မတူကွဲပြားမှုများကို တန်ဖိုးထားသည့် Pride ဟာ သင့်ကိုယ်ပိုင်လမ်းစဉ်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ကိုယ်စားပြုသလို ဤလွတ်လပ်ခွင့်ကို ပံ့ပိုးရန် @SpringDevBank သည်လည်း စုံလင်ကွဲပြားသော ဂေဟစနစ်ဖြင့် သင့်ဘဏ္ဍာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ 🌈
အရောင်စုံလင်သော ကိုယ်ပိုင်အနာဂတ်တခုကို အခွင့်အလမ်းများစွာဖြင့် စတင်ဖန်တီးနိုင်သည့် SDB နှင့်အတူ ယနေ့မှစ လွတ်လပ်လုံခြုံစွာ ပုံဖော်လိုက်ကြပါစို့။ ✨
#SDBwithPride #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

အားလုံးအတွက် အစုံလင်ဆုံး SDB
📲 bit.ly/m/SDB4all
SDB အသုံးပြုနည်းလမ်းညွှန်
📖 bit.ly/SDBmanual
#SDBwithPride #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤79👍10🥰3
ချစ်ခင်ရပါသော နွေဦးပျားလေးများ ခင်ဗျာ
SpringBees version 1 မှ version 2 သို့ ကူးပြောင်းရာတွင် ကော်ဖီခွက်ပေါင်းများစွာ ၊ မရေမတွက်နိုင်သော အစည်းအဝေး ဆွေးနွေးမှုများ၊ အိပ်မပျော်သော ညအချို့နှင့် အသိုက်အဝန်း အဖွဲ့သား မှ "Pollen ဘယ်လောက်ရမလဲ?" ဟု မေးမြန်းခဲ့သော မေးခွန်းပေါင်း 17,483 ခန့်ကို ဖြတ်သန်းပြီးနောက် SpringBees v2 ကို အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့သည့် SpringBees အဖွဲ့သားများ အား ဂုဏ်ပြုဝမ်းမြောက်အပ်ပါတယ်။
ဒီနေ့ဟာ SpringBees အတွက် စိတ်လှုပ်ရှားဖွယ် အခန်းကဏ္ဍသစ်တခု၏ အစပဲ ဖြစ်ပါတယ်။ SpringBees version 2 ကို ပိုမိုစမတ်ကျစေရန်၊ ပိုမိုပျော်ရွှင်စရာကောင်းစေရန်နှင့် Community Members များအတွက် ပိုမိုအကျိုးရှိစေရန် ရည်ရွယ်၍ ဖန်တီးထားပါတယ်။ တခါတရံမှာ စွန့်စားလိုစိတ်ပြင်းပြသော ပျားလေးအချို့သည် မျှော်လင့်မထားသော လမ်းကြောင်းများသို့ ပျံသန်း သွားနိုင်သော်လည်း၊ ယခု ထွက်ရှိသည့် Version အသစ်မှာ ပါဝင်သူတိုင်းအတွက် ပိုမို ကောင်းမွန်သော အတွေ့အကြုံတခုကို ဖန်တီးပေးမည်ဟု ကျွန်တော်တို့ ယုံကြည်ပါတယ်။
အရေးကြီးဆုံးမှာ SpringBees ဆိုတာ Pollen များ မဟုတ်၊ Reward များအတွက် သာ မဟုတ်ပါ။ ကဏ္ဍအသိီးသီးမှာ တက်ကြွလှုပ်ရှားသူများ၊ သင်ယူလေ့လာလိုသူများ၊ အားပေးထောက်ခံသူများ၊ တီထွင်ဖန်တီးသူများနှင့် အိပ်မက်ကို ယုံကြည်သူများကို စုစည်းကာ ပါဝင်ကူညီခြင်း၊ တိုးတက် ဖွံ့ဖြိုးခြင်း ဖြင့် နွေဦးဂလက်စီ ဂေဟစနစ် (Spring Galaxy) နှင့် မြန်မာနိုင်ငံသစ် ၏ အနာဂတ်ကို အတူတကွ ပုံဖော်တည်ဆောက်ရန် အတွက် အသက်ဝင်သော Community တခု ဖြစ်ပါတယ်။
SpringBees Team နဲ့တကွ အဖွဲ့သားအားလုံး ၏ အပ်နှံကြိုးစားမှု၊ ဖန်တီးနိုင်စွမ်းနှင့် ဇွဲလုံ့လကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် Community Members များ၏ ဆက်လက်အားပေးမှု၊ အပြုသဘောဆောင်သည့် အကြံပြုချက်များ၊ စိတ်အားတက်ကြွစေသော ဝန်းရံညီညွတ်မှုများနှင့် Pollen အကြောင်းကို မပျက်မကွက် မေးမြန်းပေးခဲ့ကြသည့် သစ္စာရှိမှု အတွက်လည်း ကျေးဇူး အထူးတင်ရှိပါတယ်။
@SpringBeesBySDB version 2 နှင့်အတူ နှစ်လိုဖွယ်ခရီးလမ်းကို ဆက်လက် လျှောက်လှမ်းသွားနိုင်ရန် မျှော်လင့်နေပါတယ်။
ပျော်ရွှင်စွာ စူးစမ်းလေ့လာကြပါစို့၊ သင်တို့၏ Pollen များလည်း တိုးပွားကြွယ်ဝကြပါစေ။ 🐝🌼
ကယ်လ်ဗင်
အမှုဆောင်အရာရှိချုပ် (CEO)
နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB)
၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက်

❤127👍6🥰2
Media is too big
VIEW IN TELEGRAM
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵
ယနေ့ ညနေ မြန်မာချိန် ၆ နာရီခွဲမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများနဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။
ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB

❤73👍4🥰4
ဒဿမအတိအကျ ပမာဏနဲ့ SDB Gold၊ SDB Token၊ USDT နဲ့ ငွေကြေး ၁၀ မျိုးတို့ကို အလွယ်တကူ ဝယ်ယူ၊ လဲလှယ်၊ လွှဲပြောင်းနိုင်ခြင်းက Blockchain နည်းပညာ အခြေပြုဘဏ် ဖြစ်တဲ့ SDB ရဲ့ ထူးခြားတဲ့ အားသာချက်တခုပါ။ ✨
ဒစ်ဂျစ်တယ်ရွှေကို ပမာဏအနည်းငယ်ဖြင့် ဝယ်ယူရန် (သို့) လိုအပ်တဲ့ပမာဏ အတိအကျကို လဲလှယ်ရယူရန် အတွက် မိမိရဲ့လိုအပ်ချက်အလိုက် စီမံနိုင်တဲ့ SDB ကို သတိတရ ရွေးချယ်အသုံးပြုလိုက်ပါ။ 🫶🏻
#SpringDevelopmentBank #RealBankRealFreedom #ChooseSDB

SDB ဖြင့် ငွေကြေးစီမံပါ
📲bit.ly/m/SDB4all
SDB အသုံးပြုနည်း လမ်းညွှန်
📖 bit.ly/SDBmanual
#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤90👍7🥰5
Media is too big
VIEW IN TELEGRAM
SDB Canteen Chitchat - Episode 13 🌟
အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးလေ့ရှိတဲ့ Canteen Chitchat Mini-Podcast Series ကို နွေဦးပြည်သူများရှေ့မှောက် ပြန်လည်ယူဆောင်လာပါပြီ။ 🎙️
ဒီတပတ်မှာတော့ July နဲ့ Eric တို့က ကရင်နီ အမျိုးသားနေ့ပွဲ အကြောင်းအရာများအပြင် ဇွန်လမကုန်မီ အချိန်မီ ပါဝင်နိုင်သေးတဲ့ နွေဦးထီကမ်ပိန်း အကြောင်းကိုလည်း အပြန်အလှန် ဆွေးနွေးမျှဝေထားကြတာမို့ အခုပဲ အတူတူ နားဆင်ကြည့်လိုက်ကြစို့နော်။ 🎧
#SDBCanteenChitchat #SDBPodcastSeries #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

❤90👍10🥰2
ဇွန်လ ၁၅ ရက်မှ ၂၃ ရက်အတွင်း SDB In-App Exchange ၌ $SDB တိုကင်ရောင်းအား ၁၁ သန်းကျော် နှင့် တိုကင်ဝယ်အား ၂၇ သန်းကျော်အထိ သိသိသာသာ မြင့်တက်ခဲ့ပြီး နေရပ်အသီးသီး၊ နောက်ခံအကြောင်းတရား အမျိုးမျိုးမှ ခဲရာခဲဆစ် ကြိုးပမ်းလာသော ပြည်သူလူထု၏ ဘုံယုံကြည်ချက်ကို ထင်ဟပ်ပြသလျက်ရှိပါသည်။ 🚀
ဤသို့ ခိုင်မာသော စုပေါင်းအားဖြင့် $SDB တိုကင်များကို ဆက်လက်ဖြည့်တင်းကာ မျှတပြီး သာယာဝပြောသော ဖက်ဒရယ်အနာဂတ်သစ်ဆီသို့ အတူတကွ အရောက်လှမ်းချီကြပါစို့။ 💪
#SDBToken #SDBExchangeFunction #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

$SDB Token ဝယ်ယူရန်
📲bit.ly/m/SDB4all
Exchange Function အသုံးပြုနည်း လမ်းညွှန်
📖 bit.ly/SDBmanual
#SDBToken #SDBExchangeFunction #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤96👍15
Pollen တွေ စုဆောင်းရုံသာမက၊ အားထုတ်မှုတွေကို တန်ဖိုးအဖြစ် ပြောင်းလဲနိုင်မယ့် Click to Earn စနစ်သစ်နဲ့အတူ @SpringBeesbySDB Version 2 ရောက်ရှိလာပြီနော်။ 🐝
Buzz Buddy များ စုဝေးနိုင်မယ့် Referral System၊ Version 1 မှာ ချိတ်ဆက်ခဲ့တဲ့ @SpringDevBank UID နဲ့ ကိုယ်ပိုင် ပျားကမ္ဘာ Milestones မှတ်တိုင်တွေကို ပြန်လည်ကြည့်ရှုနိုင်မယ့် အပြင် V2 မှာ စုဆောင်းထားတဲ့ Pollen တွေကို လက်တွေ့အသုံးချနိုင်မယ့် HoneyDrop များလည်း မကြာမီ ပွင့်လန်းလာတော့မှာ ဖြစ်ပါတယ်။ 🍯
V1 မှာ အပ်နှံထားခဲ့တဲ့ Pollen များက SpringBees NFT များအဖြစ် ပြန်လည်အသက်ဝင်လာမယ့် ခရီးစဉ်ကို စောင့်မျှော်ရင်း၊ Version 2 ကမ္ဘာရဲ့ Mission များနဲ့အတူ Buzz Buddy အသစ်များကို လက်တွဲဖိတ်ခေါ် လိုက်ကြစို့။ 🌼
#SpringBeesVersion2 #SpringBeesbySDB #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

SpringBees ကမ္ဘာသို့ ဝင်ရောက်ရန်
🐝 SpringBees.io
SpringBees V2 အသေးစိတ်လမ်းညွှန်
📒https://drive.google.com/drive/folders/15afCt1xQjyOGpAe3HC_n1gLagDDbsIHV
#SpringBeesVersion2 #SpringBeesbySDB #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤115👍9🥰5
ဒစ်ဂျစ်တယ်ခေတ်မှာ လိမ်လည်မှုများနဲ့ ဒေတာလုံခြုံရေး အန္တရာယ်များက ပိုမိုများပြားလာသည့်အလျောက် ငွေကြေးနဲ့ ကိုယ်ပိုင်အချက်အလက်များကို မသမာသူလက်ထဲ မရောက်ရှိစေဖို့အတွက် အမြဲသတိပြု ပြင်ဆင်ထားကြဖို့ လိုအပ်ပါတယ်။ 💥
အခုဆိုရင် SDB မှာ -
🔐 အဆင့်မြင့် FinTech လုံခြုံရေးနည်းပညာများကို အသုံးပြုထားပြီး ကိုယ်ပိုင်အချက်အလက်နဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို Layer အလိုက် လုံခြုံရေးစနစ်များဖြင့် ကာကွယ်ထားပါတယ်။
🛡️ Fiat ငွေကြေး၊ Token ပိုင်ဆိုင်မှု နဲ့ Digital Gold တို့ကို Blockchain ဂေဟစနစ်တခုတည်းအတွင်း စိတ်ချလုံခြုံစွာ သိမ်းဆည်းထားနိုင်ပြီး အလွယ်တကူ စီမံခန့်ခွဲနိုင်ပါတယ်။
🔑 PIN၊ Password နဲ့ 2FA တို့ကို အသုံးပြုခြင်းကြောင့် သင့်အကောင့်နဲ့ ပိုင်ဆိုင်မှုတွေကို သင်ကိုယ်တိုင် လုံခြုံရေးအဆင့်မြှင့်တင်နိုင်ပါတယ်။
ဒါကြောင့် စိတ်ချလုံခြုံမှု အပြည့်အဝရှိတဲ့ Blockchain နည်းပညာ အခြေပြု ပြည်သူ့ဘဏ်မှာ သင့်ရဲ့ SDB အကောင့်ကို နှစ်ဆင့်ခံလုံခြုံရေး 2FA ကို အသုံးပြုပြီး သင့်ပိုင်ဆိုင်မှုနဲ့ အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားကြဖို့ တိုက်တွန်းအပ်ပါတယ်။

လုံခြုံလွတ်လပ်တဲ့ SDB အကောင့်ရယူပါ
bit.ly/m/SDB4all
SDB အကောင့်လုံခြုံရေး လမ်းညွှန်များ
https://youtube.com/playlist?list=PLDVDs7gMTAMIiXmHUR1-wR6i4cecYmO5J&si
#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤85👍12🥰1
တလတာလုံး ပင်ပန်းစွာ ကြိုးစားခဲ့သမျှ လစာထုတ်ရက်မှာ မိသားစုထံ အသုံးစရိတ် အပြည့်အဝ ရောက်ရှိသွားတဲ့ အချိန်မှသာ အမောပြေ စိတ်အေးရပါတယ်။ သင်ရှာဖွေထားတဲ့ ချွေးနှဲစာဝင်ငွေများကို လမ်းခုလတ်မှာ မလျော့ပါးဘဲ အိမ်ကသူတွေဆီ အပြည့်အဝ ရောက်ရှိစေဖို့အတွက် SDB က ကမ္ဘာ့နေရာအနှံ့မှာ အသင့်ရှိနေပါတယ်။ 🏠
SDB App ထဲမှာတင် နိုင်ငံခြားငွေကြေး (၁၀) မျိုးအထိ ပံ့ပိုးထားခြင်းကြောင့် MMK အဖြစ် အလွယ်တကူ Exchange လုပ်နိုင်ပြီး၊ မိသားစုဝင်များ ထုတ်ယူသုံးစွဲနိုင်ဖို့ အတွက် SDB အကောင့်အချင်းချင်း အခမဲ့ လွှဲပြောင်းမှုဖြင့် အပူပင်ကင်းစွာ လွှဲပို့လိုက်ပါ။ 💸
#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
SDB App ထဲမှာတင် နိုင်ငံခြားငွေကြေး (၁၀) မျိုးအထိ ပံ့ပိုးထားခြင်းကြောင့် MMK အဖြစ် အလွယ်တကူ Exchange လုပ်နိုင်ပြီး၊ မိသားစုဝင်များ ထုတ်ယူသုံးစွဲနိုင်ဖို့ အတွက် SDB အကောင့်အချင်းချင်း အခမဲ့ လွှဲပြောင်းမှုဖြင့် အပူပင်ကင်းစွာ လွှဲပို့လိုက်ပါ။ 💸
SDB Exchange မှာ နိုင်ငံခြားငွေ လဲလှယ်ပါ
💵 bit.ly/m/SDB4all
SDB အသုံးပြုနည်း လမ်းညွှန်
📖 bit.ly/SDBmanual
#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤93🥰5👍3👏3
Media is too big
VIEW IN TELEGRAM
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵
ယနေ့ ညနေ မြန်မာချိန် ၆ နာရီမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများနဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။
ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵
ယနေ့ ညနေ မြန်မာချိန် ၆ နာရီမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများနဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။
ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
❤67🥰5👍2🏆1
လာမည့် ဇူလိုင်လ ၂ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁:၃၀ မှ ၃:၃၀ အတွင်း နွေဦးပြည်သူများအတွက် ပိုမိုကောင်းမွန် လုံခြုံသော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် SDB ဘဏ္ဍာစနစ်ကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ကြိုတင်အသိပေး ကြေညာအပ်ပါတယ်။ ⚙️
အဆင့်မြှင့်တင်နေစဉ် ကာလအတွင်းမှာ SDB Web App၊ Mobile App နှင့် SDB Payment ဖြင့် အသုံးပြုသော Nway Oo Hti, SpringCrowd Fund နှင့် SpringZey အပါအဝင် SDB API ချိတ်ဆက်ထားသော မိတ်ဖက်ပါတနာ အသီးသီးတွင် ခေတ္တခဏ အသုံးအပြု၍ မရနိုင်သဖြင့် လိုအပ်သည့် ငွေကြေးစီမံမှုများကို အချိန်မီ ကြိုတင်ပြင်ဆင်ထားကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။ 🙏🏻
နွေဦးဂေဟစနစ်ပေါ် အစဉ်အမြဲ အားပေးယုံကြည်မှုများ အတွက် အထူးကျေးဇူးတင်ရှိလျက် အဆင့်မြင့်လုံခြုံသော ဘဏ်စနစ်ဖြင့် ပြန်လည်စုံတွေ့ကြမယ်နော်။ 🫶🏻

❤78🥰4👍2🏆1
နွေဦးထီ ဖွင့်ရန် (၁) ရက်သာ ကျန်ရှိတော့တဲ့ ဒီဇွန်လရဲ့ နောက်ဆုံးရင်ခုန်စရာ အခိုက်အတန့်မှာ @SpringDevBank ရဲ့ စိတ်ချလွယ်ကူတဲ့ ငွေဖြည့်စနစ်နဲ့ @NwayOoHti ကို တိုက်ရိုက်ချိတ်ဆက်ပြီး လက်မှတ်တစောင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ခလုတ်တချက်နှိပ်ရုံနဲ့ ကံစမ်းနိုင်ပြီနော်။ 🎟️
မိမိရဲ့ SDB အကောင့်ကနေ Multi-currency ဖြင့် လွယ်ကူလုံခြုံစွာ ငွေဖြည့်သွင်းပြီး သိန်းပေါင်းများစွာ ဆုကြီးတွေကို လက်မလွတ်ဘဲ ပါဝင်ကံစမ်းလိုက်ကြပါစို့။ 💫
#NwayOoHti #WeDreamBold #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

SDBxNOH ချိတ်ဆက်ပြီး တိုက်ရိုက်ဝယ်ယူ ကံစမ်းပါ
💫 https://app.nwayoohti.com
SDB အကောင့်ရယူရန်
📲 bit.ly/m/SDB4all
#NwayOoHti #WeDreamBold #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤84🥰9👍2👏2🏆1
Media is too big
VIEW IN TELEGRAM
SDB Canteen Chitchat - Episode 14 ❇️
အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးလေ့ရှိတဲ့ Canteen Chitchat Mini-Podcast Series ကို နွေဦးပြည်သူများရှေ့မှောက် ပြန်လည်ယူဆောင်လာပါပြီ။ 🎙️
ဒီတပတ်မှာတော့ July နဲ့ Eric တို့ရဲ့ စကားဝိုင်းထဲသို့ ရောက်လာတဲ့ အထူးဇာတ်ကောင်လေး Hotaru ကနေ @sifinstitute နဲ့ ပတ်သက်တဲ့ မကြာမီထွက်ရှိမယ့် အစီအစဉ်သစ်တခု အကြောင်းကို အရိပ်အမြွက် မျှဝေသွားတာဖြစ်လို့ အခုပဲ စိတ်ဝင်တစား နားဆင်ကြည့်လိုက်ကြစို့နော်။ 🎧
#SDBCanteenChitchat #SDBPodcastSeries #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးလေ့ရှိတဲ့ Canteen Chitchat Mini-Podcast Series ကို နွေဦးပြည်သူများရှေ့မှောက် ပြန်လည်ယူဆောင်လာပါပြီ။ 🎙️
ဒီတပတ်မှာတော့ July နဲ့ Eric တို့ရဲ့ စကားဝိုင်းထဲသို့ ရောက်လာတဲ့ အထူးဇာတ်ကောင်လေး Hotaru ကနေ @sifinstitute နဲ့ ပတ်သက်တဲ့ မကြာမီထွက်ရှိမယ့် အစီအစဉ်သစ်တခု အကြောင်းကို အရိပ်အမြွက် မျှဝေသွားတာဖြစ်လို့ အခုပဲ စိတ်ဝင်တစား နားဆင်ကြည့်လိုက်ကြစို့နော်။ 🎧
#SDBCanteenChitchat #SDBPodcastSeries #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤59🥰5👍2🏆2
ပြည်သူ့ဘဏ္ဍာ ခရီးစဉ်ကို နွေဦးဘဏ်နှင့်အတူ (၃) နှစ်တိုင်တိုင် အတူတကွ ဖြတ်သန်းလာခဲ့တဲ့ ဂလက်စီရဲဘော်တို့ရဲ့ စုပေါင်းအားဟာ ဖက်ဒရယ် အနာဂတ်အတွက် ပိုမိုကြီးမားတဲ့ ဘုံအင်အားအဖြစ် အသွင်ပြောင်းမယ့် အချိန်အခါကို ရောက်ရှိလာပါပြီ။ 💫
ဘဏ္ဍာရေးသက်လုံ (၃) ဆ ပိုမိုတောင့်တင်းစေဖို့၊ ပိုမိုခိုင်မာတဲ့ ညီညွတ်မှုတွေနဲ့ ဂလက်စီတခွင် အတူဖြတ်သန်းရမယ့် စိန်ခေါ်မှု အသစ်ကို မနက်ဖြန်မှာ ကြားသိရမှာဖြစ်လို့ ရင်ခုန်စွာနဲ့ အသင့်စောင့်မျှော်ကြပါစို့။ 💪
#SDB3YearsAndBeyond #SpringDevelopmentBank #RealBankRealFreedom #ChooseSDB

❤75👍9🥰6
Spring Institute of FinTech (SIF) စတင်ဖွင့်လှစ်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ချစ်ခင်လေးစားရပါသော လုပ်ဖော်ကိုင်ဖက်များ၊ လူထုမိဘပြည်သူများနှင့် မိတ်ဆွေအပေါင်းတို့ခင်ဗျား
@SIFinstitute နွေဦး ဘဏ္ဍာနည်းပညာ ကျောင်းရဲ့ တရားဝင် ပလက်ဖောင်း စတင် ဖွင့်လှစ်လိုက်ခြင်းအပေါ် လှိုက်လှိုက်လှဲလှဲနှင့် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ။
ဒါဟာ အဖွဲ့အစည်းအသစ်တခုကို ဖွင့်လှစ်လိုက်ရုံသက်သက် မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးနည်းပညာ (FinTech) က နည်းပညာကဏ္ဍနဲ့အတူ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ပုံဖော်ပေးကြမယ့် မျိုးဆက်သစ် ခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေ၊ နည်းပညာရှင်တွေနဲ့ လူမှုအကျိုးပြု ပြောင်းလဲရေးသမားတွေကို ပြုစုပျိုးထောင်ပေးဖို့၊ အရည်အချင်းတွေ မြှင့်တင်ပေးဖို့နဲ့ ဆန်းသစ်တီထွင်မှုတွေကို အားပေးဖို့ ခရီးစဉ်တခု စတင်လိုက်တာလည်း ဖြစ်ပါတယ်။
အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်ကြီးမှာ အသိပညာ၊ ဖန်တီးနိုင်စွမ်း၊ ခေါင်းဆောင်မှုနဲ့ လူသားအရင်းအမြစ်တွေက ကျွန်တော်တို့အတွက် အဖိုးတန်ဆုံးအရာတွေ ဖြစ်လာမှာပါ။ အနာဂတ်ကို မျှော်ကြည့်တဲ့အခါမှာလည်း မြန်မာနိုင်ငံတော်သစ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုတခုက အရည်အချင်းရှိပြီး ကျင့်ဝတ်နဲ့အညီ ရှေ့ဆောင်တွေးခေါ်နိုင်တဲ့ လူသားအရင်းအမြစ်တွေကို မွေးထုတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် SIF ကနေတဆင့် ကျွန်တော်တို့ဟာ ကျွမ်းကျင်မှုနဲ့ ပညာရေးတင်မကဘဲ ခိုင်မာတဲ့ အဖွဲ့အစည်းတွေ၊ တက်ကြွတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ သာယာဝပြောတဲ့ နိုင်ငံသစ်တခု တည်ဆောက်ဖို့အတွက် အဓိကအကျဆုံးဖြစ်တဲ့ "လူသားအရင်းအမြစ်" တွေကိုပါ ရင်းနှီးမြှုပ်နှံနေတာ ဖြစ်ပါတယ်။
ယနေ့လို မှတ်ကျောက်တိုင်တခုကို အောင်အောင်မြင်မြင် စိုက်ထူနိုင်ဖို့အတွက် ကိုယ်စီမျှော်မှန်းချက်တွေ၊ ပေးဆပ်မှုတွေ၊ မနားမနေ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ SIF အဖွဲ့သားများနဲ့တကွ ပတ်သက်ဆက်နွယ်နေသူ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့အားလုံး လက်တွဲပြီး လူတဦးချင်းစီရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ့်၊ ကျွန်တော်တို့ရဲ့ နွေဦးဂလက်စီ ဂေဟစနစ်ကို ပိုတိုးတက်စေမယ့်အပြင် မြန်မာနိုင်ငံတော်သစ် ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး မျိုးဆက်သစ်တွေက ရှေ့ကနေ ဦးဆောင်၊ ဆန်းသစ်တီထွင်ပြီး ပါဝင်ကူညီနိုင်မယ့် ပလက်ဖောင်းတခုကို ဖန်တီးပေးနေကြတာ ဖြစ်ပါတယ်။
ခုလို ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုမှတ်ကျောက်အတွက် ထပ်လောင်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်က ဒီနေ့ကတည်းက စတင်နေပါပြီ။
လေ့လာစို့။ ဦးဆောင်စို့။ တည်ဆောက်စို့။ အားတက်စေစို့။
ခင်မင်လေးစားစွာဖြင့်
ကယ်လ်ဗင်
အမှုဆောင်အရာရှိချုပ် (CEO)
နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB)
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်

❤67👍13🎉1