Spring Development Bank
21.1K subscribers
2.01K photos
111 videos
983 links
Discover the First Neo Bank for Myanmar.
Download Telegram
Channel created
Channel photo updated
မိဘ ပြည်သူထံ အသိပေး ကြေညာခြင်း
နွေဦးဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လုံခြုံလွတ်လပ်ပြီး အမှီအခိုကင်းသည့် ဒီဂျစ်တယ် ခေတ်သစ်ဘဏ် ဖြစ်ပါသည်။ လုံခြုံမှု အမြင့်မားဆုံး စနစ်ကို အခြေခံသည့် ဘလော့ချိန်းနည်းပညာ ဖြင့် တည်ဆောက်ထား၍ ပြည်သူ့ဓန ဘဏ္ဍာစည်းစိမ်များကို ယုံကြည်စိတ်ချစွာ စုဆောင်းစီမံနိုင်ရေးအတွက် အစဥ်မြဲ ကြိုးစားအားထုတ်သွားမည် ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁-၆-၂၀၂၃) ရက်စွဲဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် ကြားကာလ ဗဟိုဘဏ်မှ စည်းမျဥ်း ချမှတ် ခွင့်ပြုထားသော ဘဏ်လုပ်ငန်းနှင့် ငွေကြေး၀န်ဆောင်မှု တရား၀င်လိုင်စင် ရရှိထားပြီး ဖြစ်ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ကို မျှော်မှန်းကာ မိဘပြည်သူ တိုင်းရင်းသား အားလုံး၏ အကျိုးစီးပွားကို ရှေးရှ၍ ပြည်သူ့ဘဏ်စစ်စစ် အဖြစ် အခိုင်အမာရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။
၁၈.၇.၂၀၂၃
နွေဦးဖွံ့ဖြိုးရေးဘဏ်

ကြားကာလဗဟိုဘဏ်၏ တရား၀င်အမိန့်ကြေငြာချက်
https://www.facebook.com/100094054736568/posts/pfbid02ZGwQYpYmqJRV44PS2ibcYdeLiuDFTPk7pX4hKqaHAA9MmDrjgToA8LwUBqnkG7ELl/?mibextid=cr9u03
103👍27🎉2
Our Bank’s Intro & Missions.💙🧡
Follow our community and be a part of the revolution.

Facebook
fb.me/SpringDevBank

Messenger
m.me/SpringDevBank

Telegram
t.me/SpringDevBank
t.me/SpringDevBankCommunity

Twitter
twitter.com/SpringDevBank

Youtube
youtube.com/@SpringDevBank

Threads
www.threads.net/@springdevbank

#SpringDevelopmentBank
#RealBankRealFreedom
👍6146🎉6👏2🥰1
ယနေ့ ကျရောက်တဲ့ ဇူလိုင်လ (၂၂) ရက်နေ့ ဟာ နွေဦးဘဏ်၏ ကနဦးအကြိုကာလ စမ်းသပ်ဖွင့်လှစ်တဲ့ ပထမဆုံးသော နေ့ဖြစ်ပါတယ်။
ပထမဆုံး ဘဏ်စတင်လည်ပါတ်တဲ့ day 1 မှာပဲ နွေဦးဘဏ် စာရင်း ဖွင့်သူပေါင်း (၁,၀၀၀) ပြည့်ခဲ့ပြီဖြစ်ပါတယ်။ နွေဦးဘဏ် ကို လူမှုကွန်ယက်များကနေ အားပေးဝန်းရံသူ Follower ပေါင်း (၁၀,၀၀၀) ကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ယုံကြည်မှုတခု၊ ပန်းတိုင် တခု တည်းကို နောက်မဆုတ်စတမ်း အတူလက်တွဲ ချီတက်နေကြတာဟာ အားတက်စရာကောင်းသလို ဝမ်းမြောက်ဂုဏ်ယူရပါတယ်။

လက်ရှိ ဆောင်ရွက်သွားမယ့် Beta Version ဟာ အကန့်အသတ်ရှိနေတာမို့ စိန်ခေါ်မှုတွေ အခက်အခဲတွေ ကြုံလာခဲ့ရင်လည်း နိုင်ငံအနှံ့မှာ ခန့်အပ်ထားတဲ့ ပြည်သူ့ဓနဆက်ဆံရေးအရာရှိ (Relationship Managers) အယောက် (၁၀၀) နှင့်အတူ ပြင်ဆင်မွမ်းမံမှုတွေ အစဥ်တစိုက်လုပ်ဆောင်သွားမှာမို့ စိတ်ရှည်စွာနဲ့ ဆက်လက်အားပေး ဝန်းရံကြပါ ၊ အကြံပြုပူးပေါင်း ပါဝင်ပေးကြပါလို့ မိဘပြည်သူများကို မေတ္တာရပ်ခံပါတယ်။

#SpringDevelopmentBank
#RealBankRealFreedom See less

https://www.facebook.com/photo?fbid=179225985156570
174👍51🎉3🏆2
SDB - နွေဦးဘဏ်မှ ရရှိနိုင်သော အဓိက အကျိုးကျေးဇူးများ

နွေဦးဘဏ်သည် တော်လှန်ရေးကာလသုံးပါးကို လွှမ်းခြုံ၍ မိဘပြည်သူ တိုင်းရင်းသားအားလုံး၏ အကျိုးစီးပွားကို ရှေးရှုကာ လက်ရှိပစ္စုပ္ပန်ကာလ၏ စိန်ခေါ်မှုများကို အဓိကကျော်လွှားရန် ကြိုးစားအားထုတ်ပြီး လက်တွေ့ကျသော အကျိုးကျေးဇူးများကိုသာ ဖော်ဆောင်ပေးမည့် ရည်မှန်းချက်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ခေတ်သစ် စနစ်သစ် ဘဏ်စစ်စစ် ပဲ ဖြစ်ပါတယ်။

နွေဦးဘဏ်၏ လက်ရှိ လည်ပါတ်နေသာ Soft Launch ကာလ သည် Private Beta အဆင့်ဖြစ်တဲ့အတွက် ကနဦး စမ်းသပ်အသုံးပြုသူ ( beta users ) အရေအတွက် ၁၀၀၀ ကန့်သတ်ထားပါတယ်။ ဘဏ်စနစ် တည်ငြိမ်စွာ လည်ပတ်နိုင်ရန် ပြင်ဆင်မွမ်းမံမှုများကို တာ၀န်ရှိသူများက အစဥ်တစိုက် မရပ်မနား လုပ်ဆောင်နေတာမို့ လူကြီးမင်းတို့ အနေနဲ့ ဘဏ်အကောင့်ဖွင့်ခြင်းများ မအောင်မြင်သေးပါက beta အရေအတွက် ထပ်မံတိုးချဲ့သည့် အချိန်အား ခေတ္တစောင့်ဆိုင်းပေးပါရန် အထူးမေတ္တာရပ်ခံပါတယ်။

နွေဦးဘဏ်ဝန်ဆောင်မှုများ အသုံးပြုရန် စောင့်မျှော်အားပေးနေသည့် ပြည်သူအယောက်စီတိုင်းကို ဂုဏ်ယူလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။

#SpringDevelopmentBank
#RealBankRealFreedom
210👍38🎉2🔥1