Spring Development Bank
19.8K subscribers
2.53K photos
142 videos
1.16K links
Discover the First Neo Bank for Myanmar.
Download Telegram
SDBee Comics - ဗယ်လင်တိုင်းဒေးအလွန် ရုံးတက်ကြသူများ အခြေအနေတင်ပြမှု💕(Part 1)

ဒီတစ်ပတ် SDBee Comics မှာတော့ ချစ်သူများနေ့အပြီး ရုံးတွင်းက ပျားလုပ်သားတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တို့ကို ရယ်မောပျော်ရွှင်ဖွယ် ဟာသနှောတင်ဆက်ထားတာမို့ အခုပဲ ဖတ်ရှုလိုက်ရအောင်။

ချစ်သူများနေ့မှာ အသည်းကွဲ ဝေဒနာနဲ့ တခြားပျားတို့လည်း စိတ်အပန်းပြေစေဖို့ အပတ်စဉ်ထွက်ရှိတဲ့ ကောမစ်လေးကို ပြန်လည် မျှဝေပေးလိုက်ပါဦးနော်။🍯

#SDBWeeklyComics
#SpringBeesbySDB
#stinglikeSDBees
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
66👍18
SDBee Comics - ဗယ်လင်တိုင်းဒေးအလွန် ရုံးတက်ကြသူများ အခြေအနေတင်ပြမှု💕(Part 2)

ဒီတစ်ပတ် SDBee Comics မှာတော့ ချစ်သူများနေ့အပြီး ရုံးတွင်းက ပျားလုပ်သားတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တို့ကို ရယ်မောပျော်ရွှင်ဖွယ် ဟာသနှောတင်ဆက်ထားတာမို့ အခုပဲ ဖတ်ရှုလိုက်ရအောင်။

ချစ်သူများနေ့မှာ အသည်းကွဲ ဝေဒနာနဲ့ တခြားပျားတို့လည်း စိတ်အပန်းပြေစေဖို့ အပတ်စဉ်ထွက်ရှိတဲ့ ကောမစ်လေးကို ပြန်လည် မျှဝေပေးလိုက်ပါဦးနော်။🍯

#SDBWeeklyComics
#SpringBeesbySDB
#stinglikeSDBees
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
80👍19🥰5
နှစ်သစ်မှာ နွေဦးပြည်သူတို့အတွက် ကံကောင်းခြင်းတွေ ဆောင်ကြဉ်းလာပေးမယ့် နွေဦးဂလက်စီ မိသားစုဝင်တွေ ပျော်ရွှင်စွာ ခွဲဝေရယူနိုင်မယ့် 88,000 SDB Hong Bao Lucky Box Drop ကို မနက်ဖြန်မှာ @SpringDevBank Telegram Community ၌ Surprise Gift အဖြစ် လျှပ်တပြက် ချပေးသွားမှာဖြစ်ပါတယ်။🧧

အကယ်၍ သင်ဟာ ကံထူးလို့ ဒီ Hong Bao လေးတွေကို လက်ခံရရှိခဲ့တယ်ဆိုရင်တော့ နွေဦးအသိုက်အဝန်းလေး ပိုမိုစည်ကားသွားအောင် Community ထဲမှာ ပြန်လည် Share ပေးခြင်းဖြင့် မနက်ဖြန်မှာ လက်ဦးမှုရယူနိုင်ဖို့ Telegram Community မှာ အခုပဲ မျက်ခြေမပြတ် စည်စည်ကားကားစောင့်ကြည့်ထားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

🔗SDB Telegram Community သို့ Join ရန်: @SpringDevBankCommunity

#SDBHongBao
#LunarNewYear2026
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
🥰6338👍10🔥2
ဘဏ္ဍာရေးဆိုင်ရာ ဖိနှိပ်ချုပ်ကိုင်မှုတိုင်းကို မတုန်မလှုပ်ဘဲ ကြံ့ကြံ့ခံရင်း မိမိတို့၏ အနာဂတ်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အမိအရ ဆုပ်ကိုင်ထားကြသည့် နွေဦးပြည်သူများက "Token of Resilience" ကမ်ပိန်း ပထမရက်သတ္တပတ်တွင် SDB Counter မှ အောက်ပါ ငွေကြေးအမျိုးအစားအလိုက် $SDB တိုကင် ၁၁ သန်းကျော် ဝယ်ယူပြီး အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ တခဲနက် ပါဝင်အားဖြည့်ခဲ့ကြသည်။

အခုရရှိထားတဲ့ အရှိန်အဟုန်ဟာ အမှောင်ထုကို ခွဲထုတ်မယ့် သက်လုံအလင်းတိုင်တွေဖြစ်ပြီး ပါဝင်ဝယ်ယူခဲ့ကြသူတိုင်းကို အထူးပင် ကျေးဇူးတင်ရှိသလို၊ 1.3% Rebate ဆုလာဘ်များကိုလည်း ၇၂ နာရီအတွင်း သက်ဆိုင်ရာ အကောင့်များထံသို့ ဂုဏ်ယူစွာဖြင့် အရောက်ပို့ဆောင်ပေးသွားမှာဖြစ်လို့ ရှေ့ဆက်မယ့် ရက်သတ္တပတ်များမှာလည်း ဒီလိုခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့အတူ အရှိန်အဟုန်မပျက် ဆက်လက်စုဆောင်းလိုက်ကြရအောင်။💪

#TokenOfResilience
#SDBToken
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
92👍12
နှစ်သစ်ရဲ့ မင်္ဂလာအပေါင်းနဲ့အတူ နွေဦးဂလက်စီမိသားစုဝင်တို့ရဲ့ ဘဏ္ဍာရေးအနာဂတ် ပိုမိုတောက်ပပွင့်လန်းစေဖို့ ရည်ရွယ်တဲ့ ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးမယ့် 88,000 SDB Hong Bao ရတနာသေတ္တာလေးဟာ ဒီနေ့ည မြန်မာချိန် ၈ နာရီ နောက်ပိုင်းကစပြီး လျှပ်တပြက် ရောက်ရှိလာတော့မှာ ဖြစ်လို့ လက်ဦးမှုရယူနိုင်ဖို့အတွက် @SpringDevBank Telegram Community Channel မှာ အသင့်နေရာယူထားရင်း မျက်ခြေမပြတ် စောင့်ကြည့်ထားကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်နော်။🧧👇

🔗SDB Telegram Community သို့ Join ရန်: @SpringDevBankCommunity

#SDBHongBao #LunarNewYear2026
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
124👍17
ခက်ခဲကြမ်းတမ်းသော နွေဦးခရီးလမ်းတလျှောက်မှာ မမှိတ်မသုန်သော သစ္စာတရား၊ ကြံ့ကြံ့ခံနိုင်ရည်ရှိသည့် သက်လုံနှင့် အနာဂတ်အပေါ် ထားရှိသည့် ခိုင်မာသော ယုံကြည်မှုတို့ဖြင့် ရှေ့တန်းက ရပ်တည်ပေးခဲ့ကြသည့် "Token of Resilience" ကမ်ပိန်းပါဝင်ခဲ့သူများအားလုံးကို နွေဦးဘဏ်မှ အထူးပင် ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။

သင်တို့၏ မယိမ်းမယိုင်သော စိတ်ဓာတ်ကို အသိအမှတ်ပြုသောအားဖြင့် ၁.၃ ရာခိုင်နှုန်း (1.3% Rebate) ဆုလာဘ်များကို သက်ဆိုင်ရာ SDB အကောင့်များထဲသို့ အောင်မြင်စွာ လွှဲပြောင်းပေးအပ်ပြီးဖြစ်ရာ ရှေ့ဆက်ရမည့် ဘဏ္ဍာရေးစစ်မျက်နှာတိုင်းမှာလည်း ဤသက်လုံ၊ ဤအားမာန်များဖြင့် အောင်ပွဲဆီသို့ အတူတကွ ဆက်လက် အရောက်လှမ်းကြပါစို့။💪

#TokenOfResilience  
#SpringDevelopmentBank 
#RealBankRealFreedom 
#ChooseSDB
84👍5
ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်အထိ (၇) ရက်တာကာလအတွင်းမှာ SDB Counter ရဲ့ အရောင်းအဝယ်မှတ်တိုင်တွေဟာ ချစ်ခြင်းမေတ္တာတွေနဲ့အတူ အားတက်စဖွယ် ထွန်းလင်းတောက်ပခဲ့ပါတယ်။

စစ်အုပ်စုရဲ့ ဘဏ္ဍာရေးချုပ်ကိုင်မှုတွေကို အန်တုရင်း USD ၅ သောင်းခွဲကျော် တန်ဖိုးရှိ $SDB Token ပေါင်း ၁၆သန်းခန့်ကို နွေဦးပြည်သူများက ယုံကြည်ချက်ရှိရှိနဲ့ အင်တိုက်အားတိုက် ဝယ်ယူစုဆောင်းခဲ့ကြပြီး ဒီလို ခိုင်မြဲတဲ့ ယုံကြည်မှုတွေနဲ့အတူ ရှေ့ဆက်မယ့် နေ့ရက်တိုင်းမှာလည်း လွတ်လပ်ခြင်းရဲ့ အသီးအပွင့်တွေကို အတူတကွ ဆွတ်ခူးနိုင်ဖို့ နွေဦးဘဏ်နဲ့အတူ လက်တွဲပြီး အောင်ပွဲဆီသို့ ဆက်လက်ပုံဖော်လိုက်ရအောင်။💪

#SDBCounter 
#SpringDevelopmentBank 
#RealBankRealFreedom 
#ChooseSDB 
94👍9🥰3
နွေဦးပျားတို့ရဲ့ ဘဏ္ဍာရေးတိုက်ပွဲမှာ "အဖျက်စွမ်းအားကြီးမားတဲ့ ဝက်ဝံကြီး" ကို Hive အဖွဲ့သားအားလုံးရဲ့ စုပေါင်းအင်အားနဲ့ ဘယ်နှကြိမ်လောက် အပြတ်အသတ် အလဲထိုးနိုင်မလဲဆိုတာကို လက်တွေ့တွက်ချက်ပြီး Comment မှာ ပြောခဲ့ပေးဦးနော်။👇

🔗https://www.facebook.com/share/p/18JcLLG48u

နွေဦးဘဏ္ဍာစစ်မျက်နှာမှာ ဂဏန်းတိုင်းဟာ အောင်ပွဲအတွက် အုတ်တချပ် သဲတပွင့်ပဲဖြစ်ပြီး အဖြေမှန်ကိုတော့ မနက်ဖြန်မှာ ထုတ်ပြန်ပေးသွားပါမယ်နော်။ 💪🐝

#BeatTheBear
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
65👍15🥰4
VIP/ Priority Banking အကြောင်း SIF ရဲ့ FinTech မှန်ဘီလူးနဲ့ ကြည့်ပြီး ဆွေးနွေးကြမယ်။ 🔎👑

•••
@SIFInstitute ကတော့ FinTech အကြောင်း လေ့လာလိုက်စားနေသူတွေအတွက် အခွင့်အလမ်း အသစ်တစ်ခု ထပ်မံယူဆောင်လာပါပြီ။ 🤗

ဒီအခွင့်အလမ်းမှာဆိုရင် FinTech လေ့လာရေးခရီးမှာ သိထားသင့်တဲ့ “VIP/ Priority” ဆိုတဲ့ စကားလုံးကို FinTech, ဘဏ္ဍာရေး၊ ခရစ်ပတို၊ ဒစ်ဂျစ်တယ်ရွှေ စတဲ့ နယ်ပယ်အစုံကနေ ဆွေးနွေးဖလှယ်သွားမှာ ဖြစ်ပြီး လက်ရှိ Bear Market မှာ လုပ်လေ့ရှိတဲ့ အမှားတွေအကြောင်းလည်း ထပ်ဆောင်း ပညာပေးဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

•••
🔋 ဒီ Public Webinar မှာ ~

▪️ နိုင်ငံတကာရဲ့ VIP/ Priority Banking ယဉ်ကျေးမှု
▪️ Priority Banking ရဲ့ Tier စနစ်များ
▪️ ခရစ်ပတိုရဲ့ VIP ဖွဲ့စည်းပုံနဲ့ ဒစ်ဂျစ်တယ်ရွှေ
▪️ လက်ရှိ Volatility မြင့်နေတဲ့ ဈေးကွက်မှာ လုပ်မိတတ်တဲ့ အမှားများ
▪️ @SpringDevBank ရဲ့ VIP Program အကြောင်း

စတဲ့ အကြောင်းအရာတွေကို FinTech မှန်ဘီလူးနဲ့ စိစစ်ပြီး ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

•••

🔋 ပြည်တွင်း ခရစ်ပတိုရပ်ဝန်းက KOL တွေဖြစ်တဲ့ ~

▪️ Crypto Nova မှ Ma Eira
▪️ @Kooe_Crypto Studios မှ Ko Nix

တို့ကနေ ပါဝင်ဆွေးနွေးပေးသွားမှာပါ။

•••

🔰 “VIP” ဆိုတဲ့ Status နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်နိုင်ပြီး ဈေးကွက်မှာ စိတ်ခံစားချက်နဲ့ မဆုံးဖြတ်ဘဲ နည်းစနစ်ကျကျ စဉ်းစားနိုင်စေဖို့အတွက် ဒီ Weekend မှာ SIF ရဲ့ FinTech မှန်ဘီလူးနဲ့ အတူကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 💪🏼🐝

Public Webinar by SIF: Understanding VIP/ Priority Banking Through a FinTech Lens

▪️ FB | YouTube LIVE | t.me/springdevbank?livestream
▪️ ဖေဖော်ဝါရီ ၂၁ (Sat)
▪️ မြန်မာစံတော်ချိန် ည ၇ နာရီ။

#SIF #SpringInstituteOfFintec #SIFWebinar #CryptoEducation #FinTechKnowledge #ComingSoon
72👍13🥰5
Media is too big
VIEW IN TELEGRAM
🎙️ SDB Podcast Friday: "ခိုင်မြဲတဲ့လက်တွဲမှုတွေနဲ့ ရဲရဲလျှောက် အောင်ပွဲဆီသို့" 💪

အပတ်စဉ် သောကြာနေ့ရဲ့ SDB Podcast Friday ကို ပြည်သိမ်းမောင်၊ မသန့်ဝေကျော်တို့နှင့်အတူ ပြန်လည်တင်ဆက်လိုက်ပါတယ်။

ဒီတစ်ပတ်မှာတော့ @NwayOoHti လက်မှတ်ဝယ်ယူရင်း $SDB Token ဆုလက်ဆောင်တွေ ကံထူးနိုင်မယ့် "ရဲရဲလျှောက်" Campaign အပြင်၊ မိမိရဲ့ Referral Link မှတစ်ဆင့် ချစ်ခင်ရသူတွေကို လက်တွဲခေါ်ယူရင်း နှစ်ဦးလုံး အကျိုးခံစားခွင့်တွေ ရရှိနိုင်မယ့် Referral Program အကြောင်းတွေကို အခုပဲ အတူတူ နားဆင်လိုက်ရအောင်နော်။ 🎉

#SDBPodcastFriday
#SpringDevelopmentBank
#ChooseSDB
#NwayOoHti
#WeDreamBold
65👍7🥰6