Spring Development Bank
20.3K subscribers
1.83K photos
93 videos
910 links
Discover the First Neo Bank for Myanmar.
Download Telegram
Live stream started
Live stream finished (1 hour)
လူမမယ် နူးညံ့နုနယ်လှတဲ့ အပြစ်မဲ့ ကလေးသူငယ်များရဲ့ အနာဂတ် အိပ်မက်များဟာ အကြမ်းဖက် စစ်ကောင်စီကြောင့် မတရား ရိုက်ချိုး ဖျက်ဆီးခြင်းကို ခေတ် အဆက်ဆက် ခါးစည်း ခံစားနေရပါတယ်။

ယနေ့ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်း အား ဖက်ဆစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် နစ်နာ ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသူကျောင်းသားများအတွက် ကျန်ရစ်မိသားစုများနှင့် ထပ်တူ အသည်းခိုက်မတတ် ဝမ်းနည်း ကြေကွဲရပါတယ်။

ရက်စက်မှု ကမ်းကုန်လှတဲ့ ရန်သူမိစ္ဆာတပ်နှင့် အပေါင်းအပါများကို အမြစ်ပြတ် တွန်းလှန် အဆုံးသတ်ရင်း လူ့ဂုဏ်သိက္ခာနဲ့ တရားမျှတမှုကို ပြန်လည်ရယူမယ့် ပုခုံးပြောင်း တာဝန်ကို စုစည်းညီညွတ်စွာ နိုင်ရာ ကဏ္ဍအလိုက် ဆက်လက် ထမ်းဆောင်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်။

#NwayOoHti #WeDreamBold #SpringDevelopmentBank
1291👍130🥰20🔥4💯2🆒1
Loan အကြောင်းတစေ့တစောင်း 🏦

ဘဏ်ချေးငွေများနှင့် ပက်သက်ပြီး ဗဟုသုတ ရရှိစေရန် ပုံတပုံချင်းစီနှိပ်ပြီး လေ့လာနိုင်ဖို့ အောက်ပါလင့်မှာ အပြည့်အစုံ ဝင်ဖတ်လိုက်ရအောင်နော်။

ချေးငွေအကြောင်း လေ့လာရန်

👉 www.facebook.com/SpringDevBank/posts/620977624314735

ခေတ်မီလုံခြုံတဲ့ နွေဦးဘဏ်ရယူရန်
📲 bit.ly/m/SDB4all

#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
1156👍40🥰4🆒1
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ မြန်မာချိန် နေ့လည် ၁ နာရီမှာ ခလုတ်တချက် ဖြင့် နွေဦးဘဏ်မှာ လဲလှယ်ရယူနိုင်မယ့် နိုင်ငံတကာ ငွေကြေးများနဲ့ ကမ္ဘာ့ရွှေ လဲလှယ် နှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
1129👍22🥰4🔥1🆒1
🌟ချီတက်စုံညီ ဘုံအိပ်မက်ဆီ 🌟

🎯ဘုံအနာဂတ် ဖက်ဒရယ်နိုင်ငံသစ် အိပ်မက်ဆီ သို့ တစုတစည်း အတူတူ တက်လှမ်း ချီတက်ရာ မှာ SDB Community အသိုက်အဝန်းက ကြီးမားတဲ့ အခန်းဏ္ဍ တခုအဖြစ် ပါဝင်လျက်ရှိပါတယ်။

⚔️နွေဦးဘဏ်၏ ရင်းနှီးမြှုပ်နှံသူများနှင့် တကွ RM များ ၊ SpringBees ကစားသူများ ၊ နွေဦးထီ ချစ်သူများ နှင့် Agent, Ranger များ ၊ SCF အကြည်ဓာတ်များ နှင့် ဝန်းရံသူအစုစုတို့ ဟာ ဘဏ္ဍာရေး ခွန်အား နဲ့ အကြမ်းဖက် မိစ္ဆာတပ် ကို အပြီးတိုင် အမြတ်ဖြတ်ဖို့ SDB ဝရဇိန် ကို မြဲမြံစွာ ကိုင်စွဲထားကြပါတယ်။

🏦ပြည်သူ့ နွေဦးဘဏ် မှာ ငွေကြေး (၁၀) မျိုး စုံလင်စွာ ငွေလဲ ၊ ရွှေစု ၊ USDT သွင်း/ထုတ် ၊ အတိုးယူ စာရင်းသေအပ်နှံနိုင်တဲ့အပြင် ခေတ်မီဝန်ဆောင်မှု အသစ်သစ်များကို လက်တကမ်းမှာ ရယူနေကြပါတယ်။

🏆SDB အကောင့်နဲ့ ချိတ်ဆက်ပြီး အပတ်စဉ် ၊ လစဉ် ဆုပေါင်းများစွာကို NUG အစိုးရ၏ နွေဦးထီ နှင့် Super 4 တို့ကတဆင့် ကံစမ်း ဆွတ်ခူးနိုင်ပါတယ်။

🌳နိုင်ငံအနှံ့အပြား ကမ်ပိန်းစုံလင်စွာ တနေရာတည်း အကြည်ဓာတ်များ မျှဝေနိုင်မယ့် SCF မှာလည်း လုံခြုံစွာ ထောက်ပို့နိုင်ပါသေးတယ်။

🐝ဒါ့အပြင် Exchange Listing မတိုင်မီ SpringDB Token များကို အခမဲ့ ပိုင်ဆိုင်နိုင်မယ့် SpringBees Airdrop ဂိမ်းကို ကစားရင်း ပြည်သူ့တာဝန် နေ့စဥ် ထမ်းဆောင်နိုင်ပါတယ်။

သင်ရော @SpringDevBankCommunity မှာ ပါဝင်ပြီးပြီလား? 🫶


SDB for all | @SpringBeesbySDB

@SpringDevBank | SDB Counter

@nwayoohti | Weekly Super 4 | NOH Gift Card

@SpringCrowdFund

ယခု Wallpaper အား download ရယူပါ

#SpringDevelopmentBank
#NwayOoHti #WeeklySuper4
#SpringCrowdFund #SpringBeesbySDB
1127👍16🎉9🥰1🆒1
SDB စနစ် အဆင့်မြှင့်ခြင်း အသိပေးချက်🚨

နွေဦးဘဏ် စနစ် အား ဝန်ဆောင်မှု အသစ်များ ချဲ့ထွင် ဆောင်ရွက်နိုင်ရန် မနက်ဖြန် မေလ ၁၅ ရက်နေ့ (ကြာသာပတေးနေ့) မြန်မာချိန် နေ့လည် ၁၂:၃၀ မှ ၄:၃၀ အတွင်း ပျားဆရာ အိုင်တီအဖွဲ့သားများမှ မွမ်းမံ အဆင့်မြှင့်တင်မည် ဖြစ်သောကြောင့် ပြုပြင်နေချိန် ကာလအတွင်း web app နှင့် mobile app များအား ခေတ္တ ဝင်ရောက် အသုံးပြု၍ မရနိုင်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။ ⚙️

SDB ဝန်ဆောင်မှုများအား ဝန်းရံ အကြံပြု ၊ အားပေးမှုများအတွက် အထူးကျေးဇူးတင်ရင်း ပိုမို လုံခြုံချောမွေ့သော ဘဏ်စနစ် ဖြင့် အမြန်ဆုံး ပြန်လာခဲ့ပါမယ်နော် ။ 🫶

အားလုံးအတွက် နွေဦးဘဏ် @SpringDevBankCommunity

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
1👍14294👌11🥰6🆒4
The Biography of Maung Phoe 💜

နွေဦးထီ @nwayoohti ကိုပစ်ရဲ့ ရုပ်ပြတွေမှာ ခြံခုန်ပြီး ပေါ်လာတတ်တဲ့ Weekly Super 4 က ခရမ်းရောင် ပစ်တိုင်းထောင်လေးဟာ ဘယ်သူလဲ၊ ဘယ်ကလဲ ဆိုတဲ့ ရာဇဝင် အတ္ထုပတ္တိကို ဒီတပတ်ကောမစ်မှာ ဖတ်ကြည့်လိုက်ကြစို့။

တနင်္လာနေ့တိုင်း အသစ်ထွက်တဲ့ Comic လေးကို ဖတ်ဖို့ မမေ့နဲ့နော်။

#SDBComic #WeeklySuper4 #NwayOoHti #SpringDevelopmentBank
1179👍27🥰6🆒2🔥1
ဘယ်တစ်ခုက မှားနေလဲ 🤔

နွေဦးဘဏ်မှာ အသုံးပြုနိုင်တဲ့ ခရစ်ပတိုငွေကြေးနဲ့ ပက်သက်တဲ့ အချက်အလက်များထဲက မမှန်တဲ့တချက်ကို သင် သတိထားမိပါသလား။ ရှာတွေ့ရင် comment မှာ ရေးခဲ့ပေးပါဦး။⚡️

ခေတ်မီမြန်ဆန် SDB ခရစ်ပတိုဘဏ်
bit.ly/m/SDB4all

#springdevelopmentbank #realbankrealfreedom #chooseSDB
1132👍35🥰4