Spring Development Bank
21.3K subscribers
2.11K photos
119 videos
1.02K links
Discover the First Neo Bank for Myanmar.
Download Telegram
$50 ဆုလာဘ်ကို ပိုင်ဆိုင်တဲ့ creative အဖြစ်ဆုံး အယောက် (၂၀) 🤩

သုညမှစခဲ့တဲ့ နွေဦးဘဏ်ရဲ့ (၂) နှစ်ပြည့် အမှတ်တရ Zero2Hero မှ အပိုဆောင်း အထူးအစီအစဉ် တခုဖြစ်တဲ့ My SDB Story Challenge မှာ ဆုလာဘ် $50 ကို ဆွတ်ခူးရရှိတဲ့ အထူးခြားဆုံး တင်ဆက်နိုင်သူ ၂၀ ဦး ထွက်ပေါ်လာပါပြီ။ 🥳

ဇူလိုင် ၁၈ မှ ၃၁ ရက်နေ့ အတွင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် creative အဖြစ်ဆုံးနှင့် အဆန်းသစ်ဆုံး တင်ဆက်သော ရုပ်ပုံ နှင့် ဗီဒီယို ဖန်တီးမှုများကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး UID တခုလျှင် ကံထူးခွင့် (၁) ကြိမ်ဖြင့် ကံထူးရှင် အယောက် (၂၀) မှ $50 ဆုလာဘ်ကို ပိုင်ဆိုင်ကံထူးခြင်း ဖြစ်ပါတယ်။ 🎉

ကံထူးရှင်များ၏ သက်ဆိုင်ရာ SDB UID များထဲသို့ ကံထူးရရှိသည့် $50 ကို ၄၈ နာရီအတွင်း ပေးပို့ထည့်သွင်းပေးသွားမှာ ဖြစ်ပြီး Challenge ကာလမှာ အားဖြည့်ဖန်တီးခဲ့တဲ့ နွေဦးဟီးရိုး တဦးတယောက်ချင်းစီတိုင်းကိုလည်း နွေဦးဘဏ်မှ အားရဂုဏ်ပြုမိ ပါတယ်နော်။ 👏

#Zero2HeroSDB #MySDBStory #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
327👍50👏16🎉5🆒2🔥1🥰1
ယနေ့ (၈.၈.၈၈) ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ၏ (၃၇) နှစ်မြောက်နေ့ ဟာ စစ်အာဏာရှင်စနစ်ဆိုးကို ပြတ်သားစွာ ငြင်းဆိုခဲ့ကြတဲ့ ရဟန်း၊ ကျောင်းသား၊ အလုပ်သမား၊ တိုင်းရင်းသားများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး ပြည်လုံးကျွတ် ထကြွတော်လှန်ခဲ့ကြသည့် သမိုင်းဝင် အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။

စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ သွေး၊ ချွေး နဲ့ အသက်ပေါင်းများစွာကို အောက်မေ့နှလုံးသွင်းလျက် ရဲရဲနီသော စိတ်ဓာတ်ဖြင့် ဖက်ဒရယ် မြန်မာနိုင်ငံတော်သစ်အတွက် လက်တွဲညီစွာဖြင့် တော်လှန်ခရီး ပြီးဆုံးသည့်တိုင် ရှေ့ဆက်လှမ်းချီကြစို့။

#8888 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
192👍17👏11🎉3🥰2💯2
Media is too big
VIEW IN TELEGRAM
SDB Podcast Friday - Collateral Loan အကြောင်း 💸

စိတ်အပန်းပြေစရာ၊ ဗဟုသုတများနဲ့ ပေါ့ပေါ့ပါးပါး အပတ်စဉ် သောကြာနေ့များမှာ တင်ဆက်ပေးသွားမယ့် နွေဦးဘဏ်ရဲ့ SDB Podcast Friday ပြန်လည် ရောက်ရှိ လာပါပြီ။ 🎙️

ဒီတပတ် episode မှာတော့ နွေဦးဘဏ်ရဲ့ ထုတ်ကုန်သစ် ဖြစ်တဲ့ Collateral Loan အကြောင်းကို ပြည်သိမ်းမောင် နဲ့ မသန့်ဝေကျော်တို့ ရင်းရင်းနှီးနှီး ဆွေးနွေးထားတာကို အတူနားဆင်ကြည့် လိုက်ကြပါစို့။ 🫶🏻

#SDBpodcast #SpringDevBank #RealBankRealFreedom #ChooseSDB
110🥰16👍9🎉2
$2 ပိုင်ဆိုင်ခွင့် ရရှိတဲ့ ကျပန်းကံထူးရှင် အယောက် (၂၀၀) 🎉

သုညမှစခဲ့တဲ့ နွေဦးဘဏ်ရဲ့ (၂) နှစ်ပြည့် အမှတ်တရ Zero2Hero အစီအစဉ်များမှ တခုဖြစ်တဲ့ SDB Gold Adventure မှာ 2 USD ပိုင်ဆိုင်ခွင့် ရရှိတဲ့ ကျပန်းကံထူးရှင် အယောက် (၂၀၀) ပေါ်ထွက်လာပါပြီနော်။ 🥳

ကံထူးသူများ ရွေးချယ်ရာ၌ ပါဝင်သူတိုင်း အခွင့်အရေး ရရှိရန် ဇူလိုင် ၂၆ မှ ၃၁ ရက်နေ့ အတွင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသော ရွှေစုပါဝင်ထားသည့် Transaction ID များကို ကျပန်းရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး UID တခုလျှင် ကံထူးခွင့် (၁) ကြိမ်ဖြင့် 2 USD ကို ပိုင်ဆိုင်ကံထူးခြင်း ဖြစ်ပါတယ်။ 💵

ကံထူးရရှိသည့် $2 ဆုလက်ဆောင်ကို ကံထူးရှင်၏ SDB UID ထဲသို့ ၇၂ နာရီအတွင်း လွှဲပြောင်းပေးပို့သွားမှာ ဖြစ်ပြီး Adventure ကာလမှာ ရွှေစုအားဖြည့်ခဲ့တဲ့ နွေဦးဟီးရိုး တဦးတယောက်ချင်းစီတိုင်းကို နွေဦးဘဏ်မှ ကျေးဇူးတင် ဂုဏ်ပြုပါတယ်နော်။ 👏

#Zero2HeroSDB #SDBGoldExchange #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
172👏15👍14🎉4🥰1
ငွေမလွှဲခင် အလိမ်အညာ သတိပြု ‼️

နွေဦးဘဏ် အသုံးပြုရာမှာ လူလိမ်များနဲ့ အကောင့်တုများကို ငွေမလွှဲမိရန် အင်မတန် သတိရှိဖို့ အရေးကြီးပါတယ်။ မိမိအနေနဲ့ ငွေမသွင်းမီ အောက်ပါ အချက်များကို အထူးသတိပြု၍ လုပ်ဆောင်ပါ။

⚠️ နွေဦးဘဏ်အကောင့် > Deposit > Browse RM List ကို နှိပ်ပြီး နိုင်ငံအလိုက်ဖြစ်စေ၊ Social Media အလိုက်ဖြစ်စေ ရွေးချယ်ပြီး သက်ဆိုင်ရာ RM များကိုသာ ကိုယ်တိုင်ချိတ်ဆက်ပြီး ငွေသွင်းပါ။

⚠️ SDB RM အကောင့်မှန်လျှင် username ကို send button မှာ ရိုက်ထည့်ပါက "# Verified RM" ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။

မိမိလုံခြုံရေးကို အမြဲသတိပြု၍ SDB App ထဲမှာ ဖော်ပြထားတဲ့ Relationship Managers စာရင်းမှ တရားဝင် SDB RM များ (သို့) SDB Counter Facebook Page မှတဆင့်သာ ယုံကြည်စိတ်ချစွာ ဆက်သွယ်ငွေသွင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အခမဲ့ SDB အကောင့်ဖွင့်ရန်
bit.ly/m/SDB4all

SDB အသုံးပြုနည်းနှင့် RM ဖြင့် ငွေသွင်းနည်း လမ်းညွှန်
bit.ly/SDBmanual

SDB Counter မှ တဆင့် ငွေသွင်းရန်
facebook.com/sdbcounter

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
143👍37🎉4🥰3🏆1
နွေဦးဂလက်စီ (၂) နှစ်ပြည့် ခရီးစဉ်မှာ Pollen 2️⃣ ဆ ဝတ်မှုန်ကူးခဲ့ကြတဲ့ နွေဦးဟီးရိုးများ အနေနဲ့ SpringBees ကမ္ဘာသို့ နွေဦးပျား ရဲဘော် ဘယ်နှယောက် လက်တွဲဖိတ်ခေါ် ဖြစ်ခဲ့လဲ ဆိုတာကို ဂုဏ်ယူစွာနဲ့ comment မှာ တုပ်ခဲ့ကြပါဦး။

🕹️ t.me/springbees_bot

#Zero2HeroSDB #stinglikeSDBees #springbeesbySDB #springdevelopmentbank #chooseSDB
134👍14👏11🥰6🔥2
100% Safe , No Fee 💪

တနိုင်ငံလုံးခက်ခဲနေရတဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်မှ မြန်မြန်လွတ်မြောက်ချင်ပါသလား ?

ဆုံးရှုံးခဲ့ရတဲ့ လူ့အခွင့်အရေးတွေ၊ အေးချမ်းလုံခြုံပျော်ရွှင်တဲ့ ဘဝတွေကို မြန်မြန်ပြန်ရနိုင်ဖို့...
နိုင်ရာဝန်ထမ်းကာ အားဖြည့်ချင်တဲ့ ပြည်သူများအတွက်... လုံခြုံမြန်ဆန်စွာ တိုက်ရိုက်ကူနိုင်တဲ့ လမ်းကြောင်းရှိဖို့ အလွန်အရေးကြီးပါတယ်။

100 % ဘေးကင်းလုံခြုံပြီး အခမဲ့အသုံးပြုလို့ရတဲ့ @SpringCrowdFund - နွေဦးလူထုရန်ပုံငွေ (SCF) Online Fundraising Platform ဟာ ပြည်သူများအတွက် အသင့်ရှိနေပါပြီ။

စက္ကန့်ပိုင်းအတွင်း လွယ်ကူစွာ Account ဖွင့်လိုက်ပါ
🌿 springcrowdfund.org/signin

#တို့အတူချီတက်SCF #SpringCrowdFund
#CollectivePower #togetherstronger
1164👍23🥰11👏3🆒1
Office of the Bees - Episode 1 (Part 1)🐝

ဒီတပတ် ကောမစ်လေးမှာတော့ နွေဦးပျားတို့ရဲ့ ရုံးခန်းထဲမှာ ယူထားရတဲ့ တာဝန်တွေနဲ့ တယောက်တမျိုး ဘယ်လိုတွေ ပျားတုပ်နေကြလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ အတူတူ ဖတ်ကြည့်လိုက်ကြရအောင်။

အပတ်စဉ်ထွက်ရှိတဲ့ ကောမစ်လေးကို အခြားသူတွေလည်း သိသွားအောင် share ဖို့ မမေ့နဲ့နော်။ 🫶🏻

#SDBeeComic
#stinglikeSDBees #SpringBeesbySDB #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
2150👍22🥰4🔥1