စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
423 subscribers
283 photos
25 videos
18 links
ပြည်သူနှင့်အတူအမြဲရှိနေမည်
Download Telegram
အာဇာနည်နေ့တွင် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

ယနေ့ အာဇာနည်နေ့ (၁၉.၇.၂၀၂၄) ၌ ရန်ကုန်တွင် လုံခြုံရေးအင်မတန်တင်းကြပ်ထားသည့်ကြားမှ “ဦးအောင်ဆန်းရေ အာဏာရှင်တစုကြောင့် လူထုမျက်ရည်ကျနေရပြီ” ဟူသော စာတန်းချိတ်ဆွဲခြင်းအား ကျွန်ုပ်တို့စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)မှ ပြုလုပ်ခဲ့သည်။

ယခုမျက်မှောက်ကာလတွင် မင်းအောင်လှိုင်ဦးဆောင်သောလူတစ်စုမှ အကြ*မ်းဖက်စစ်အာဏာသိမ်းထားမှုကြောင့် တိုင်းပြည်နိုင်ငံမှာ အဖက်ဖက်မှ ပြိုကျပျ*က်စီးနေပြီး ပြည်သူလူထုတစ်ရပ်လုံးမှာ အခက်အခဲ၊အကြပ်အတည်း မျိုးစုံ ကြုံတွေ့ခံစားရလျှက်ရှိပါသည်။ဤကဲ့သို့သော အခြေအနေတွင် “တိုင်းပြည်နှင့်ပြည်သူလူထုကိုသာရှေ့တန်းတင်ပြီး ဆောင်ရွက်တတ်သော တပ်မတော်၏တည်ထောင်သူ ဦးအောင်ဆန်းလိုဗိုလ်ချုပ်မျိုးကို လွမ်းဆွတ်တမ်းတသောရည်ရွယ်ချက်ဖြင့်” ယခုလှုပ်ရှားမှုအား ကျွန်ုပ်တို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) မှပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
1
အဆုံးသတ်တိုက်ပွဲကို အာဇာနည်သွေးနဲ့ ရေးထိုးကြ

၁၉၊ဇူလိုင်၊၂၀၂၄

ပြည်သူတွေရဲ့ခံစားချက်တွေ တော်လှန်ရေးညီအစ်ကိုမောင်နှမတွေရဲ့ စိတ်ဓါတ်တွေပြင်းထန်နေတုန်း ခိုင်မာနေတုန်းဆိုတာကိုပြသတဲ့အနေနဲ့ မုန်တိုင်းကြားကသက်တံများအဖွဲ့နှင့်စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တို့ပူးပေါင်းကာ အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွနွေဦးတော်လှန်ရေးအတွင်းမြင့်မြတ်စွာကျဆုံးသွားသောတော်လှန်ရေးရဲဘော်များအားလုံးကို လွမ်းဆွတ်သတိရပြီးအလေးပြုပါတယ်။

စမ်း​ချောင်းပင်မသပိတ်စစ်​ကြောင်း(SC Strike)နှင့်မုန်တိုင်းကြားကသက်တံများ ကမ်ပိန်းပုံရိပ်များ

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#sc_strike
#အဆုံးသတ်အောင်ပွဲဆီ_လူထုလှိုင်းတွေနဲ့တက်စုံဖွင့်ရွှက်ကုန်လွှင့်ချီ
1
"ခေတ်မကောင်းလို့ ဒီလိုမြင်တယ်။ ခေတ်မကောင်းဘူးဆိုတာက တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ ညံ့ဖျင်းတဲ့အချိန်၊ မင်းဆိုးမင်းယုတ်တွေ အုပ်စိုးတဲ့အချိန်အခါကာလမျိုးမှာ တိုင်းပြည်က စစ်*မက်တွေဖြစ်တယ်။ အစာရေစာခေါ*င်းပါးတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေ ဖြစ်တတ်တယ်လို့ ဒါငယ်ငယ်ကတည်းက ဘုန်းကြီးတို့ သင်ရကြားရတာတွေရှိတယ်။ အဲဒီအခြေအနေတွေနဲ့ကြည့်လိုက်ရင် ခေတ်မကောင်းဘူးပေါ့။ လုံခြုံစိတ်ချရမှုတွေမရှိဘူး။ သွားနေကျ သွားလို့မရဘူး။ လာနေကျ လာလို့မရဘူး။ သတိထားနေရတယ်ဆိုတာမျိုးက ကာလဝိပတ္တိပဲ။ ဒီကာလဝိပတ္တိနဲ့တိုက်ဆိုင်ပြီးတော့ ဆရာတော် ဖြစ်သွားတယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အကြောင်းကံလို့ ပြောချင်လည်းပြော ဖြစ်တာတော့ဖြစ်သွားပြီ။"ဟု ဒေါက်တာ ပညိဿရာဘိဝံသ က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လွန်တော်မူသည့် (၁)လပြည့်အထိမ်းအမှတ် ပူဇာအလှူမင်္ဂလာအခမ်းအနားတွင် မိန့်ကြားသည်။

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
1
စစ်ရေးနည်းတင်မဟုတ် လူထုနည်းနဲ့ပါ ပွဲသိမ်းရမယ်လို့ ကိုတေဇာစန်း မန်းလေး လမ်းမထက်မှ တိုက်ပွဲခေါ်
≠=============

နွေဦးတော်လှန်ရေးရဲ့ လူထုတိုက်ပွဲတွေကို စတင်ဦးဆောင်ခဲ့သူ တဦးဖြစ်တဲ့ ကိုတေဇာစန်းဟာ မန္တလေးမြို့ပေါ်မှာ လူထုလှုပ်ရှားမှုတွေကို တကြော့ပြန် ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။

စဉ့်ကူး၊ မတ္တရာက တိုက်ပွဲတွေကြောင့် မန္တလေးမြို့ပေါ်ကို လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေ မန္တလေးမြို့ လူထုနဲ့အတူ သပိတ်တိုက်ပွဲတွေကို လမ်းမထက်မှာဖော်ဆောင်ခဲ့ကြတာပါ။

စစ်ရေးနည်းချည်းတင်မဟုတ်၊ လူထုနည်း၊ လူထုတိုက်ပွဲတွေနဲ့ပါ စစ်အုပ်စုကို အလဲထိုး အမြစ်ဖြတ်ရမယ့်အချိန်ရောက်ပြီလို့ ကိုတေဇာစန်းက ဒီလှုပ်ရှားမှုတွေကနေတဆင့် တိုင်းပြည်နဲ့လူထုကို သတင်းစကားပေးခဲ့ပါတယ်….
1