စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
418 subscribers
283 photos
25 videos
18 links
ပြည်သူနှင့်အတူအမြဲရှိနေမည်
Download Telegram
ညသပိတ်မဆင်နွှဲမီ ရက်အနည်းငယ်အလို ...

ရန်ကုန်မိုးကား (၁၉) လမ်းထဲတွင်တ​ဝေါဝေါအသံပေးကာ ကြွေးကြော်နေသည့်နှယ်။

" ဇေယျာသော်တစ်ခုသာဖြစ်၊ ငါတို့ရမှာကအပြစ်
အားလုံးစုစည်းနေရင်ဘာမှမဖြစ် "

အက်ဆစ်အဖွဲ့ဝင် Nitric Acid (ခေါ်) ကိုဖြိုးဇေယျာသော်၏ ရက်ပ်သီချင်းသံကဘီယာဆိုင်တဆိုင်မှ ပျံ့လွှင့်နေသည်။ထိုဆိုင်၏ထောင့်တနေရာဝိုင်းတွင်
နှုတ်ခမ်းမွှေးစစနဲ့လူငယ်တစ်ဦးမှာ စီးကရက်ကိုဖွာ၍တစ်စုံတစ်ခုအား တွေးတောနေလျက်ရှိသည်။ခဏအကြာမိုးစိုနေသည့် အမျိုးသားနှစ်ဦး ဆိုင်ထဲသို့ခပ်သွက်သွက်ဝင်လာ၏။

" ညီလေးရေ ဘီယာနှစ်လုံး ... မြန်မာမချနဲ့နော် "

" အစ်ကိုတို့ထဲက မြို့ထဲကမဟုတ်ဘူးနဲ့တူတယ်။ကျွန်တော်တို့ဆိုင်တွေမှာ မြန်မာတို့ဘာတို့ညာတို့ မရောင်းပါဘူးဗျ ဟဲဟဲ " ကောင်တာထိုင်နေသောဆိုင်ရှင်မှပြန်ဖြေလိုက်သည်။

ထိုအခြေအနေကိုအကဲခတ်နေသော လူငယ်မှာကျေနပ်စွာပြုံးလိုက်ပြီး စီးကရက်လက်ကျန်ကို ပြာခွက်ထဲသို့ထိုးစိုက်ကာ လူမှုကွန်ရက်ပလက်ဖောင်းမှ နံပါတ်တစ်ခုကိုခေါ်လိုက်သည်။

" ဟဲလို ကိုသူရိယစန္ဒာလား၊အချိန်လေးရရင်ဖုန်းခဏပြောလို့ရမလားခင်ဗျာ။တားရော့ကဒ်ပြားလေးတွေမေးချင်လို့ပါဗျို့"

" ဟုတ်ကဲ့ရပါတယ်ကိုရေဘဝဲ၊မေးပါဗျာ "
တဖက်မှပြန်ဖြေသည်နှင့်

" ကျွန်တော်တို့မကြာခင်ရက်ပိုင်းအတွင်း သပိတ်တိုက်ပွဲတစ်ခုဆင်နွှဲကြမယ်ဆိုတာ ကိုသူရိယစန္ဒာတို့အဖွဲ့အစည်းကိုလည်း အကြောင်းကြားထားပြီးဖြစ်ပါတယ်။အခုကိစ္စက ကျွန်တော်တို့ သပိတ်ထွက်မယ့်ရက်ကို ပေါင်းခြင်း (၉) (၁၀) နဲ့ (၂) ဆိုပြီး အကြမ်းဖျဥ်း သုံးရက် စဥ်းစားထားတယ်ခင်ဗျာ၊အဲဒီထဲကမှ တားရော့ကဒ်ပြားတွေက ဘယ်နေ့ကိုညွှန်ပြမလဲသိချင်တာဗျို့"

" ခဏလေးစောင့်ပါကိုရေဘဝဲ "

များမကြာမီ ကိုသူရိယစန္ဒာပေးပို့သော မက်ဆေ့ချ်မှပုံကိုကြည့်လိုက်သည်။တားရော့ကဒ်ပြား (၃)ကဒ်၊ The High Priestess၊ The Emperor၊The Lover ။

ကိုသူရိယစန္ဒာမှ
" တားရော့ကဒ်ပြားတွေရဲ့ညွှန်ပြမှုအရတော့ ကိုရေဘဝဲရွေးထားတဲ့ (၃) ရက်စလုံးမှာစိန်ခေါ်အနည်းနဲ့အများတော့ပြနေတယ်။အဲ့ထဲကမှ တည်တည်ငြိမ်ငြိမ်နဲ့စီစဥ်တိုက်ပွဲဝင်မယ်ဆိုရင်ပေါင်းခြင်း(၉) ကိုကျတဲ့ ပထမဆုံးကဒ်ပြားကပိုအဆင်ပြေမယ်လိမ့်မယ်ဗျာ။ပြိုင်ဆိုင်ရတာခြင်းအတူတူ (၃)ကဒ်စလုံးထဲမှာ ပူးပေါင်းမှုစုစည်းမှုအားအကောင်းဆုံးပါဗျို့"

တိုက်တိုက်ဆိုင်ဆိုင် မိမိရွေးချယ်ထားသည့်ရက်မှာလည်းပေါင်းခြင်း (၉) ရသည့် အာဇာနည်နေ့အကြို (၁၈) ရက်နေ့ပင်မဟုတ်ပါလော။

" ကျေးဇူးတင်ပါတယ်ခင်ဗျာ "

ထို့နောက်ဆိုင်မှ ပလတ်စတစ်အိတ်တလုံးတောင်းယူ၍ဖုန်းထည့်ကာ မိုးထဲရေထဲပျော်ပျော်ကြီးပြန်ခဲ့ လိုက်သည်။

ညနေ (၅) နာရီ
ညသပိတ်မစမီ နာရီပိုင်းအလို

" နဝင်း " အမည်ရအစည်းအဝေးခန်းမတွင် Youth Association Of Thingangyun (YAT)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-မြေပြင်)၊ Labour Alliance အဖွဲ့ဝင် (CTUM)၊ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း နှင့် Revolution Force (RF) မှတာဝန်ခံ သပိတ်ခေါင်းဆောင်များစုံညီစွာရောက်ရှိနေကြပြီဖြစ်သည်။

" ကျွန်မတို့အရင်အစည်းအဝေးမှာပြောထားခဲ့တဲ့အတိုင်း သပိတ်ဖော်ဆောင်မယ့်နေရာဟာ CCTV အများဆုံးနေရာဖြစ်တဲ့အတွက် လိုအပ်တဲ့ရုပ်ဖျက်မှုတွေ၊အသွားအလာလမ်းကြောင်းဖြတ်တောက်မှုတွေ
ကိုအားလုံးပြင်ဆင်ကြပြီးပြီးလို့ယုံကြည်ပါတယ်ရှင်။"

မြေပြင်ကင်းထောက်ပိုင်းကိုတာဝန်ယူထားသော RF တာဝန်ခံမှအကြုံပြုသည်။

​" ဟုတ်ပါတယ်ရှင်။သပိတ်မစမီ ရန်သူသတိထားမိအောင် စုစု စုစုလုပ်မနေကြဖို့လည်းလိုအပ်ပါတယ် "

Labour Alliance အဖွဲ့ဝင် (CTUM)တာဝန်ခံမှလည်းထောက်ခံ၍ အကြုံပြုသည်။

" အရပ်ဝတ်တွေနဲ့ စတစ်ကာအမဲကပ်ထားတဲ့ အိမ်စီးကားတွေလည်း သတိပြုကြမယ်နော် "

စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းတာဝန်ခံမှ သတိပေးအကြုံပြုလေသည်။

ထိုသို့အဖွဲ့အစည်းများမှဝိုင်းဝန်းဆွေးနွေးအကြုံပြုကာ တာဝန်အသီးသီးခွဲဝေယူပြီးသည်နှင့် ကိုရေဘဝဲမှ

" အောင်အောင်မြင်မြင်ကြွေးကြော်ပြီးသွားရင် မီးတုတ်တွေကိုလမ်းလယ်ကျွန်းဘက်ကပ်ချထားခဲ့ပါခင်ဗျာ။လမ်းဘေးစျေးသည်ပြည်သူတွေ အလန့်တကြားနဲ့ထိခိုက်မိမှာစိုးရိမ်စရာပါ။ဒီတခေါက်လည်းထုံစံအတိုင်း လက်နက်မဲ့လူထုလှုပ်ရှားမှုနဲ့ စကစနားရွက် စထွေးစွတ်ကြစို့ရဲ့ခင်ဗျာ။ကဲ သပိတ်စထွက်မယ့်ပွိုင့်ကိုရောက်ဖို့ (၅) မိနစ်အချိန်ရပါမယ်ဗျို့ "

ထိုနောက် လမ်းမတော်ရဲစခန်းနှင့် လသာရဲစခန်းကြားတနေရာတွင် မီးတုတ်များကိုင်ဆောင်ကာ လူငယ်များအလျိုလျိုထွက်လာကြချေပြီ။

သပိတ်တပ်ဦးအလံ အနီရောင်အောက်ခံပိတ်စတွင် " လူမျိုးကြီးဝါဒတိုက်ဖျက်ကြ အာဇာနည်ဟာ (၉) ဦးမက " ဟူသည့်စာသားအားအဖြူရောင်ဖြင့် ဆန်းသစ်စွာရေးချယ်ထားကြသည်။

" လူမျိုးဝါဒတိုက်ဖျက်ကြဟေ့၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဒို့အရေးဒို့အရေး၊သပိတ်သပိတ် မှောက်မှောက်၊ မင်းအောင်လှိုင်မင်းအောင်လှိုင် မအေ-ိုးမအေ-ိုး" စသည့်ကြွေးကြော်သံများအကြား လမ်းဘေးစျေးသည်များနှင့် တရုတ်တန်းအနားရှိလူထုတရပ်လုံးမှာ ငေးကြည့်နေကြသည်။

အင်္ကျီအဖြူ၊ပုဆိုးဝတ်ဆင်ထားသော YAT မှသပိတ်တာဝန်ခံတစ်ဦးက
" ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ အာဇာနည်အပေါင်းအား အလေးပြု " ဟု ဆော်သြလိုက်သည်နှင့် သပိတ်ရဲဘော်များနှင့် အနားဝန်ကျင်ရှိလူထုမှာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်၍ အံကိုကြိတ်ကာဦးညွှန့်လျက်။

စက္ကန့်ပိုင်းခန့်ငြိမ်သက်ပြီးသည်နှင့်

"အရေးတော်ပုံ အောင်ရမည်၊အရေးတော်ပုံ အောင်ရမည်၊အရေးတော်ပုံ အောင်ရမည်" ဟုကြွေးကြော်သံဖြင့်ပိတ်ကာ အောင်မြင်စွာလူစုခွဲကြသည်။

ရန်ကုန်သပိတ်လူငယ်များမှာ ကြိုတင်စီစဥ်ထားသည့်လမ်းကြောင်းများအတိုင်း တည်တည်ငြိမ်ငြိမ်ဖြင့်ကိုယ်ယောက်ဖျောက်ကာ ရဲရဲလျှောက်လှမ်းသွားကြသည်။ထိုအရောင်စုံ၊လူမျိုးစုံ လူငယ်များရဲရဲလျှောက်လှမ်းနေကြသည့်လမ်းမှာ ဖက်ဒရယ်လမ်းမှလွဲ၍မည်သည့်လမ်းမှမဖြစ်နိုင်ပါတော့ချေ။

ပြီးပါပြီ။ ။

ရေဘဝဲ၊ ဇူလိုင် ၂၁ ရက်

ရေဘဝဲ ဖေ့စ်ဘုစ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#ရန်ကုန် #ညသပိတ်
#OCTOPUS #ရေဘဝဲ
👍1
🚨🚨 မနက်ဖြန် မနက် (၁၀) နာရီတွင် ကျဆုံးအာဇာနည်များအတွက် ဥဩဆွဲ အလေးပြုမည်ဖြစ်ပါသဖြင့် ပြည်သူများ ပူးပေါင်းပါ၀င်ပေးကြပါရန်🚨🚨
-----------------------------------------------------------

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည်များ သူရဲကောင်းများ အပါအဝင် လွန်ခဲ့သော၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မတရားကြိုးမိန့်ပေး သတ်ဖြတ်ခံခဲ့ရသည့် ကိုဂျင်မီ ၊ ကိုဇေယျာသော် နှင့် ကျန်ရဲဘော်နှစ်ဦး တို့အား အောက်မေ့သတိရခြင်း အနေဖြင့်  မနက်ဖြန် မနက် (၁၀) နာရီ တွင် ပြည်သူလူထုနှင့်အတူ ဥဩသံဆွဲခြင်း၊ တော်လှန်ရေးအစိုးရဖြစ်သော NUG သမ္မတကြီးမှ မိန့်ခွန်းပြောကြားခြင်း၊ သမ္မတကြီးနှင့်တကွ ဦးမင်းကိုနိုင်၊ ပဒိုစောတာဒိုးမှူး၊ မနီလာသိန်း တို့မှ ဂုဏ်ပြု အမှတ်တရ စကား ပြောကြားပေးမည့်  အခမ်းအနားကို တော်လှန်ရေး Facebook သတင်း media  page များနှင့်mizzima  TV ရုပ်သံများမှ မနက်ဖြန် မနက် (၁၀) နာရီတွင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မည် ဖြစ်ကြောင်း ပြည်သူလူထုထံ အသိပေးအပ်ပါသည်။

ပြည်သူတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။
👍1
ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး

စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်နေသည့်ကြားမှ “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” စာသားအား စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)မှ ရန်ကုန်မြို့တစ်နေရာတွင် ချိတ်ဆွဲခဲ့သည်။

ဒီကနေ့သည် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံခဲ့ရသည့် ကိုဖြိုးဇေယျာသော်(ခ)ကိုမောင်ကျော်၊ကိုဂျင်မီ(ခ)ကိုကျော်မင်းယု၊ကိုလှမျိုးအောင်(ခ)ကိုမျိုးနှင့်ကိုအောင်သူရဇော်(ခ)ကိုဂတုံး တို့(၄)ဦးအား အကြမ်းဖက်စစ်တပ်မှ ဥပဒေမဲ့ ကြိုးပေးသ-တ်ဖြတ်ခဲ့သည်မှာ တစ်နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

အကြမ်းဖက်စစ်တပ်သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်/ကျဉ်းများကို မကြာခဏ ထောင်ပြင်ထုတ်ပြီး အကြမ်းဖက်သ-တ်ဖြတ်လျက်ရှိနေပါသည်။ ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခိုး၊ဆိုး၊လု၊နိုက် - လူသ-တ် ၊ မု-ဒိန်းကျင့်ခြင်းအပြင် ကျေးရွာများကို မီးတင်ရှို့မှုများကို အကြမ်းဖက်စစ်တပ်က အင်တိုက်အားတိုက် လုပ်နေသည်ကိုတွေ့ရသည်။အကြမ်းဖက်စစ်တပ်၏လုပ်ရပ်များကို ပြည်သူများ၏စိတ်ထဲရင်ထဲ၌“ ကမ္ဘာတည်သရွေ့ ဥဒါန်းကြေမည်မဟုတ်ပါ”။

အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များသည် လူအခွင့်အရေး နှင့် လူသားတို့၏ရပိုင်ခွင့်များကို လုံးဝဆန့်ကျင်ပြီး အကြမ်းဖက်နေခြင်းသာဖြစ်သည်။ ယုံကြည်ချက်ကြောင့် မတရားအကျဉ်းကျခံနေရသော နိုင်/ကျဉ်းများအား သ-တ်ဖြတ်နေခြင်းကို ချက်ချင်းရပ်ရန် နှင့် အမြန်ဆုံးလွတ်မြောက်စေရန် ရည်ရွယ်ပြီး ပြည်သူတို့၏ ဆန္ဒကိုဖော်ထုတ်ပြသခြင်းဖြစ်သည်။

#PeoplePower
#ScStrike
#RF
#စမ်ချောင်းပင်မသပိတ်စစ်ကြောင်း
Media is too big
VIEW IN TELEGRAM
ဘဏ္ဍာရေးစစ်မျက်နှာ

🚩ဖက်ဆစ်၀င်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက် 🚩

“စစ် ၄ စစ်”

▪️မပေးခင် စစ်

▪️ မဝယ်ခင် စစ်

▪️မသုံးခင် စစ်

▪️မသွားခင် စစ်

စစ် ၄ စစ်ကို ကျင့်သုံးပြီး ဘဏ္ဍာရေးတိုက်ပွဲကို ဆင်နွှဲကြမည်။

#စစ်၄စစ်

#ဖက်ဆစ်ဝင်ငွေဖြတ်တောက်_ပြည်သူ့ဘဏ္ဍာတည်ဆောက်



#ဘဏ္ဍာရေးစစ်မျက်နှာ

အရေးတော်ပုံ အောင်ရမည်။
👏3
This media is not supported in your browser
VIEW IN TELEGRAM
မပေးခင်၊မဝယ်ခင်၊မသုံးခင်၊မသွားခင်မှာ ...
စစ်ကြမယ် 👀

၁။ မပေးခင် စစ်

ဖက်ဆစ်တပ် ထောက်တိုင်တွေဆီမှာ ကိုယ့်ရဲ့ စုဆောင်းငွေတွေ၊ လုပ်အားတွေ မပေးခင်မှာ အရင်ဆုံး စစ် ပါ။ (ဘဏ်၊ အာမခံလုပ်ငန်း၊ ငွေရေးကြေးရေးလုပ်ငန်းတွေ၊ စီးပွါးရေးလုပ်ငန်းတွေ . . . )

၂၊ မဝယ်ခင် စစ်

တခုခု ဝယ်တော့မယ်ဆို ဖက်ဆစ်တပ် ပိုင်ဆိုင်တဲ့၊ ဖက်ဆစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကုန်ပစ္စည်းများ ဖြစ်နေမလားဆိုတာ မဝယ်ခင်မှာ အရင်ဆုံး စစ် ပါ။

၃။ မသုံးခင် စစ်

ကိုယ် အသုံးပြု၊ အားပေးမယ့် ဝန််ဆောင်မှုလုပ်ငန်းတခုခုဟာ ဖက်ဆစ်တပ် ပိုင်ဆိုင်တဲ့၊ ဖက်ဆစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်နေမလားဆိုတာ မသုံးခင်မှာ အရင်ဆုံး စစ် ပါ။

၄။ မသွားခင် စစ်

ကိုယ် အသုံးပြုမယ့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်း၊ ဟိုတယ်၊ စားသောက်ဆိုင် စတာတွေဟာ ဖက်ဆစ်တပ် ပိုင်ဆိုင်တဲ့၊ ဖက်ဆစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေများ ဖြစ်နေမလားဆိုတာ မသွားခင်မှာ အရင်ဆုံး စစ်ပါ။

စမ်းချောင်းပင်မသပိတ် ဝက်ဆိုဒ် - www.sanchaungstrike.com

စမ်းချောင်းပင်မသပိတ် တယ်လီဂရမ် - https://t.me/SCstrike

#financial_warfare
#GSCB #ScStrike
#စမ်ချောင်းပင်မသပိတ်စစ်ကြောင်း
4
#ဖက်ဆစ်၀င်ငွေဖြတ်တောက်_ပြည်သူ့ဘဏ္ဍာတည်ဆောက်



#ဘဏ္ဍာရေးစစ်မျက်နှာ


#BoycottCampaign
👍5