စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
423 subscribers
283 photos
25 videos
18 links
ပြည်သူနှင့်အတူအမြဲရှိနေမည်
Download Telegram
"ခေတ်မကောင်းလို့ ဒီလိုမြင်တယ်။ ခေတ်မကောင်းဘူးဆိုတာက တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ ညံ့ဖျင်းတဲ့အချိန်၊ မင်းဆိုးမင်းယုတ်တွေ အုပ်စိုးတဲ့အချိန်အခါကာလမျိုးမှာ တိုင်းပြည်က စစ်*မက်တွေဖြစ်တယ်။ အစာရေစာခေါ*င်းပါးတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေ ဖြစ်တတ်တယ်လို့ ဒါငယ်ငယ်ကတည်းက ဘုန်းကြီးတို့ သင်ရကြားရတာတွေရှိတယ်။ အဲဒီအခြေအနေတွေနဲ့ကြည့်လိုက်ရင် ခေတ်မကောင်းဘူးပေါ့။ လုံခြုံစိတ်ချရမှုတွေမရှိဘူး။ သွားနေကျ သွားလို့မရဘူး။ လာနေကျ လာလို့မရဘူး။ သတိထားနေရတယ်ဆိုတာမျိုးက ကာလဝိပတ္တိပဲ။ ဒီကာလဝိပတ္တိနဲ့တိုက်ဆိုင်ပြီးတော့ ဆရာတော် ဖြစ်သွားတယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အကြောင်းကံလို့ ပြောချင်လည်းပြော ဖြစ်တာတော့ဖြစ်သွားပြီ။"ဟု ဒေါက်တာ ပညိဿရာဘိဝံသ က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လွန်တော်မူသည့် (၁)လပြည့်အထိမ်းအမှတ် ပူဇာအလှူမင်္ဂလာအခမ်းအနားတွင် မိန့်ကြားသည်။

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
1
စစ်ရေးနည်းတင်မဟုတ် လူထုနည်းနဲ့ပါ ပွဲသိမ်းရမယ်လို့ ကိုတေဇာစန်း မန်းလေး လမ်းမထက်မှ တိုက်ပွဲခေါ်
≠=============

နွေဦးတော်လှန်ရေးရဲ့ လူထုတိုက်ပွဲတွေကို စတင်ဦးဆောင်ခဲ့သူ တဦးဖြစ်တဲ့ ကိုတေဇာစန်းဟာ မန္တလေးမြို့ပေါ်မှာ လူထုလှုပ်ရှားမှုတွေကို တကြော့ပြန် ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။

စဉ့်ကူး၊ မတ္တရာက တိုက်ပွဲတွေကြောင့် မန္တလေးမြို့ပေါ်ကို လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေ မန္တလေးမြို့ လူထုနဲ့အတူ သပိတ်တိုက်ပွဲတွေကို လမ်းမထက်မှာဖော်ဆောင်ခဲ့ကြတာပါ။

စစ်ရေးနည်းချည်းတင်မဟုတ်၊ လူထုနည်း၊ လူထုတိုက်ပွဲတွေနဲ့ပါ စစ်အုပ်စုကို အလဲထိုး အမြစ်ဖြတ်ရမယ့်အချိန်ရောက်ပြီလို့ ကိုတေဇာစန်းက ဒီလှုပ်ရှားမှုတွေကနေတဆင့် တိုင်းပြည်နဲ့လူထုကို သတင်းစကားပေးခဲ့ပါတယ်….
1
ကာကွယ်ရေးဦးစီးချုပ် ဦးမင်းအောင်လှိုင်မှ ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်ထံသို့တင်ပြပြီး ဦးမင်းအောင်လှိုင်ကို ယာယီသမ္မတခန့်အပ်.. 🫡

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
😁1
❝ ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး ❞

🔥 စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)
🔥 Revolution Force(RF)

ဒီကနေ့သည် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံခဲ့ရသည့် ကိုဖြိုးဇေယျာသော်(ခ)ကိုမောင်ကျော်၊ကိုဂျင်မီ(ခ)ကိုကျော်မင်းယု၊ကိုလှမျိုးအောင်(ခ)ကိုမျိုးနှင့်ကိုအောင်သူရဇော်(ခ)ကိုဂတုံး တို့(၄)ဦးအား အကြ*မ်းဖက်စစ်တပ်မှ ဥပဒေမဲ့ ကြိုးပေးသ*တ်ဖြတ်ခဲ့သည်မှာ နှစ်နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

အကြ*မ်းဖက်စစ်တပ်သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်/ကျဉ်းများကို မကြာခဏ ထောင်ပြင်ထုတ်ပြီး အကြ*မ်းဖက်သ-တ်ဖြတ်လျက်ရှိနေပါသည်။ ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခိုး၊ဆိုး၊လု၊နိုက် - လူသ-တ် ၊ မု-ဒိန်းကျင့်ခြင်းအပြင် ကျေးရွာများကို မီးတင်*ရှို့မှုများကို အကြ*မ်းဖက်စစ်တပ်က လုပ်‌ဆောင် နေသည်ကိုတွေ့ရသည်။အကြ*မ်းဖက်စစ်တပ်၏လုပ်ရပ်များကို ပြည်သူများ၏စိတ်ထဲရင်ထဲ၌“ ကမ္ဘာတည်သရွေ့ ဥဒါန်းကြေမည်မဟုတ်ပါ”။

အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များသည် လူအခွင့်အရေး နှင့် လူသားတို့၏ရပိုင်ခွင့်များကို လုံးဝဆန့်ကျင်ပြီး အကြမ်းဖက်နေခြင်းသာဖြစ်သည်။

Photo - 23July-2023
#PeoplePower
#ScStrike
#RF
#စမ်ချောင်းပင်မသပိတ်စစ်ကြောင်း
🔥2👍1
❗️❗️❗️စမ်းချောင်း တွင် လူငယ်များ၏ စာရင်းများလိုက်လံကောက်ခံနေ❗️❗️❗️

မုန့်လက်ဆောင်းကုန်းရပ်ကွက်ထဲတွင် မနက် ၁၀နာရီ၊၁၁နာရီဝန်းကျင်တွင်
မုန့်တောင်အုပ်ကြီး မောင်မောင်အေး (ခေါ်) ဂျပန်ကြီး
ဒလန်စာရေး အောင်လွင်မိုး
ဂျပန်ကြီးရဲ့ မြေး
ဂျပန်ကြီးရဲ့ ချွေးမ တို့ တစ်လမ်းဝင် တစ်လမ်းထွက် လူငယ်စာရင်းများကို လိုက်လံကောက်နေကြောင်း သတင်းရရှိပါသည်။
*
@SanchaungScout

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#ScStrike
🤬4👍3
အဝေမတည့်၍ ဘောမအုပ်ကြီးကို စစ်တပ်ကဖမ်းစီးပြီး စစ်ကြောရေးတွင် နှိပ်စက်နေ

27July၊2024။

ရန်ကုန်မြို့၊ သန်လျင် မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက် ဘောမ အုပ်ကြီး “ရဲထွဋ်” ကို စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ) ကနေ 23.07.2024ရက်နေ့ည ဆယ်နာရီခန့်မှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားပြီး ဖုန်းများကိုလည်းသိမ်းသွားကြောင်းသိရသည်။

အကြမ်းဖက်စစ်တပ် နှင့် ပူးပေါင်းကြံစည်ပြီး ပြည်သူများဆီမှ မတရား-စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ငွေကြေးသိန်းရာချီ ချိန်းခြောက်တောင်းယူပြီးနောက် စစ်တပ်ကို ဆယ်ဂဏန်းသာ ပေးနေသည်။ ထိုအကြောင်းကို စစ်ခွေးများက သိရှိပြီး ဘောမ အုပ်ကြီး “ရဲထွဋ်” ကို (စရဖ) အားဖမ်းဆီးခိုင်းလိုက်သည်။

ဘောမအုပ်ကြီးအားဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် “ လူးပါးဝရမလား “ ဆိုပြီး အပြင်းအထန် ရိုက်နှက်နေသည်။

ထိုသတင်းရရှိပြီးနောက် မိမိတို့ စမ်းချောင်းပင်သပိတ်စစ်ကြောင်းမှ “ 6သ တာကလွဲ၍ ဘာမှ မဖြစ်ပါစေနဲ့ “ ဟု ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ။

ဒါကတော့ ဘောမ နဲ့ စစ်တပ်တို့ စားခွက်လုပြီး ကိုက်တဲ့ဖြစ်စဉ်လေးပါ ။ 🔥🔥🔥

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#SCStrike
👍73👏2
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဠ၊နိုင်ငံတော်ဝန်ကြီးချုပ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ယာယီသမ္မတ ဗိုလ်ချုပ်ရူးကြီး မင်းအောင်လှိုင်က
ယနေ့ကျင်းပသည့် ကာ/လုံအစည်းအဝေးတွင် နိုင်ငံတော်၏အရေးပေါ်သက်တမ်းအား ၆လထပ်တိုးကြောင်း အမိန့်စာကို ၄င်းကိုယ်တိုင်ဖတ်ကြားပြခဲ့ပြီး ၄င်းကိုယ်တိုင်ပင်လျှင်ထောက်ခံသဘောတူညီခဲ့ကြောင်းသိရှိရပါသည်။

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#ScStrike
ရှစ်လေးလုံး အရေးတော်ပုံ ၃၆ နှစ်ပြည့် ကလောင််နီ လှုပ်ရှားမှု


ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၊ မြို့နယ်အသီးသီးမှ မိဘပြည်သူများနှင့် သပိတ်အင်အားစုများ ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ်အပါအဝင် ရန်ကုန်မြို့အနှံ့လမ်းမများ၊ နံရံများတွင် “ ၈၈၈၈” စာသားအပါအဝင် စစ်ကောင်စီ၏ အားနည်း ကျရှုံးမှုများကို လှောင်ပြောင်သရော်သည့် စာသားများရေးဆွဲ လှုပ်ရှားခဲ့ကြသည်။

ယခုလှုပ်ရှားမှုသည် “ ကျောင်းသား၊ လူငယ်များနှင့် ပြည်သူများ ပူးပေါင်း၍ လူထု၏ စကားသံများ၊ လူထု၏ သတင်းစကားများကို ဖော်ထုတ်အာခံ သည့် ကလောင်နီ လှုပ်ရှားမှုဖြစ်သည်”


ကလောင်နီလှုပ်ရှားမှုကို ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့်မှစတင်၍ ရန်ကုန်မြို့နေရာအနှံ့အပြားတွင် အရှိန်အဟုန်မြှင့် လှုပ်ရှားသွားမည်ဖြစ်သည်။



ဤလှုပ်ရှားမှုတွင် ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသားလူငယ်များအနေဖြင့် ကလောင်နီ ( ဆေးအနီ) ကို အသုံးပြုပြီး ..
လူမြင်ကွင်းနေရာများ၊ လမ်းမများ၊ နံရံများ ၊ ကားမှတ်တိုင် ဆိုင်းပုဒ်များတွင် စစ်အာဏာရှင်ကို အာခံမှုနှင့်
လှောင်ပြောင်သရော်သည့် စာသားများ၊ သတင်းစကားများ ရေးသား၍ ပူးပေါင်းပါဝင်နိုင်ပါသည်။

ကလောင်နီ သည် လူထု လက်နက် ဖြစ်သည်။

ပြည်သူ့ရင်ထဲက အုံကြွအာခံမှုများကို ဖွင့်ချသည့် ယခုလှုပ်ရှားမှုတွင် မိဘပြည်သူများ ပုံစံမျိုးစုံ ၊ နည်းမျိုးစုံဖြင့် ပူးပေါင်းပါဝင်ကြပါရန် အလေးအနက် တိုက်တွန်းလှုံ့ဆော်ပါသည်
4