Spring Development Bank
19.7K subscribers
2.53K photos
142 videos
1.16K links
Discover the First Neo Bank for Myanmar.
Download Telegram
SDBee Comics - ဘိုးတော်ပေါက်၏ ဟောကိန်း (Part 1)

ဒီတစ်ပတ်ရဲ့ SDBee Comics လေးမှာတော့ Weekly Super 4 က မောင်ဖိုးရဲ့ လမ်းညွှန်မှုများနဲ့ ဘိုးတော်ပေါက်ဆီက ဟောကိန်းရယူဖို့ သွားရောက်တွေ့ဆုံခဲ့တဲ့ နွေဦးပျားလေးတဦးမှ ထူးခြားပြီး မထင်မှတ်ထားတဲ့ ဟောစာတမ်းတွေကိုပါ ကြားသိခဲ့ရကြောင်းကို အခုပဲ ပေါ့ပေါ့ပါးပါးနဲ့ အတူတူ ဖတ်ရှုလိုက်ရအောင်နော်။

တခြားသော ပျားတွေလည်း ဖတ်ရှုပြီး တစ်ပျော်တစ်ပါး ရယ်မောနိုင်ဖို့အတွက် အပတ်စဉ်ထွက်ရှိတဲ့ Comics ကဏ္ဍလေးကို ပြန်လည်မျှဝေပေးလိုက်ပါဦး။🐝

#SDBWeeklyComics
#SpringBeesbySDB
#stinglikeSDBees
#SpringDevelopmentBank
#ChooseSDB
57👍9
SDBee Comics - ဘိုးတော်ပေါက်၏ ဟောကိန်း (Part 2)

ဒီတစ်ပတ်ရဲ့ SDBee Comics လေးမှာတော့ Weekly Super 4 က မောင်ဖိုးရဲ့ လမ်းညွှန်မှုများနဲ့ ဘိုးတော်ပေါက်ဆီက ဟောကိန်းရယူဖို့ သွားရောက်တွေ့ဆုံခဲ့တဲ့ နွေဦးပျားလေးတဦးမှ ထူးခြားပြီး မထင်မှတ်ထားတဲ့ ဟောစာတမ်းတွေကိုပါ ကြားသိခဲ့ရကြောင်းကို အခုပဲ ပေါ့ပေါ့ပါးပါးနဲ့ အတူတူ ဖတ်ရှုလိုက်ရအောင်နော်။

တခြားသော ပျားတွေလည်း ဖတ်ရှုပြီး တစ်ပျော်တစ်ပါး ရယ်မောနိုင်ဖို့အတွက် အပတ်စဉ်ထွက်ရှိတဲ့ Comics ကဏ္ဍလေးကို ပြန်လည်မျှဝေပေးလိုက်ပါဦး။🐝

#SDBWeeklyComics
#SpringBeesbySDB
#stinglikeSDBees
#SpringDevelopmentBank
#ChooseSDB
64👍11
Token of Freedom ကမ်ပိန်း ပထမပတ်မှာ နွေဦး၏ လွတ်လပ်မှုအလင်းတောင်ပံများကို ဖြန့်ကြက်ကာ အင်တိုက် အားတိုက် ပါဝင်ဝယ်ယူခဲ့ကြသည့် ပြည်သူများအတွက် ဂုဏ်ပြုဆုလာဒ် 1% rebate ကို သက်မှတ်ချက်တို့နှင့်အညီ အကျုံးဝင်သည့် SDB Wallet အရေအတွက် စုစုပေါင်း (၂၅၉) ခုသို့ အောင်မြင်စွာ ထည့်သွင်းပေးလိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

နွေဦးပြည်သူတို့ အနေနဲ့ မိမိ @SpringDevBank အကောင့်ထဲသို့ ဝင်ရောက်စစ်ဆေး‌ပေးဖို့ မမေ့ပါရန် နှင့် လွတ်လပ်ခြင်း အောင်ပွဲဆီသို့ ဦးတည်နေသည့် ဒီခရီးစဉ်မှာ ရှေ့ဆက်ရမည့် အပတ်စဉ်မှတ်တိုင်များတွင်လည်း အားသစ်လောင်းကာ တခဲနက် ဆက်လက်ပါဝင်အားဖြည့်ပေးကြပါဦးနော်။💪

#TokenOfFreedom #SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
78👍26
SDB အကောင့်တခုရှိရုံနဲ့ အာဏာရှင်လက်ပါးစေ ဗဟိုဘဏ်၏ ဘဏ္ဍာရေးလမ်းကြောင်းအရ ပိတ်ဆို့တားဆီးမှုများကို ကျော်လွန်ကာ ကမ္ဘာ့အဆင့်မီ Binance, Bybit နှင့် Bitget စသည့် ထိပ်တန်း Exchange ကြီးများမှတစ်ဆင့် နွေဦးပြည်သူတို့၏ SDB Wallet ဆီသို့ တိုက်ရိုက်ချိတ်ဆက်ပြီး Polygon Network ၏ လျင်မြန်ချောမွေ့မှုနှင့် အတူ USDT လွှဲပြောင်းမှုများကို လုံခြုံစိတ်ချစွာ အချိန်နှင့်တပြေးညီ ဖော်ဆောင်နိုင်တဲ့ "အတားအဆီးမဲ့တဲ့ ငွေကြေးတံတား" တစ်ခုကို @SpringDevBank ၌ အခုပဲ ခိုင်မာစွာ တည်ဆောက်လိုက်ပါ။

SDB Wallet နှင့် Crypto အသုံးပြုပါ
📲 bit.ly/m/SDB4all

SDB နှင့် USDT လွှဲပြောင်းနည်းလမ်းညွှန်
📖 bit.ly/SDBmanual

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
98👍15💯1
တော်လှန်ရေးအသိနဲ့ နည်းပညာစွမ်းအားတွေ ပေါင်းစပ်ထားတဲ့ ဘဏ္ဍာရေးဂေဟစနစ် ကြီးတစ်ခုဖြစ်တဲ့ @SpringDevBank နဲ့အတူ ခေတ်ဟောင်းရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ပြီး လွတ်လပ်တဲ့ အနာဂတ်ဆီ အတူချီတက်ဖို့အတွက် သင့်လက်ထဲမှာ SDB အကောင့် တစ်ခု ရှိထားဖို့ပဲ လိုအပ်ပါတယ်။

🛡️ SDB Ecosystem ထဲမှာ ဘာတွေ လုပ်ဆောင်နိုင်ပြီလဲ?

🪙$SDB Token ကို ကိုင်ဆောင်ခြင်းဖြင့် အာဏာရှင်စနစ်ကို ငြင်းပယ်ပြီး SpringBees ကမ္ဘာမှာ နိုင်ရာဝန်ထမ်းရင်း ဂုဏ်ယူစရာ NFT တွေကို သိမ်းပိုက်နိုင်ခြင်း။

💹ငွေကြေး(၁၀) မျိုးကို အခမဲ့လဲလှယ်နိုင်သလို SDB အကောင့်အချင်းချင်း အခမဲ့ ငွေလွှဲနိုင်ခြင်း။

🌐 Binance, Bybit နှင့် Bitget လို ကမ္ဘာ့ထိပ်တန်း Exchange များမှတစ်ဆင့် USDT ဖြင့် တိုက်ရိုက်
ချိတ်ဆက် အသုံးပြုနိုင်ခြင်း။

🎟Weekly Super 4 နှင့် @NwayOoHti တို့မှတစ်ဆင့် ရင်ခုန်စရာဆုမဲများကို နေ့စဉ်ကံစမ်းနိုင်ခြင်း။

💪@SpringCrowdFund မှတစ်ဆင့် တော်လှန်ရေးကမ်ပိန်းများတွင် စက္ကန့်ပိုင်းအတွင်း တိုက်ရိုက်အားဖြည့်နိုင်ခြင်း။

🌟ကမ္ဘာ့ရွှေစျေးအတိုင်း SDB Gold နှင့် အတိုးနှုန်းမြင့်မားသော စာရင်းသေအပ်နှံမှုများဖြင့် မိမိ၏ ဓနဥစ္စာကို တိုးပွါးနိုင်ခြင်း။

🔰@SIFInstitute မှတစ်ဆင့် ခေတ်သစ်ဘဏ္ဍာရေး အတတ်ပညာများကို စနစ်တကျ လေ့လာဆည်းပူးနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။

SDB ကို ရွေးချယ်ခြင်းက တော်လှန်ရေးအတွက် အင်အားဖြစ်သလို မိမိ ဘဏ္ဍာရေးအနာဂတ် အတွက်လည်း ခိုင်မှာစေမှာမို့ ကမ္ဘာ့အဆင့်မီ SDB မှာ စွယ်စုံဘဏ္ဍာရေးအတွေ့အကြုံကို အခုပဲ အခမဲ့ ခံစားလိုက်ပါ။

အခမဲ့ SDB အကောင့်ဖွင့်ရန်
📲 https://app.springdevelopmentbank.com

SDB အသုံးပြုနည်း လမ်းညွှန်
📖 bit.ly/SDBmanual

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
97👍13🥰3
ဘဝရဲ့ လွတ်လပ်ခွင့်နဲ့ ဘဏ္ဍာရေးတိုးတက်မှုဆီကို လျှောက်လှမ်းဖို့ သင့်ရှေ့မှာ တံခါး (၃) ချပ် ရှိနေပါတယ်။ တစ်ချပ်ချင်းစီရဲ့ နောက်ကွယ်မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ သင့်အကြောင်း နဲ့ ခံယူရပ်တည်ချက်တို့ ရှိနေပြီး သင့်ရဲ့ ရွေးချယ်မှုက သင့်အနာဂတ်ကို ဘယ်လိုပုံဖော်မလဲဆိုတာ FB Post လေးမှာ သွားကြည့်လိုက်ရအောင်။ 

🔗https://www.facebook.com/share/p/1QYikoaLZX

အောက်က တံခါး (၃) ချပ်ထဲက သင် ဘယ်တံခါးကို ရွေးချယ်ခဲ့လဲဆိုတာ Comment မှာ မျှဝေပြောပြပေးခဲ့ပါဦးနော်။👇

#SpringDevelopmentBank #RealBankRealFreedom 
#ChooseSDB 
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
82👍12🥰2
ဟိုး...မ​ရှေးမဝေးတုန်းကပေါ့
တလရကမ်ပိန်းတွေ အမြဲကူလေ့ရှိတဲ့ နွေဦးဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်ဟာ Certificate တွေပွေ့ပိုက်ပြီး အိမ်ပြန်လမ်းပေါ်လျှောက်နေတုန်း ကိုကိုဘယ်သူနဲ့အကြည့်ချင်းဆုံပြီး ခလုတ်တိုက်မိသတဲ့ (ဘယ်သူနေရာတွင် စိတ်တိုင်းကျစိတ်ကူးယဥ်နိုင်ပါတယ်)။

ဒီလိုနဲ့ Certificate တွေလွတ်ကျပြီးပျောက်သွားလို့ နွေဦးလေးငိုနေတုန်း သစ်ပင်တစ်ပင်ပေါ်ကနေ အင်မတန်ခန့်ညားတဲ့ မျက်မှန်နဲ့ ပညာရှိအန်ကယ်ကြီးတစ်ယောက်က သနားပြီးဆင်းလာသတဲ့။

အကြောင်းစုံသိသွားတော့ Certificate တွေကို လုံလုံခြုံခြုံသိမ်းနိုင်ဖို့ ကူညီမယ်ဆိုပြီး ပညာရှိအန်ကယ်ကြီးက နည်းလမ်း ၃ ခုကို အကြံပေးသတဲ့။

နည်းလမ်း (၁)
အန်ကယ်ကြီး။ ။ Gallery ထဲသိမ်းလေ..
နွေဦး။ ။မသိမ်းရဲပါဘူး၊ စခတွေဂိတ်နဲ့တွေ့ရင် ဘယ်လောက်ဖျက်ထားထား အန္တရာယ်များတယ်။ Gallery အဆင်မပြေပါဘူး အန်ကယ်ရယ်။

နည်းလမ်း (၂)
အန်ကယ်ကြီး။ ။ Google Drive ထဲသိမ်းရင်ရော..
နွေဦး။ ။လူတိုင်းလုပ်တတ်ဖို့မလွယ်ဘူး၊ အဆင့်တွေလည်းများတယ် အဆင်မပြေပါဘူးအန်ကယ်ရယ်။

နည်းလမ်း (၃)
အန်ကယ်ကြီးအတွေးထဲမှာ မီးသီးလေးလင်းသွားတယ်။ ဟုတ်သားပဲ ဒါကိုဘာလို့စောစောမပြောမိပါလိမ့်။ "အင်တာနက်သုံးတယ်မလား၊ email တစ်ခုရှိတယ်မလား။ ဖုန်းကိုဖွင့်ပြီး springcrowdfund.org လို့ရိုက်ရှာလိုက်"

ဒီလိုနဲ့ပဲ ပုံပြင်ခဏရပ်ထားပြီး ကြော်ငြာဝင်ပါတယ်။
"SCF အကောင့်ဖွင့်ထားရင် ကိုယ်ကူထားသမျှမှတ်တမ်းတွေကို အလုံခြုံဆုံး အလွယ်ကူဆုံးသိမ်းနိုင်တယ်။ Certificate တွေကို Auto System နဲ့ထုတ်ပေးတာဖြစ်လို့ ကမ်ပိန်းလုပ်သူတွေလည်း တကူးတက အလုပ်မရှုပ်တော့ပါဘူး။ ကိုယ်ကူထားတဲ့ပမာဏစုစုပေါင်းကိုလည်း ချက်ချင်းသိနိုင်တော့ ပီတိခွန်အားယူလို့ရပါတယ်။ Certificate တွေကိုလည်း ကြိုက်တဲ့အချိန် ဒေါင်းလို့ရပါတယ်။"

နောက်ဆုံးမှာတော့ နွေဦးလေးလည်း အန်ကယ်ကြီးလမ်းညွန်ပေးတဲ့အတိုင်း @SpringCrowdFund အကောင့်ဖွင့်ပြီး အဆင်ပြေသွားသတဲ့။

ပုံပြင်လေးရဲ့ မှတ်သားစရာလေးကတော့ springcrowdfund.org/profile/settings ဒီလင့်ထဲကိုဝင်ပြီး SCF အကောင့်တွေဝိုင်းဖွင့်ပြီး ထောက်ပို့အရှိန်မြှင့်ဖို့ Users အင်အား ၆၀,၀၀၀ မြန်မြန်စုစည်းမိအောင် အတူပါဝင်ပေးကြပါတဲ့ကွယ်။

#SpringCrowdFund #TogetherWeCan #CollectivePower
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
96👍13🥰5🔥1
မြန်မာပြည်သစ်သို့ အရှိန်အဟုန်ဖြင့် တက်လှမ်းရန် ဖော်ဆောင်ခြင်း 💎

SDB ၏ VIP အစီအစဉ်သည် ပိုမို ကြီးမားသော တာဝန်များအတွက် ပိုမိုကောင်းမွန်သော ဘဏ္ဍာရေးစနစ်ကို အဓိကထားရှိပါသည်။

VIP များသည် ဖက်ဒရယ်လူထု၏ ဘုံအကျိုးစီးပွားနှင့် မြန်မာပြည်သစ်သို့ အရှိန်အဟုန်ဖြင့် တက်လှမ်းနိုင်ရန်အတွက် $SDB Token များစွာအား အားဖြည့်မြှုပ်နှံထားသူများပင် ဖြစ်ပါသည်။

ဤသို့ အားဖြည့်မှုများဖြင့် စနစ်တစ်ခုလုံး၏ ပင်တိုင်မောင်းနှင်အား ဖြစ်လာစေရန် ပြည်သူ့ဘဏ်မှ ပိုမိုထိရောက်စွာ ပံ့ပိုးပေးနိုင်ရန် နှင့် ပိုမိုမြန်ဆန်သော ဝန်ဆောင်မှုပေးနိုင်ခြင်းဖြင့် အသုံးပြုသူ အားလုံးအတွက် ပိုမိုကောင်းမွန်သော ဘဏ္ဍာရေး ဂေဟစနစ်တခုကို ဖန်တီးတည်ဆောက်ခြင်းပင် ဖြစ်ပါသည်။

ဤ Pilot Program သည် အနာဂတ်တွင် အသုံးပြုသူအားလုံးအတွက် သာလွန်ကောင်းမွန်သည့် ဝန်ဆောင်မှုစံနှုန်းများဆီသို့ အတူတကွ တက်လှမ်းမည့် အစပျိုးမှုတစ်ခု ဖြစ်ပြီး ရှေ့ဆက်မယ့် ခရီးစဉ်မှာလည်း အားလုံးအတွက် ပို၍အဆင်ပြေချောမွေ့တဲ့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို စနစ်တကျနဲ့ အင်တိုက်အားတိုက် အတူတကွ ဆက်လက်ပုံဖော်သွားကြရအောင်။

#SpringDevelopmentBank #RealBankRealFreedom
#ChooseSDB
70👍17🥰2
ဂျပန်နိုင်ငံရောက် နွေဦးပြည်သူများအတွက် ဒုတိယအကြိမ်မြောက် တိုကျိုစာပေဟောပြောပွဲ Live အစီအစဉ် 🌸

ဂျပန်နိုင်ငံရောက် နွေဦးပြည်သူတို့ရဲ့ နှလုံးသားကို စာပေအလင်းနဲ့ ထပ်မံခွန်အားဖြည့်ပေးမယ့် “မနက်ဖြန်အတွက် ဒီကနေ့” စာပေဟောပြောပွဲ ခရီးစဉ်ဟာ အခုဆိုရင် တိုကျို (Tokyo) မြို့ကြီးမှာပဲ ဒုတိယအကြိမ်မြောက် ထပ်မံကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

ဆရာမ မသီတာ-စမ်းချောင်း ရဲ့ ရသစုံစာပေဟောပြောပွဲမှာ SDB ကလည်း အတူရှိနေမှာ ဖြစ်တဲ့အပြင် စာပေရနံ့တွေကို အိမ်တိုင်ရာရောက် ခံစားပါဝင်လိုသူများအတွက် ဇန်နဝါရီ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၃:၃၀ နာရီ မှာ @SpringDevBank ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမှာ ဖြစ်တာမို့ နွေဦးတော်လှန်ရေး မိသားစုဝင်အားလုံးကို နွေးထွေးစွာဖြင့် ဖိတ်ခေါ်လိုက်ပါတယ်နော်။

📍 တိုကျို စာပေဟောပြောပွဲ (ဒုတိယအကြိမ်) Live အစီအစဉ်
🗓️ ဇန်နဝါရီ ၂၄ ရက် (စနေနေ့)
🕒 မြန်မာစံတော်ချိန် - ၁၅:၃၀ နာရီ မှ ၁၈:၃၀ နာရီ

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
98👍8🥰6🔥1
နွေဦးဂေဟစနစ်ထဲမှာ မကြာခင်အသစ် ရောက်ရှိလာတော့မယ့် E-Commerce Platform တခုဖြစ်တဲ့ @SpringZey မှ စတင်လျှောက်လှမ်းမယ့် ခြေလှမ်းသစ်များ နှင့် ပထမဆုံး ပူးပေါင်းပါဝင်တဲ့ Seller များ၊ Partner များ၊ Community အဖွဲ့ဝင်များ အတွက် ဘယ်လိုမျိုး အခွင့်အရေးတွေ ရရှိနိုင်မလဲ ဆိုတာကို …

ဇန်နဝါရီလ ၂၅ ရက်နေ့ မြန်မာချိန် ည ၈ နာရီတိတိ ရဲ့ Live Community Call မှာ SpringZey မှ Ma Scarlett နှင့် Ma Rachel တို့ကိုယ်တိုင် တရင်းတနှီး မိတ်ဆက် ဆွေးနွေးသွားမှာ ဖြစ်လို့ နွေဦးခရီးတလျှောက်မှာ အတူရှိခဲ့တဲ့ ပြည်သူများနှင့် အသစ်ပါဝင်လာမယ့် မိတ်ဆွေများ အားလုံးကို လက်လွတ်မခံ လာရောက်နားဆင်ကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်နော်။

25 Jan (Sunday) | 8PM MMT 
t.me/springdevbank?livestream

#SpringZey #SDBCommunityCall #SpringDevelopmentBank #ChooseSDB
88👍8🥰4
မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အနာဂတ်အတွက် ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအဖြစ် ပြောင်းလဲကာ စိတ်ချလက်ချ အပ်နှံပေးခဲ့ကြတဲ့ နွေဦးပြည်သူတဦးချင်းစီရဲ့ ယုံကြည်မှုတွေဟာ စနစ်တကျနဲ့ ယုံကြည်စိတ်ချရတဲ့ SDB Counter မှာ နွေဦးရဲ့ အားမာန်အပြည့်နဲ့ စီးဆင်းနေတဲ့ မြစ်တစ်စင်းလို တည်ငြိမ်ပြီး အရှိန်အဟုန်ကောင်းမွန်နေဆဲပဲဖြစ်ပါတယ်။

ဇန်နဝါရီ ၁၈ ရက်ကနေ ၂၃ ရက်နေ့အထိ (၆) ရက်တာကာလအတွင်း စစ်အုပ်စုရဲ့ ဘဏ္ဍာရေးချုပ်ကိုင်မှုတွေကို အာခံရင်း USD ၅ သောင်းတန်ဖိုးရှိ $SDB Token ၁၆ သန်းကို ပြည်သူများက တခဲနက် ဝယ်ယူခဲ့ကြပြီး ဘဏ္ဍာရေးအောင်ပွဲဆီ ဦးတည်နေတဲ့ ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့အတူ ရှေ့ဆက်မယ့် နေ့ရက်တွေမှာလည်း ပိုမိုတောက်ပတဲ့ အနာဂတ်ကို အတူတူ ဆက်လက်ပုံဖော်သွားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။💪

🏦 သင့်ရဲ့ အနာဂတ်ကို $SDB နဲ့အတူ အခုပဲ ပုံဖော်လိုက်ပါ - m.me/SDBCounter

#SDBCounter
#SpringDevelopmentBank #RealBankRealFreedom
#ChooseSDB
65👍12
အတုအယောင်တွေကြားက လွတ်လပ်ခြင်းဆိုတဲ့ စစ်မှန်တဲ့ တန်ဖိုးကို မြတ်နိုးတန်ဖိုးထားပြီး မတရားတဲ့ လှည့်ကွက်တွေကို ငြင်းပယ်ချင်တဲ့ စိတ်ဓာတ်ရှိသူတိုင်းအတွက် သင်တို့ရဲ့ ဘဏ္ဍာရေးအချုပ်အခြာအာဏာကို အားသစ်လောင်းနိုင်မယ့် လွတ်လပ်ခြင်းရဲ့ လှိုင်းသစ်တစ်ခုကို မနက်ဖြန် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ @SpringDevBank x ACH တို့မှ ပူးပေါင်း ယူဆောင်လာတော့မှာပဲဖြစ်ပါတယ်။

သင်ဟာ ပိုင်ဆိုင်ခွင့်နဲ့ လွတ်လပ်တဲ့ရွေးချယ်မှုကို တန်ဖိုးထားတဲ့သူတစ်ယောက်ဆိုရင်တော့ မနက်ဖြန်မှာ သိရှိရတော့မယ့် ဒီအခွင့်အရေးကို စောင့်မျှော်ရင်း ကိုယ်တိုင်ပါဝင်ကာ လက်ဦးမှုရယူနိုင်ဖို့အတွက် @AlphaCryptoHub_Group ကို အခုပဲ ကြိုတင်ချိတ်ဆက်ထားလိုက်ပါ။

🔗 ACH Channel သို့ ဝင်ရောက်ရန်: https://t.me/alphacryptohub_group

#TokenOfFreedom
#SDBxACH
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
67👍11
ဂျပန်နိုင်ငံရောက် နွေဦးပြည်သူများအတွက် တတိယအကြိမ်မြောက် အိုဆာကာ စာပေဟောပြောပွဲ Live အစီအစဉ် 🌸

ဂျပန်နိုင်ငံရောက် နွေဦးပြည်သူတို့ရဲ့ စိတ်နှလုံးသားကို စာပေအင်အားဖြင့် တစ်ဖန်ပြန်လည်ရှင်သန်စေမည့် “မနက်ဖြန်အတွက် ဒီကနေ့” စာပေဟောပြောပွဲ ခရီးစဉ်သည် ယခုအခါ စက်မှုမြို့တော် အိုဆာကာ (Osaka) သို့ ဆိုက်ရောက်လာပြီပဲဖြစ်ပါတယ်။

ဆရာမ မသီတာ - စမ်းချောင်း ၏ ရသစုံ စာပေအနုပညာများကို အိုဆာကာမြေတွင် တိုက်ရိုက်ခံစားခွင့်ရရှိမည့်အပြင်၊ အဝေးရောက်နေသူများအတွက်လည်း SDB မှတစ်ဆင့် အိမ်တိုင်ရာရောက် စာပေအလင်းရောင်များ ဖြန့်ဝေပေးသွားမှာ ဖြစ်လို့ စာပေဖြင့် ခွန်အားဖြည့်ရင်း တော်လှန်ရေးခရီးကို အတူတကွ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ဤစာပေဝိုင်းလေးသို့ နွေဦးမိသားစုဝင်အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်နော်။

📍အိုဆာကာ စာပေဟောပြောပွဲ Live အစီအစဉ်
🗓️ ဇန်နဝါရီ ၂၅ ရက် (တနင်္ဂနွေနေ့)
🕒 မြန်မာစံတော်ချိန် - ၁၀:၃၀ နာရီ မှ ၂:၃၀ နာရီ ထိ

#SpringDevelopmentBank #RealBankRealFreedom
#ChooseSDB
89👍4🥰3🔥1