Spring Development Bank
21.4K subscribers
2.11K photos
118 videos
1.01K links
Discover the First Neo Bank for Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
SDB ကနေ SCF ကို ချက်ချင်းရောက်၊ ချက်ချင်းကူ 📲

@SpringDevBank New Update ရဲ့ အကောင်းဆုံးအသစ်တွေထဲက တစ်ချက်ကိုပြောပါဆိုရင် @springcrowdfund Logo အဖြူလေးကိုနှိပ်ရုံနဲ့ လွယ်ကူမြန်ဆန်စွာ တိုက်ရိုက်ထောက်ပို့ကူညီလို့ရသွားတာပါ။ ဒီအချက်လေးကဘယ်လောက်တောင် အဆင်ပြေခေတ်မီသွားလဲ ဆိုတာ လက်တွေ့သိရဖို့ SCF Team က အကြည်ဓာတ်လေးတစ်ယောက်ဖြစ်တဲ့ ကို Doee Zatt ကိုယ်တိုင် တဆင့်ချင်း ထောက်ပို့ပြလိုက်ပါပြီ။

#SpringCrowdFund #YourSCFAccountYourPower #SpringDevelopmentBank #ChooseSDB
136👍15🆒4🔥1🥰1🏆1
ဓမ္မဆီမီး ရောင်တွေနဲ့ နိုင်ငံတဝှမ်း အဖက်ဖက်ကနေ အာဏာရှင်ကို တိုက်ထုတ်နေကြတဲ့ တော်လှန်ပြည်သူတို့ရဲ့ မလျှော့သော ဇွဲ၊ ချစ်ခြင်းမေတ္တာ နဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေ နဲ့အတူ နွေဦးဘဏ် ဟာလည်း တော်လှန်ခရီး အပြီးတိုင် အတူတကွ ဆက်လက် လှမ်းချီနေမှာ ဖြစ်ပါတယ်။ 🪔

တော်လှန်ပြည်သူ တဦးတယောက်ချင်းစီ အပေါ် မေတ္တာအနွေးဓာတ် ကိုယ်စီ လွှမ်းခြုံလျက် ယနေ့ အောက်တိုဘာလ ၆ ရက်နေ့၊ ၂၀၂၅ ရဲ့ သီတင်းကျွတ်လပြည့် အခါတော်နေ့ကို ဖြတ်သန်းနိုင်ကြဖို့ @SpringDevBank မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်နော်။🏮

#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
123🥰8👍6🏆3👏1
This media is not supported in your browser
VIEW IN TELEGRAM
သီတင်းကျွတ် အခါသမယမှာ တော်လှန်ပြည်သူများ အတွက် @SpringDevBank AI Host လေး July မှ ဘယ်လိုမျိုး ဆုတောင်းမေတ္တာ ပို့သထားလဲ ဆိုတာကို အတူတကွ နားဆင်ကြည့် ကြရအောင်နော်။ 🪔

#SDBThadingyut2025 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
154🥰19👍8👏1🎉1🏆1
SDBee Comics - A Thadingyut Episode (Part 1)🏮

နွေဦးပျားကမ္ဘာထဲမှ နွေဦးပျားလေးတကောင်က နွေးထွေးတဲ့ သီတင်းကျွတ် အခါသမယမှာ ဘယ်လိုမျိုး ဖြတ်သန်းရကြောင်းကို ရှယ်ပြောပြသွားတာဖြစ်လို့ ဒီတပတ်ရဲ့ သီတင်းကျွတ် ကဏ္ဍလေးကို ရယ်ရယ်မောမော နဲ့အတူ ခံစားဖတ်ရှုကြရအောင်လား။

ဒီတပတ် ကောမစ်လေးကို အခြားသူတွေလည်း သိသွားအောင်လို့ ရှယ်ဖို့ မမေ့နဲ့နော်။🫰

#StinglikeSDBees #SpringBeesbySDB #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
97🥰11👍7🔥2
SDBee Comics - A Thadingyut Episode (Part 2)🏮

နွေဦးပျားကမ္ဘာထဲမှ နွေဦးပျားလေးတကောင်က နွေးထွေးတဲ့ သီတင်းကျွတ် အခါသမယမှာ ဘယ်လိုမျိုး ဖြတ်သန်းရကြောင်းကို ရှယ်ပြောပြသွားတာဖြစ်လို့ ဒီတပတ်ရဲ့ သီတင်းကျွတ် ကဏ္ဍလေးကို ရယ်ရယ်မောမော နဲ့အတူ ခံစားဖတ်ရှုကြရအောင်လား။

ဒီတပတ် ကောမစ်လေးကို အခြားသူတွေလည်း သိသွားအောင်လို့ ရှယ်ဖို့ မမေ့နဲ့နော်။🫰

#StinglikeSDBees #SpringBeesbySDB #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
1109👍13🥰11👏2🔥1
တော်လှန်ဘဏ္ဍာစစ်မှ သီတင်းကျွတ်မုန့်ဖိုး ကံထူးရှင်များ 🏆

သီတင်းကျွတ်မှာ @SpringDevBank နဲ့ အတူ ချစ်ခြင်းမေတ္တာ အလင်းရောင်တွေ ပါဝင်ဖြန့်ဝေရင်း ခိုင်မာတဲ့ အနာဂတ်ကို တည်ဆောက်နေတဲ့ နွေဦးဘဏ် မိသားစုဝင်များ အားလုံးရဲ့ တော်လှန်စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်များကြောင့် သီတင်းကျွတ်မုန့်ဖိုး 10 USDT ကံထူးရှင်များ အဖြစ် ရွေးချယ်ခံရသူ အယောက် ၂၀ ထွက်ပေါ်လာပြီပဲ ဖြစ်ပါတယ်။

ကံထူးသူများအား ၇၂ နာရီ အတွင်း inbox မှတဆင့် တိုက်ရိုက်ဆက်သွယ်ပြီး ဆုလက်ဆောင် လွှဲပြောင်းပေးသွားမှာ ဖြစ်ပြီး ခံယူချက်ကိုယ်စီနဲ့ ပါဝင်အားဖြည့်ခဲ့ကြတဲ့ တော်လှန်မိသားစု အားလုံးကိုလည်း နွေဦးဘဏ်မှ ကျေးဇူးတင်ရှိလျက် လွတ်လပ်ခြင်းဆီ လျှောက်လှမ်းမယ့် ခရီးမှာ နွေးထွေးတဲ့ သီတင်းကျွတ်ကို ဖြတ်သန်းနိုင်ပါစေကြောင်း SDB မိသားစုမှ ဆုမွန်တောင်းပေးလိုက်ပါတယ်။

📲 app.springdevelopmentbank.com

#SDBThadingyut2025
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
159👍19🥰6
ကမ္ဘာ့ရွှေစျေးဟာ လတ်တလောမှာ သမိုင်းဝင် All Time High (ATH) အဖြစ်နဲ့ အမြင့်ဆုံး မြင့်တက်နေတာမို့ SDB Gold ကိုင်ဆောင်ထားသူတွေရဲ့ ပိုင်ဆိုင်မှုများကတော့ အလိုလို တိုးပွါးလို့နေပါပြီနော်။

ယခုလို ငွေကြေးတန်ဖိုး မတည်ငြိမ်ချိန်မှာ ပြည်သူတို့ရဲ့ ဥစ္စာပိုင်ဆိုင်မှုများကို @SpringDevBank ရဲ့ ဒစ်ဂျစ်တယ် ကမ္ဘာ့ရွှေ စုဆောင်းမှု စနစ်ကို မြန်မာငွေ ၅,၀၀၀ ကျပ်မှ စတင်ဝယ်ယူပြီး ခိုင်မာလုံခြုံတဲ့ အနာဂတ်တခုကို အခုပဲ တည်ဆောက်လိုက်ရအောင်။🩵

📲app.springdevelopmentbank.com

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
1.71K👍442🥰60🔥14🎉11🏆11👏10👌6🆒6💯3
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ မြန်မာချိန် နေ့လည် ၁၂ နာရီခွဲမှာ ခလုတ်တချက်နဲ့ နွေဦးဘဏ်၌ လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများနဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများက အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုနော်။

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
562👍134🥰17👏7🔥3🏆2
ကြယ်တွေကြွေသွားတဲ့ ည 🌑

ချောင်းဦး မြို့နယ်ရဲ့ သီတင်းကျွတ်လပြည့်ညလေးဟာ လူမဆန်တဲ့ မိစ္ဆာတသိုက်ကြောင့် အကျည်းတန်ခဲ့ရပါပြီ။

ငြိမ်းချမ်းမှုကို ဦးတည်ပြီး ထွန်းညှိထားတဲ့ အနာဂတ်ဆီမီးလေးတွေလည်း အစွယ်ငွားငွား ဘီလူးတသိုက် ကြောင့် မီးခိုးအငွေ့ တွေအကြား ကူရာကယ်ရာမဲ့ တစစီ ကြွေလင့်ခဲ့ရပါပြီ။

ပေးဆပ်ခဲ့ရတဲ့၊ ပေးဆပ်နေဆဲ ဆီမီးတွေဟာ နောက်ဆုံးအချိန်ထိ အစွမ်းကုန် အလင်းပေးနိုင်ခဲ့ပြီးနောက်မှာ မမျှော်လင့်စွာနဲ့ မြေခခဲ့ပေမယ့် သူတို့ စတင်ထွန်းညှိခဲ့တဲ့ မျှော်လင့်ချက် မီးစလေးတွေကတော့ ဘယ်တော့မှ မှေးမှိန်ပျောက်ပျက်သွားတော့မှာ မဟုတ်ပါဘူး။

ထို့နည်းတူ @nwayoohti နဲ့ @SpringDevBank မှလည်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတိုင်းနဲ့ အမြဲ တသားတည်း ရပ်တည်နေသလို၊ ပြည်သူတွေလိုလားတဲ့ တရားမျှတတဲ့ တိုင်းပြည်ရရှိအောင် နိုင်ရာတာဝန်များနဲ့ ဆက်လက်ထမ်းဆောင်သွားမယ်လို့ ကတိပြုအပ်ပါတယ်။

#NwayOoHti #WeDreamBold #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
415👍126🥰28🔥12💯5🆒4
SpringBees Airdrop ဂိမ်းမှာ SDB Token တွေနဲ့ လဲလှယ်ရယူနိုင်တဲ့ Pollen ဘယ်လောက် စုဆောင်းထားပြီလဲ? 🍯

🐝 t.me/springbees_bot

#stinglikeSDBbees #springbeesbySDB #springdevelopmentbank #chooseSDB
417👍80🥰30🏆9👏6
နွေဦးထီ စက်တင်ဘာ LIVE ကို Share ပြီး သီတင်းကျွတ်မုန့်ဖိုး SDB ရွှေ ကံထူးသွားသူများ

ရွှေရောင်တလက်လက် တောက်ပနေတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ @nwayoohti နွေဦးထီ ကံထူးရှင်ရွေးပွဲ LIVE ကို Like & Share လုပ်ခဲ့တဲ့သူများထဲမှ @SpringDevBank မှ ပေးအပ်သော သီတင်းကျွတ် မုန့်ဖိုး ရွှေကံထူးရှင် (၁၀) ဦး ကို

📌 စည်းကမ်းချက်နဲ့အညီ ဖြည့်ဆည်းထားသူများထဲမှ ကျပန်းရွေးချယ်ထားပြီး SDB ရွှေ ၁ ရွေး စီ ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

📩 ကံထူးသူများသည်
Spring Development Bank Messenger မှတဆင့် မိမိ၏ SDB UID ကို ပေးပို့ပေးရမှာဖြစ်ပါတယ်။

ဒီတော့ မိမိနာမည်ပါသွားသူတွေကတော့ အမြန်ဆုံး အကြောင်းပြန်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်! 💬

#NwayOoHti #WeDreamBold #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
429👍81🥰39👏8🏆6👌5🎉4