Spring Development Bank
20.4K subscribers
1.75K photos
88 videos
883 links
Discover the First Neo Bank for Myanmar.
Download Telegram
🤝 ပြည်သူမှ ပြည်သူသို့ 🤲

အတူတူ မျှဝေခံစားပြီး ဘေးဒုက္ခကြား ဖေးမကူညီရန်အတွက် အောင်လံလွှင့်ချီ နွေဦးထီ မှ မတ်လ တလလုံးရဲ့ ရောင်းအား တစိတ်တပိုင်းကို ငလျင်ဘေးသင့် ပြည်သူများအတွက် ကူညီ မတည်ငွေ အဖြစ် နွေဦးထီရပ်ဝန်း ကိုယ်စား ထပ်ဆောင်း၍ ပံ့ပိုးပေးသွားမည် ဖြစ်ပါတယ်။

မရှိအတူ ရှိအတူ စာနာညီညွတ်မှုအားဖြင့် မိမိ ကံစမ်းလိုက်သော ထီလက်မှတ် အစောင်တိုင်းမှ ထပ်ဆင့် စေတနာ အမှတ်အသားကို ထင်ဟပ် စီးဆင်းသွားမယ့်အပြင် ဓမ္မဘက်သား အစိုးရ နှင့်မိဘပြည်သူတို့၏ ဟန်ချက်ညီစွာ လှူဒါန်းနိုင်မည့် အမွန်မြတ်ဆုံး ပြယုခ် မှတ်တိုင်လည်း ဖြစ်ပါတယ်။

ကပ်ဘေးကြုံတိုင်း ကုသိုလ်ပြုတဲ့ နှလုံးလှသူရဲကောင်းတွေ အတွက် March 28 မှ April 11 အတွင်း “မြေငလျင် သဘာဝဘေး ၊ ထောက်ပံ့စာနာ ကူညီပေး “ SCF ကမ်ပိန်းမှာ MMK 10,000 နှင့်အထက် လှူဒါန်းထည့်ဝင်ထားပါက နွေဦးထီ Page တွင် ကူညီမှုမှတ်တမ်းလွှာ နှင့်တကွ အကြောင်းကြားပေးရုံဖြင့် NOH Gift Card MMK 2,000 အား April လ တွင် ဂုဏ်ပြုပေးလိုကြောင်းလည်း အသိပေးပါရစေ။

အရေးပေါ် အကူအညီများစွာ လိုအပ်နေတဲ့ ငလျင်ဘေးသင့် နေရာဒေသ အသီးသီးအတွက် @SpringCrowdFund နဲ့ အတူ ပါဝင်ပေးပြီး သမိုင်းစာမျက်နှာ စုပေါင်းကမျည်းထိုးကြဖို့ ထပ်မံ မေတ္တာရပ်ခံလိုက်ပါတယ်။ 🙏

SCF ကမ်ပိန်း တွင် ပါဝင်ရန်
bit.ly/CrowdFundforEarthquake

နွေဦးထီ ကံစမ်းရင်း ကူညီရန်
bit.ly/m/NwayOoHtiv2

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
112👍13🥰6
၄၈ နာရီမပြည့်ခင် သိန်းပေါင်း ၄၅၀၀ ကျော်
အချိန်နှင့်တပြေးညီကူညီနိုင်အောင် SCF မှ အမြန်ဆုံးလွှဲပြောင်းပေးလျက်ရှိ

"မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်းမှာ ၄၈ နာရီမပြည့်ခင်မှာတောင် မြန်မာငွေကျပ် သိန်းပေါင်း ၄၅၀၀ ကျော်ရရှိပြီး နောက်ထပ်လည်း ဆက်တိုက်ပါဝင်လှူဒါန်းပေးနေကြတဲ့ ပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

ရရှိထောက်ပံ့ငွေများကိုလည်း အချိန်နှင့်တပြေးညီ အမြန်ဆုံးကူညီနိုင်အောင် ပထမအကြိမ်အဖြစ် သိန်း ၂၀၀၀ ကျပ်တိတိ၊ ယခုဒုတိယအကြီမ်အဖြစ် သိန်း ၂,၅၀၀ ကျပ် တိတိကို Ministry of Humanitarian Affairs and Disaster Management - NUG သို့ အောင်မြင်စွာလွှဲပြောင်းပေးလိုက်နိုင်ပြီဖြစ်ပါတယ်။

ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
150👍18🥰14🔥2
❤️‍🩹 ပီတိဖြစ်ကာ အားရှိစေဖို့

နိုင်ငံအရပ်ရပ်မှ @SpringDevBank@NwayOoHti@SpringCrowdFund မိသားစုနှင့် အသုံးပြုသူ ပြည်သူများ၏ စုပေါင်းပါဝင်မှုများနှင့်အတူ "မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး" ကမ်ပိန်းမှ ရရှိထောက်ပံ့ငွေများကို Ministry of Humanitarian Affairs and Disaster Management - NUG သို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်ပြီး မြေပြင်အဖွဲ့အစည်းများနှင့် စနစ်တကျချိတ်ဆက်ကာ စစ်ကိုင်းတိုင်းအတွင်းရှိ အင်အားပြင်းငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့လျက်ရှိပါတယ်။

၄၈ နာရီမပြည့်ခင်မှာပင် ကျပ်သိန်းပေါင်း ၅၀၀၀ ကျော်အထိရရှိခဲ့ပြီး ထိုအထဲမှ သိန်း ၄,၅၀၀ ကျပ် တိတိကို အောင်မြင်စွာ လွှဲပြောင်းပေးထားပြီးဖြစ်ပါတယ်။ ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ Spring CrowdFund (SCF) တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။
https://www.facebook.com/share/p/15u3jHyzSs

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund
#NwayOoHti
#TogetherWithSCF
170👍25🥰11🔥3
❤️‍🩹ငါတို့အတူတူ ဖေးမကူ

"မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး" ကမ်ပိန်းမှ ရရှိထောက်ပံ့ငွေများကို @SpringCrowdFund (SCF) မှ MOHADM - NUG သို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်ပြီး မြေပြင်အဖွဲ့အစည်းများနှင့် စနစ်တကျချိတ်ဆက်ကာ ပဲခူးတိုင်း စစ်‌တောင်းမြစ်ဝှမ်းဒေသ စိုးမိုးနယ်‌မြေရှိ ကျေးရွာများအတွင်း ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားသည့် လမ်းတံတားများ၊ နေအိမ်အဆောက်အအုံများ ရှင်းလင်းခြင်း လုပ်ငန်းများအတွက် မြန်ဆန်စွာ ကူညီထောက်ပံ့လျက်ရှိပါတယ်။

ပြည်သူများ၏ အတူတကွပူးပေါင်းပါဝင်မှုများကြောင့် လက်ရှိအချိန်ထိ ကျပ်သိန်းပေါင်း ၆၀၀၀ ကျော်အထိရရှိထားပြီး ထိုအထဲမှ သိန်း ၄,၅၀၀ ကျပ် တိတိကို အောင်မြင်စွာ လွှဲပြောင်းပေးထားခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ Spring CrowdFund (SCF) တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

Photos credit - MOHADM Facebook Page
https://www.facebook.com/share/p/169qX4HE5b

#EarthquakeDisasterRelief #SupportAndAid #SpringDevelopmentBank #SpringCrowdFund #NwayOoHti #TogetherWithSCF
126👍20🥰4
အခက်အခဲတွေကျော်ဖြတ်ဖို့ စုပေါင်းခွန်အားပေးကြစို့
၇၂ နာရီမပြည့်ခင် သိန်း ၇၂၀၀ ကျော်


အခက်အခဲထုထည်တွေဟာ ကိုယ်တိုင်ပြန်ရုန်းထနိုင်တဲ့ အကန့်အသတ်ကို ကျော်လွန်သွားတဲ့အခါ ကူညီကမ်းလက်တွေက တန်ဖိုးရှိလှပါတယ်။ အာဏာရှင်စနစ်ဆိုး မပြတ်သေးတာကြောင့် လာသမျှဘေးဒုက္ခ ခါးစည်းခံနေရတဲ့ နိုင်ငံလေးဖြစ်ပေမဲ့ ဒီလိုစည်းလုံးညီညွတ်တဲ့ ပြည်သူတွေရှိလို့ ဂုဏ်ယူပီတိဖြစ်မိတာ အမှန်ပါ။

@SpringCrowdFund တွင်ပြုလုပ်နေသော ကမ်ပိန်းမှ ရရှိထောက်ပံ့ငွေများကို အချိန်နှင့်တပြေးညီ အမြန်ဆုံးကူညီနိုင်အောင် ပထမအကြိမ်အဖြစ် သိန်း ၂၀၀၀ ကျပ်တိတိ၊ ဒုတိယအကြီမ်အဖြစ် သိန်း ၂၅၀၀ ကျပ် တိတိ၊ ယခုတတိယအကြိမ်အဖြစ် သိန်း ၂၇၀၀ ကျပ်တိတိကို MOHADM - NUG သို့ နှောင့်နှေးခြင်းမရှိ အောင်မြင်စွာလွှဲပြောင်းပေးလိုက်နိုင်ပြီးဖြစ်ပါတယ်။

ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ SCF မှာ စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
🥰7452👍20🔥2👏1
ကမ်းလက်ညီမည့် နွေဦးထီ ယနေ့ ဖွင့်ပါပြီ!

မြန်မာ စံတော်ချိန် ညနေ ၅ နာရီမှာ PVTV နှင့် သောင်ရင်းသုခုမ တော်လှန်မောင်နှမများနှင့်အတူ မတ်လ နွေဦးထီ ဖွင့်ပွဲ LIVE မှာ ချစ်ခြင်းမေတ္တာ ရှေ့ထားပြီး အရေးပေါ် လိုအပ်ချက်တွေ ထောက်ကူမယ့် စစ်မှန်တဲ့ မျှော်လင့်ခြင်းဂရုဏာများ ဖြန့်ဝေတင်ဆက်နိုင်ဖို့ ဦးညွတ် ဂါဝရပြုပါရစေ။ 🙏

မတ်လအတွင်း နွေဦးထီ ရောင်းအား တစိတ်တပိုင်းကို ငလျင်ဘေးသင့်ပြည်သူများအတွက် နွေဦးထီမှ ထပ်ဆင့် ပံ့ပိုးပေးသွားမယ့် ပြည်သူမှ ပြည်သူသို့ မတည်ငွေအဖြစ် စီစဉ်ထားလျက်ရှိပါတယ်။

ယနေ့ နွေဦးထီ ကံထူးမှုများကတဆင့်လည်း လိုအပ်သူတွေအတွက် အုတ်တချက် သဲတပွင့် စာနာမှုတွေ အားဖြည့်လှူဒါန်းမယ့် ကမ်းလက်များစွာ အတူ လက်တွဲ ပါဝင်ပေးကြဖို့လည်း ဆုတောင်းမေတ္တာပို့သပါတယ်။

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
108🥰13👏10👍8💯2
Forwarded from Spring Crowdfund
❤️‍🩹 အမြဲအတူတကွ ရှိကြမယ်
98🥰7🔥2