Success Point IT & Language Centre
1.77K subscribers
85 photos
2 videos
23 links
Data Analyst All-In-One Course, Data Science and Machine Learning Course
Download Telegram
Success Point IT & Language Centre
Photo
Financial Analyst ဆိုတာ ကျွမ်းကျင်မှုပိုင်းကို အဓိကထားတဲ့ နယ်ပယ်တစ်ခု ဖြစ်တာကြောင့် ခိုင်မာတဲ့ ပညာရေးအခြေခံ ရှိဖို့တော့ လိုအပ်ပါတယ်။

၁။ ဘွဲ့ဒီဂရီ (𝐁𝐚𝐜𝐡𝐞𝐥𝐨𝐫’𝐬 𝐃𝐞𝐠𝐫𝐞𝐞) 🎓
အခြေခံအားဖြင့် အောက်ပါ ဘာသာရပ်တစ်ခုခုနဲ့ ဘွဲ့ရရှိထားမယ်ဆိုရင် FA လမ်းကြောင်းကို အလွယ်တကူ တက်လှမ်းနိုင်ပါတယ်။
Finance or Accounting: ငွေကြေးစီမံခန့်ခွဲမှုနဲ့ စာရင်းကိုင်ပညာဟာ FA အတွက် အနီးစပ်ဆုံး ဘာသာရပ်တွေပါ။
Economics: ဈေးကွက်စီးပွားရေးရဲ့ သဘောသဘာဝကို နားလည်ဖို့ အထောက်အကူပြုပါတယ်။
Mathematics or Statistics: ကိန်းဂဏန်းတွေကို တွက်ချက်ခွဲခြမ်းစိတ်ဖြာရတာ ဖြစ်တဲ့အတွက် သင်္ချာနဲ့ စာရင်းအင်းပညာ နောက်ခံရှိသူတွေကို ကုမ္ပဏီတွေက ပိုပြီး ဦးစားပေးလေ့ရှိပါတယ်။
Business Administration (BBA): စီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့ လည်ပတ်ပုံကို နားလည်ထားသူတွေလည်း ဖြစ်နိုင်ပါတယ်။

၂။ Professional Certifications (လက်မှတ်များ) 📜
မိမိရဲ့ Career ကို ပိုပြီး မြင့်မားစေချင်ရင် ဒါမှမဟုတ် Global ကုမ္ပဏီကြီးတွေမှာ ဝင်ဆံ့ချင်ရင်တော့ အောက်ပါ Professional လက်မှတ်တွေက အားအကောင်းဆုံးပါပဲ။
𝐂𝐅𝐀 (𝐂𝐡𝐚𝐫𝐭𝐞𝐫𝐞𝐝 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐀𝐧𝐚𝐥𝐲𝐬𝐭): ဒါဟာ 𝐅𝐀 လောကရဲ့ အမြင့်ဆုံးနဲ့ အလေးအနက်ထားဆုံး လက်မှတ်တစ်ခုပါ။
𝐀𝐂𝐂𝐀 / 𝐂𝐈𝐌𝐀: စာရင်းကိုင်ပညာနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို ပြသရာရောက်ပါတယ်။
𝐂𝐏𝐀 (𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐏𝐮𝐛𝐥𝐢𝐜 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐚𝐧𝐭):အခွန်နဲ့ စာရင်းစစ်ဆေးခြင်းပိုင်းကို ပိုအားသန်တဲ့ FA တွေအတွက် သင့်တော်ပါတယ်။
၃။ မဟာဘွဲ့ (𝐌𝐚𝐬𝐭𝐞𝐫’𝐬 𝐃𝐞𝐠𝐫𝐞𝐞) 🏛 ပိုမိုမြင့်မားတဲ့ ရာထူးတွေ (𝐒𝐞𝐧𝐢𝐨𝐫 𝐑𝐨𝐥𝐞𝐬) နဲ့ လုပ်ငန်းခွင်အတွင်း မြန်မြန်ဆန်ဆန် ရာထူးတက်ဖို့အတွက် 𝐌𝐁𝐀 (𝐅𝐢𝐧𝐚𝐧𝐜𝐞) ဒါမှမဟုတ် 𝐌𝐚𝐬𝐭𝐞𝐫 𝐨𝐟 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐢𝐧 𝐅𝐢𝐧𝐚𝐧𝐜𝐞 ဘွဲ့တွေက အများကြီး အထောက်အကူပြုပါလိမ့်မယ်။

၄။ နည်းပညာကျွမ်းကျင်မှု (Technical Skills) 💻
ပညာရေးနောက်ခံအပြင် FA တစ်ယောက်အတွက် အခုခေတ်မှာ မရှိမဖြစ် လိုအပ်လာတဲ့ နည်းပညာပိုင်းတွေ ရှိပါတယ်။
𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐄𝐱𝐜𝐞𝐥: ဒါကတော့ အခြေခံအကျဆုံး လက်နက်ပါပဲ။
𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐌𝐨𝐝𝐞𝐥𝐢𝐧𝐠: လုပ်ငန်းရဲ့ အနာဂတ်ကို ပုံဖော်တွက်ချက်တတ်ဖို့ လိုပါတယ်။
𝐃𝐚𝐭𝐚 𝐓𝐨𝐨𝐥𝐬: အခုနောက်ပိုင်းမှာ SQL, Power BI သို့မဟုတ် Python လိုမျိုး Data နည်းပညာတွေကိုပါ တွဲဖက်တတ်မြောက်ထားရင် အလုပ်အကိုင် အခွင့်အလမ်းမှာ ပိုပြီး အသာစီးရနိုင်ပါတယ်။
သင်္ချာ ဒါမှမဟုတ် စီးပွားရေးဘာသာရပ်နဲ့ ဘွဲ့ရထားသူဆိုရင် FA ဖြစ်ဖို့ လမ်းစရှိနေပါပြီ။ အကယ်၍ တခြားဘာသာရပ်နဲ့ ဘွဲ့ရထားတယ်ဆိုရင်တောင် Financial Modeling နဲ့ Professional Certifications တွေကို သေချာလေ့လာပြီး ဒီ Career ထဲကို ကူးပြောင်းနိုင်ပါတယ်ခင်ဗျာ။

📥 ဒီ Education လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး ဘယ်ကနေ စတင်ရမလဲဆိုတာ သိချင်ရင် Comment မှာ မေးမြန်းနိုင်ပါတယ်! 👇
❤3
Success Point IT & Language Centre
Photo
လုပ်ငန်းတစ်ခုမှာ ဒေတာတွေကို ကြည့်ပြီး KPI တွေ၊ Target တွေ၊ ဆုကြေး (Incentives) တွေ သတ်မှတ်တဲ့အခါ Analytics ကို သေချာ မစဉ်းစားရင် "ကိုယ်ဖြစ်ချင်တာနဲ့ ပြောင်းပြန်" ရလဒ်တွေ ထွက်လာတတ်ပါတယ်။ ဒါကို "The Cobra Effect" လို့ ခေါ်ပါတယ်။

📊 သမိုင်းထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိပါတယ်... အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေ အုပ်ချုပ်စဉ်တုန်းက ဒေလီမြို့မှာ မြွေပွေး (Cobra) တွေ အရမ်းများနေတာကို ဖြေရှင်းချင်တယ်။ ဒါနဲ့ သူတို့က "မြွေသေတစ်ကောင် ယူလာရင် ဆုကြေးပေးမယ်" ဆိုတဲ့ စည်းကမ်းကို ထုတ်လိုက်တယ်။
အစပိုင်းမှာတော့ ဒေတာအရ မြွေသေအရေအတွက်တွေ တက်လာလို့ အားလုံးက အောင်မြင်တယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့...
🐍 မမျှော်လင့်ဘဲ ဖြစ်လာတဲ့ ဒေတာအမှား: လူတွေက ဆုကြေးငွေကိုပဲ မက်လာပြီး မြွေတွေကို လိုက်ဖမ်းမယ့်အစား "မြွေတွေကို မွေးမြူ" ပြီး သတ်ပြီးမှ ဆုကြေးလာယူကြတော့တာပါ။ အစိုးရက ဒါကို သိသွားလို့ ဆုကြေးပေးတာကို ရပ်လိုက်တဲ့အခါ လူတွေက အပိုဖြစ်သွားတဲ့ မြွေတွေကို လမ်းပေါ် လွှတ်ပစ်လိုက်ကြတယ်။
ရလဒ်ကတော့: မြို့ထဲမှာ မြွေတွေက အရင်ကထက် ပိုတောင် များသွားပါတော့တယ်။

💡 ဒါကို Data Analytics မျက်လုံးနဲ့ ကြည့်ရင်... ဒါကို Goodhart’s Law လို့လည်း ခေါ်ပါတယ်။ "ဒေတာတစ်ခုဟာ Target (ရည်မှန်းချက်) ဖြစ်သွားတဲ့အခါ အဲ့ဒီဒေတာဟာ တိုင်းတာစရာ အချက်အလက်ကောင်း တစ်ခု မဟုတ်တော့ဘူး" လို့ ဆိုလိုတာပါ။

✅ Notes:
👉 KPI တစ်ခုတည်းကိုပဲ မကြည့်ပါနဲ့ (Proxy Metrics): ဥပမာ- အရောင်းဝန်ထမ်းတစ်ယောက်ကို "ဖုန်းခေါ်တဲ့ အရေအတွက်" နဲ့ပဲ တိုင်းတာရင် သူက Sales ရအောင် မလုပ်ဘဲ ဖုန်းတွေပဲ ခဏခဏ ခေါ်နေပါလိမ့်မယ်။ ဒေတာအရ "ဖုန်းခေါ်ဆိုမှု" တက်နေပေမဲ့ "တကယ်ရောင်းရတာ" မဟုတ်တဲ့အတွက် ဒါဟာ အောင်မြင်မှု မဟုတ်ပါဘူး။

👉 စနစ်တစ်ခုလုံးကို ခြုံကြည့်ပါ (Holistic View): ဒေတာဆန်းစစ်တဲ့အခါ နံပါတ်တစ်ခုတည်းကိုပဲ မကြည့်ဘဲ အဲ့ဒီနံပါတ် တက်လာခြင်းရဲ့ နောက်ဆက်တွဲ ရလဒ် (Secondary Effects) တွေက ဘာဖြစ်နိုင်မလဲဆိုတာကို ကြိုတင်တွက်ဆထားရပါမယ်။

👉 Incentive တွေက လူတွေရဲ့ Behavior (အပြုအမူ) ကို ပြောင်းလဲစေတယ်: ဒေတာအရ တစ်ခုခုကို ဆုပေးတော့မယ်ဆိုရင် လူတွေက အဲ့ဒီဒေတာ "လှ" အောင် ဘယ်လို လိမ်ညာနိုင်မလဲဆိုတာကို ဒေတာစုံထောက်တစ်ယောက်လို တွေးထားဖို့ လိုပါတယ်။
❤7
Success Point IT & Language Centre
Photo
Power BI ကို အသုံးပြုတဲ့အခါ ရိုးရိုး Dashboard ဆွဲရုံတင်မကဘဲ ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေ (Calculations) လုပ်ချင်လာရင် DAX (Data Analysis Expressions) ကို မဖြစ်မနေ လေ့လာရပါမယ်။
DAX ဆိုတာ Excel Formula တွေနဲ့ ဆင်တူပေမဲ့ ပိုပြီး "Powerful" ဖြစ်တဲ့ ဘာသာစကားတစ်ခုပါ။ ဒါကို အခြေခံကနေ အရိုးရှင်းဆုံး စလေ့လာကြရအောင်။

🚀 DAX ကို လေ့လာတဲ့အခါ Formula တွေကို အလွတ်ကျက်တာထက် "အယူအဆ (Concept)" ကို နားလည်ဖို့ ပိုအရေးကြီးပါတယ်။

၁။ DAX ရဲ့ အဓိက အမျိုးအစား (၂) ခုကို ခွဲခြားပါ
DAX မှာ တွက်ချက်ပုံ (၂) မျိုး ရှိပါတယ်။
Calculated Columns: Excel ထဲက Column တစ်ခုလိုမျိုး Row တစ်ခုချင်းစီအတွက် တွက်ပေးတာပါ။ (Data ပမာဏ များရင် Dashboard ကို လေးစေတတ်ပါတယ်)
Measures: ဒါကတော့ "Real-time" တွက်ချက်မှုပါ။ Dashboard မှာ Filter တွေ ပြောင်းလိုက်တိုင်း အလိုအလျောက် ပြန်တွက်ပေးပါတယ်။ (Data Analyst တိုင်း အဓိက သုံးရမယ့်အရာပါ)

၂။ အခြေခံ အကျဆုံး Functions တွေကနေ စပါ

DAX ကို စလေ့လာရင် ဒီ (၄) ခုကို အရင် ပိုင်နိုင်အောင် လုပ်ကြည့်ပါ-
SUM(): စုစုပေါင်းပေါင်းမယ်။
AVERAGE(): ပျှမ်းမျှရှာမယ်။
COUNT(): အရေအတွက် ရေတွက်မယ်။
DIVIDE(): အစားတွက်မယ် (အကယ်၍ divided by zero ဖြစ်နေရင် Error မတက်အောင် Safe divide လုပ်ပေးနိုင်ပါတယ်)။

၃။ CALCULATE Function

DAX လောကမှာ CALCULATE ဟာ အသုံးအဝင်ဆုံးနဲ့ အရေးကြီးဆုံး Function ပါ။ သူက ဒေတာတွေကို ကိုယ်လိုချင်တဲ့ Filter အတိုင်း ပြောင်းလဲတွက်ချက်ပေးနိုင်ပါတယ်။
ပုံသေနည်း: CALCULATE( [Expression], [Filter] )
ဥပမာ: ရန်ကုန်မြို့ရဲ့ ရောင်းအားကိုပဲ သီးသန့်တွက်ချင်ရင်- Yangon Sales = CALCULATE( SUM(Sales[Amount]), Sales[City] = "Yangon" )

၄။ Context ဆိုတာကို နားလည်ပါ

DAX က Excel နဲ့ မတူတဲ့အချက်က Context ပါ။
Row Context: လက်ရှိစာကြောင်း (Row) ထဲက ဒေတာတွေကိုပဲ ကြည့်တာ။
Filter Context: Dashboard မှာ ကိုယ်ရွေးထားတဲ့ Slicer တွေ၊ Filter တွေအပေါ် မူတည်ပြီး ဒေတာတွေ ပြောင်းလဲသွားတာ။

၅။ လေ့လာရလွယ်ကူစေမယ့် Pro-Tips

✅ Quick Measures ကို သုံးကြည့်ပါ: Power BI ထဲမှာ "Quick Measures" ဆိုတဲ့ Feature ရှိပါတယ်။ ကိုယ်လိုချင်တဲ့ တွက်ချက်မှုကို ရွေးလိုက်ရင် Power BI က DAX Code တွေကို အလိုအလျောက် ရေးပေးပါတယ်။ အဲ့ဒီ Code တွေကို ပြန်ဖတ်ကြည့်ခြင်းက DAX လေ့လာဖို့ အမြန်ဆုံး နည်းလမ်းပါပဲ။
✅ အလေ့အကျင့်လုပ်ပါ: Excel Formula တွေနဲ့ ယှဉ်ပြီး စဉ်းစားကြည့်ပါ။ Excel မှာ SUMIF နဲ့ လုပ်တာကို DAX မှာ CALCULATE နဲ့ FILTER ကို သုံးပြီး ဘယ်လိုလုပ်မလဲဆိုတာမျိုး လေ့ကျင့်ပေးပါ။
❤7
Success Point IT & Language Centre
Photo
ဘဝရဲ့ မရေရာမှုတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်ဖို့ "Back-up Plan" ဆိုတဲ့ ခိုင်မာတဲ့ အရန်အစီအစဉ်တစ်ခု ရှိထားဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့အားလုံးဟာ အစီအစဉ် A (Plan A) အောင်မြင်ဖို့အတွက်ပဲ အစွမ်းကုန် ကြိုးစားလေ့ရှိကြပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက လောကကြီးမှာ "မသေချာခြင်း" ဆိုတာ အမြဲတမ်း ရှိနေနိုင်တာပါပဲ။

အလုပ်အကိုင် အပြောင်းအလဲဖြစ်တာ၊ စီးပွားရေး အခြေအနေတွေ ကမောက်ကမဖြစ်တာ ဒါမှမဟုတ် ကိုယ်မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေ ကြုံလာရတဲ့အခါ... သင့်ကို ပြုတ်မကျအောင် ဖမ်းထိန်းပေးမယ့် Back-up Plan (Plan B) ဆိုတာ ရှိထားမှ ဖြစ်ပါလိမ့်မယ်။ ✨

ဘဝအတွက် အားအကောင်းဆုံး Back-up Plan တွေကတော့... 👇
✅ Skill Set Backup (ကျွမ်းကျင်မှု အပိုဆောင်ထားခြင်း) 📊 လက်ရှိလုပ်နေတဲ့ နယ်ပယ်တစ်ခုတည်းမှာပဲ ရပ်မနေပါနဲ့။ တခြား နယ်ပယ်တစ်ခုက Skill တစ်ခုခု (ဥပမာ - Data Analysis, Digital Marketing သို့မဟုတ် ဘာသာစကား Skill) ကို အပိုဆောင်း တတ်မြောက်ထားပါ။ ဒါဟာ အရေးကြုံလာတဲ့အခါ သင့်အတွက် နောက်ထပ် လမ်းကြောင်းသစ်တစ်ခုကို ချက်ချင်း ဖွင့်ပေးနိုင်ပါလိမ့်မယ်။
✅ Financial Backup (အရေးပေါ် ရန်ပုံငွေ) 💰 ဒါကတော့ အခြေခံအကျဆုံးပါပဲ။ အလုပ်အကိုင် သို့မဟုတ် ဝင်ငွေ လုံးဝမရှိတော့တဲ့ အခြေအနေမျိုးမှာ အနည်းဆုံး ၃ လကနေ ၆ လအထိ တောင့်ခံနိုင်မယ့် "Emergency Fund" တစ်ခု ရှိထားခြင်းက သင့်ရဲ့ စိတ်ကို အများကြီး တည်ငြိမ်စေပါတယ်။
✅ Network Backup (လူမှုဆက်ဆံရေး ကွန်ရက်) 🤝 ကိုယ့်ပတ်ဝန်းကျင်မှာ အားကိုးရတဲ့၊ အကြံဉာဏ်ပေးနိုင်တဲ့ လူမှုကွန်ရက်တစ်ခု ရှိနေဖို့ လိုပါတယ်။ ကိုယ်အခက်အခဲဖြစ်ချိန်မှာ အခွင့်အလမ်းသစ်တွေ လမ်းညွှန်ပေးနိုင်မယ့် လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ၊ မိတ်ဆွေတွေနဲ့ အမြဲတမ်း အဆက်အသွယ်ရှိနေပါစေ။
✅ Mental & Health Backup (ကျန်းမာရေးနှင့် စိတ်ဓာတ်) 💪🧠 ဘယ်လိုအခြေအနေမျိုးမှာမဆို ပြန်ထနိုင်ဖို့ဆိုရင် သန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ရှိဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် Invest လုပ်တာ (လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ) ဟာ ဘယ်သူမှ လုယူလို့မရတဲ့ အကောင်းဆုံး Back-up Plan ပါပဲ။

"အစီအစဉ် A က အလုပ်မဖြစ်ခဲ့ရင်တောင်... အက္ခရာစဉ်ထဲမှာ တခြားစာလုံးတွေ အများကြီး ကျန်ပါသေးတယ်" ဆိုတဲ့ စကားအတိုင်းပါပဲ။
Back-up Plan ရှိထားခြင်းက သင့်ကို ကြောက်စိတ်ကင်းစေပြီး၊ ပိုမိုရဲဝံ့တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ အခြေအနေကောင်းနေတုန်းမှာပဲ သင့်ရဲ့ Plan B ကို စတင် ပြင်ဆင်ထားလိုက်ပါခင်ဗျာ။
❤12
🌿 မင်္ဂလာရှိသော ယနေ့ ဝါဆိုလပြည့်နေ့ အခါသမယလေးမှာ... 🙏
Success Point မိသားစုမှ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကုသိုလ်ကောင်းမှုများ တိုးပွားကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💛

ဝါတွင်းသုံးလပတ်လုံး ဥပုသ်သီလ ဆောက်တည်နိုင်ကြပြီး၊ ဒါန၊ သီလ၊ ဘာဝနာများဖြင့် စိတ်ချမ်းမြေ့အေးချမ်းသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။
"ကုသိုလ်ပညာ နှစ်ဖြာတိုးပွားပြီး အောင်မြင်မှုများ ရရှိကြပါစေ။"✨🙏
#SuccessPoint#ဝါဆိုလပြည့်နေ့
❤17
Success Point IT & Language Centre
Photo
𝗣𝗼𝘄𝗲𝗿 𝗕𝗜 မှာ ဒေတာတွေကို ကိုယ်တိုင်လိုက်တွက်နေမယ့်အစား 𝗣𝗼𝘄𝗲𝗿 𝗕𝗜 ရဲ့ 𝗔𝗜 𝗙𝗲𝗮𝘁𝘂𝗿𝗲𝘀 တွေကို သုံးပြီး အဖြေရှာခိုင်းတာဟာ အချိန်ကုန်သက်သာစေရုံတင်မကဘဲ ကိုယ်မမြင်မိတဲ့ Insight တွေကိုပါ ဖော်ထုတ်ပေးနိုင်ပါတယ်။
Power BI ရဲ့ Built-in AI Features (၄) ခုကို ဘယ်လိုသုံးမလဲဆိုတာ ကြည့်ရအောင်။
၁။ 𝗤&𝗔 𝗩𝗶𝘀𝘂𝗮𝗹 (မေးခွန်းမေးပြီး အဖြေရှာခြင်း)
ကိုယ်သိချင်တာကို အင်္ဂလိပ်လို ရိုက်ထည့်လိုက်ရုံနဲ့ Power BI က သင့်တော်တဲ့ Chart ကို အလိုအလျောက် ဆွဲပေးပါတယ်။
ဘယ်လိုသုံးမလဲ: Dashboard ပေါ်မှာ နေရာလွတ်တစ်ခုကို Double-click နှိပ်လိုက်ပါ (သို့မဟုတ်) Q&A Visual ကို ရွေးပါ။
ဥပမာ: "Total Sales by City in 2025" လို့ ရိုက်လိုက်ရင် သူက မြို့အလိုက် အရောင်းပြဇယားကို ချက်ချင်း ဖန်တီးပေးပါလိမ့်မယ်။ အကြိုက်ဆုံးထဲမှာပါတဲ့ features ဆိုရင်လဲ မမှားပါဘူး။
၂။ 𝗞𝗲𝘆 𝗜𝗻𝗳𝗹𝘂𝗲𝗻𝗰𝗲𝗿𝘀 (ဘယ်အချက်က အဓိက လွှမ်းမိုးနေသလဲ?)
"ဘာကြောင့် အရောင်းတက်တာလဲ?" ဒါမှမဟုတ် "ဘာကြောင့် Customer တွေ ထွက်ကုန်တာလဲ?" ဆိုတဲ့ မေးခွန်းတွေကို အဖြေရှာဖို့ သုံးပါတယ်။
ဘယ်လိုသုံးမလဲ: Key Influencers visual ကို ရွေးပါ။ သူက ဒေတာတွေကို အနောက်မှာ အလိုအလျောက် ဆန်းစစ်ပြီး "Customer တွေက အသက် ၄၀ ကျော်ရင် ဝယ်ယူမှု ၃ ဆ ပိုများတယ်" ဆိုတာမျိုး (Hidden Patterns) တွေကို ရှာပေးမှာပါ။
၃။ 𝗗𝗲𝗰𝗼𝗺𝗽𝗼𝘀𝗶𝘁𝗶𝗼𝗻 𝗧𝗿𝗲𝗲 (Root Cause ရှာဖွေခြင်း)
ပြဿနာတစ်ခုရဲ့ အရင်းအမြစ်ကို အဆင့်ဆင့် ခွဲခြမ်းကြည့်ချင်တဲ့အခါ သုံးပါတယ်။
ဘယ်လိုသုံးမလဲ: Decomposition Tree visual ကို သုံးပြီး ကိုယ်ခွဲကြည့်ချင်တဲ့ အပိုင်းတွေကို ထည့်ပါ။ "High Value" ဒါမှမဟုတ် "Low Value" ဆိုတဲ့ မီးသီးလေးကို နှိပ်လိုက်ရင် AI က ဘယ်လမ်းကြောင်းက အရေးကြီးဆုံးလဲဆိုတာကို အလိုအလျောက် လမ်းညွှန်ပေးပါတယ်။
၄။ 𝗦𝗺𝗮𝗿𝘁 𝗡𝗮𝗿𝗿𝗮𝘁𝗶𝘃𝗲 (ဒေတာတွေကို စာနဲ့ အနှစ်ချုပ်ခြင်း)
Chart တွေကို ကြည့်ပြီး ကိုယ်တိုင် စာလိုက်မရေးချင်ရင် ဒါကို သုံးပါ။
ဘယ်လိုသုံးမလဲ: Visual တစ်ခုပေါ်မှာ Right-click နှိပ်ပြီး Summarize ကို နှိပ်ပါ (သို့မဟုတ်) Smart Narrative visual ကို ထည့်ပါ။
"ပြီးခဲ့တဲ့လကထက် အရောင်း ၅% တက်လာပြီး အဓိကအားဖြင့် ရန်ကုန်နယ်မြေက ဖြစ်ပါတယ်" ဆိုပြီး ဒေတာထဲက အရေးကြီးဆုံးအချက်တွေကို စာစီစာကုံးလို ရေးပေးသွားမှာပါ။
AI Features တွေဟာ ကျွန်တော်တို့ရဲ့ အလုပ်ကို လုယူဖို့ မဟုတ်ဘဲ 'ပိုမြန်အောင်' ကူညီပေးဖို့ပါ။ Analyst တစ်ယောက်အနေနဲ့ ဒီ AI တွေ ထုတ်ပေးတဲ့ အဖြေကို တကယ့် Reality နဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြန်စစ်ဆေး (Validate) တတ်ဖို့ပဲ လိုပါတယ်။
AI ခေတ်ရောက်လာတဲ့အခါ Business Analyst တွေရဲ့ အခန်းကဏ္ဍလည်း ပြောင်းလဲလာပါပြီ။
AI Business Analyst ဆိုတာ ဘာလဲ?
Traditional Business Analyst နဲ့ AI Business Analyst - ဘာတွေ ကွာခြားလဲ?
ဒါတွေကို တီချယ်က ဒီ video လေးမှာ ရှင်းပြထားပါတယ်ခဗျာ။

https://www.facebook.com/share/v/19HQxPhZp2/
Success Point IT & Language Centre
Photo
SQL မှာ Table တွေအများကြီး (Multiple Tables) ကို JOIN တဲ့အခါ Query က မှန်နေရုံနဲ့ မပြီးပါဘူး။ Data တွေ ပွလာတာ (Data Duplication)၊ Query နှေးသွားတာ (Performance Issue) နဲ့ အဖြေမှားထွက်တာမျိုးတွေ မဖြစ်အောင် အထူးသတိထားရမယ့် အချက် (၄) ချက်ကို ကြည့်ရအောင်။

Table ၃ ခုထက်မက ပေါင်းတော့မယ်ဆိုရင် ဒါတွေကို အရင်စစ်ဆေးပါ-

✅ Join Order (ဘယ်သူ့ကို အရင်ပေါင်းမလဲ?)
SQL ဟာ Table တွေကို ပေါင်းတဲ့အခါ ရေးထားတဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်လေ့ရှိပါတယ်။
သတိထားရမှာက ဒေတာအနည်းဆုံးရှိတဲ့ Table (Filter ထားတဲ့ Table) ကို အရင်ရေးပြီးမှ ဒေတာအများကြီးရှိတဲ့ Table တွေကို လှမ်းပေါင်းတာက Performance ပိုကောင်းစေပါတယ်။
Insight: Table ပေါင်းတာ များလာလေလေ၊ Database က တွက်ချက်ရတဲ့ လမ်းကြောင်း (Execution Plan) က ရှုပ်ထွေးလာလေလေပါပဲ။

✅ The "Fan-out" Effect (ဒေတာတွေ ပွလာခြင်း)
ဒါက အဖြစ်အများဆုံး အမှားပါ။ Table တစ်ခုက One-to-Many Relationship ဖြစ်နေတဲ့အခါ JOIN လိုက်ရင် Row အရေအတွက်တွေ အဆမတန် များလာတတ်ပါတယ်။
ဥပမာ: Customer တစ်ယောက်မှာ Order ၁၀ ခုရှိနေရင် Customer Table နဲ့ JOIN လိုက်တဲ့အခါ အဲ့ဒီ Customer နာမည်က ၁၀ ကြိမ် ထပ်နေပါလိမ့်မယ်။
ဒီအတွက်က SUM() သို့မဟုတ် COUNT() တို့လို Aggregation တွက်ချက်မှုတွေ မလုပ်ခင်မှာ ဒေတာတွေ ပွနေသလားဆိုတာ DISTINCT သုံးပြီး အရင်စစ်ဆေးပါ။

✅ NULL Values တွေကို သတိထားပါ (Inner vs. Left Join)
Table တွေ အများကြီးကို ပေါင်းတဲ့အခါ Inner Join ကိုပဲ သုံးမိရင် အချက်အလက်အချို့ ပျောက်ဆုံးသွားနိုင်ပါတယ်။
ဥပမာ- Table A နဲ့ B ကို ပေါင်းတယ်၊ ရလာတဲ့အဖြေကို Table C နဲ့ ထပ်ပေါင်းတဲ့အခါ Table C မှာ အချက်အလက် မရှိရင် တစ်ကြောင်းလုံး ပျောက်သွားနိုင်ပါတယ်။
ဒီလို အချက်အလက်တွေ မပျောက်စေချင်ဘူးဆိုရင် LEFT JOIN ကို သုံးပြီးမှ လိုအပ်တဲ့နေရာမှာ COALESCE() သုံးပြီး NULL နေရာမှာ ၀ (သို့မဟုတ်) 'N/A' အစားထိုးပါ။

✅ Join Key တွေရဲ့ Data Type တူပါစေ
Table A ရဲ့ ID က Integer ဖြစ်ပြီး Table B ရဲ့ ID က String ဖြစ်နေရင် Join တဲ့အခါ Database က "Type Casting" လုပ်ရလို့ အရမ်းနှေးသွားနိုင်ပါတယ်။
Data Analytics စလေ့လာနေသူတော်တော်များများက SQL, Power BI, Python တွေကို သင်ယူဖို့ အချိန်ပေးကြပေမယ့် Business Trends တွေကို ဖတ်ဖို့၊ လေ့လာဖို့ တော့ မေ့နေတတ်ကြပါတယ်။

တကယ်တော့ Data Analyst တစ်ယောက်ရဲ့ အလုပ်က Dashboard ဆောက်တာ၊ Report ထုတ်တာနဲ့ မပြီးပါဘူး။
Data ထဲမှာ ဖြစ်နေတဲ့ ပြောင်းလဲမှုတွေကို နားလည်ဖို့ Business World မှာ ဘာတွေဖြစ်နေလဲဆိုတာ သိထားဖို့ လိုပါတယ်။

ဥပမာ… AI Industry က အရှိန်အဟုန်နဲ့ တိုးတက်နေတယ်ဆိုတာ သိထားရင် Tech Company တစ်ခုရဲ့ Investment Pattern တွေ၊ Hiring Trend တွေကို ပိုနားလည်နိုင်မယ်။
E-commerce Market ပြောင်းလဲနေတယ်ဆိုတာ သိထားရင် Customer Behavior ပြောင်းလဲမှုတွေကို သတိထားကြည့်ပြီး လက်ရှိအလုပ်က customer buying patterns တွေနဲ့ ချိတ်ဆက်ပြီး analysis လုပ်နိုင်မယ်။

ဒါကြောင့် Data Analyst တွေအတွက် Business Reading Habit တစ်ခု ရှိထားဖို့ အရေးကြီးပါတယ်။

🌎 General Business News တွေအတွက် Bloomberg, Financial Times (FT), Wall Street Journal (WSJ) တို့ကို ဖတ်ကြည့်ပါ။
💻 Tech & Data Industry Trends တွေအတွက် TechCrunch, The Verge, VentureBeat တို့ကို Follow လုပ်ထားပါ။
📊 Data Analytics & BI Knowledge တွေအတွက် Microsoft Power BI Blog, SQLBI, Towards Data Science, KDnuggets တို့က အရမ်းအသုံးဝင်တဲ့ Learning Sources တွေ ဖြစ်ပါတယ်။

နေ့စဉ် Article အရှည်ကြီးတွေ မဖတ်နိုင်ဘူးဆိုရင်လည်း စိတ်မပူပါနဲ့။
✅ Morning Brew
✅ The Hustle
✅ MIT Technology Review Newsletter
✅ Data Elixir
လို Newsletter တွေ Subscribe လုပ်ထားရုံနဲ့ တစ်နေ့ ၅ မိနစ်၊ ၁၀ မိနစ်အတွင်း နောက်ဆုံးပေါ် Trends တွေကို သိနိုင်ပါတယ်။

ကောင်းတာ ကတော့—
မနက်ခင်းမှာ
- Morning Brew (5 mins)
- TechCrunch (5 mins)
- LinkedIn Data Community (15 mins)

Weekend ရောက်ရင်
- Power BI Blog
- SQLBI
- Company Annual Reports တွေကို အချိန်ပေးပြီး ဖတ်ကြည့်ပါ။

📌 Business Trends ကို Follow လုပ်ခြင်းရဲ့ ရည်ရွယ်ချက်က News သိဖို့ မဟုတ်ပါဘူး။ Data ပြောင်းလဲနေတဲ့ အကြောင်းရင်းကို နားလည်ဖို့၊ Business Context ကို ပိုမြင်လာဖို့၊ Insights တွေကို ပိုကောင်းတဲ့ Decision တွေအဖြစ် ပြောင်းလဲပေးနိုင်ဖို့ ဖြစ်ပါတယ်။
❤5