❤🔥3👍2
စစ်ကျွန်အုပ်ချုပ်မှု အံတုရေး ရပ်ရွာလူထုလှုပ်ရှားမှု
သြဂုတ်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။
အာဏာသိမ်းမှုဖြစ်ပွားပြီး လေးနှစ်နီးပါးအကြာမှာ စစ်ကောင်စီဟာ နယ်မြေဒေသ အများအပြားကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး သမိုင်းတလျှောက် မကြုံစဖူး အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ အရှုံးကြီးရှုံးနေတဲ့ စစ်တပ်ဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့ မြို့ပြတွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ အသည်းအသန်ကြိုးပမ်းနေပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးက ရပ်ကျေးအုပ်ချုပ်ရေးယန္တရားတွေပဲ ဖြစ်ပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ ဖိနှိပ်မှုယန္တရားတွေကို အကောင်အထည် ဖော်ဆောင်ရာမှာ အရေးပါဆုံးသော ထောက်တိုင်တွေဖြစ်ပါတယ်။ တနည်းအားဖြင့် ရပ်ကျေးအုပ်ကြီးတွေဟာ စစ်ကောင်စီရဲ့ အာဏာကို မြေပြင်မှာ သက်ရောက်အောင် ဆောင်ရွက်ပေးနေသူတွေဖြစ်ပါတယ်။ ဧည့်စာရင်း တိုင်ကြားမှုကစလို့ မတရားစစ်မှုထမ်း ကောက်ယူမှုတွေအထိ စစ်ကောင်စီဟာ ရပ်ကျေးအုပ်ကြီးတွေရဲ့ အားကို လိုအပ်ပါတယ်။
ဒါကြောင့် ရန်ကုန်မြို့ပြမှာ စစ်ကျွန်အုပ်ချုပ်ရေးကို ဖြိုချဖို့ဆိုရင် အခြေခံအကျဆုံး ဖောင်ဒေးရှင်းထောက်တိုင်ဖြစ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးက စတင်ရမှာဖြစ်ပါတယ်။ မိမိတို့ရပ်ရွာထဲမှာတင် မိမိတို့ကို အနိုင်ကျင့်ဖိနှိပ်နေတဲ့ စစ်ကောင်စီအုပ်ကြီးတွေကို ရပ်ရွာလူထုကိုယ်တိုင်က ပြင်းပြင်းထန်ထန် ဆန့်ကျင်အာခံကြဖို့ လိုအပ်နေပါပြီ။ ရပ်ရွာလူထုကို ဖိနှိပ်ညှဥ်းပန်းနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ အချက်အလက်တွေကို တော်လှန်ရေးအင်အားစုတွေဆီကို သတင်းပေးပို့ကြပါ၊ အုပ်ကြီးတွေကို ဖယ်ကျဥ်ကြပါ၊ အာခံကြပါ၊ လူမှုရေးပြစ်ဒဏ်ခတ်ပြီး နှုတ်ထွက်ဖို့ ဖိအားပေးကြပါ။
လူထုရဲ့ တော်လှန်စိတ်၊ တော်လှန်မာန်ကြောင့် ခိုင်မာအားကောင်းပါတယ်ဆိုတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင် အာဏာရှင်တွေရဲ့ ပြိုလဲမှုကျရှုံးမှုတွေကိုတောင် မြင်တွေ့နေရပါပြီ။ ရပ်ရွာထဲက စစ်ကျွန်သဘောက် အုပ်ကြီးတွေကိုလည်း ရန်ကုန်လူထုတရပ်လုံးက ပြင်းပြင်းထန်ထန် ဖီဆန်အံတုကြပြီး ဖက်ဆစ်ယန္တရားကို အဆုံးတိုင် ဖြိုချကြပါစို့။
“ဖက်ဆစ်ယန္တရားကို လူထုအားနဲ့ ဖြိုချကြ”
ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များ
အုပ်ကြီးသတင်းပေးရန် - t.me/OakGyiCampaignBot (Telegram)
#အုပ်ကြီးကမ်ပိန်း
#OakGyiCampaign

👍4
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူလူထုဟာ ဖိနှိပ်မှု မျိုးစုံကို နေ့စဉ် ရင်ဆိုင်ကျော်ဖြတ်နေရပါတယ်။ ဒီလို လူထုကို အနီးကပ် နေ့စဉ် ဖိနှိပ်ညှဉ်းပန်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင်တွေကို သိပါသလား။
ဟုတ်ပါတယ် ပြည်သူလူထုရဲ့ အနီးဆုံးရန်သူကတော့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဘဲဖြစ်ပါတယ်။ ကိုယ့်အိမ်ကိုယ်ယာမှာ အိပ်ဖို့အတွက်တောင် သူတို့ကို ပိုက်ဆံပေးပြီး ဧည့်စာရင်းတိုင်ရတယ်။ နေ့စဉ် ပုံစံမျိုးစုံနဲ့ ဖိနှိပ်ဖို့၊ ခေါင်းပုံဖြတ်ဖို့၊ ငွေညှစ်ဖို့ဘဲ စဉ်းစားနေတဲ့ သူတွေဖြစ်ပါတယ်။ လူထုရဲ့ ပိုင်ဆိုင်မှုတွေ အိုးအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းတော့လည်း သူတို့မပါမဖြစ်ပါပဲ။
နောက်ဆုံး လူထုရဲ့ရင်သွေးတွေကို မိသားစုကနေ ခွဲထုတ်ပြီး အကြမ်းဖက်စစ်တပ်အတွက် သေပေးဖို့ ရှေ့တန်းစစ်မြေပြင်ဆီကို အတင်းပို့တာလဲ ဒီအုပ်ကြီးတွေပါပဲ။
ဒီလို ရပ်ရွာရဲ့ အရိပ်ကိုခိုပြီး ရပ်ရွာကို ဒုက္ခပြန်ပေးနေတဲ့ လောက်ကောင်အုပ်ကြီးတွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်ဖို့ လိုအပ်နေပါပြီ။ သူတို့ကို အာခံရမယ်၊ ဆန့်ကျင်ရမယ် ပြီးတော့ လူ့အသိုင်းအဝိုင်းကနေပါ ဖယ်ကျဉ်ထားရပါမယ်။
လူထုသပိတ် အစုအဖွဲ့တွေကနေ ဒီလို ဆိုးသွမ်း သောင်းကျန်းနေတဲ့ စစ်ကောင်စီခန့် အုပ်ကြီးတွေရဲ့ အချက်အလက်တွေကို စာရင်းကောက်ယူနေပါပြီ။
Telegram ကနေတဆင့် လွယ်လွယ်ကူကူ သတင်းပေးလို့ရတာမို့ အခုဘဲ ကိုယ့်ရပ်ရွာထဲက စစ်တပ်ထောက်တိုင် အုပ်ကြီးတွေအကြောင်း တော်လှန်ရေးအင်အားစုတွေထံ သတင်းပေးပို့ကြဖို့ တိုက်တွန်းပါတယ်။
အုပ်ကြီးကမ်ပိန်း သတင်းပေးရန် -
t.me/OakGyiCampaignBot (Telegram)

တော်လှန်ပြည်သူများခင်ဗျာ . . .
ရန်ကုန်သပိတ်တွေရဲ့ အုပ်ကြီးကမ်ပိန်းဟာ စတင်တဲ့အချိန်ကနေ ၄၈ နာရီအတွင်းမှာတင် သတင်းပေးပို့မှု ၁၀၀ ကျော်ရရှိခဲ့ပါတယ်။ ဒါဟာ ကမ်ပိန်းစပြီ ဆိုကတည်းက ၂၅ မိနစ်စီတိုင်းမှာ အုပ်ကြီးတစ်ဦးအကြောင်းကို တော်လှန်ပြည်သူတွေက သတင်းပေးနေလို့ဖြစ်ပါတယ်။
ဒီနေရာမှာ အုပ်ကြီးတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျ ရမ်းကားမှုတွေအပေါ် လူထုရဲ့ ခံပြင်းဒေါသကို အထင်အရှားမြင်ရပါတယ်။ ဒါပေမယ့် အုပ်ကြီးကမ်ပိန်းဟာ ရန်ကုန်ဒေသတဝှမ်းလုံးက ရပ်ကျေး အုပ်ချုပ်ရေးမှူးပေါင်း (၁၄၀၀) နီးပါးရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းမှာ ဖြစ်တဲ့အတွက် တော်လှန်ပြည်သူတွေရဲ့ သတင်းပေးပို့မှုနဲ့ ပူးပေါင်းပါဝင်မှုတွေကို ဆက်လက်ပြီး ပိုမိုလိုအပ်နေပါသေးတယ်။
သတင်းပေးပို့ရုံတင်မကဘဲ ဒီလို အနိုင်ကျင့် ဗိုလ်ကျ ရမ်းကားနေတဲ့ အုပ်ကြီးတွေကို အာခံကြဖို့၊ ဖီဆန်ကြဖို့ အံတုကြဖို့လည်း လိုပါတယ်။ ဒီ လူမဆန်တဲ့ အုပ်ကြီးတွေကို လူ့အသိုင်းအဝိုင်းရဲ့ အပြင်ဘက်ကို ဖယ်ကျဉ်ထားပြီး လူမှုရေးပြစ်ဒဏ်ခတ်ဖို့လိုပါတယ်။
အုပ်ကြီးကမ်းပိန်းကလည်း အချက်ကောက်ယူမှုတွေ စုံလင်လာရင် အုပ်ကြီးတွေ စာရင်းပြုစုပြီး လူမှုရေးပြစ်ဒဏ်ခတ်ခြင်းနဲ့ ဖိအားပေးတာတွေကို တော်လှန်ပြည်သူတွေနဲ့အတူ အဆင့်ဆင့် ဆက်လက်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။
ပြည်တင်းရင် မင်းတောင် မခံနိုင်တာ ဒီအုပ်ကြီးတွေလောက်က ဘာမှမဟုတ်ပါဘူး။ လူထုအားနဲ့တွန်းရင် ဒီဖက်ဆစ်ယန္တရားဟာ အချိန်ခဏအတွင်း ပြိုလဲသွားမှာ အသေအချာပါပဲ။
အုပ်ကြီးကမ်ပိန်း သတင်းပေးရန် -
t.me/OakGyiCampaignBot

👍2❤1
◾လုံခြုံရေးတင်းကြပ်ထားရာ ရန်ကုန်မြို့ပေါ်တွင် ကလောင်နီလှုပ်ရှားမှုထပ်မံပြုလုပ်ခဲ့ပါသည်။
စစ်ကောင်စီက မြို့နယ်အချို့တွင် ဧည့်စာရင်းများပိုက်စိပ်တိုက်စစ်နေသော ရန်ကုန်မြို့ပေါ်တွင်
စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု- AJAY နှင့် လူငယ်သပိတ်ကော်မတီ တို့က ဦးဆောင်၍ ကျောင်းသားပြည်သူများက ကလောင်နီလှုပ်ရှားမှုပြုလုပ်ခဲ့ပါသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီ အင်အားချိနဲ့ပြိုကွဲလာမှုကို ရန်ကုန်ပြည်သူလူထုက ၀မ်းသာပီတိဖြစ်နေကြောင်း ပြည်သူကို အကြမ်းဖက်ဖိနှိပ်နေသော
စစ်ကောင်စီရှုံးလေ ပြည်သူက ပြုံးလေဖြစ်ကြောင်း ဖော်ပြသော အနီရောင်စာသားများကို ရန်ကုန်မြို့အနှံ့ဖော်ကျူးရေးသားလှုပ်ရှားခဲ့ပါတယ်။
ကလောင်နီ သည် လူထု လက်နက် ဖြစ်သည်။ ကလောင်နီလှုပ်ရှားမှုကို ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့်မှစတင်၍ ရန်ကုန်မြို့နေရာအနှံ့အပြားတွင် အရှိန်အဟုန်မြှင့် လှုပ်ရှားနေပြီဖြစ်ပြီးဤလှုပ်ရှားမှုတွင် ရဟန်းရှင်လူ
ပြည်သူများ၊ ကျောင်းသားလူငယ်များအနေဖြင့် ကလောင်နီ ( ဆေးအနီ) ကို အသုံးပြုပြီး လူမြင်ကွင်းနေရာများ၊ လမ်းမများ၊ နံရံများ ၊ ကားမှတ်တိုင် ဆိုင်းပုဒ်များတွင် စစ်အာဏာရှင်ကို အာခံမှုနှင့် လှောင်ပြောင်သရော်သည့် စာသားများ၊ သတင်းစကားများ ရေးသား၍ ပုံစံမျိုးစုံ ၊ နည်းမျိုးစုံဖြင့် ပူးပေါင်းပါဝင်ကြပါရန် အလေးအနက် တိုက်တွန်းလှုံ့ဆော်ပါသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု- AJAY

❤3👍1