Spring Development Bank
✔
19.8K subscribers
2.53K photos
142 videos
1.16K links
Discover the First Neo Bank for Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
🎙️SDB Podcast Friday: နွေဦးရဲ့ ခွန်အား SCF ရဲ့ တစ်နှစ်တာ အကြည်ဓာတ်များ 🌳

အပတ်စဉ် သောကြာနေ့ရဲ့ SDB Podcast Friday ကို ပြည်သိမ်းမောင်၊ မသန့်ဝေကျော်တို့နှင့်အတူ ပြန်လည်တင်ဆက်ဖို့ ရောက်ရှိလာပါပြီ။

ဒီတစ်ပတ်မှာတော့ အကြည်ဓာတ်လေးတွေရဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေနဲ့ တခဲနက် အားဖြည့်ဝန်းရံမှုတွေကြောင့် ၁ နှစ်ပြည့် မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီဖြစ်တဲ့ @SpringCrowdFund ပလက်ဖောင်း အကြောင်းကို အားရဂုဏ်ယူဖွယ် မျှဝေထားတာကြောင့် အားလုံးအတူတူ အခုပဲ နားဆင်လိုက်ကြရအောင်နော်။ 🎉

#SDBPodcastFriday
#SpringCrowdFund #TogetherWeRise #SCF #SpringDevelopmentBank
#ChooseSDB
❤104🥰12👍8
ဘဏ္ဍာရေးမုန်တိုင်းတွေကြားက အရေးပေါ်ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ မိမိတို့ပိုင်ဆိုင်တဲ့ အဖိုးတန် $SDB တိုကင်တွေ တန်ဖိုးတက်လာမယ့် အနာဂတ်ကို စောင့်ဆိုင်းရင်း လုံခြုံစွာထားရှိပြီး လိုအပ်တဲ့ ငွေသားစီးဆင်းမှုကို မိနစ်ပိုင်းအတွင်း အသက်သာဆုံးနှုန်းထားတွေနဲ့ ဖန်တီးရယူနိုင်တဲ့ @SpringDevBank ရဲ့ စိတ်ချရတဲ့ ချေးငွေဝန်ဆောင်မှု Collateral Loan နဲ့အတူ လက်ရှိလိုအပ်ချက်တွေကို လွတ်လပ်စွာ ကျော်ဖြတ်လိုက်ပါ။💪

Collateral Loan အကြောင်း အသေးစိတ်
🔗www.facebook.com/share/p/12LmTnBHruw

Collateral Loan အသုံးပြုနည်းလမ်းညွှန်
📖www.facebook.com/share/p/1CSWnoH6bb

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
❤95🥰12👍5
စစ်အာဏာသိမ်းမှုရဲ့အမှောင်ထုက ငါးနှစ်တိုင်တိုင် ဖုံးလွှမ်းဖို့ ကြိုးစားနေပေမဲ့ တော်လှန်ပြည်သူတို့ရဲ့ ရင်ထဲက အမှန်တရား မီးအိမ်တွေကတော့ အောင်ပွဲဆီကို ဦးတည်ပြီး တချက်မမှိတ်ဘဲ တောက်လောင်နေဆဲ ဖြစ်ပါတယ်။

ဒီတော်လှန်ခရီးကြမ်းမှာ အသက်၊ သွေး၊ ချွေးတွေနဲ့ လမ်းခင်းပေးခဲ့တဲ့ သူရဲကောင်းတွေကို အောက်မေ့ သတိရရုံတင်မကဘဲ အနာဂတ်လွတ်လပ်မှုအတွက် နိုင်ငံတော်သစ်ကို လှမ်းချီနေတဲ့ မိဘပြည်သူတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ $SDB Token များကို ဆုလာဘ် ရယူနိုင်ဖို့ အခွင့်အရေး ထပ်မံရောက်ရှိလာပါပြီ။🤩

@NwayOoHti ရဲ့ “ရဲရဲလျှောက်” မှတ်စုကမ်ပိန်းဟာ ရဲဘော်ရဲဘက်အချင်းချင်း လက်ချင်းတွဲ ရင်ချင်းအပ်ကာ ပြည်သူ့အားမာန် မှတ်တိုင်တစ်ခု ဖြစ်ပြီး ဝယ်ယူလိုက်တဲ့ လက်မှတ်တစ်စောင်တိုင်းမှာ ရေးသားလိုက်တဲ့ အမှတ်တရစိတ်ဓာတ်တွေအတွက် $SDB Token ဂုဏ်ပြုလက်ဆောင်အဖြစ် ကံစမ်းပေးအပ်သွားမှာ ဖြစ်လို့ အောက်ပါ အတိုင်း ပါဝင်ပြီး အနာဂတ်ရဲ့ လွတ်လပ်ခြင်းအချုပ်အခြာကို နွေဦးဘဏ္ဍာရေးဝါရဇိန်များဖြင့် အတူတူ ထုဆစ်လိုက်ကြပါစို့။💪

ကမ်ပိန်းတွင် ပါဝင်ရန်-
1️⃣ နွေဦးထီ လက်မှတ် (၁) စောင် ဝယ်ယူပါ။

2️⃣ မှတ်စုကဏ္ဍတွင် မိမိရဲ့ အားပေးစကားနှင့်အတူ #ရဲရဲလျှောက် ကို မဖြစ်မနေ ထည့်သွင်းရေးသားပါ။

3️⃣ သတ်မှတ်ချက်ကိုက်ညီသူတွေကို ဆုအရေအတွက် ၅၀ အထိ ကျပန်းရွေးချယ်ပြီး 10,000 SDB Token စီ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

👇အသေးစိတ်ကို အောက်မှာဖတ်ရှုပါ။
https://bit.ly/NOHYYSNoteCampaign

#NwayOoHti #ရဲရဲလျှောက်
#SDBToken
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
❤124🥰15👍12
စစ်အုပ်စုရဲ့ ဗဟိုဘဏ်ကနေ ရွှေ စုဆောင်းခြင်း ၊ နိုင်ငံခြားငွေ လဲလှယ်ခြင်း ၊ ငွေသားထုတ်ယူခြင်းတွေကို ကန့်သတ် ဖိနှိပ်မှုမျိုးစုံဖြင့် ပြည်သူ့ပိုင် ဓနငွေကြေးတွေကို ဓားစာခံလုပ်နေတဲ့ အာဏာရှင်တို့၏ လက်ခုပ်ထဲက ရေဘဝနဲ့ ဘဏ္ဍာရေးအကျဉ်းထောင်ထဲမှာ ဆက်ပြီး ပိတ်လှောင်ခံနေဦးမှာလား။🤔

ဒီလို ကိုယ့်ပိုင်ဆိုင်မှုတွေ စိတ်ကြိုက် ထုတ်ယူသုံးစွဲ ခွင့်မရှိတဲ့ ခေတ်ပျက်စနစ်ဆိုးထဲမှာ နစ်မွန်း မနေဘဲ အချိန်မရွေး၊ နေရာမရွေး စိတ်ချလက်ချ စီမံခန့်ခွဲနိုင်တဲ့ ပြည်သူ့ဘဏ္ဍာရေး အမိုးအကာအောက်မှာ ကမ္ဘာ့ရွှေစျေး နဲ့ အညီ ဒီဂျစ်တယ် SDB Gold အပြင် နိုင်ငံတကာငွေကြေး (၁၀) မျိုးကို ရာနှုန်းပြည့် လွတ်လပ်စွာ လဲလှယ်သိမ်းဆည်းကာ @SpringDevBank နဲ့အတူ အခုပဲ ရုန်းထွက်လိုက်ပါ။⛓️‍💥

ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အတားအဆီးမဲ့ ဘဏ္ဍာရေးလွတ်လပ်ခွင့်ကို ရယူလိုက်ပါ👇
📲bit.ly/m/SDB4all

#SDBGold
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
❤1.46K👍399🥰41🔥22🎉13👏10
SDB နဲ့ ချိတ်ဆက်ပြီး စျေးရောင်းစျေးဝယ်လို့ရတဲ့ SpringZey🤩

နွေဦးဘဏ္ဍာရေးဂေဟစနစ်ကြီးကို ပိုမိုပြည့်စုံစေမယ့် မကြာခင်မှာ အသက်ဝင်လာတော့မယ့် SpringZey ရဲ့ အားရစရာကောင်းတဲ့ စိတ်လှုပ်ရှားဖွယ်ရာ ခြေလှမ်းသစ်တွေကို @SpringDevBank ချစ်သူမိသားစုဝင်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အခုဆိုရင် သင့်ဆီမှာ SDB အကောင့်တစ်ခုရှိရုံနဲ့ @SpringZey မှာ နယ်စည်းမခြား စျေးဝယ်ယူနိုင်တော့မှာဖြစ်သလို မိမိတို့ရဲ့ ထုတ်ကုန်တွေ၊ လက်မှုပစ္စည်းတွေကိုပါ တစ်ကမ္ဘာလုံးက သိအောင် ချပြရောင်းချနိုင်တော့မှာဖြစ်ပြီး ကိုယ်ပိုင်ငွေကြေးစနစ်နဲ့ လည်ပတ်မယ့် အားအကောင်းဆုံး ဘဏ္ဍာရေးစစ်မျက်နှာသစ်တစ်ခုလည်း ဖြစ်တာကြောင့်…

သင်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်စေ၊ အိမ်တွင်းမှုလုပ်ငန်း လုပ်ကိုင်သူတစ်ယောက်ဖြစ်စေ SpringZey ရဲ့ မိတ်ဖက်ပါတနာတစ်ဦးအဖြစ် လက်ဦးမှုရယူပြီး အတူတူလက်တွဲကာ မိမိတို့ရဲ့ အနာဂတ် စီးပွားရေးကို အတားအဆီးမဲ့စွာ ချဲ့ထွင်ဖို့အတွက် အောက်ပါ Form လေးမှာ အခုပဲ Pre-registration ပြုလုပ်ထားလိုက်ပါ👇

🛒SpringZey Pre-Registration Form:
https://bit.ly/SZPreRegistration

#SpringZey
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDBc
❤542👍118🥰38
SDBee Comics - ယခုအပတ် ကောမစ်မဆွဲပါ🙅(Part 1)

ဒီအပတ် SDBee Comics မှာတော့ သူ ကောမစ်မဆွဲချင်ပါဘူး ဆိုတာကို ကောမစ်ဆွဲပြီး ပြောပြခဲ့တဲ့ ပျားလေးတကောင်အကြောင်းကို အလွဲလေးတွေနဲ့ ဟာသနှောတင်ဆက်ထားတာမို့ အခုပဲ ရယ်ရယ်မောမော ဖတ်ရှူလိုက်ရအောင်။

ကောမစ်ဆွဲတဲ့ ပျားလေးလို ဒီအပတ်မှာ အလုပ်မလုပ်ချင်ဘဲ "နားချင်တယ်" လို့ စိတ်ကူးနေတဲ့ ပျားတွေ ရှိခဲ့ရင်လည်း ဒီကောမစ်လေးကို Share ရင်း အားဖြည့်ခဲ့ပါဦးနော်။ 🍯

#SDBWeeklyComics
#SpringBeesbySDB
#stinglikeSDBees
#SpringDevelopmentBank
#ChooseSDB
❤367👍87🥰19👌1
SDBee Comics - ယခုအပတ် ကောမစ်မဆွဲပါ🙅 (Part 2)

ဒီအပတ် SDBee Comics မှာတော့ သူ ကောမစ်မဆွဲချင်ပါဘူး ဆိုတာကို ကောမစ်ဆွဲပြီး ပြောပြခဲ့တဲ့ ပျားလေးတကောင်အကြောင်းကို အလွဲလေးတွေနဲ့ ဟာသနှောတင်ဆက်ထားတာမို့ အခုပဲ ရယ်ရယ်မောမော ဖတ်ရှူလိုက်ရအောင်။

ကောမစ်ဆွဲတဲ့ ပျားလေးလို ဒီအပတ်မှာ အလုပ်မလုပ်ချင်ဘဲ "နားချင်တယ်" လို့ စိတ်ကူးနေတဲ့ ပျားတွေ ရှိခဲ့ရင်လည်း ဒီကောမစ်လေးကို Share ရင်း အားဖြည့်ခဲ့ပါဦးနော်။ 🍯

#SDBWeeklyComics
#SpringBeesbySDB
#stinglikeSDBees
#SpringDevelopmentBank
#ChooseSDB
❤377👍79🥰20
နွေဦးရဲ့ ဘဏ္ဍာရေးမိုးကုတ်စက်ဝိုင်းမှာ ပြည်သူတို့ရဲ့ အားကောင်းမောင်းသန် စီးဆင်းနေဆဲဖြစ်တဲ့ တားဆီးမရတဲ့ ယုံကြည်မှုတို့နဲ့အတူ ဖေဖော်ဝါရီလရဲ့ ပထမဆုံးရက်သတ္တပတ်မှာတင် SDB Counter မှ USD ၂ သောင်းကျော်တန်ဖိုးရှိ $SDB Token ပေါင်း ၈ သန်းနီးပါးကို တခဲနက် ဝယ်ယူကာ ဘဏ္ဍာတော်လှန်ရေးအောင်ပွဲအတွက် အားသစ်လောင်းခဲ့ကြပါတယ်။💪

စစ်အုပ်စုရဲ့ မတရားသဖြင့်ချုပ်ကိုင်မှုအောက်ကနေ ရုန်းထွက်ပြီး မိမိတို့ရဲ့ အချုပ်အခြာအာဏာကို $SDB တိုကင်တွေနဲ့အတူ အခိုင်အမာ လက်တွေ့ပြသခဲ့ကြတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ အားမာန်ကသာလျှင် အမှောင်ခွင်းမယ့် အတောက်ပဆုံးသော အလင်းတန်းတွေဖြစ်တာကြောင့် ဇန်နဝါရီလရဲ့ အောင်မြင်မှုအရှိန်ကို ဖေဖော်ဝါရီမှာလည်း တခဲနက် ဆက်လက်သယ်ဆောင်ရင်း အနာဂတ်လွတ်လပ်ခွင့်အတွက် ခိုင်မာတဲ့ အုတ်မြစ်တွေကို @SpringDevBank နဲ့အတူ ဆက်လက်တည်ဆောက်သွားကြရအောင်။

🏦ဘဏ္ဍာရေးအောင်ပွဲအတွက် အခုပဲ ဝယ်ယူပါ
m.me/SDBCounter

#SDBCounter
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
❤337👍74🥰32
နွေဦးဘဏ်အသုံးပြုသူများအနေနဲ့ ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်တဲ့အခါ မသမာသူတို့ရဲ့ ထောင်ချောက်ထဲ မကျဆင်းစေဖို့ အမြင်စူးရှတဲ့ ကင်းထောက်တစ်ယောက်လို အမြဲသတိရှိဖို့ လိုအပ်ပါတယ်။🧐

စစ်အုပ်စုရဲ့ ဘဏ္ဍာရေးယန္တရားတွေကဲ့သို့ အခွင့်အရေးသမား ကျားဖြန့်လိမ်လည်သူတွေဟာလည်း အမျိုးမျိုးသော အသွင်သဏ္ဌာန်နဲ့ သင့်ရဲ့ ယုံကြည်မှုကို အမြတ်ထုတ်ဖို့ ချောင်းမြောင်းနေကြတာကြောင့် @SpringDevBank က ချမှတ်ထားတဲ့ အောက်ပါ လုံခြုံရေးလမ်းညွှန်ချက် (၃) ခုကို အမြဲလိုက်နာဖို့ တိုက်တွန်းလိုက်ပါရစေ။👇

🙅ကိုယ်တိုင်ရွေးချယ်၊ ကိုယ်တိုင်ချိတ်ဆက် - ဘယ်သူကမှ သင့်ဆီအရင်လာပြီး ငွေသွင်းဖို့ မတိုက်တွန်းပါဘူး။ SDB App ထဲက တရားဝင် RM List ကို ကိုယ်တိုင်ဝင်ရောက်ကြည့်ရှုပြီး ယုံကြည်ရတဲ့ လမ်းကြောင်းကိုသာ တိုက်ရိုက်ရွေးချယ်ပါ။

✅"Verified" အမှတ်အသားဟာ အသက် - ငွေမလွှဲခင် Username ကို ရိုက်ထည့်လိုက်တဲ့အခါ RM အတု/အစစ် ခွဲခြားဖို့အတွက် #Verified RM ဆိုတဲ့ အစိမ်းရောင် အသိအမှတ်ပြုစာသား ပေါ်၊ မပေါ်ကို စစ်ဆေးပြီးမှသာ ဆက်လက်လုပ်ဆောင်ပါ။

🚪လုံခြုံစိတ်ချရတဲ့ တရားဝင် လမ်းကြာင်းကိုသာ အသုံးပြုပါ - တိုကင်ဝယ်ယူတာပဲဖြစ်ဖြစ်၊ ငွေဖြည့်သွင်းတာပဲဖြစ်ဖြစ် စိတ်အချရဆုံးဖြစ်တဲ့ SDB Counter သို့မဟုတ် App ထဲက တရားဝင်လမ်းညွှန်
ချက်တွေအတိုင်းသာ ဆောင်ရွက်ပါ။

သတိတချက် လွတ်သွားတာနဲ့ သင့်ရဲ့ တော်လှန်ရေး အားမာန်တွေဟာ မသမာသူတွေရဲ့ အိတ်ထဲ ရောက်သွားနိုင်တာကြောင့် "မလွှဲခင် စစ်ဆေး၊ သေချာမှ အတည်ပြု" တဲ့ အလေ့အကျင့်ကောင်းနဲ့အတူ နွေဦးဘဏ်မှာ စိတ်ချလုံခြုံစွာ ရှေ့ဆက်လိုက်ကြရအောင်။💪

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
❤822👍232🥰34
တရားသောဘက်က ခိုင်မြဲတဲ့လက်တွဲမှုတွေနဲ့ အောင်ပွဲဆီကို အတူတူချီတက်ကြဖို့ @SpeingDevBank x @NwayOoHti ရဲ့ Referral Campaign ရောက်ရှိလို့လာပါပြီ။

မိမိကိုယ်တိုင် တော်လှန်ရေးမှာ တာဝန်ကျေရုံတင်မကဘဲ ချစ်ခင်ရသူတွေကိုပါ ဘေးကင်းလုံခြုံတဲ့ ဘဏ္ဍာရေးလမ်းကြောင်းပေါ် လက်တွဲခေါ်ယူရင်း အားသစ်လောင်းကာ နွေဦးအင်အား စုစည်းဖို့ အောက်ပါအတိုင်း ပါဝင်ဆင်နွှဲလိုက်ကြရအောင်။✨

✨ ရဲဘော်အချင်းချင်း လက်တွဲဖို့ ဘာတွေလုပ်ရမလဲ?

✅Link မျှဝေပါ - မိမိရဲ့ နွေဦးထီ Referral Link ကိုအသုံးပြုပြီး မိတ်ဆွေသစ်များကို ဖိတ်ခေါ်ပါ။

✅အကောင့်သစ်ဖွင့်ပါ - ဖိတ်ခေါ်ခံရသူ (New User) သည် သင့်ရဲ့Referral Link မှတစ်ဆင့် နွေဦးထီအကောင့်ကို အောင်မြင်စွာ ဖွင့်လှစ်ရပါမည်။

✅SDB နှင့် ချိတ်ဆက်ပါ - အကောင့်ဖွင့်ပြီးပါက မိမိရဲ့ SDB အကောင့်နှင့် ချိတ်ဆက်ပြီးသည်အထိ ဆက်လက်လုပ်ဆောင်ရပါမည်။

အခုပဲ သင့်ရဲ့ Referral Link ကနေတစ်ဆင့် ပါဝင်ချင်သူတွေကို လမ်းပြကာ ပိုမိုခိုင်မာတဲ့ စုစည်းမှုအင်အားကို တည်ဆောက်ရင်း တရားသောဘက်မှာ အတူတူ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းလိုက်ပါ။💪

🚩လုပ်ဆောင်နည်းအသေးစိတ်ကို ကြည့်ရှုရန်
https://bit.ly/ReferralCampaignManual

✨စည်းကမ်းချက်များကို ဖတ်ရှုရန်
bit.ly/NOHReferralTnC

#NwayOoHti
#WeDreamBold
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
❤147🥰12👍8