် မောင်းနှင်နေတာ ဖြစ်ပါတယ်။ 💫

ဇူလိုင်လ ကုန်ဆုံးရန် (၁၀) ရက်ဝန်းကျင်သာ ကျန်ရှိတော့သည့်အလျောက် အမြင့်ဆုံးဆုလာဘ် စုစုပေါင်း USD 4,800 အထိ မျှဝေပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကို လက်လွတ်မခံဘဲ ကိုယ်တိုင်ထပ်မံ အားဖြည့်ရုံသာမက အနာဂတ် ဂလက်စီမိတ်ဆွေများကိုပါ အမြန်ဆုံး လက်တို့ဖိတ်ခေါ်ပြီး တားဂတ်ခံတပ်များကို အတူတကွ အောင်ပန်းဝင်လိုက်ကြပါစို့။ 🎊

ဇူလိုင်လ ကမ်ပိန်းများတွင် ပါဝင်ရန်
💫 https://www.facebook.com/share/p/1EWzzsQcDs

$SDB Token ဝယ်ယူနည်း ကြည့်ရှုရန်
🎧https://www.facebook.com/share/v/19Dr5mfLLA

USDT ဖြင့် ငွေသွင်းနည်း ကြည့်ရှုရန်
🎧https://www.facebook.com/share/v/18uZyAtLAp

#SDB3YearsAndBeyond #GalaxyBonus #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
1❤73👍7
"Trust, Security, Freedom" ဟူသော ဘဏ္ဍာရေးခံတပ် (၃) ရပ်အပေါ် အခြေခံ၍ ဂလက်စီရဲဘော်တဦးချင်းစီ၏ အစဉ်အမြဲ အားဖြည့်ဝန်းရံမှုများဖြင့် Spring Development Bank ဟာ အနာဂတ်ပြည်သူ့ဘဏ္ဍာရေးစနစ်ဆီသို့ (၃) နှစ်တင်းတင်း တက်ကြွစွာ ခရီးနှင်လှမ်းလာနိုင်ခဲ့ပါပြီ။ 💫

ဤ (၃) နှစ်တာအတွင်း လက်တွဲညီညီ ဖြတ်သန်းခဲ့သော အမှတ်တရများ၊ အရေးပါသော မှတ်တိုင်များနှင့် ဂလက်စီကို ကျော်လွန်၍ အတူတကွ ရှေ့ဆက်သွားမည့် အနာဂတ်မျှော်မှန်းချက်များကို SDB ဦးဆောင်အဖွဲ့ဝင်များ၊ အထူးဧည့်သည်တော်များ နှင့် Community Host မ Wendy တို့မှ မျှဝေဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ 💬

ဒါကြောင့် ဂလက်စီဂေဟစနစ်၏ ကြယ်တာရာစခန်း အသီးသီးမှ နွေဦးပြည်သူများအားလုံးကို မနက်ဖြန်ရဲ့ Live မှာ ပါဝင်ဆင်နွှဲကြရန် လေးစားစွာ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🎊

July 22 (Wednesday) | 7:00 PM MMT
https://t.me/springdevbank?livestream

#TogetherBeyondTheGalaxy #SDBCommunityCall #SDB3YearsAndBeyond #RealBankRealFreedom #ChooseSDB
1❤53👍5
Media is too big
VIEW IN TELEGRAM
SDB Canteen Chitchat - Episode 17 💫

အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးလေ့ရှိတဲ့ Canteen Chitchat Mini-Podcast Series လေးကတော့ နွေဦးပြည်သူများရှေ့မှောက် ပြန်လည်ရောက်ရှိလာပါပြီ။ 🎙️

ဒီတပတ်မှာတော့ July နဲ့ Eric တို့ရဲ့ စကားဝိုင်းလေးမှာ ဇူလိုင်လရဲ့ ကမ်ပိန်း (၂) မျိုး အနက် ကမ်ပိန်းတခုချင်းစီ၏ ရည်ရွယ်ချက်၊ ပါဝင်ပုံနဲ့ ထူးခြားချက်များကို Eric နားလည်လွယ်ရန် July က သေချာရှင်းပြပေးသွားတာဖြစ်လို့ အခုပဲ ပေါ့ပေါ့ပါးပါးနဲ့အတူ နားဆင်လိုက်ကြရအောင်နော်။ 💫

#SDBCanteenChitchat #SDBPodcastSeries #SDB3YearsAndBeyond #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤63👍4🥰1
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ သည် Spring Development Bank (SDB) တည်ထောင်ခဲ့သည်မှာ (၃) နှစ်ပြည့် မြောက်သော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

ဤသည်မှာ တည်ဆောက်ခဲ့သော သုံးနှစ် ၊ သက်လုံဖြင့် ရပ်တည်ခဲ့သော သုံးနှစ် နှင့် ကျွန်တော်တို့၏ တော်လှန်ရေး၏ စီးပွားရေးမျက်နှာစာတွင် မလျော့သောစိတ်ဓာတ်ဖြင့် ဆက်လက်တိုက်ပွဲဝင်ခဲ့သော သုံးနှစ်ဖြစ်ပြီး၊ အောက်ပါ ရှင်းလင်းသော ရည်မှန်းချက် (၃) ရပ်ကို အခြေခံ၍ လျှောက်လှမ်းခဲ့ခြင်း ဖြစ်ပါသည်။

▪️အာဏာရှင်၏ ဘဏ္ဍာရေးစနစ်ကို ဟန့်တားပိတ်ဆို့ရန်။

▪️တော်လှန်ရေးကို ငွေကြေးအရ ထောက်ပံ့ကူညီရန်။

▪️အနာဂတ် နိုင်ငံသစ်၏ ဘဏ္ဍာရေးအခြေခံအုတ်မြစ်ကို တည်ဆောက်ရန်။

ယနေ့ သုံးနှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ကျွန်တော်အနေဖြင့် အထူး ပြောကြားလိုသည့် စကားတခွန်းမှာ—

"ကျေးဇူးအထူးတင်ရှိပါသည်။"

SDB ကို နက်ရှိုင်း ယုံကြည်စွာ ဝန်းရံအားပေးခဲ့ကြသော တော်လှန်ရေး အသိုက်အဝန်း အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

ကျွန်တော်တို့၏ အသုံးပြုသူများ၊ Token ကိုင်ဆောင်သူများ၊ Relationship Managers များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ထောက်ခံအားပေးသူများနှင့် လုပ်ဖော်ကိုင်ဖက်များ ၊ လူကြီးမင်းတို့၏ ယုံကြည်မှုနှင့် မလျော့သော အားပေးထောက်ခံမှုတို့သည် စိန်ခေါ်မှုတိုင်းကို ကျော်လွှားနိုင်ရန် ကျွန်တော်တို့အား အမြဲတမ်း အင်အား ဖြစ်စေခဲ့ပါသည်။ ၎င်းတို့မရှိဘဲ SDB သည် ယခုအဆင့်သို့ ရောက်ရှိလာနိုင်မည် မဟုတ်ပါ။

လွန်ခဲ့သော သုံးနှစ်အတွင်း ၎င်းယုံကြည်မှုကြောင့် SDB မှတဆင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၄၅ ဘီလီယံ (မြန်မာကျပ် ၁၁,၀၂၅ ဘီလီယံနှင့် ညီမျှသော) ငွေလွှဲပြောင်းမှု ပမာဏအဖြစ် သက်သေထူလာနိုင်ခဲ့ပါသည်။ ၎င်းသည် ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေသော အသိုက်အဝန်း၏ အင်အား၊ ယုံကြည်မှုနှင့် ကြီးမားသော ပံ့ပိုးမှုကို ထင်ဟပ်ပြသနေသည့် မှတ်တိုင်တခုလည်း ဖြစ်ပါသည်။

ယခု ကျွန်တော်တို့၏ စတုတ္ထနှစ်သို့ ဝင်ရောက်လာသည်နှင့်အမျှ လာမည့် (၁၂) လတာ ကာလသည် "အကောင်အထည်ဖော်ခြင်း (Execution) နှင့် တိုးတက်ချဲ့ထွင်ခြင်း (Growth)" ကို အဓိက ဦးတည်သည့် နှစ်တနှစ် ဖြစ်ပါလိမ့်မည်။

ကျွန်တော်တို့သည် အသုံးပြုသူများအတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စေရန် ဆက်လက် ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သော ထုတ်ကုန် ဝန်ဆောင်မှုများ ၊ ပိုမိုလွယ်ကူ မြန်ဆန်သော ငွေလွှဲပြောင်းမှုများ ၊ ကမ္ဘာတဝန်း ချိတ်ဆက်အသုံးပြုနိုင်သော ဝန်ဆောင်မှုများ ၊​ အသုံးဝင်မှု ပိုမိုကျယ်ပြန့်သော ဘဏ္ဍာရေး ဂေဟကွင်းဆက် ၊ ပိုမို ခိုင်မာ၍ လုံခြုံ စိတ်ချရသော စနစ်များ ၊ ပိုမို ယုံကြည် စိတ်ချရသော လုပ်ငန်းလည်ပတ်မှု ၊ ယုံကြည်စွာ အသုံးပြုနေသူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုအတွေ့အကြုံ တို့ကို ယူဆောင်ပေးသွားမည် ဖြစ်ပါသည်။

တချိန်တည်းမှာပင် ကျွန်တော်တို့သည် ရဲရင့်သော မဟာဗျူဟာမြောက် တိုးတက်မှုကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ကာ Ecosystem ကို ချဲ့ထွင်၍ ရေရှည် တည်တံ့နိုင်သော၊ တိုးချဲ့နိုင်သော၊ ပိုမိုခိုင်မာသော ဘဏ္ဍာရေးအဖွဲ့အစည်းတခုအဖြစ် တည်ဆောက်သွားမည် ဖြစ်ပါသည်။ SDB ၏ မဟာဗျူဟာကို ပိုမို ရင့်သန်စေရုံသာမက Token ကိုင်ဆောင်သူများအတွက်လည်း ရေရှည် တိုးပွားသော တန်ဖိုးများကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ယနေ့အထိ အတူတကွ လျှောက်လှမ်းခဲ့သော ခရီးစဉ်အတွက် ကျွန်တော်အနေဖြင့် အထူးပင် ဂုဏ်ယူမိပါသည်။ သို့သော် သုံးနှစ်ဆိုသည်မှာ အစပျိုးခြင်းသာ ဖြစ်ပါသည်။

ကျွန်တော်တို့၏ ရည်မှန်းချက် မပြောင်းလဲပါ။ တော်လှန်ရေးအသိုက်အဝန်းအပေါ် ကျွန်တော်တို့၏ ကတိကဝတ်သည် မပြတ်မတောက် တည်ရှိနေပါသည်။ ကျွန်တော်တို့၏ အဖွဲ့အစည်းအနေဖြင့် ပိုမို ခိုင်မာလာသလို မျှော်မှန်းချက်များသည်လည်း ယခင်ထက် ပိုမိုကြီးမားလာပါသည်။

အတူတကွ ဆက်လက်ချီတက်ကြမည်။

တော်လှန်ရေးအတွက်။

ဘဏ္ဍာရေးနှင့် စီးပွားရေးလွတ်လပ်ခွင့်အတွက်။

ကျွန်တော်တို့ အတူတကွ တည်ဆောက်နေသော နိုင်ငံသစ်အတွက်။


ကယ်လ်ဗင်
အမှုဆောင်အရာရှိချုပ် (CEO)
နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB)

လွတ်လပ်ဧကန် နွေဦးဘဏ်

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်
5❤90👍7🥰2
Spring Development Bank ရဲ့ (၃) နှစ်တာ ခရီးစဉ်အတွင်း အတူတကွ ဖန်တီးခဲ့ကြတဲ့ အမှတ်တရများ၊ အရေးပါသော မှတ်တိုင်များနဲ့ အနာဂတ်မျှော်မှန်းချက်များကို SDB ဦးဆောင်အဖွဲ့ဝင်များ နှင့် အထူးဧည့်သည်တော်များမှ ယနေ့ ည မြန်မာချိန် ၇ နာရီ Live မှာ မျှဝေဆွေးနွေးသွားမှာဖြစ်လို့ SDB (၃) နှစ်ပြည့် နှစ်ပတ်လည် နေ့ထူးနေ့မြတ်မှာ အတူပါဝင်ဆင်နွှဲကြဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💫

July 22 (Wednesday) | 7:00 PM MMT
https://t.me/springdevbank?livestream

#TogetherBeyondTheGalaxy #SDBCommunityCall #SDB3YearsAndBeyond #RealBankRealFreedom #ChooseSDB
1❤91👍10🏆2
Live stream started
Live stream finished (2 hours)