Spring Development Bank
✔
17.5K subscribers
2.97K photos
194 videos
1 file
1.28K links
Discover the First Neo Bank for Myanmar.
Download Telegram
ဒီည ၈ နာရီ SIF မှာ ဆုံကြမယ်နော်။ 📣

@SIFinstitute ရဲ့ Community Call မှာ အားလုံးအတွက် မနေ့က ပူပူနွေးနွေး မိတ်ဆက်ထားတဲ့ SIF FinTech Platform အကြောင်းကို ပိုပြီး အသေးစိတ် သိလိုသူတွေအတွက် ဘယ်လိုစပြီး လေ့လာနိုင်မလဲ၊ Scholarship Coupon အပါအဝင် စိတ်ဝင်စားစရာအကြောင်းအရာတွေကို ကျောင်းအုပ်ကြီး Ko Jack နဲ့ Hotaru တို့ကနေ @SpringDevBank Host လေး July နဲ့အတူ ပြောပြဆွေးနွေးပေးသွားမှာဖြစ်လို့ ဆက်ဆက် တက်ရောက်ပြီး နားသောတဆင်နိုင်ဖို့ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်ဗျို့။

ဒီည မြန်မာချိန် ၈ နာရီတိတိမှာ SIF နဲ့အတူ FinTech ပညာရေးခရီးကို ခြေတစ်လှမ်း ထပ်တက်လိုက်ရအောင်။

🚪SIF Community Call LIVE
▪️ FB | YouTube LIVE | t.me/springdevbank?livestream
▪️ ဇူလိုင် ၂ (Wed)
▪️ မြန်မာစံတော်ချိန် ည ၈ နာရီ။

❇️SIF Platform မှာ အကောင့်ဖွင့်၊ သင်တန်းအပ်နှံရန် 👉 www.sif.institute
💡SIF Platform အသုံးပြုနည်းလမ်းညွှန် 👉 https://bit.ly/SIFManual

#SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge
❤71👍2
Live stream finished (56 minutes)
မကြာမီ ကျရောက်မည့် @SpringDevBank (၃) နှစ်ပြည့် အချိန်ခါသမယကို ကြိုဆိုဂုဏ်ပြုရင်း ဂလက်စီရဲဘော်တို့ရဲ့ စုပေါင်းအင်အားနဲ့ Trust, Security နဲ့ Freedom ခံတပ် (၃) ခုလုံးကို အောင်မြင်စွာ ဖွင့်လှစ်ပြီး အမြင့်ဆုံးသော Reward Pool ကို အတူမျှဝေ ရယူလိုက်ကြရအောင်။ 🪐

1. ဘယ်သူတွေပါဝင်နိုင်ပြီး ဘယ်မှာဝယ်ယူရမှာလဲ?

SDB Account ရှိတဲ့သူတိုင်း ပါဝင်နိုင်ပါတယ်။ SDB In-App Exchange မှတဆင့် ကမ်ပိန်းကာလအတွင်း မိမိနှစ်သက်ရာ ငွေကြေးဖြင့် တန်ဖိုး 30,000 $SDB Token နှင့်အထက်ရှိသော ၀ယ်ယူပြီးစီးမှု အနည်းဆုံး ၁ ကြိမ် ရှိရုံဖြင့် ကမ်ပိန်းတွင် အကျုံးဝင်ပြီဖြစ်ပါတယ်။ 💫

2. 30,000 $SDB Token ကို (၁) ကြိမ်မက ဝယ်ယူရင် Reward ပိုရနိုင်မှာလား?

ပိုမိုရရှိနိုင်ပါတယ်။ ဥပမာအားဖြင့် မိမိသည် 30,000 $SDB Token ဝယ်ယူပြီးစီးမှု (၁) ကြိမ် ပြုလုပ်ပြီးနောက် ထပ်မံ၍ 20,000 $SDB Token ဝယ်ယူပါက စုစုပေါင်း 50,000 $SDB Token အတွက် အကျုံးဝင်ပါတယ်။

ထို့ကြောင့် Reward Pool ပါဝင်သူများ၏ စုစုပေါင်း ဝယ်ယူပမာဏအပေါ် အချိုးကျခွဲဝေပေးသွားမှာ ဖြစ်တာကြောင့် မိမိဝယ်ယူအား မြင့်လေလေ၊ Reward အချိုးအစား ပိုမိုရရှိနိုင်လေ ဖြစ်ပါတယ်။ 💫

3. ဝယ်ယူမှုပမာဏ စုစုပေါင်း 30,000 $SDB ပြည့်ရင် Reward ရရှိရန် အကျုံးဝင်ပါသလား?

သေးငယ်သော ဝယ်ယူမှုများကို စုပေါင်း၍ 30,000 $SDB ပြည့်ခြင်းမှာ Reward Pool တွင်ပါ၀င်ရန် အတွက် အကျုံးမဝင်ပါ။ သို့သော် ထိုဝယ်ယူမှုများကို Community Target တွင် ထည့်သွင်းတွက်ချက်ပေးမှာ ဖြစ်ပါတယ်။

Reward Pool တွင် ပါ၀င်ခွင့်ရရှိရန် အတွက် ကမ်ပိန်းကာလအတွင်း 30,000 $SDB နှင့်အထက်ရှိသော ၀ယ်ယူပြီးစီးမှု အနည်းဆုံး ၁ ကြိမ် ရှိထားရန်သာ လိုအပ်ပါတယ်။ 💫

ဝယ်ယူအားဖြည့်မှုတိုင်းဟာ Community Target ကို မြှင့်တင်ပေးတဲ့ စုပေါင်းအားဖြစ်တာကြောင့် Trust, Security နဲ့ Freedom ခံတပ် (၃) ခုလုံးကို ဖွင့်လှစ်ပြီး အမြင့်ဆုံးသော Reward Pool ကို အတူမျှဝေရယူနိုင်ဖို့ ဇူလိုင်လ (၃၁) ရက်နေ့မတိုင်မီ အားလုံးလက်တွဲ ပါဝင်အားဖြည့်လိုက်ကြပါစို့။ 💪

#SDB3YearsAndBeyond #SpringGalaxy #SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤81👍10
SDBVerse Comics (Part 1)💥

နှစ်ပတ်တကြိမ် ပေါ့ပေါ့ပါးပါးနဲ့ သောကြာနေ့ညတိုင်းမှာ အပန်းပြေ ဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍသစ်လေး ပြန်လည်ရောက်ရှိလာပါပြီ။ ✨

SDB ရုံးတွင်းထဲမှာရှိတဲ့ မတူညီတဲ့ BU အသီးသီးရဲ့ လိုအင်ဆန္ဒများကို ဘယ်လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ အဖြေတွေနဲ့အတူ မျှဝေပြောပြခဲ့လဲဆိုတာ သိရဖို့အတွက် ဒီတပတ် SDBVerse Comic လေးမှာ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ 💬

#SDBVerse #SDBComics #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤50🥰6👍1
SDBVerse Comics (Part 2)💥

နှစ်ပတ်တကြိမ် ပေါ့ပေါ့ပါးပါးနဲ့ သောကြာနေ့ညတိုင်းမှာ အပန်းပြေ ဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍသစ်လေး ပြန်လည်ရောက်ရှိလာပါပြီ။ ✨

SDB ရုံးတွင်းထဲမှာရှိတဲ့ မတူညီတဲ့ BU အသီးသီးရဲ့ လိုအင်ဆန္ဒများကို ဘယ်လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ အဖြေတွေနဲ့အတူ မျှဝေပြောပြခဲ့လဲဆိုတာ သိရဖို့အတွက် ဒီတပတ် SDBVerse Comic လေးမှာ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ 💬

#SDBVerse #SDBComics #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤69🥰6👍4
ဇွန်လ ၂၄ ရက်မှ ၃၀ ရက်အတွင်း SDB In-App Exchange ၌ $SDB တိုကင်ဝယ်အား ၁၁.၉၈ သန်းကျော် နှင့် တိုကင်ရောင်းအား ၆.၇ သန်းကျော်အထိ ရရှိခဲ့ပြီး၊ ရောင်းအားထက် ဝယ်အား ၂ ဆကျော် သာလွန်အားကောင်းခဲ့သည့် ဇွန်လအဖြစ် ပြည်သူလူထု၏ ဘုံယုံကြည်မှုနှင့် စုပေါင်းအားကို ပေါ်လွင်စွာ သက်သေပြနိုင်ခဲ့ပါသည်။ 🚀

ယခု ဇူလိုင်လရဲ့ 3 Years & Beyond ကမ်ပိန်း ကာလ အတွင်းတွင်လည်း ဇွန်လထက် ပိုမိုအားကောင်းသော ပြည်သူ့ဘဏ္ဍာ ဖြည့်တင်းမှုဖြင့် မျှော်မှန်းတားဂတ် ခံတပ်အသီးသီးကို ဖွင့်လှစ်ကာ မျှတလွတ်လပ်သော ဖက်ဒရယ်အနာဂတ်ဆီသို့ (၃) ဆ ညီညွတ်စွာ အတူလျှောက်လှမ်းကြပါစို့။ 💪

3 Years & Beyond ကမ်ပိန်းအကြောင်း လေ့လာရန်
🔗 https://www.facebook.com/share/p/1dGxqrcWEG

$SDB Token ဝယ်ယူရန်
📲bit.ly/m/SDB4all

Exchange Function အသုံးပြုနည်း လမ်းညွှန်
📖 bit.ly/SDBmanual

#SDBToken #SDBExchangeFunction #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤58👏9🥰3👍1
3 Years & Beyond ကမ်ပိန်းမှာ ပါဝင်ချင်တာပဲဖြစ်ဖြစ်၊ ရေရှည်တန်ဖိုးခိုင်မာတဲ့ အနာဂတ်အတွက် $SDB Token ကို စုဆောင်းချင်တာပဲဖြစ်ဖြစ်၊ SDB App ရဲ့ Exchange Function မှတဆင့် အောက်ပါအဆင့် (၄) ဆင့်နဲ့ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်နော်။ 🚀

1️⃣ SDB App ကိုဖွင့်ပြီး ပင်မစာမျက်နှာရှိ Exchange ခလုတ်ကို နှိပ်ပါ။
2️⃣ မိမိအသုံးပြုလိုသော နိုင်ငံခြားငွေကြေး (၁၀) မျိုးထဲမှ တခုကို ရွေးချယ်ပြီး ဝယ်ယူလိုသည့်ပမာဏကို ဖြည့်သွင်းပါ။
3️⃣ ထို့နောက် $SDB Token ကို ရွေးချယ်ပါက လဲလှယ်ရရှိမည့် Token ပမာဏကို အလိုအလျောက် မြင်တွေ့ရမည်။
4️⃣ လဲလှယ်မှုကို အတည်ပြုရန် Exchange Now ကို နှိပ်သောအခါ $SDB Token ဝယ်ယူမှုဟာ အောင်မြင်ပါပြီ။

$SDB Token ဝယ်ယူမှုတိုင်းက မိမိအနာဂတ်ခိုင်မာဖို့ အတွက်သာမက စုပေါင်းအားဖြင့် ဝန်းရံနေကြတဲ့ ကမ်ပိန်းတားဂတ် ခံတပ်များ ဖွင့်လှစ်ရန်အတွက်လည်း တဖက်တလှမ်းမှ အားဖြည့်ပေးတာကြောင့် ယနေ့မှစ လွယ်ကူစွာ ခလုတ်တချက်ဖြင့် ဝယ်ယူလိုက်ပါ။ 🫶🏻

#SDBToken #SDBExchangeFunction #SDB3YearsAndBeyond #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤79🥰3👏3👍1