ဆော့ဝဲလမ်းညွှန်
36.3K subscribers
4.2K photos
6 videos
701 links
ဆော့ဝဲ နှင့် ဖုန်းအသုံးပြုနည်းများ
Download Telegram
နိုင်ငံခြားရောက်လည်း ​မြန်မာဖုန်းကဒ်ဖြင့် အင်တာနက်သုံးနည်း ဖုန်းခေါ်လို့ရအောင်လုပ်နည်း

နိုင်ငံခြားရောက်နေတဲ့အချိန် မြန်မာဆင်းကဒ်ကို ဖုန်းထဲထည့်ထားပါက အရေးပေါ် အင်တာနက်သုံးလို့ရအောင် လိုင်းပွင့်အောင် ဒီနည်းအတိုင်းဖွင့်နိုင်ပါတယ်။

ထိုင်းမှာတော့ ဒီနည်းနဲ့ မြန်မာဆင်းကဒ်တွေ အင်တာနက်သုံးလို့ရပါတယ်။ ဖုန်းခေါ်လို့ရပါတယ်။ ပုံမှန်ထပ် စျေးပိုကြီးတာကြောင့် အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်အောင် မျှဝေလိုက်ပါတယ်။

အခြားနိုင်ငံတွေလည်း Setting ထဲ Data Roaming ကိုဖွင့်ပြီး ရမရ စမ်းကြည့်နိုင်ပါတယ်။

အားလုံးအဆင်ပြေပါစေ
ဆော့ဝဲလမ်းညွှန်
👍2813😱1
ကိုယ်မသိတဲ့ ဘာသာစကားတွေကို ဓာတ်ပုံရိုက်ပြီး မြန်မာလိုဖတ်ပြခိုင်းလို့ရမဲ့နည်း

ဘာသာစကားပေါင်း (၁၀၀) ကျော်ကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်လေး မြန်မာလိုဘာသာပြန်ပြီး မြန်မာလိုအသံနဲ့ဖတ်ပြခိုင်းလို့ရပါပြီ။

Google Lens ဆော့ဝဲကို Play Store မှာလည်းဒေါင်းယူနိုင်ပါတယ်။

Google Lens
https://play.google.com/store/apps/details?id=com.google.ar.lens&hl=en&gl=US

တစ်ပုံချင်းထောက်ပြီး လေ့လာနိုင်ပါပြီ။
ဆော့ဝဲလမ်းညွှန်
👍2918👏3
ဖုန်းမှာ ကြော်ညာတွေတတ်နေရင် ပိတ်နည်း
ဖုန်းရဲ့ Noti bar မှာ ကြော်ညာတွေတတ်နေတယ် မကောင်းတဲ့အရာတွေတတ်နေပြီဆိုရင် ဒီနည်းအတိုင်းပိတ်ထားနိုင်ပါတယ်။

ကြော်ညာအများဆုံးတတ်လေ့ရှိတာက Chrome Browser ပါ။ သူထဲကနေ Website တစ်ခုခုကိုဝင်မိပြီး ပေါ်လာတဲ့ Allow ခလုတ်တွေမှားနှိပ်မိခဲ့ရင် သူတို့ပို့လိုက်တဲ့ ကြော်ညာတွေက ဖုန်း Noti bar ကို ရောက်လာပါတော့တယ်။

ဝင်ခဲ့မိတဲ့ Website တွေက ဘယ်ဟာမှန်းမသိတော့ရင် တစ်ခုချင်းလိုက် Block ဖို့က ခက်ပါတယ်။
App ကို Clear Data လည်းမလုပ်ချင်းဘူးဆိုရင် ဒီနည်းအတိုင်း ကြော်ညာတတ်နေတဲ့ App တွေကို Notifaction ပိတ်ထားနိုင်ပါပြီ။

တစ်ပုံချင်းထောက်ပြီး လေ့လာနိုင်ပါတယ်။

ဆော့ဝဲလမ်းညွှန်
👍3113👏2
Facebook ပေါ်က ဗီဒီယိုကို
တိုက်ရိုက် အမြန်ဒေါင်းယူနည်း

Video Downloader ဆိုတဲ့ဆော့ဝဲလေး ထည့်ထားယုံနဲ့ Facebook က ဗီဒီယိုတွေကို တိုက်ရိုက်ဒေါင်းယူနိုင်ပါတယ်။

ဆော့ဝဲထဲကနေလည်း Website ပေါင်းစုံက Video တွေကိုဒေါင်းယူနိုင်ပါသေးတယ်။
Mp4 Mp3 ရွေးချယ်ဒေါင်းယူနိုင်ပါတယ်။

Video Downloader ဆော့ဝဲလေးကို Play Store မှာဒေါင်းယူလို့ရပါပြီ။

Video Downloader
https://play.google.com/store/apps/details?id=video.downloader.videodownloader

အားလုံးအဆင်ပြေပါစေ
ဆော့ဝဲလမ်းညွှန်
👍3520👏3