This media is not supported in your browser
VIEW IN TELEGRAM
နွေဦးဘဏ် မှ ဘဏ်အစုရှယ်ယာ Token တွေကို အသေအချာစိစစ်ပြီး စနစ်တကျဖြန့်ဝေမှုတွေ အဆက်မပြတ်လုပ်ဆောင်နေပါတယ်။ အကောင့်ထဲမှာ မရရှိသေးတဲ့ နွေဦးဘဏ်ချစ်သူတွေလည်း မကြာခင်ရရှိလာမှာ ဖြစ်လို့ စောင့်ပေးပါဦးနော်။ 🤩
တဦးတယောက်ချင်းစီကို တန်ဖိုးထားလေးစားစွာနဲ့ အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။
ရရှိပိုင်ဆိုင်ထားတဲ့ နွေဦးဘဏ်အစုရှယ်ယာရှင်ကြီးများရဲ့ အနာဂတ်မျှော်လင့်ချက် နဲ့ စိတ်ကူးချိူချိုလေးတွေကိုလည်း မန့်မှာ မျှဝေပေးသွားပါဦးနော်။ 🍀
#SpringDevelopmentBank #realbankrealfreedom #chooseSDB

❤136👍38🥰5
လေးစားအားထားရပါသော
တော်လှန်ပြည်သူပြည်သားများ အားလုံး မင်္ဂလာပါ။
နွေဦးဘဏ် ၏ အစုရှယ်ယာ token များ ကို အသေအချာ စိစစ်ပြီး စနစ်တကျဖြန့်ဝေပေးလျှက်ရှိပါသည်။
အစုရှယ်ယာဖြန့်ဝေမှု အပိုင်းမှာ စာရင်းအမှား၊ အချက်အလက်အမှားများအတွက် သက်ဆိုင်ရာ RM များနှင့်ပြန်လည် တိုက်ဆိုင်စစ်ဆေးခြင်းများပြုလုပ်ရသည့်အတွက် နှောင့်နှေး ကြန့်ကြာမှု အပိုင်းအတွက် နွေဦးဘဏ်မှ အနူးအညွတ်တောင်းပန်အပ်ပါသည်။
အစုရှယ်ယာ ဖြန့်ဝေမှုအားလုံး အား ဒီဇင်ဘာလ (၁၇) တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ကျန်ရှိနေသေးသော သက်ဆိုင်ရာ အချက်အလက် ပြည့်စုံ မှန်ကန်သော အကောင့်များအားလုံးထံသို့ ဖြန့်ဝေသွားပါမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
နွေဦိးဘဏ်သည် ပြည်သူ့ဘဏ်ဖြစ်သည့်အလျောက် လေးစားအားထားရသော ပြည်သူ၊ ပြည်သားများ၏အားပေးကူညီမှုဖြင့် နွေဦးခရီးပန်းတိုင်သို့ မလျော့သောဇွဲ၊ မဆုတ်မနစ်သော လုံ့လ တို့ဖြင့် အတူတကွ ချီတက်ကြပါမည်ဟု လေးစားစွာဖြင့် ကတိပြုပြောကြားလိုပါသည်။

👍93❤44🥰13👏4🎉1
Media is too big
VIEW IN TELEGRAM
နွေဦးဘဏ်ချစ်သူများအတွက် စိတ်အပန်းပြေစရာ၊ ဗဟုသုတရစရာ အစီအစဥ်များကို ဒီကနေ့ သောကြာ နေ့ ညနေ မှ စပြီး နှစ်ပတ်တခါ "အားလုံးပျော်သည် SDB " podcast အစီအစဉ်လေးတစ်ခု အဖြစ် ဖန်တီး တင်ဆက်သွားပါမယ်။
ဒီ အစီအစဥ်လေးမှာ တင်ဆက်စေချင်တဲ့ အိုင်ဒီယာ အသစ်အဆန်းလေးတွေ၊ ဇာတ်လမ်းတိုလေးတွေ ရှိလျင်လည်း hello@springdevelopmentbank.com
ကို ဆက်သွယ်ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။
ခဏတာ စိတ်အပန်းပြေစေဖို့ နွေဦးဘဏ် Podcast အစီအစဉ်လေးကိုအခုပဲ အတူတူ နားဆင်ကြည့်ကြရအောင်။ 🎶
#SDBPodcast #SpringDevelopmentBank #realbankrealfreedom #chooseSDB

👍70❤57🎉7
ဒီနေ့ည ၈ နာရီမှာ "ICO ခရီးအတွေ့အကြုံ မျှဝေတင်ဆက်ခြင်းကဏ္ဍ" ဆိုတဲ့ talk show တစ်ခုကို Myan Crypto နဲ့ SDB တို့ ပူးပေါင်းတင်ဆက်သွားဖို့ ရှိပါတယ်။
SDB ရဲ့ Operation team နဲ့ Finance team ဖက်ကနေ ICO နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို host KOOL နဲ့အတူ ဆွေးနွေးမျှဝေသွားမှာဖြစ်လို့ လာရောက်နားဆင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
talk show နားဆင်ရန် : https://t.me/SpringDevBankCommunity?videochat
#SDBTalkShow #chooseSDB #realbankrealfreedom

❤77👍10👏10🥰1
မြန်မာပြည်ကို မတရားသဖြင့် အထိန်းသိမ်းခံ ဘဝမှ လွတ်မြောက်ချင်သူတွေရဲ့ တဟုန်ထိုး အားပေးမှုကြောင့် နွေဦးဘဏ်ဟာ နွေဦးခရီးလမ်းပေါ်မှာ အရာထင် ကောက်ကြောင်းပေါ်ခဲ့ပါပြီ။
ရှေ့ဆက်ပြီး ဘဏ္ဍာရေးကဏ္ဍ အတွက် ပိုမိုရုပ်လုံးပေါ်ဖို့၊ နိုင်ငံတကာနဲ့ ရင်ဘောင် တန်းနိုင်တဲ့ ဘဏ်တစ်ခု အဖြစ် ရပ်တည်နိုင်ဖို့အတွက် ပြည်သူတွေရဲ့ စဥ်ဆက်မပြတ်သော ပါဝင်ကူညီမှုတွေ အမြဲမပြတ် လိုအပ်နေပါတယ်။
အခုဆို နွေဦးဘဏ်အကောင့်ရှိရုံနဲ့ နိုင်ငံတကာ ငွေကြေးစနစ် (၁၀) မျိုးကို မိမိစိတ်ကြိုက် အချိန်မရွေး လုံခြုံစွာ လဲလှယ် ဝယ်ယူရောင်းချနိုင်တဲ့အပြင် ငွေစုနိုင်တယ်၊ ရွှေစုနိုင်တယ်။ မကြာခင်ကာလမှာ မိမိပိုင် ဘဏ်ရှယ်ယာတွေကို ရောင်းဝယ်နိုင်ပါတော့မယ်။
အမြဲမပြတ် အစဥ်တိုးတက်မှုကိုသာ အားထုတ်ရှာဖွေနေတဲ့ နွေဦးဘဏ်မှာ အနာဂတ် လုပ်ငန်းစဥ်တွေ များစွာ ထပ်မံ ထည့်သွင်းပေးဖို့ရှိနေပါတယ်။
မကြာခင်မှာ ထပ်မံရောက်ရှိလာမယ့် နွေဦးဘဏ်ရဲ့ ခေတ်မှီငွေကြေးဝန်ဆောင်မှုများကို ခေတ်မမှီလိုက်၊ မသိလိုက် မရှိရလေအောင် အကောင့်မရှိသူများ အခု ကတည်းက အကောင့်ဖွင့်ထားဖို့ ဖိတ်ခေါ်တိုက်တွန်းပါတယ်နော်။
နှစ်မကုန်ခင် နွေဦးဘဏ်မှာ အကောင့်ဖွင့်ထားသူ ဦးရေ တစ်သိန်း ပြည့်အောင် နွေဦးအမျိုးတို့ရေ ချစ်ခင်ကြင်နာစွာနဲ့ ဝိုင်းတွန်းပေးကြပါလို့လည်း မေတ္တာရပ်ခံ လိုက်ရပါတယ်။
#SDB100KCampaign
#realbankrealfreedom
#SpringDevelopmentBank

👍92❤39🎉3
Media is too big
VIEW IN TELEGRAM
နွေဦးဘဏ်အစုရှယ်ယာ Token များ ရောင်းချခဲ့တဲ့ ICO ကာလ မှာ နွေဦးဘဏ်ရဲ့ ဝန်ဆောင်မှုများ အဆင်ပြေချောမွေ့စေဖို့အတွက် နေ့ညမပြတ် နောက်ကွယ်မှ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ အဖွဲ့ပေါင်းများစွာရှိပါတယ်။ ထို အဖွဲ့များထဲမှ နွေဦးဘဏ်၏ Operation team နှင့် Finance team မှ ICO ကာလအတွင်း မည်ကဲ့သို့ ဝန်ဆောင်မှု ပေးခဲ့ကြောင်းကို MCM team မှ မေးမြန်းဆက်သွယ်တင်ဆက် ပေးထားပါတယ်။
နားဆင်ကြည့်ကြရအောင်။
#SDBTalkShow
#SpringDevelopmentBank
#RealBankRealFreedom
နားဆင်ကြည့်ကြရအောင်။
#SDBTalkShow
#SpringDevelopmentBank
#RealBankRealFreedom
❤70👍23🥰3🎉2
နွေဦးဘဏ်၏ လေးစားတန်ဖိုးထားရပါသော
Customer များအား အသိပေး အကြောင်းကြားအပ်ပါသည်။ 🚨
နွေဦးဘဏ်၏ RM တစ်ဦးဖြစ်သူ မပန်ထွာ
User name: panhtwar
FB page: lucky2pdf
Telegram: @PH_Revo
သည် ဆက်သွယ်မှု ဧရိယာပြင်ပတွင်ရောက်ရှိလျက်ရှိပြီး ၊ သူ/သူမ၏ လူမှုကွန်ယက်ဆိုင်ရာ Account များအား အခြားပြင်ပမှ ခိုးယူသုံးစွဲနေသည်ဟု ယူဆရပါသဖြင့်
Customer များ၏ အကျိုးစီးပွါးနှင့် အခြားလုံခြုံရေးဆိုင်ရာ အချက်အလက်များ ထိခိုက်နစ်နာမှု မရှိစေရန် ယင်း အား RM အဖြစ်မှ ခေတ္တ ရပ်ဆိုင်းထားပါသည်။
ထို့ကြောင့် SDB နှင့်သက်ဆိုင်သော ငွေသွင်း၊ ငွေထုတ်ခြင်း လုပ်ငန်းများကို မပန်ထွာ နှင့် ဆက်လက်လုပ်ဆောင်ခြင်း မပြုကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။
နွေဦးဘဏ်၏ ဝန်ဆောင်မှုများကို တခြား RM များနှင့် ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်သွားနိုင်ပါသည်။
မပန်ထွာ မှ SDB ၏ RM အဖြစ် ပြန်လည် တာဝန်ထမ်းဆောင်လာပါက တော်လှန်ပြည်သူများအား ထပ်မံ အသိပေး အကြောင်းကြားသွားမည် ဖြစ်ပါသည်။
လေးစားစွာဖြင့်
နွေဦးဖွံ့ဖြိုးရေးဘဏ်

👍129❤33👌3
ခရစ်ယာန်ဘာသာဝင်များရဲ့ အထွဋ်အမြတ်ထားတဲ့ ပျော်ရွှင်ဖွယ်ရာခရစ္စမတ် အချိန်ကာလ အားလပ်ရက်မှာ မိသားစု၊ မိတ်ဆွေ၊ ချစ်ခင်ရတဲ့ ရဲဘော်ရဲဘက်တွေနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ပိုင်ဆိုင်ကြပြီး ညီညွတ်ငြိမ်းချမ်းခြင်း နှင့်အတူ ငွေကြေးလွတ်မြောက်ခြင်းများ ပိုင်ဆိုင်နိုင်တဲ့ နှစ်သစ် ဖြစ်ပါစေကြောင်းလည်း နွေဦးဘဏ် မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
#SpringDevelopmentBank
#ChristmasTime
#SpringDevelopmentBank
#ChristmasTime
❤115👍24
လေလှိုင်းက ဘဏ် ဆိုပြီး လေအလွင့်မှာ တချက်တချက် ထခုန်တဲ့ ကြွပ်ကြွပ်အိတ်လို မလိုသူတွေက ရယ်မောကြတယ်။
ကျောက်သားကျောက်စိုင်ကိုတောင် ဖြိုခွင်းနိုင်စွမ်းရှိတဲ့ ခွန်အားကြီးမားတဲ့ လှိုင်းလုံးကြီးတွေကတော့ သူ့အလုပ်သူ တည်ငြိမ်စွာလုပ်ရင်း သက်သေထူနိုင်ကြတော့မယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဒစ်ဂျစ်တယ်ဘဏ် ဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ပထမဆုံး မြေပြင်ဘဏ်ခွဲမှ နွေဦးချစ်သူတွေကို မကြာမှီ ကာလအတွင်းမှာ ဘဏ်ဝန်ဆောင်မှုတွေ စတင် ပေးပါတော့မယ်။
လွယ်မယ်ထင်လို့ လှမ်းခဲ့ကြတာမဟုတ်၊ နိုင်ကို နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ နွေဦး ခရီးကြမ်း ကို လမ်းဖောက်ခဲ့ကြတာပါ။ အခုဆို ပန်းတိုင်ကို မြင်နေရပါပြီ။ ပေါ်လာသမျှ ထိုးနှက်မှု အခက်အခဲတိုင်း ကို အားအဖြစ်ယူရင်း တဦးနဲ့တဦး လက်ချင်းခိုင်ခိုင်တွဲပြီး ဖီးနစ်ငှက်လို နှလုံးသားနဲ့ ပန်းတိုင်ဆီသို့ အရှိန်မပျက် တဟုန်ထိုး အတူပျံကြမယ်ဆိုတာ နွေဦးဘဏ်မှ နွေဦးသစ္စာ အဖြစ် ထပ်လောင်း တိုင်တည်အပ်ပါတယ်။

❤201👏48👍25🎉4
" အားလုံးပျော်သည် SDB" Podcast လေး ထုတ်လွှင့်မယ့် သီတင်းပတ်ကို ရောက်ရှိလာခဲ့ပါပြီ။
ဒီတပတ်မှာတော့ နွေဦးဘဏ် RM များရဲ့ ICO ကာလမှာ ကြုံရဆုံရတဲ့ အတွေ့အကြုံလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ နွေဦးဘဏ်ချစ်သူ ဘဏ်ရှယ်ယာရှင်ကြီးတွေလည်း သူတို့ပြောပြတဲ့ အမှတ်တရ အလွဲလေးတွေနဲ့ ဘာတွေကြုံခဲ့လဲ သိရအောင် လာမယ့် သောကြာနေ့၊ ညနေ ၆နာရီမှာ
SDB Podcast လေး အတူတူ နားဆင်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🎶
#SDBPodcast #SpringDevelopmentBank #realbankrealfreedom #chooseSDB
ဒီတပတ်မှာတော့ နွေဦးဘဏ် RM များရဲ့ ICO ကာလမှာ ကြုံရဆုံရတဲ့ အတွေ့အကြုံလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ နွေဦးဘဏ်ချစ်သူ ဘဏ်ရှယ်ယာရှင်ကြီးတွေလည်း သူတို့ပြောပြတဲ့ အမှတ်တရ အလွဲလေးတွေနဲ့ ဘာတွေကြုံခဲ့လဲ သိရအောင် လာမယ့် သောကြာနေ့၊ ညနေ ၆နာရီမှာ
SDB Podcast လေး အတူတူ နားဆင်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🎶
#SDBPodcast #SpringDevelopmentBank #realbankrealfreedom #chooseSDB
👍65❤25🥰1🎉1
Media is too big
VIEW IN TELEGRAM
နှစ်ပတ်တခါ တင်ဆက်မယ့် "အားလုံးပျော်သည် SDB" Podcast Friday အစီအစဥ်လေး အလှည့်ကျရောက်လို့ လာပါပြီ။
ဒီတခါတော့ အောင်မြင်ပြီးမြောက်ခဲ့တဲ့ နွေဦးဘဏ်အစုရှယ်ယာ Token ICO ကာလမှာ နွေဦးဘဏ်၏ Relationship Manager များ ကြုံတွေ့ခဲ့ရတဲ့ ကြည်နူးစရာ၊ ချစ်စရာ၊ ရယ်မောစရာ အတွေ့အကြုံလေးတွေကို ဩစီ မှ RM မဘုတ်၊ ယူကေမှ RM ကိုဇာနည် နှင့် ဂျပန်မှ RM မစတယ်လာ တို့ မှ ဝင်ရောက် ဆွေးနွေးထားကြပါတယ်။
USA မှ RM တစ်ဦးဖြစ်သူ ကိုဖြိုးမှ Host အဖြစ် ဆောင်ရွက်ပြီး အပိုင်း အနေနဲ့ ၃ ပိုင်းခွဲကာ တင်ဆက်ပေးထားပါတယ်။
အပိုင်း (၁) ကို အတူနားဆင် ခံစားကြည့်ကြရအောင်နော်။
#SDBPodcastFriday

👍35❤15🥰2
Media is too big
VIEW IN TELEGRAM
"အားလုံးပျော်သည် SDB" Podcast Friday အစီအစဥ်လေးရဲ့ ကြုံရဆုံရ RM ဘဝ အပိုင်း(၂)လေး လာပါပြီ။
ဒီတပတ် Podcast အစီအစဉ်မှာ နွေဦးဘဏ်အစုရှယ်ယာ Token ICO ကာလမှာ နွေဦးဘဏ်၏ Relationship Manager များ ကြုံတွေ့ခဲ့ရတဲ့ ကြည်နူးစရာ၊ ချစ်စရာ၊ ရယ်မောစရာ အတွေ့အကြုံလေးတွေကို ဩစီ မှ RM မဘုတ်၊ ယူကေမှ RM ကိုဇာနည် နှင့် ဂျပန်မှ RM မစတယ်လာ တို့ မှ ဝင်ရောက် ဆွေးနွေးထားကြပါတယ်။
USA မှ RM တစ်ဦးဖြစ်သူ ကိုဖြိုးမှ Host အဖြစ် ဆောင်ရွက်ပြီး အပိုင်း အနေနဲ့ ၃ ပိုင်းခွဲကာ တင်ဆက်ပေးထားပါတယ်။
အပိုင်း (၁) ကိုတော့ ဒီလင့််ခ်မှာ နားဆင် ခံစားလို့ရပါတယ်။
https://www.facebook.com/SpringDevBank/videos/378533451255701

❤37👍11🥰1
Media is too big
VIEW IN TELEGRAM
"အားလုံးပျော်သည် SDB" Podcast Friday ရဲ့
ကြုံရဆုံရ RM ဘဝ အပိုင်း ၃ မှာ နှစ်သစ်ဆုတောင်း စကားသံလေးတွေကိုလည်း နားဆင်နိုင်ပါတယ်။
ဒီတပတ် Podcast အစီအစဉ်မှာ နွေဦးဘဏ်အစုရှယ်ယာ Token ICO ကာလမှာ နွေဦးဘဏ်၏ Relationship Manager များ ကြုံတွေ့ခဲ့ရတဲ့ ကြည်နူးစရာ၊ ချစ်စရာ၊ ရယ်မောစရာ အတွေ့အကြုံလေးတွေကို ဩစီ မှ RM မဘုတ်၊ ယူကေမှ RM ကိုဇာနည် နှင့် ဂျပန်မှ RM မစတယ်လာ တို့ မှ ဝင်ရောက် ဆွေးနွေးထားကြပါတယ်။
USA မှ RM တစ်ဦးဖြစ်သူ ကိုဖြိုးမှ Host အဖြစ် ဆောင်ရွက်ပြီး အပိုင်း အနေနဲ့ ၃ ပိုင်းခွဲကာ တင်ဆက်ပေးထားပါတယ်။
အပိုင်း (၁) ကိုတော့ ဒီလင့်ခ်မှာ နားဆင်ရန်
https://www.facebook.com/SpringDevBank/videos/378533451255701
အပိုင်း (၂) ကိုတော့ ဒီလင့်ခ်မှာ နားဆင်ရန်
https://www.facebook.com/SpringDevBank/videos/1029475311648734

🥰35👍14
နွေဦးဘဏ်မှ နွေဦးဘဏ် ချစ်သူတွေအတွက် အကျိုးရှိစေပြီး ဗဟုသုတ ရစရာများကို မျှဝေမယ့် Community Knowledge Sharing အစီအစဥ်လေးကို နှစ်ပတ်တခါ ထုတ်လွှင့်နိုင်ဖို့ ကြိုးစားနေပါတယ်။ ယခုတပတ်အတွက် အလှည့်ကျတာကတော့ Crypto Currency အကြောင်းသိကောင်းစရာ၊ သိသင့်သိထိုက်တဲ့ အခြေခံ မှတ်သားလေ့လာစရာတွေကို Myan Crypto ရဲ့ KOOL မှ Host အဖြစ်တင်ဆက်ပြီး Feliz မှ ရှင်းလင်းပြောကြားပေးသွားမယ့် အစီအစဥ်လေးဖြစ်ပါတယ်။ အောက်ပါ Telegram Channel Link မှ ဝင်ရောက်နားဆင်နိုင်ပါတယ်။
Date: 01 Jan 2024
Time: 8:00 PM MMT
Link : https://t.me/SpringDevBankCommunity?videochat

❤59👍17
ဆန္ဒ နဲ့ ဘဝ ထပ်တူကျမယ့် နှစ်သစ် 🍀
ဆန္ဒနဲ့ဘဝ ထပ်တူကျမယ့် နှစ်သစ်မှာ နွေဦးဘဏ်ကနေရော ဘယ်လို အသစ်အသစ်တွေမျှော်လင့်ထားကြလဲ ?
ငွေကြေးအသစ်တွေလား ? Application လား ?
နောက်ထပ်ရောင်းချမယ့် ရှယ်ယာတွေလား ?
သို့မဟုတ် အခြား ဘယ်လို ဝန်ဆောင်မှုမျိုးတွေ ထပ်တိုးရစေချင်လဲဆိုတာ Comment မှာ မျှဝေပေးသွားကြပါဦးနော်။ 🤩
နှစ်သစ်မှာ ငွေကြေးလွတ်မြောက်မှုရရှိဖို့ရာ စုဆောင်း၊ ရင်းနှီးမြုပ်နှံနိုင်မယ့်
နွေဦးဘဏ်အကောင့်တွေ ဖွင့်ထားကြဖို့လည်း တိုက်တွန်းကြရအောင်။
#SDB100KCampaign
#realbankrealfreedom
#SpringDevelopmentBank
ဆန္ဒနဲ့ဘဝ ထပ်တူကျမယ့် နှစ်သစ်မှာ နွေဦးဘဏ်ကနေရော ဘယ်လို အသစ်အသစ်တွေမျှော်လင့်ထားကြလဲ ?
ငွေကြေးအသစ်တွေလား ? Application လား ?
နောက်ထပ်ရောင်းချမယ့် ရှယ်ယာတွေလား ?
သို့မဟုတ် အခြား ဘယ်လို ဝန်ဆောင်မှုမျိုးတွေ ထပ်တိုးရစေချင်လဲဆိုတာ Comment မှာ မျှဝေပေးသွားကြပါဦးနော်။ 🤩
နှစ်သစ်မှာ ငွေကြေးလွတ်မြောက်မှုရရှိဖို့ရာ စုဆောင်း၊ ရင်းနှီးမြုပ်နှံနိုင်မယ့်
နွေဦးဘဏ်အကောင့်တွေ ဖွင့်ထားကြဖို့လည်း တိုက်တွန်းကြရအောင်။
#SDB100KCampaign
#realbankrealfreedom
#SpringDevelopmentBank
👍55❤36👌2🥰1
လေးစားတန်ဖိုးထားရပါသော နွေဦးဘဏ်၏ အကျိုးသက်ဆိုင်သူများခင်ဗျာ
မင်္ဂလာနှစ်သစ်ကို ကြိုဆိုရင်း နွေးထွေးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
၂၀၂၃ ခုနှစ် ကို ပြန်လည်သုံးသပ်ရမယ်ဆိုရင် ကျွန်တော်တို့၏ စုပေါင်းကတိသစ္စာနှင့် ကြံ့ကြံ့ခံနိုင်မှုတွေကို စမ်းသပ်ခဲ့သည့် တခဲနက်အောင်ပွဲများနှင့် တိုးတက်မှုရလဒ်ကောင်းတို့ကြောင့် သမိုင်းဝင်နှစ် တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့၏ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်သော မိတ်ဖက်အဖွဲ့အစည်းများနှင့် ERO တိုင်းရင်းသားမဟာမိတ်တို့၏ ကြိုးပမ်းမှုများက အတူတကွ မျှဝေထားကြသော ရည်မှန်းချက်များကို ဆွတ်ခူးဖမ်းဆုပ်ရာမှာ လွန်စွာအဓိကကျပါတယ်။ နွေဦးဘဏ်အတွက် ယခုနှစ်ဟာ ကျွန်တော်တို့အသိုက်အဝန်း၏ ပြင်းပြသည့် ပံ့ပိုးကူညီမှုတွေကို ထင်ဟပ်အောင် အုတ်မြစ်ချနိုင်ခဲ့သောနှစ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့၏ စီမံခန့်ခွဲမှုအောက်ပိုင်ဆိုင်မှု (AUM) မှာ အမေရိကန်ဒေါ်လာ၂၅ သန်း ကျော်နှင့် အကောင့်ဖွင့်သူပေါင်း တစ်သိန်း ခန့် ရောက်ရှိမည့် မှတ်တိုင်တစ်ခုအဖြစ် ဦးတည်နေပါတယ်။ အောင်ပွဲကြိုဆိုခဲ့သည့် Seed Round ICO မှာလည်း အမေရိကန်ဒေါ်လာ ၁၁.၈၅ သန်း ကို မြှင့်တင်ပေးနိုင်ခဲ့တာ ကျွန်တော်တို့၏ စုစည်းခွန်အားနှင့် မျှော်ရည်ရာ အလားအလာကို သိသိသာသာ မီးမောင်းထိုးပြနေပါတယ်။
ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူ့ဓနဆက်ဆံရေးအရာရှိ (RMs) ပေါင်း ၂၀၀ ခန့် နှင့် အမြဲတမ်းအဖွဲ့ဝင် ၅၄ ဦး ပါရှိသည့် အစုအဖွဲ့ဟာ ငွေကြေးစနစ် ၁၀ မျိုးဖြင့် ဆောင်ရွက်နိုင်အောင် နွေဦးဘဏ်၏ ဝန်ဆောင်မှုရေးရာများကို အဓိက ပံ့ပိုးပေးထားပါတယ်။ ဒီတိုးချဲ့စုဖွဲ့မှုမှာ ရွှေနှင့် စာရင်းသေအပ်ငွေစုခြင်း အစီအစဉ်များကလည်း ထူးခြားကွဲပြားတဲ့ ဘဏ်ဝန်ဆောင်မှုများအဖြစ် ပါဝင်ပါတယ်။
၂၀၂၃ ခုနှစ်ဟာ နွေဦးဘဏ် အတွက် အမှန်တကယ်ကို အင်မတန်မှ ထူးခြားသောနှစ် ဖြစ်ပါတယ်။
၂၀၂၄ နှစ်သစ်ကို ခြေလှမ်းလာသည်နှင့်အမျှ တိုကင်ရှယ်ယာပိုင်ရှင်များ၊ အသုံးပြုသူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဖက်များအပါအဝင် အကျိုးသက်ဆိုင်သူအားလုံးအတွက် ရေရှည်တည်တံ့မည့် တန်ဖိုးကို ဖန်တီးပေးနိုင်ဖို့ နွေဦးဘဏ်အနေနှင့် တိုးတက်အောင်မြင်မှုများ ပိုင်ဆိုင်နိုင်အောင် ထပ်လောင်း ကတိပြုပါတယ်။
၂၀၂၄ ခုနှစ် ပထမ သုံးလပတ်ကို သွက်လက်ထိရောက်မည့် ဆန်းသစ်တီထွင်မှုတို့နှင့် ဝန်ဆောင်မှုအသစ်များစွာကို တွေ့မြင်နိုင်မည့် ကာလတစ်ခုဖြစ်လာမယ်ဆိုတာ အသိပေးပါတယ်။ မကြာမီ ဖွင့်လှစ်နိုင်တော့မည့် ကျွန်တော်တို့၏ ကောလင်း မြေပြင်ဘဏ်ခွဲ ဝန်ဆောင်မှု အတွက် စိတ်လှုပ်ရှားမိပြီး လက်ရှိမှာလည်း နွေဦးဘဏ်ခွဲကွန်ရက်ကို ချဲ့ထွင်နိုင်ဖို့နှင့် ပူးပေါင်းမိတ်ဖက်အသစ်များ ရှာဖွေနိုင်ဖို့ ရည်ရွယ်ပြီး တိုင်းရင်းသားမဟာမိတ် ၃ ဖွဲ့နှင့် စဥ်ဆက်မပြတ်ဆွေးနွေးမှုများလည်း ပြုလုပ်လျက်ရှိပါတယ်။
နွေဦးဘဏ် အသုံးပြုသူများ၏ အတွေ့အကြုံကို မြှင့်တင်နိုင်ဖို့ Android နှင့် iOS ပလပ်ဖောင်းနှစ်ခုလုံး၏ SDB မိုးဘိုင်းအက်ပလီကေးရှင်းများကို ထုတ်လုပ်ဖို့ စီစဥ်နေပါတယ်။ ၂၀၂၄ ခုနှစ်အတွက် နောက်ထပ် ထူးခြားသည့် လုပ်ငန်းစဥ်တခုအဖြစ် သီးသန့် စုဆောင်းနိုင်သော ရွှေဒင်္ဂါးပြားများကို ကြားကာလဗဟိုဘဏ်နှင့် ပူးပေါင်းပြီး ရောင်းချပေးသွားမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနှင့် ပိုမိုကောင်းမွန်သော အသုံးပြုသူအတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့ ပြင်ဆင်ဖန်တီးထားသည့် နွေဦးထီ (ဗားရှင်း ၂) ကို မွေးဖွားတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဗားရှင်းအသစ်မှာ လွယ်ကူချောမွေ့သော ထီစနစ်ကို ထီလက်မှတ်များ ဝယ်ယူခြင်းမှ ထီပေါက်သည်အထိ နွေဦးဘဏ်အကောင့်နှင့် တိုက်ရိုက်ပေါင်းစပ်ထားသည့် feature များနှင့်အတူ ဆွဲဆောင်မှုရှိသော ဆုကြေးများလည်း ပါဝင်မှာပဲ ဖြစ်ပါတယ်။
အချုပ်အားဖြင့် နွေဦးဘဏ် အဖွဲ့သားအားလုံးဟာ ပိုမိုစုစည်းညီညွတ်ပြီး လုံခြုံလွတ်လပ်သည့် အသိုက်အဝန်းတစ်ခုကို ဘလော့ချိန်းအခြေပြု ဘဏ္ဍာရေးနည်းပညာ ပလပ်ဖောင်းပေါ်မှာ တည်ဆောက်နိုင်ဖို့ ကိုယ်စိတ်နှလုံး အပ်နှံထားပါတယ်။ ဒီလို ဆန်းသစ်ထူးခြားသည့် လုံခြုံရေးအမာခံ ပလပ်ဖောင်းက ငွေစုခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ၊ ငွေပေးချေမှုများ၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လှူဒါန်းခြင်း၊ သင်ယူခြင်း နှင့် အပြန်အလှန် ဆက်သွယ်တုံ့ပြန်မှု အတွေ့အကြုံများ အပါအဝင် ငွေကြေးဆိုင်ရာလုပ်ဆောင်မှုအမျိုးမျိုးအတွက် ကြောက်ရွံ့ခြင်းကင်းဝေးသည့် ပတ်ဝန်းကျင်ကို ပေးဆောင်နိုင်သောနေရာ တခုအဖြစ် အခိုင်အမာ ရပ်တည်ပါတယ်။
၂၀၂၃ ခုနှစ်မှ ယနေ့တိုင်အထိ လူကြီးမင်းတို့၏ ထောက်ခံအားပေးမှုများအတွက် အနက်ရှိုင်းဆုံးလေးနက်စွာ ကျေးဇူးတင်ရှိပါတယ်။ နွေဦးဘဏ် ကတစ်ဆင့် မြန်မာ့တော်လှန်ရေးနှင့် ပိုမိုကျယ်ပြန့်သည့် အသိုက်အဝန်းအတွက် ဘဝအဓိပ္ပာယ်ပြည့်စုံအောင် ပံ့ပိုးကူညီနိုင်ဖို့ ကြိုးပမ်းရင်း လူကြီးမင်းတို့၏ ဆက်လက်ပူးပေါင်းပါဝင်မှုများကို အထူး မျှော်လင့်နေပါမယ်။
ချစ်ခင်ရသူများနှင့် အတူ စိတ်ချမ်းသာ ကိုယ်ကျန်းမာသော ၂၀၂၄ ခုနှစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
နွေဦးဖွံ့ဖြိုးရေးဘဏ် ကိုယ်စား
ကယ်လ်ဗင်
အလုပ်အမှုဆောင်အရာရှိချုပ်

❤115👍27🥰1