စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
372 subscribers
291 photos
28 videos
19 links
ပြည်သူနှင့်အတူအမြဲရှိနေမည်
Download Telegram
Media is too big
VIEW IN TELEGRAM
“ချောင်းဦးတစ်လပြည့်ခဲ့ပြီ”

တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတဲ့တစ်ယောက်စီတိုင်းကို ကျွန်တော်/ကျွန်မတို့ လေးစားဂုဏ်ယူလျှက်ပါ
ဆက်လက်ပြီးတော်လှန်နေတဲ့လူတွေ ၊ အသက်ပေးခဲ့ရတဲ့လူတွေ ၊ မတရားအကျဉ်းချခံထားရတဲ့လူတွေ ၊ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေ ၊ တော်လှန်ပြည်သူများအားလုံးနှင့်အတူ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ကျွန်တော်ကျွန်မတို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဆက်လက်တိုက်ပွဲ၀င်မည်ဖြစ်ကြောင်း သစ္စာအဓိဌာန်ပြုပါသည်။
6
Media is too big
VIEW IN TELEGRAM
ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ စစ်ရာဇ၀တ်မှုကျူးလွန်မှုများကို ကျွန်တော်တို့စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှစုစည်းတင်ပြလိုက်ပါသည်။
4
This media is not supported in your browser
VIEW IN TELEGRAM
“ ဆဲနေတယ်ဟ … ဘယ်ကဆဲနေတာလဲ ….. ဒီထဲကလား “ Sတပ်ကကောင်တွေ စာမတက် ပေမတက်ချက်ကတော့ ဩချလောက်တယ် … 🤣🤣🤣

"ငါတို့အသံ.. ငါတို့တိုက်ပွဲ.. ငါတို့အခွင့်အရေး.."
"Our Voice, Our Fight, Our Rights"

Video အပြည့်အစုံ
https://www.facebook.com/share/v/1C28TkReYF/?mibextid=wwXIfr

#10D
#SilentStrike
#RejectShamElection
#SayNoJustTrap
#Y4B
#Yangon4Brothers
7
Media is too big
VIEW IN TELEGRAM
“ နိုဝင်ဘာလအတွင်း အာဏာသိမ်းစစ်တပ်မှ ကျူးလွန်သော စစ်ရာဇဝတ်မှုမှတ်တမ်းများ (၂၀၂၅)"

https://www.facebook.com/share/v/1BrgUy2akY/?mibextid=wwXIfr
5😢1
This media is not supported in your browser
VIEW IN TELEGRAM
"တော်လှန်မျိုးဆက် ရန်ကုန်သံချပ်"
အပိုင်း(၂)

#တော်လှန်မျိုးဆက်ရန်ကုန်သံချပ်
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#CTUM
#yangon4brothers
#KyimyindaingNetworks #LinnYaungNiYouthOrganization_LYNYO
#MayangoneDemocraticFront_MDF
#owlcommunity
1
စမ်းချောင်းထဲ စစ်ခွေးမိစ္ဆာများ လွတ်နေသည်

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူမထောက်ခံတဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ဘော*မပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့
မျိုးမြင့်ရဲ့ ရာဇဝင်ကလဲ မသေးဘူးနော် ခေတ်အဆက်ဆက် မာဆက်အခန်းတွေ ဖွင့်လာတဲ့ ဖ-ခေါင်း ၊ အမြဲလဲ စမ်း/တောင် အုပ်ချုပ်ရေးမှုးလုပ်လာပြီး ဖ-ခေါင်းလုပ် ၊ ဒါအပြင် မူးယစ်ဆေးရောင်းတဲ့သူတွေဆီက ရဲနဲ့ပေါင်းပြီး ဆက်ကြေးယူလာခဲ့တဲ့ကောင် ၊ အခုတော့ ဖျာခေါင်းက လွတ်တော်ကိုယ်စားလှယ်ဆိုတော့ လွတ်တော်ကြီးကလဲ ဖျာလွတ်တော်ကြီးဖြစ်သွားပြီ 😁😁😁

အခု Ballမပြီး ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတဲ့ မျိုးသန့်ဆိုရင်လဲ ၂၀၂၀ရွေးကောက်ပွဲမဲပေးနေတဲ့ ကာလမှာ လှိုင်သာယာက လူမိုက်တွေခေါ်ပြီး မဲရလဒ်ကို မကြေညာခင် မဲခိုးဖို့ လုပ်ခဲ့တဲ့ကောင် ၊ ဘယ်လောက်ခိုးခိုး ပြည်သူချစ်တဲ့ အမေစု ပါတီရဲ့ကိုယ်စားလှယ်ကိုတော့ မနိုင်ခဲ့ပါဘူး။ ဖဲနဲ့မိန်းမကိစ္စလဲ မကင်းဘူးဆိုပဲ 😂
အဲ့နောက်ပိုင်း ခေတ်အဆက်ဆက် က ခိုးလာတဲ့ ပိုက်ဆံတွေနဲ့ စမ်းချောင်းမှာ MEC ကိုယ်ပိုင်ကျောင်းထောင်ပြီး လုပ်စားတော့တာပဲ ။ စမ်းချောင်း MEC က စစ်တပ်ရဲ့ ဒလန်ကျောင်းနော် Boycott လုပ်ရမှာနော် စမ်းချောင်းသူ/စမ်းချောင်းသားတွေ သိအောင် မျှဝေလိုက်တာ ။ ဝေါင်ဝေါင်ရှေးကြပါ ညီကိုတို့ ။
👍1👏1
အုပ်ကြီးဇော်ဝင်းရဲ့ ရှင်စောပုရပ်ကွက်ကြီးကလဲ လာဒ်ပေး၊လာဒ်ယူနဲ့ ဘီယာဆိုင် နဲ့ အရက်ဆိုင်တွေ ကြီးထွားလာနေတာ ပြည်သူတွေ အိပ်မရတဲ့အထိ ဆူညံပွက်လောရိုက်နေတာပဲ ။ အရင်က ပဒုမ္ဓာကွင်းကြီးက မာဆက်တွေ ၊ ဖျာဘိတွေနဲ့ ကြီးပပြင်းနေတဲ့ ရက်ကွက်ကြီး ၊ အမေစု အစိုးရလက်ထက်မှ ရှင်စောပုရက်ကွက်က သန့်သွားတာ ။ အခု အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ကြီးဇော်ဝင်းအကြိုက် လာဒ်ပေး၊လာဒ်ယူပြီး ကိုယ်ကျိုးစီးပွါးအတွက် ရှင်စောပုရက်ကွက်ကို မာဆက်တွေ ၊ ဖျာဘိ တင်မကဘဲ မူးရစ်ဆေးရောင်းတဲ့နေရာအဖြစ်ပါ လုပ်လာကြပြီ။ လူငယ်တွေကတော့ ဓားစားခံပေါ့ဗျာ။

မြို့နယ်အုပ်ချုပ်ရေးမှူး ဘဝင်း ကတော့ ဒီကောင်တွေရဲ့ ဂေါင်ပေါ့ဗျာ ။ ငွေရဖို့ဘဲ သိတယ် ငွေသာရရင် အောက်ကကောင်တွေ ကြိုက်တာသာလုပ်ဆိုပြီး လွှတ်ပေးထားတာ ။ ဖျာ-ခေါင်း အထက်က ဖျာခေါင်းချုပ်ပေါ့ ။ ဖျာ-ဘိ၊မာဆက်၊လောင်းကစား၊မူးယစ်ဆေး အကုန်လုပ်သမျှထဲကနေ ပိုက်ဆံကို သူက ဝေဆုယူနေတာ ။ ဒါကြောင့်ပြောတာပေါ့ စမ်းချောင်းထဲ စစ်ခွေးမိစ္ဆာများ လွတ်နေပါသည်လို့ ။ အားလုံးပဲ သတိနဲ့သတ္တိရှိကြပါစေဗျာ ။

ပြည်သူအားလုံး စစ်ခွေးရန်ကနေ ကင်းဝေးကြပါစေလို့ မေတ္တာပို့ပါတယ် ။
👍4👏1
“တစ်ခါကရန်ကုန်လို စိတ်လှုပ်ရှားမှုနဲ့ ဘန်ကောက်မြန်မာသံရုံးရှေ့မှာ နှင်းဆီတွေဝေ ”

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် အရပ်သားပြည်သူများအား ဘန်ကောက်မြို့၊မြန်မာသံရုံရှေ့တွင် နှင်းဆီပန်းဝေခြင်းဖြင့် အမေစု ဘေးကင်းကျန်းမာပြီး၊မတရားအချုပ်အနှောင်ခံနေရခြင်းမှ အမြန်ဆုံးလွတ်မြောက်ရန် ရည်ရွယ်၍ ကိုနေရိုင်း( မရှိခဏ မုဆိုး ) နှင့်အတူ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော် နှင့် အမေသား/သမီးတချို့က
မေတ္တာဖြင့် နှင်းဆီနီပန်းများဝေခဲ့ပါသည်။

ဖမ်းဆီးပြီးခေါ်ယူစစ်ဆေးမှုနှင့်သီးခြားအခက်အခဲအချို့ရှိခဲ့သော်လည်း ထိုင်းနိုင်ငံသည် တရားဥပဒေနဲ့အညီဆောင်ရွက်ပေးခဲ့ခြင်းကြောင့် အားလုံးပြန်လည်လွတ်မြောက်ခဲ့ပါသည်။လွတ်မြောက်ခဲ့ရုံသာမက သက်ဆိုင်ရာစခန်းတစ်ခုလုံးပါ နှင်းဆီပန်းနီတွေ ဝေခဲ့ပါသည် ။ အားရှိရပါလေစွ။ အမိမြန်မာနိုင်ငံတွင်သာ ဖမ်းဆီးခံရပါက မိမိတို့အားလုံး အခုအချိန်တွင် ပန်းဝေဖို့မပြောနဲ့ အသက်ပင်ရှိတော့မည် မဟုတ်ပါ။

​ဤလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ “ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားကျန်းမာစွာရှိကြောင်း သက်သေခိုင်လုံစွာပြသပေးခြင်း “ နှင့် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေး” တို့ကို ပြည်သူလူထုတစ်ရပ်လုံးကိုယ်စား တောင်းဆိုပါသည်။
လူထုအသံ နှင့် လူထုဆန္ဒကို ဘယ်သောအခါမှ ဖိနှိပ်၍ မရစေရ ။

#RoseMovement #RosesOfHope #ProofOfLife #June19 #FreeAungSanSuuKyi
#peoplemovementmyanmar
1
Media is too big
VIEW IN TELEGRAM
လွတ်လပ်ခြင်းနှင်းဆီ🌹

ဒီနေ့ကတော့ အထူးတလည် လွမ်းရတဲ့နေ့ပေါ့
လွတ်လွတ်လပ်လပ်နှင်းဆီပန်းတွေ ပန်ရမယ့်နေ့
ခွန်အားဖြည့်မိငယ်သီချင်းကို လမ်းဘေးတီးဝိုင်းမှာ လူငယ်တွေဆိုနိုင်မယ့်နေ့
ဇွန်လ ၁၉ ရက်နေ့မှာ တစ်နိုင်ငံလုံး ပန်းတွေဝေဝေဆာဆာတွေ့ရမယ့် နေ့တွေအတွက် အမေ့ကိုချစ်တဲ့ သားသမီးတွေကြိုးစားနေကြတယ်။
မတရားအချုပ်အနှောင်က အမြန်ဆုံးကင်းလွတ်ပြီး အမေချစ်တဲ့ ပြည်သူပြည်သားတွေဆီကို ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး ပြန်လာနိုင်ပါစေ။🙏🏻

#RoseMovement #RosesOfHope #ProofOfLife #June19 #FreeAungSanSuuKyi
#peoplemovementmyanmar
🥰5
Media is too big
VIEW IN TELEGRAM
ကျွန်မတို့ရဲဘော် တစ်ဦးချင်းစီ၊ ကျွန်မတို့ပြည်သူ တစ်ဦးချင်းစီ တွေ့ကြုံခံစားခဲ့ရတဲ့ မတရားမှုအားလုံးအတွက် တရားမျှတမှု ရရှိတဲ့အထိ ကျွန်မတို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဒီနေရာကနေ ကတိပြုပါတယ်။
(မနီလာသိန်း)

တရားတဲ့သူသာနိုင်ကြေးဟေ့!

သူရဲကောင်းတို့ ကြိုးမိန့်ပေးခံရတဲ့နှစ်ပတ်လည်နေ့မှာ ၈၈ ကျောင်းသားခေါင်းဆောင် “မနီလာသိန်း” ဘာတွေသတင်းစကားပါးထားပါသလဲ ?

ဒီVideo လေးကို သက်ဆိုင်ရာ Page များ အတွက်တော်လှ လွတ်လပ်စွာ ဖြန့်ဝေပေးနိုင်ပါတယ်။
မနီလာသိန်းရဲ့ အင်တာဗျူး video Clipလေးပါ


Video Link - https://drive.google.com/file/d/1hpq1kqM2EoSAGoueetdKjKDKu8zJRkYu/view?usp=sharing

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
2👏1🫡1