Spring Development Bank
19.3K subscribers
2.6K photos
151 videos
1.18K links
Discover the First Neo Bank for Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
SDB Canteen Chitchat - Episode 5 🎉

အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်လေ့ရှိတဲ့ Canteen Chitchat Mini-Podcast Series ကို နွေဦးပြည်သူရှေ့မှောက် ပြန်လည်ယူဆောင်လာပါပြီ။ 🎙️

ဒီတစ်ပတ်မှာတော့... Canteen မှာ နေ့လည်စာစားနေတဲ့ July ဆီ Eric ရောက်လာတဲ့အခါ၊ သူတို့တဦးချင်းစီ လုပ်ကိုင်နေကြတဲ့ အကြောင်းအရာလေးတွေကို အချင်းချင်း မည်သို့ ပြောဆိုဖလှယ်ခဲ့ကြလဲဆိုတာ အခုပဲ အတူတူ နားဆင်ကြည့်လိုက်ရအောင်နော်။ 🎧

#SDBCanteenChitchat #SDBPodcastSeries #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
59👍8
First date နဲ့ပတ်သက်လာရင် သင်က ပထမ တမျိုးလား? ဒုတိယ တမျိုးလား? 💌

#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
59👍6
Spring CrowdFund - နွေဦးလူထုရန်ပုံငွေ platform ဆိုတာ...

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူလူထု ရင်ဆိုင်နေရတဲ့ လူသားချင်း စာနာကူညီရေး လိုအပ်ချက်များကို ထောက်ပံ့နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက အရေးပေါ်မြန်ဆန်စွာ ကူညီပေးနိုင်ရန်နှင့် တော်လှန်ရေး အင်အားစုများကို ပံ့ပိုးနိုင်ရန်အတွက် ရန်ပုံငွေ စုဆောင်းရေး အွန်လိုင်းပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် တော်လှန်ရေး အသိုက်အဝန်းအတွက် မျှော်လင့်ချက် ၊ ခံနိုင်ရည်သက်လုံနှင့် စုပေါင်းဆောင်ရွက်မှုတို့ကို အခြေခံထားတဲ့ ထောက်တိုင်တခုလည်းဖြစ်ပြီး.. အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို အတူတကွ ပြန်လည်တည်ဆောက်ရေး ကာလအထိ ရည်ရွယ်ထားပါတယ်။

လုံခြုံစိတ်ချ လွယ်ကူမြန်ဆန်စွာ ထောက်ပို့နိုင်တယ်။
မြေပြင်ကို ကိုယ်တိုင်တိုက်ရိုက် ထောက်ပို့နိုင်တယ်။
ကမ်ပိန်းများစွာကို တနေရာတည်းမှာ စုစည်းပေးထားတယ်။
အချိန်မရွေး နေရာမရွေး အသုံးပြုနိုင်တယ်။
@SpringDevBank နွေဦးဘဏ် ငွေလွှဲစနစ်ကို အသုံးပြုပြီး နိုင်ငံတကာငွေကြေး (၁၀) မျိုး စုံလင်စွာ လှူဒါန်း ထောက်ပို့နိုင်တယ်။
ရရှိငွေပမာဏများကို ပွင့်လင်းမြင်သာမှုရှိစွာ အချိန်နဲ့တပြေးညီ သိနိုင်တယ်။
Certificate ချက်ချင်း ရယူနိုင်တယ်။
0% platform fees ဖြင့် အခမဲ့ အသုံးပြုနိုင်တယ်။

အစရှိတဲ့ အားသာချက်များစွာ ရှိတာကြောင့် အလှူရှင် တော်လှန်ပြည်သူများ၊ မြေပြင်အဖွဲ့အစည်းများ၊ ကမ်ပိန်းတာဝန်ခံအဖြစ် ရှာဖွေပေးနေရသူများရဲ့ အချိန်အင်အား လူအင်အား ပင်ပန်းမှုများကို သက်သာအောင် လျှော့ချပေးနိုင်ရန်လည်း ရည်ရွယ်တည်ဆောက်ထားတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

မိတ်ဆွေရော..
ကိုယ်ပိုင် @SpringCrowdFund အကောင့် ရှိထားပြီလား။

#SCF #SpringCrowdFund
#CollectivePower
#TogetherWeCan
80👍9🥰8
Live stream started
Live stream finished (1 hour)
မနက်ဖြန်မှာ ကြယ်တာရာတွေဆီ တာစထွက်မယ့် Galaxy HODLer 2 Mission ရဲ့ အာကာသမှူးများ အားလုံး ၆လတိတိ လိုက်ပါစီးနင်းဖို့အတွက် အသင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်။ 🚀 

ထို့အတူ ဒီ misson ရဲ့ ဂလက်စီခရီးစဉ်ခေါ်သံကို သင့်အနေနဲ့ ဘယ်လိုကြားသိပြီး ပါဝင်ခဲ့လဲဆိုတာကို အောက်ပါအချက်များထဲက တချက်ကို ရွေးချယ်ပြီး comment မှာ မျှဝေခဲ့ပေးပါဦး။ 💬

#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
73🥰8👍3
၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့တွင် နိုင်ငံတဝန်းရှိ ကာယ၊ ဉာဏ လုပ်သားထုနှင့် CDM ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးထားလျက်၊ မိမိတို့၏ လုပ်ခလစာများကို SDB ကွန်ယက်မှတဆင့် စိတ်ချလုံခြုံစွာ ရယူအသုံးပြုနေကြသည့် ပြည်သူတဦးတယောက်ချင်းစီအား လေးစားဂုဏ်ပြုအပ်ပါသည်။

#SpringDevelopmentBank
#RealBankRealFreedom
#chooseSDB
64👍8🔥8
ဖက်ဒရယ်အနာဂတ်ဆီသို့ ဦးတည်သည့် Galaxy Mission တွင် $SDB Token HODLer တယောက်၏ ခိုင်မာသော သံမဏိသမာဓိကို သက်သေပြရန် အချိန်ရောက်ပါပြီ။ 🌌

$SDB Token များကို SDB Wallet ထဲတွင်သာ အောက်တိုဘာလ ၃၁ ရက်နေ့၊ သန်းခေါင်ယံည ၁၁:၅၉:၅၉ မြန်မာချိန် အထိ တည်ငြိမ်စွာ HODL ထားပါ

စာရင်းပေးသွင်းထားသည့် ကတိပြုပမာဏထက် မလျော့နည်းအောင် မစ်ရှင်ပြီးဆုံးသည်အထိ သတိပြုထိန်းသိမ်းထားပါ

6% APR ဆုလာဘ်နှင့် Galaxy HODLer Tag တို့ကို ဆွတ်ခူးရယူဖို့အတွက် မစ်ရှင်ပြီးဆုံးသည့်တိုင် ယနေ့မှစ အတူ HODL ထားကြပါစို့။ 🚀

#GalaxyHODLer2 #SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
65👍8
အာဏာရှင်ရဲ့ မာယာများသော မျှော်လင့်ချက်ပုံရိပ်များ အပေါ် မယိမ်းယိုင်ဘဲ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီအတွက် ပြည်သူမှ ပြည်သူသို့ နိုင်ရာဝန်ထမ်း ပံ့ပိုးမှုတို့ဟာ ဧပြီလ ၂၁ ရက်နေ့ မှ ၃၀ ရက်နေ့အတွင်း တိုကင်ရောင်းအား ၁၁.၆ သန်းကျော်နှင့် တိုကင်ဝယ်အား ၂၇.၅ သန်းနီးပါးအထိ SDB In-App Exchange မှတဆင့် အနာဂတ်ဘဏ္ဍာကို အခိုင်အမာ တောင့်တင်းစေခဲ့ပါတယ်။ 💪

ဤသို့ လက်တွဲညီသော ပြည်သူလူထု၏ ဘုံယုံကြည်ချက်ဖြင့် $SDB Token များကို ထပ်မံအားဖြည့်ရင်း တော်လှန်ခရီးဆုံးသည့်တိုင် မလျော့တမ်းအတူ ဆက်လက်လှမ်းချီကြပါစို့။ 🚀

#SDBExchangeFunction #SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
77👍7👏6
AI နည်းပညာ သုံးနေတာချင်းအတူတူ ထွက်လာတဲ့ ရလဒ်တွေ မတူတာ ဘာကြောင့်လဲ တွေးမိဖူးလား? 🧠

တချို့တွေက AI ကနေ ယေဘုယျအဖြေတွေပဲ ရတတ်ပေမယ့် တချို့အတွက်ကျ အိုင်ဒီယာ အသစ်အဆန်းတွေအပြင် နည်းလမ်းဗျူဟာတွေပါ ထုတ်ပေးနိုင်တာ တွေ့ဖူးကြမှာပါ။

💡 ဒါဟာ ဘာကြောင့်လဲဆိုရင် AI က မှန်တစ်ချပ်လို ဖြစ်နေလို့ပါပဲ။
ကိုယ်တွေးခေါ်တဲ့ နည်းလမ်း၊ ကိုယ်မေးတဲ့ ပုံစံ၊ ကိုယ်လမ်းပြတဲ့ပေါ်အလိုက် AI က ပြန်ဖြေပေးနေတာပါ။

ဒါ့ကြောင့် ကိုယ့်ရဲ့ AI သုံးပြီး ထွက်လာတဲ့ ရလဒ်တွေက သာမန်ပဲလို့ ခံစားရရင် ဒါဟာ AI ကို အသုံးချနည်းပညာအနေနဲ့ တွေးနိုင်စွမ်း၊ Prompt လို့ခေါ်တဲ့ စေခိုင်းနည်းတို့ကို ကောင်းကောင်း နားလည်ထားဖို့ လိုအပ်နေပါပြီ။

❇️ “AI ကို တကယ်ရော သုံးတတ်နေပြီလား?” ဆိုတဲ့ မေးခွန်းလေးကို ပဟေဠိ အဖြေညှိရင်း AI နဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ မြှင့်တင်နိုင်ဖို့ SIF ရဲ့ Webinar ကို ဖိတ်ခေါ်လိုက်ပါတယ်။

❇️ Webinar မှာ အဓိက ပါဝင်ဆွေးနွေးသွားမယ့် သူကတော့ Marketing Technology နဲ့ AI Creative နယ်ပယ်တို့မှာ (၅) နှစ်ကျော် အတွေ့အကြုံတွေနဲ့အတူ AI နည်းပညာအကြောင်း မျှဝေပေးနေတဲ့ AI Researcher & Evaluator တစ်ဦးဖြစ်တဲ့ Ko Alex - Founder of Alex's Vlog ပဲ ဖြစ်ပါတယ်။

📢 @SIFInstitute နဲ့အတူ ကိုယ့်ရဲ့ AI အတွေးအခေါ်တွေ မြှင့်တင်ကြဖို့ မေ (၃) ရက်နေ့ ည (၇) နာရီ MMT မှာ ဆုံကြပါစို့။ 💪🏼

🧠 Public Webinar by SIF: Understanding the Mindset & Prompting Skills Behind AI Results

▪️ FB | YouTube LIVE | t.me/springdevbank?livestream
▪️ မေ ၃ (Sun)
▪️ မြန်မာစံတော်ချိန် ည ၇ နာရီ။

#SIF #SpringInstituteOfFintech #SIFWebinar #CryptoEducation #FinTechKnowledge #ComingSoon
👍3730🥰8
$SDB Token များကို စိတ်ချလုံခြုံစွာ အလွယ်တကူ လဲလှယ်နိုင်တဲ့ နေရာကို ရှာဖွေနေတယ်ဆိုရင်တော့ သင့်ဖုန်းထဲက SDB App အတွင်းမှာပင် အလွယ်ကူဆုံး ဝယ်ယူရောင်းချ နိုင်ပါတယ်။ 😎

နိုင်ငံခြားငွေကြေး (၁၀) မျိုးကို အသုံးပြုပြီး မိမိကြိုက်နှစ်သက်ရာ ပမာဏကို ဖြည့်သွင်းကာ ခလုတ်တချက်နဲ့ လဲလှယ်ရယူ နိုင်တာကြောင့် အပူပင်မရှိတဲ့ တိုကင်ဝယ်ရောင်းစနစ်ကို အခုပဲဝင်ရောက် အသုံးပြုကြည့်လိုက်ပါ။ 🤩

$SDB Token ဝယ်ယူရန် SDB အကောင့်ရယူပါ
📲 bit.ly/m/SDB4all

SDB Token Exchange Function အသုံးပြုနည်းလမ်းညွှန်
📖 bit.ly/SDBmanual


#SDBExchangeFunction #SDBToken
#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
92👍16👏3
Live stream scheduled for
Live stream started
Live stream finished (1 hour)
နွေဦးဘဏ္ဍာ ခရီးစဉ်တလျှောက်မှာ သင်ရဲ့ပိုင်ဆိုင်မှုဘဏ္ဍာများ လုံခြုံမှု ရှိစေရန်အတွက် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။ 🔑

1. ငွေလွှဲပြောင်းရန် SDB App ရှိ တရားဝင် RM များနှင့်သာ ဆက်သွယ်ပြီး ငွေမလွှဲမီ UID ဘေးတွင် #VerifiedRM အမှတ်အသား ပါဝင်မှုရှိမရှိ သေချာစွာ စစ်ဆေးပါ။

2. $SDB Token များကို SDB App အတွင်းရှိ Exchange Function မှတဆင့်သာ စိတ်ချလက်ချ ဝယ်ယူစုဆောင်း လဲလှယ်ပါ။

3. မိမိ၏ OTP၊ PIN နှင့် Password များကို ဘဏ်ဝန်ထမ်းအပါအဝင် မည်သူ့ကိုမျှ လုံးဝမျှဝေခြင်းမပြုဘဲ လျှို့ဝှက်စွာ ထိန်းသိမ်းပါ။ 🛡

@SpringDevBank အနေဖြင့် သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များနှင့် လုံခြုံရေးလျှို့ဝှက်ချက်များကို တောင်းခံမည်မဟုတ်ပါသဖြင့် အမြဲသတိပြု၍ သင့်ရဲ့စုဆောင်းဘဏ္ဍာများကို လုံခြုံစွာကာကွယ်ပါ။ 💪

လုံခြုံသော SDB App မှ $SDB Token လဲလှယ်ပါ
bit.ly/m/SDB4all 

SDB အသုံးပြုနည်းလမ်းညွှန်
bit.ly/SDBmanual


#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
80👍9
Blockchain နည်းပညာကို အခြေခံထားသော နွေဦးဘဏ်တွင် $SDB Token များကို USD ဖြင့် အောက်ပါနည်းလမ်းအတိုင်း အလွယ်တကူ စုဆောင်းဝယ်ယူ နိုင်ပါသည်။

လျင်မြန်သော Polygon Network ကို ပံ့ပိုးပေးထားသော မည်သည့် Crypto Exchange Platform မှမဆို USDT (Polygon) ငွေကြေးကို ရယူပြီး သင့်ရဲ့ SDB Wallet ထဲရှိ Polygon Address ထဲသို့ တိုက်ရိုက်လွှဲပြောင်းပါ။

လက်ခံရရှိသော USD များကို @SpringDevBank App အတွင်းရှိ Exchange Function မှတဆင့် $SDB Token များအဖြစ် ခလုတ်တချက်ဖြင့် လဲလှယ်ပြီး သင့်အနာဂတ်ကို ယုံကြည်စိတ်ချစွာ ကိုယ်တိုင် တည်ဆောက်လိုက်ပါ။

USDT ဖြင့် SDB ငွေသွင်းနည်းလမ်းညွှန် 
bit.ly/SDBmanual 

#SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
70👍4🥰4
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် မတုန်မလှုပ် သန္နိဋ္ဌာန်ဖြင့် အသက်၊ ခန္ဓာ၊ သွေး၊ ချွေး၊ အိပ်မက်များကို အပြည့်အဝ အပ်နှင်းပေးဆပ်ခဲ့ကြသော အာဇာနည်ပြည်သူ့ဘက်သား သူရဲကောင်းများနှင့် တောင်တန်းမြေပြန့် မခွဲမခြား ပြည်သူနှင့်အတူ ရပ်တည်ကာ တိုက်ပွဲဝင်နေကြသော ကာကွယ်ရေး ရဲဘော်ရဲဘက်များ အားလုံးကို အထူးဂုဏ်ပြု၍ အလေးပြု ဦးညွတ်အပ်ပါသည်။

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
78💯11🥰7
Media is too big
VIEW IN TELEGRAM
SDB Canteen Chitchat - Episode 6 🎉

အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်လေ့ရှိတဲ့ Canteen Chitchat Mini-Podcast Series ကို နွေဦးပြည်သူရှေ့မှောက် ပြန်လည်ယူဆောင်လာပါပြီ။ 🎙️

ဧပြီလ နွေဦးထီ ကံထူးသူ July က ဆုငွေတွေကို သူမ အနေနဲ့ မည်သို့ အသုံးချသွားမည် နှင့် ဒီလရဲ့ သတင်းထူးလေးတွေကို Eric နဲ့အတူ မည်သို့ မျှဝေပြောဆိုခဲ့ကြလဲဆိုတာ သိရဖို့အတွက် ဒီတပတ်ရဲ့ ပေါ့ပေါ့ပါးပါး စကားဝိုင်းလေးကို အခုပဲ နားဆင်ကြည့်လိုက်ကြစို့နော်။ 🎧

#SDBCanteenChitchat #SDBPodcastSeries #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
65👍3🥰2
နေ့စဉ်သောက်နေတဲ့ ကော်ဖီနှစ်ခွက် တန်ဖိုးကို အပတ်စဉ်ပုံမှန် စုဆောင်းပြီး အနည်းဆုံး ဂျပန်ယန်း 15,000 JPY မှစတင်၍ SDB မှာ စာရင်းသေအပ်နှံနိုင်ပါပြီနော်။ 🇯🇵

💴 တနှစ်လျှင် 3% p.a အထိ အမြင့်ဆုံး အတိုးနှုန်းရရှိနိုင်ပြီး သာမန်စုဆောင်းမှုများထက် တန်ဖိုးပိုမို တိုးပွါးနိုင်ခြင်း

ဂျပန်ရောက် မြန်မာများအတွက် တရားဝင် Japan RM များရှိတာကြောင့် ငွေဖြည့်သွင်းရာမှာလည်း လွယ်ကူစိတ်ချရခြင်း

အခုလို လွတ်လပ်လုံခြုံတဲ့ နွေဦးဘဏ်မှာ ကိုယ့်ရဲ့ ချွေးနည်းစာ ယန်းလေးတွေကို အကျိုးရှိရှိ စုဆောင်းထားပြီး တန်ဖိုးမြင့်တက်လာတဲ့ အနာဂတ်တခုကို ယနေ့မှစ တည်ဆောက်လိုက်ပါ။ 🌸

SDB အကောင့်ဖွင့်နည်း
📲 bit.ly/m/SDB4all

SDB အသုံးပြုနည်းလမ်းညွှန်
📖 bit.ly/SDBmanual


#SDBFixedDeposit #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
41👍1