Spring Development Bank
20.5K subscribers
1.85K photos
95 videos
916 links
Discover the First Neo Bank for Myanmar.
Download Telegram
The Weekly Comic - Diary of a Bee
ဝက်ဝံတွေရဲ့ Plan B 🐻

ပျားတသိုက်ဆီက အချောင် ရယူလိုတဲ့ ရန်သူဝက်ဝံကြီးတွေက ထပ်မံကြိုးစားလိုက်တဲ့ ဒုတိယအကြံစည်က ဘယ်လို အဆုံးသတ်သွားလဲ ဆိုတာကို @springbees_bot နွေဦးပျားရဲ့ ဒိုင်ယာရီမှာ အတူတူ ဖတ်ရှုကြရအောင်။

တနင်္လာနေ့တိုင်း ထွက်ရှိတဲ့ အပတ်စဉ် ကောမစ်ကဏ္ဍလေး ကို အသိမိတ်ဆွေတွေ သိအောင်ရှယ်ဖို့လည်း မမေ့နဲ့နော်။

#SDBeeComic
#StinglikeSDBees
#SpringBeesbySDB
#SpringDevelopmentBank
1359👍79🥰17🆒2💯1
ပြည်သူ့နွေဦးဘဏ်ကို ဘာအတွက် အဓိက အသုံးပြုဖြစ်လဲ 🏦

စုံလင်သော ငွေကြေး (၁၀) မျိုး နဲ့ ကမ္ဘာ့ရွှေ အပြင် ခေတ်မီဝန်ဆောင်မှုများကို တနေရာထဲမှာ ခလုတ်တချက်နဲ့ ရယူအသုံးပြုနိုင်တဲ့ နွေဦးဘဏ်ရဲ့ လုပ်ဆောင်ချက်များထဲက သင့် အကြိုက်ဆုံး ဝန်ဆောင်မှုက ဘယ်တခုလဲ၊ အများဆုံး အသုံးပြုဖြစ်လဲ ဆိုတာကို အောက်ပါ လင့်ကိုနှိပ်ပြီး React ပေးရအောင်။⚡️

👉 www.facebook.com/SpringDevBank/posts/582644094814755

လွတ်လပ်ခေတ်မီတဲ့ ဘဏ်စနစ်ကို ရယူရန်
bit.ly/m/SDB4all

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
155👍31🥰17🏆5🔥2
စာအုပ်ကံထူးရှင် ဘယ်သူတွေ ဖြစ်ကြမလဲ? 🤩

နွေဦးပျား ရဲဘော်ရဲဘက်တို့ရေ…

မနက်ဖြန် ည ၇ နာရီမှာ ပြုလုပ်မယ့် Community Call မှာ “သူမတူအကျဉ်းသား” စာအုပ်ကို ဘာသာပြန် ရေးသားထားတဲ့ ဆရာ အေကေမိုးနဲ့ ပျားဘော်ဒါတို့ ဆုံရမယ့် ညလေးတည ဖြစ်ပါတယ်။🥰

ဒီစာအုပ်လေးအပေါ် ဆရာ့ရဲ့ အတွေးအမြင်၊ ရေးသားခံစားမှုတွေကို ကြားသိရမယ့် အပြင် Springbees ကမ်ပိန်းမှာ ပါဝင်အားဖြည့် ထားသူများအတွက် ဘာသာပြန် မူရင်းစာအုပ် ၁၀ အုပ် နဲ့ Ebook အုပ် ၂၀ တို့ကို ကျပန်းစနစ်နဲ့ Live မှာ မဲဖောက်ပေးသွားမှာလည်း ဖြစ်တာကြောင့် အတူတူရင်ခုန်ရမယ့်ညမှာ ပျံသန်းလာကြဖို့ ဖိတ်ခေါ်ပါတယ်။ 🎉

26 March, Wednesday (မြန်မာစံတော်ချိန် ည ၇ နာရီ)
🐝 http://t.me/SpringDevBank?livestream

#SDBCommunityCall
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
1228👍25👏12🥰7🏆6🎉4
ရင်ထဲက နံပါတ်လေးတစ်ခု ❤️🎰

တခါတလေ… မျှော်လင့်ချက်တွေကို ရှာမတွေ့သေးဘူးလို့ ထင်ခဲ့ပေမယ့်မသိသာတဲ့ အိပ်မက်တွေက ကိုယ့်နှလုံးသားထဲမှာ ရှိနေခဲ့တာ…💝

အတိတ်လား…လက်ရှိလား…တစ်ချိန်ချိန်မှာ ကြုံတွေ့ခဲ့တဲ့ အမှတ်တရလား…ဒါတွေ ဟာမိမိကံကောင်းခြင်းတွေဖြစ်နိုင်တာမလို့ ကိုယ့်နှလုံးသားထဲက နံပါတ်တွေနဲ့ ကံစမ်းကြည့်လိုက်ပါ။ 🌟💰✍️

💝မတ်လ ထီထိုးရင်း ရွှေလက်ဆောင်ယူပါ
https://t.me/nwayoohti/951

#NwayOoHti
#WeDreamBold
112👍13🥰6🎉1
အားလုံး Ready ည ၇ နာရီ ‼️

“သူမတူအကျဉ်းသား” စာအုပ်ကို ဘာသာပြန် ရေးသားထားတဲ့ ဆရာ အေကေမိုး နဲ့အတူ ဆုံတွေ့ရမယ့် ဒီနေ့ ည ၇ နာရီရဲ့ Community Call အချိန်လေး ရောက်ရှိလာဖို့ သိပ်မလိုတော့ဘူးနော်။ 😍

ဒီစာအုပ်လေးအပေါ် ဆရာ့ရဲ့ အတွေးအမြင်၊ ရေးသားခံစားမှုတွေကို ကြားသိရမယ့် အပြင် Springbees @springbees_bot ကမ်ပိန်းမှာ ပါဝင်အားဖြည့် ထားသူများအတွက် ဘာသာပြန် မူရင်းစာအုပ် ၁၀ အုပ် နဲ့ Ebook အုပ် ၂၀ တို့ကို ကျပန်းစနစ်နဲ့ Live မှာ မဲဖောက်ပေးဦးမှာလည်း ဖြစ်လို့ ဒီည ၇ နာရီမှာ အုံနဲ့ကျင်းနဲ့ ပျံသန်းလာတဲ့ ပျားညီအကို၊ မောင်နှမတွေကို ဆက်ဆက် စောင့်မျှော်နေမယ်နော်။ 🎉

26 March, Wednesday (မြန်မာစံတော်ချိန် ည ၇ နာရီ)
🐝 http://t.me/SpringDevBank?livestream

#SDBCommunityCall
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
180👍27🏆11🥰10👏2
Live stream started
Live stream finished (1 hour)
နွေဦးပျားရဲ့ ခုခံနည်းအသစ်ဆိုတာ ဘာများလဲ🤔

ပျားတို့ရဲ့ ကမ္ဘာရန်သူ အာဏာရှင်ဝက်ဝံဆိုးတွေကို တနေ့နှစ်ခါ နေ့စဉ် မလွတ်တမ်း တုပ်ရင်း မောနေလောက်ရောပေါ့။ 🥵

ဘယ်လိုနည်းဗျူဟာတွေက ရန်သူဝက်ဝံဆိုးတွေရဲ့ တိုက်ခိုက်မှုဒဏ်ကို ထိရောက်စွာ ကာကွယ်ဟန့်တားနိုင်မလဲ ဆိုတာကို မကြာခင် သိခွင့်ရတော့မှာ ဖြစ်လို့ နားစွင့်ထားကြဖို့ အကြံပြုလိုက်ပါတယ် ပျားကြီးတို့။ 🔊

ပျားကမ္ဘာသို့ ဝင်ရောက်ရန်
🐝 t.me/m/springbees_bot

#StingbySDBees
#SpringBeesbySDB
#SpringDevelopmentBank
#ChooseSDB
163👍27🥰13🆒2
New Item : ဝက်ဝံထောင်ချောက်🐻 🆕

ယနေ့ ကျရောက်တဲ့ (၈၀) နှစ် ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အာဏာရှင်ဝက်ဝံဆိုးများကို ဟန့်တားထားနိုင်တဲ့ Bear Trap ထောင်ချောက်ကဒ်ကို SpringBees Store မှာ Pollen နဲ့ လဲလှယ်ရယူနိုင်ပါပြီ။ 

တနေ့နှစ်ကြိမ် မတုပ်ဖြစ်တဲ့ရက်တွေမှာ ပျားအုံများကို ဝက်ဝံ မတိုက်ခိုက်နိုင်အောင် ကာကွယ် ထိန်းချုပ်နိုင်ရန် အထူးလိုအပ်ချက်ပင် ဖြစ်ပါတယ်။ 

ပျားညီနောင်အပေါင်းတို့ လက်တွဲညီညီ သွေးစည်းညီညွတ်မှုဖြင့် ဝက်ဝံရန်ဆွယ်ကို အမြစ်ပြတ် မောင်းထုတ်နိုင်ဖို့ ဘယ်လိုအသုံးပြုရလဲဆိုတဲ့ လမ်းညွှန်ကို ဖတ်ကြည့်ရအောင်။ 

🐝 t.me/springbees_bot 

#StinglikeSDBees
#SpringBeesbySDB
#SpringDevelopmentBank
#RealBankRealFreedom
#chooseSDB
170👍39🥰11🆒1
❤️‍🩹မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး

ပြည်သူအပေါင်းခမျာ ဖက်ဆစ်ကောင်စီရဲ့အကြမ်းဖက်မှုများကြောင့် ဘဝတွေလှုပ်ခတ်ပြိုလဲနေရချိန်မှာ ပြင်းထန်တဲ့ မြေငလျင်ရဲ့ လှုပ်ခတ်မှုဒဏ်များကိုပါ ရုတ်တရက် ရင်ဆိုင်နေကြရပါတယ်။

ငလျင်ဘေးကြောင့် အရေးပေါ်အမြန်ဆုံး ထောက်ပံ့အကူအညီလိုအပ်နေရှာတဲ့ နေရာဒေသအသီးသီးအတွက် နိုင်ငံအရပ်ရပ်မှ @SpringDevBank@NwayOoHti@SpringCrowdFund မိသားစုနှင့် အသုံးပြုသူများအနေနဲ့ စုပေါင်းပါဝင်မှုများနဲ့အတူ လုံခြုံစိတ်ချရတဲ့ ပြည်သူ့ဘက်တော်သားဘဏ် SDB မှ လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေ အဖြစ် Ministry of Humanitarian Affairs and Disaster Management - NUG နှင့် ချိတ်ဆက်ပြီး လိုအပ်သည့် လုပ်ငန်းစဉ်များအတိုင်း နှောင့်နှေးမှုမရှိပဲ ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဧပြီလ ၁၁ ရက်နေ့အထိ ကောက်ခံသွားမှာဖြစ်လို့ Spring CrowdFund ( SCF ) မှာ SDB မှ ဦးဆောင်ပြုလုပ်ထားတဲ့ အရေးပေါ်ကမ်ပိန်းမှာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ဖို့ အသိမိတ်ဆွေများကိုလည်း တိုက်တွန်းနှိုးဆော်နိုင်ပါကြောင်း အထူး မေတ္တာရပ်ခံလိုပါတယ်။

အရေးပေါ်ကမ်ပိန်းတွင် အခုပဲ ပါဝင်ထောက်ပံ့ပါ
👉 https://springcrowdfund.org/campaign/2a026f8a-6799-4a46-9fb6-b6f4526cfa4a

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
👍13071🥰12
၂၄ နာရီမပြည့်ခင် သိန်းပေါင်း ၁၉၀၀ ကျော်

"မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်းမှာ ၂၄ နာရီမပြည့်ခင်မှာတောင် မြန်မာငွေကျပ် သိန်းပေါင်း ၁၉၀၀ ကျော်ရရှိတဲ့အထိ ပြည်သူများအတူတကွ ယုံကြည်စွာပါဝင်ပေးကြလို့ ကျေးဇူးအထူးတင်ပါတယ်။

ပြင်းထန်လွန်းလှတဲ့ ငလျင်ဘေးသင့်သတင်းတွေ ၊ "အောက်မှာငလျင် အပေါ်မှာလေယာဉ်" ဆိုသလို လူမဆန်လွန်းလှတဲ့ စစ်ကောင်စီရဲ့ဝေဟင်တိုက်ခိုက်မှု သတင်းတွေကြားမှာ ပြည်သူအားလုံးစိတ်ပင်ပန်း ဝမ်းနည်းနေကြရတာမို့ ဒီစုပေါင်းညီညွတ်မှုသတင်းလေးက စိတ်ခွန်အားပေးနိုင်ဖို့ မျှော်လင့်ယုံကြည်ပါတယ်။

ရရှိသမျှထောက်ပံ့ကူညီငွေများအားလုံးကို Ministry of Humanitarian Affairs and Disaster Management - NUG မှတဆင့် တိုက်ရိုက်ကူညီသွားမှာဖြစ်ပြီး ဧပြီလ ၁၁ ရက်နေ့အထိ စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ ဆက်လက်လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
👍10899🥰10🔥2
ကမ်ပိန်းထောက်ပံ့ငွေများ ပထမအကြိမ် အောင်မြင်စွာ လွှဲပြောင်းပြီးပါပြီ

"မြေငလျင် သဘာဝဘေး ၊ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်း၏ ရရှိထောက်ပံ့ငွေများထဲမှ ပထမအကြိမ်အဖြစ် သိန်း ၂၀၀၀ ကျပ်တိတိကို ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ လျင်မြန်စွာ ပြုလုပ်နိုင်ရန်အတွက် အောင်မြင်စွာလွှဲပြောင်းပေးလိုက်နိုင်ပြီဖြစ်ပါတယ်။

ရရှိသမျှထောက်ပံ့ကူညီငွေများအားလုံးကို ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် Ministry of Humanitarian Affairs and Disaster Management - NUG မှစီမံခန့်ခွဲကာ နှောင့်နှေးခြင်းမရှိပဲ ကူညီပေးသွားမှာဖြစ်တာကြောင့် @SpringCrowdFund ( SCF ) မှာ ဧပြီလ ၁၁ ရက်နေ့အထိ စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ ဆက်လက်လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
233👍30🥰12🔥2👏2
ဝက်ဝံတိုက်ခိုက်မှု ဧပြီ ၄ အထိ ရပ်ဆိုင်းလိုက်ပြီ 🐻

သဘာဝ ငလျင်ဘေးဒဏ်သင့် နွေဦးပျားရဲဘော်များစွာအတွက် အင်မတန် ကြေကွဲဝမ်းနည်း ရပါတယ်။

အင်တာနက်လိုင်း အခက်အခဲများကို စာနာထောက်ထား၍ ပျားကမ္ဘာထဲရှိ ၂၄ နာရီတိုင်း ပေါ်ပေါ်လာတဲ့ ဝက်ဝံဆိုးကို မတိုက်ခိုက်နိုင်အောင် ထိန်းသိမ်းထား လိုက်ပါပြီ။

ယနေ့မှစ၍ ဧပြီလ ၄ ရက်နေ့ အထိ တားမြစ်ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း နဲ့ လိုအပ်ပါက ရက်ထပ်မံ တိုးသွားပေးရန် ရှိကြောင်း အသိပေးအပ်ပါတယ်။

ပျားကမ္ဘာသို့ ဝင်ရောက်ရန်
🐝 t.me/springbees_bot

ငလျင်ဒဏ်သင့်သူများကို ထောက်ကူပါ
🆘 bit.ly/CrowdFundforEarthquake

#StinglikeSDBees
#SpringBeesbySDB
#SpringDevelopmentBank
191👍30🥰12👏4