❝အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ရေးထိုးကြ❞
______________________
အခုချိန်က “ဖက်ဆစ်အခက်-လူထုအချက်” အခြေအနေပါ။ ဖက်ဆစ် အကြမ်းဖက်အုပ်စုဟာ ဒင်းတို့သမိုင်းတလျှောက် အခက်ခဲဆုံးနဲ့ အကြပ်တည်းဆုံး အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒင်းတို့ “ပြိုမှတ်” (Tipping Point) ကို ရောက်နေပါပြီ။ ပြိုမှတ်ကနေ ဆုံးမှတ် (Ending Point) ထိ ရောက်အောင် ဆက်တွန်းကြဖို့ကတော့ ပြည်သူလူထုတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ကြီးပါပဲ။ ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ထိ ညီညာဖြဖြ ရုန်းကန်အုံကြွနိုင်မလဲဆိုတာကို မူတည်မှာပဲ။
အခုလာမယ့် ဇူလိုင်လ (၁၉) ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းပြည်ပြုခေါင်းဆောင်ကြီး (၉) ဦး ကျဆုံးခဲဲ့ရတဲ့ (၇၇) နှစ်မြောက် “အာဇာနည်နေ့” ဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ကဲ့သို့ တိုင်းပြည်နဲ့လူထုအတွက် မိမိအသက်ကို ပေးဆပ်သွားကြတဲ့ အခြားသော အာဇာနည်ပုဂ္ဂိုလ်ကြီးများစွာလည်း မြန်မာပြည်မှာ ရှိပါတယ်။
အာဇာနည်စိတ်ဓာတ်၊ အာဇာနည်သွေးလို့ ပြောရင် တိုင်းပြည်နဲ့ လူထုအတွက် ရဲရင့်ပြောင်မြောက်စွာ အကျိုးပြုခြင်း၊ စွန့်လွတ်စွန့်စားခြင်း၊ မတရားမှုကို ဆန့်ကျင်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း၊ အသက်နဲ့ ခန္ဓာကိုပင် ပေးဆပ်ခြင်း အစရှိတဲ့ အဓိပ္ပာယ်မွန်များကို တန်းပြီး နားလည်မြင်ယောင်ကြမှာ ဖြစ်ပါတယ်။
မြန်မာပြည်တော်လှန်ရေးရဲ့ အခုအခြေအနေကလည်း အဆုံးသတ်တိုက်ပွဲကို အာဇာနည်စိတ်၊ အာဇာနည်သွေးအပြည့်နဲ့ မော်ကွန်းရေးထိုးကြရမယ့် အချိန်ဖြစ်ပါတယ်။ တလှိုင်းပြီး တလှိုင်း တက်လာတဲ့ စစ်ရေးတိုက်ပွဲအရှိန်တွေနဲ့အတူ လူထုတိုက်ပွဲတွေကိုလည်း အစွမ်းကုန် အရှိန်တိုးမြှင့် ဖော်ဆောင်ကြရမယ့် အချိန်ဖြစ်ပါတယ်။ တက်စုံဖွင့် ရွက်ကုန်လွှင့်ကြဖို့ပါပဲ။
လာမယ့် ဇူလိုင် (၁၉) အာဇာနည်နေ့မှာ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ဘာတွေ ဆောင်ရွက်ကြမလဲဆိုတာ အထူးတောင် ပြောပြနေစရာ မလိုပါဘူး။ ဂုဏ်ပြုအပ်တဲ့ အာဇာနည်ပုဂ္ဂိုလ်များကို ဂုဏ်ပြုခြင်းကလည်း မဂ်လာတပါးပေပဲ။ ယခင့် ယခင် နှစ်များမှာ အစဉ်အလာမပျက် ဆောင်ရွက်ခဲ့ကြတဲ့အတိုင်း အဲ့ဒီနေ့ မနက် (၁၀ နာရီ ၃၇ မိနစ်) အချိန်မှာ ကား၊ ဆိုင်ကယ်ပေါ် ရောက်နေကြသူတွေက ဟွန်းတီးကြမယ်ဗျာ။ အိမ်ထဲ ဆိုင်ထဲ ရောက်နေသူတွေက မတ်တပ်ရပ်၊ သတိဆွဲ အလေးပြုကြမယ်ဗျာ။ အခြေအနေပေးတဲ့ ပြည်သူတွေကတော့ နီးစပ်ရာ ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်တို့ဆီကို ချီတက်ပြီး ဂါရဝ ပြုကြမယ်ဗျာ။
လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အဆုံးသတ်တိုက်ပွဲကိုလည်း အာဇာနည်တွေသွေးနဲ့ ဆက်လက် ကဗ္ဗည်းရေးထိုးလိုက်ကြပါစို့ခင်ဗျား။
ပြည်သူအပေါင်း မျှော်ရည်တဲ့ အဆုံးသတ်ပန်းတိုင်ကို ပြည်သူအားလုံး ပါဝင်တဲ့ လူထုတိုက်ပွဲ၊ လူထု အထွေထွေ အုံကြွမှုကြီးနဲ့သာလျှင် စောလျင်စွာ ရောက်ရှိ၊ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။
#အဆုံးသတ်တိုက်ပွဲကိုအာဇာနည်တွေသွေးနဲ့ရေးထိုးကြ
#ဟွန်းတီးကြ
#ဥဩဆွဲကြ
#သတိဆွဲအလေးပြုကြ
#ချီတက်ဂါရဝပြုကြ
#တက်စုံဖွင့်ရွက်ကုန်လွှင့်
#ငုံ့မခံနဲ့တုံ့ပြန်
အရေးတော်ပုံ အောင်ရမည်။

❤6
⬛️ အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် ရန်ကုန်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
၂၀၂၄၊ ဇူလိုင် ၁၇
စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်နေသည့်ကြားမှ ရန်ကုန်မြို့တစ်နေရာတွင် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့၌
21 UNION EAGLES & SANCHAUNG NEW GENERATION တို့ပူးပေါင်းပြီး အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့်
“ ငြိမ်နေပြီး အသေမခံကြဘဲ
တော်လှန်ပြီး ရှင်သန်ကြမယ်
ပြည်သူတို့ ရန်ကုန်မှာ ငါတို့ရှိတယ် “ ဘန်နာစာသားကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

❤1
စမ်းချောင်းမြို့မရဲစခန်းက ဘားတွေ အရက်ဆိုင်တွေဆီမှ တစ်ဆိုင်ကို ဘိလပ်မြေတစ်အိတ်ဆီ မပေးမနေရ ဆပ်ကြေးတောင်းတယ်တဲ့ …
ဘာလဲ မြို့မရဲစခန်းထဲ သ*င်္ချိုင်း ချဲ့ပြီး အုပ်*ဂူတွေ ကြိုဆောက်ထားမလို့လား 🤭🤭🤭
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
ဘာလဲ မြို့မရဲစခန်းထဲ သ*င်္ချိုင်း ချဲ့ပြီး အုပ်*ဂူတွေ ကြိုဆောက်ထားမလို့လား 🤭🤭🤭
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
👍2
အာဇာနည်နေ့တွင် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
ယနေ့ အာဇာနည်နေ့ (၁၉.၇.၂၀၂၄) ၌ ရန်ကုန်တွင် လုံခြုံရေးအင်မတန်တင်းကြပ်ထားသည့်ကြားမှ “ဦးအောင်ဆန်းရေ အာဏာရှင်တစုကြောင့် လူထုမျက်ရည်ကျနေရပြီ” ဟူသော စာတန်းချိတ်ဆွဲခြင်းအား ကျွန်ုပ်တို့စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)မှ ပြုလုပ်ခဲ့သည်။
ယခုမျက်မှောက်ကာလတွင် မင်းအောင်လှိုင်ဦးဆောင်သောလူတစ်စုမှ အကြ*မ်းဖက်စစ်အာဏာသိမ်းထားမှုကြောင့် တိုင်းပြည်နိုင်ငံမှာ အဖက်ဖက်မှ ပြိုကျပျ*က်စီးနေပြီး ပြည်သူလူထုတစ်ရပ်လုံးမှာ အခက်အခဲ၊အကြပ်အတည်း မျိုးစုံ ကြုံတွေ့ခံစားရလျှက်ရှိပါသည်။ဤကဲ့သို့သော အခြေအနေတွင် “တိုင်းပြည်နှင့်ပြည်သူလူထုကိုသာရှေ့တန်းတင်ပြီး ဆောင်ရွက်တတ်သော တပ်မတော်၏တည်ထောင်သူ ဦးအောင်ဆန်းလိုဗိုလ်ချုပ်မျိုးကို လွမ်းဆွတ်တမ်းတသောရည်ရွယ်ချက်ဖြင့်” ယခုလှုပ်ရှားမှုအား ကျွန်ုပ်တို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) မှပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

အဆုံးသတ်တိုက်ပွဲကို အာဇာနည်သွေးနဲ့ ရေးထိုးကြ
၁၉၊ဇူလိုင်၊၂၀၂၄
ပြည်သူတွေရဲ့ခံစားချက်တွေ တော်လှန်ရေးညီအစ်ကိုမောင်နှမတွေရဲ့ စိတ်ဓါတ်တွေပြင်းထန်နေတုန်း ခိုင်မာနေတုန်းဆိုတာကိုပြသတဲ့အနေနဲ့ မုန်တိုင်းကြားကသက်တံများအဖွဲ့နှင့်စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တို့ပူးပေါင်းကာ အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွနွေဦးတော်လှန်ရေးအတွင်းမြင့်မြတ်စွာကျဆုံးသွားသောတော်လှန်ရေးရဲဘော်များအားလုံးကို လွမ်းဆွတ်သတိရပြီးအလေးပြုပါတယ်။
စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)နှင့်မုန်တိုင်းကြားကသက်တံများ ကမ်ပိန်းပုံရိပ်များ
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#sc_strike
#အဆုံးသတ်အောင်ပွဲဆီ_လူထုလှိုင်းတွေနဲ့တက်စုံဖွင့်ရွှက်ကုန်လွှင့်ချီ