၈၈နှစ်ပြည့် ဗ.က.သ များ အဖွဲ့ချုပ် အဓွန့်ရှည်တည်တံ့ပါစေ ✊🏻✊🏻✊🏻
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
Photo - စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
Photo - စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
❤5🔥1
ရန်ကုန်တွင် သပိတ်အဖွဲ့များစုပေါင်း၍ လူထု၏ အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံနေရမှုများကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့
မေ ၂၂၊ ၂၀၂၃။
စစ်ကောင်စီမှ အမျိုးမျိုး ဖိနှိပ်တင်းကြပ်နေသော ရန်ကုန်မြို့တွင် သပိတ်အင်အားစုများ စုပေါင်း၍ ကဆုန်လပြည့်နေ လူထုသပိတ်လှုပ်ရှားမှု တခုကိုဖော်ဆောင်ခဲ့သည်။
နေ့စဥ်နှင့်အမျှ မခံမရပ်နိုင်အောင် ကျပ်တည်းလာနေသည့် လူထု၏ အထွေထွေကျပ်တည်းမှုများနှင့် တရားဖိနှိပ်ခံနေရမှုများကို ဆန့်ကျင့်သည့်အနေဖြင့် လှုပ်ရှားဖော်ဆောင်ခြင်းဖြစ်သည်။
လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေသည့်အခြေအနေများ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ကြပြီး အောင်မြင်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါ လူထုလှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု ( AJAY ) တို့နှင့်အတူ ရန်ကုန်မြို့နေ တော်လှန်လူငယ်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
အရှုံးကြီးရှုံးနေသည့် စစ်ကောင်စီနှင့် စစ်တပ်သည် သူတို့ ရှင်သန်နိုင်ရေးအတွက် လူထုကို ချနင်း ဖိနှိပ် သွေးစုတ်နေပါသည်။ တနေ့ထက် တနေ့ တမျိုးပြီး တမျိုးသော ကျပ်တည်းမှု အထွေထွေ ကို လူထုမှ လျင်လျင်မြန်မြန် ရင်ဆိုင်ကြုံတွေ့နေရပါသည်။
ဤသို့ သော အခြေအနေအရပ်ရပ်ကို ပုံဖော်ဖန်တီးနေသည့် စစ်အာဏာရှင်များကို ပြည်သူလူထုကြီးအနေဖြင့်
“သေမြေကြီး ရှင်ရွှေထီး “ စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဖော်၍ မိမိတို့ လွတ်မြောက်ရေးအတွက် မိမိတို့ ကိုယ်တိုင်ရုန်းကန် တော်လှန်ကြရန်လည်း အလေးအနက် နှိုးဆော်ပါသည်။
#ကဆုန်လပြည့်နေလူထုလှုပ်ရှားမှု
#May22Movement
#စစ်တပ်ရှုံးနေပြီ
#ရန်ကုန်သားတွေ_စစ်ကျွန်မခံနဲ့
#FightFor_Yangon
#FightFor_Freedom

❤3
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ( ILO ) ၏ Worker Deputy Member အဖြစ်ခန့်အပ်ခြင်းခံရသော ဒေါ်ဖြိုးစန္ဒာစိုးအား ဂုဏ်ယူဝမ်းမြောက်ကြောင်းပေးပို့ခြင်း
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
👍1
Forwarded from Anti - Junta Alliance Yangon(AJAY)
Anti - Junta Alliance Yangon(AJAY)
Photo
❝ ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ ❞
#၁၉ဇွန်_ပန်းသပိတ်
အခုလာမယ့် (ဇွန်လ ၁၉ ရက် ၂၀၂၄ ခု) ဟာ မြန်မာပြည်သူအများ လေးစားချစ်ခင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၉) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း အာဏာရှင်အဆက်ဆက်ရဲ့ အဓမ္မ ဖိနှိပ်၊ အကျဉ်းချမှုကို နှစ်ပေါင်းများစွာ ခံခဲ့ရပါတယ်။ ယခုအချိန်မှာလည်း အာဏာသိမ်း ဖက်ဆစ်တပ်ရဲ့ အဓမ္မ ဖမ်းဆီး အကျဉ်းချမှု ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားများအနက် တစ်ဦးဖြစ်ပါလိမ့်မယ်။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုန့်ပြန်” ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “သံမဏိ နှင်းဆီ” လို့ ကမ္ဘာက ဂုဏ်ပြုညွှန်းဆိုလေ့ရှိပါတယ်။
ဒါ့ကြောင့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုသောအားဖြင့် လာမယ့် ဇွန်လ (၁၉) ရက်နေ့မှာ “ပန်းသပိတ် လှုပ်ရှားမှုကြီး” ကို ပြည်လုံးကျွတ် ဝေဝေဆာဆာ ဖော်ဆောင် ဆင်နွှဲလိုက်ကြရအောင်ဗျာ။ ပန်းသပိတ်လို့ ဆိုလိုက်တာနဲ့ အထူးတလည် ရှင်းပြနေစရာမလိုဘဲ ပြည်သူလူထုက နားလည်သဘောပေါက်ကြပြီး ဖြစ်ပါတယ်။ အဲ့ဒီကာလမှာ နှင်းဆီနီများအပါအဝင် အဆင်သင့်ရာ ပန်းများကို ပြည်သူလူထုက ဘုရားပန်းတင်မယ်၊ ပန်ဆင်ကြမယ်၊ အလှပန်းအိုး ထိုးမယ်၊ အပြန်အလှန် ပန်းလက်ဆောင် ပေးကြမယ်၊ အွန်လိုင်းပေါ် တင်ကြမယ်၊ မြေပြင်မှာလည်း ပန်းသပိတ် လူထုလှုပ်ရှားမှုတွေကို (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်ကြဖို့ပါ။
အာဏာသာ ရူးပြီး တိုင်းပြည်အုပ်ချုပ် အစိုးရလုပ်တဲ့ အတတ်ပညာနဲ့ စိတ်စေတနာ လုံးလုံး မရှိတဲ့ ဖက်ဆစ်တပ်ကြောင့် အခုဆိုရင် မြန်မာပြည်ဟာ လူမှုစီးပွါး အစစ အခြေအနေအရပ်ရပ်ဟာ အဝီစိကို ဇောက်ထိုးဆင်းနေပါပြီ။ ကုန်ဈေးနှုန်းတွေ မိုးပျံအောင် တက်နေတာက အစ၊ လူငယ်ထုကို သေလမ်းကို ပို့မယ့် အဓမ္မ စစ်သားကောက်နေတာ အလယ်၊ မီးမလာ ရေပျက်တာ အဆုံး၊ တိုင်းပြည်မှာ ဘာဆိုဘာမှ ရစရာ မရှိတော့ပါဘူး။ ဒါတွေအားလုံးရဲ့ ပင်မလက်သည် တရားခံသည် စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ပါပဲ။ ဒီအာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ဒီတိုင်းပြည် ဘာတခုမှ ကောင်းလာစရာ မရှိဘူးဆိုတာကလည်း အင်မတန် ထင်ရှားပါတယ်။
မြန်မာပြည်သူတွေဟာ ဒင်းတို့ ဖက်ဆစ်မိစ္ဆာတွေကို “ငုံ့ခံ” ရင်းနဲ့ ရေနွေးအိုးထဲက ဖားတွေလို့ အသေမခံနိုင်ဘူး၊ အစွမ်းကုန် စုစည်းညီညွတ်ပြီး “တုန့်ပြန်” ကြမယ်ဆိုတဲ့ ဇွဲနဘဲခတ်ပြီး တော်လှန်ခရီးကြမ်းကို ဒီအထိ လျှောက်လှမ်းခဲ့ကြပါပြီ။ အခုချိန်ကတော့ ဒီသံမဏိစိတ်ဓာတ်၊ ဘာမထီစိတ်ဓာတ်ကို အမြင့်မားဆုံး လွှင့်ထူပြီး တော်လှန်တိုက်ပွဲကို အရှိန်တိုးမြှင့်ကြဖို့ လိုပြီဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ယခု ဇွန် (၁၉) ပန်းသပိတ် လူထုလှုပ်ရှားမှုမှသည် ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထုအနေနဲ့ တော်လှန်တိုက်ပွဲ လူထုလှုပ်ရှားမှုတွေမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ဖော်ဆောင်ကြမယ်ဗျာ။
ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် ပန်းသပိတ် လူထုလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြမယ်။
ဒီစာကို ဦးပေါ် (မင်းကိုနိုင်) ရဲ့ “နှင်းဆီနီဥဒါန်း” ကဗျာတပိုဒ်နဲ့ အဆုံးသတ်ပါရစေ။
. . .
ဟေ့ . . . နင်းချေမယ့်သူတွေ
ခရေပွင့်တွေလို ငါမကြွေ
မြေတလက်မ ပိုင်ဆိုင်ခွင့်ရသရွေ့
နေ့သစ်ရဲ့ အရုဏ်ဦးမှာ
ယုံကြည်ချက် ဆူးတွေဖွင့်
ခေါင်းထောင်လို့ ၀င့်လိုက်မယ်
ငါဟာ . . .
နီရဲတဲ့ နှင်းဆီပွင့်။
—————
#ငုံ့မခံဘဲတုန့်ပြန်မယ့်သံမဏိနှင်းဆီတွေ
#June19_FlowerCampaign
#ကြောက်ခေတ်ကို_မှောက်ပစ်
#Freedom_from_Fear
#တက်စုံဖွင့်ရွက်ကုန်လွှင့်
အရေးတော်ပုံ အောင်ရမည်။

❤5👍3
Forwarded from Anti - Junta Alliance Yangon(AJAY)
Media is too big
VIEW IN TELEGRAM
ရန်ကုန်မှာ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
၂၀၂၄ ဇူလိုင် ၇
ပြည်သူ့တော်လှန်ရေး အင်အားစုများက ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “အထွေထွေ အကျပ်အတည်းနဲ့ မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့ ဆန့်ကျင်ကြ”၊ “ဘုန်းကြီးသတ်တဲ့ စကစ ရဟန်းရှင်လူ တိုက်ဖျက်ကြ” ဘန်နာတွေကို ကိုင်စွဲပြီး အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။
#7July #AJAY #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု #အထွေထွေအကျပ်အတည်းဖြေရှင်းရေး

❤6
❝အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ရေးထိုးကြ❞
______________________
အခုချိန်က “ဖက်ဆစ်အခက်-လူထုအချက်” အခြေအနေပါ။ ဖက်ဆစ် အကြမ်းဖက်အုပ်စုဟာ ဒင်းတို့သမိုင်းတလျှောက် အခက်ခဲဆုံးနဲ့ အကြပ်တည်းဆုံး အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒင်းတို့ “ပြိုမှတ်” (Tipping Point) ကို ရောက်နေပါပြီ။ ပြိုမှတ်ကနေ ဆုံးမှတ် (Ending Point) ထိ ရောက်အောင် ဆက်တွန်းကြဖို့ကတော့ ပြည်သူလူထုတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ကြီးပါပဲ။ ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ထိ ညီညာဖြဖြ ရုန်းကန်အုံကြွနိုင်မလဲဆိုတာကို မူတည်မှာပဲ။
အခုလာမယ့် ဇူလိုင်လ (၁၉) ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းပြည်ပြုခေါင်းဆောင်ကြီး (၉) ဦး ကျဆုံးခဲဲ့ရတဲ့ (၇၇) နှစ်မြောက် “အာဇာနည်နေ့” ဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ကဲ့သို့ တိုင်းပြည်နဲ့လူထုအတွက် မိမိအသက်ကို ပေးဆပ်သွားကြတဲ့ အခြားသော အာဇာနည်ပုဂ္ဂိုလ်ကြီးများစွာလည်း မြန်မာပြည်မှာ ရှိပါတယ်။
အာဇာနည်စိတ်ဓာတ်၊ အာဇာနည်သွေးလို့ ပြောရင် တိုင်းပြည်နဲ့ လူထုအတွက် ရဲရင့်ပြောင်မြောက်စွာ အကျိုးပြုခြင်း၊ စွန့်လွတ်စွန့်စားခြင်း၊ မတရားမှုကို ဆန့်ကျင်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း၊ အသက်နဲ့ ခန္ဓာကိုပင် ပေးဆပ်ခြင်း အစရှိတဲ့ အဓိပ္ပာယ်မွန်များကို တန်းပြီး နားလည်မြင်ယောင်ကြမှာ ဖြစ်ပါတယ်။
မြန်မာပြည်တော်လှန်ရေးရဲ့ အခုအခြေအနေကလည်း အဆုံးသတ်တိုက်ပွဲကို အာဇာနည်စိတ်၊ အာဇာနည်သွေးအပြည့်နဲ့ မော်ကွန်းရေးထိုးကြရမယ့် အချိန်ဖြစ်ပါတယ်။ တလှိုင်းပြီး တလှိုင်း တက်လာတဲ့ စစ်ရေးတိုက်ပွဲအရှိန်တွေနဲ့အတူ လူထုတိုက်ပွဲတွေကိုလည်း အစွမ်းကုန် အရှိန်တိုးမြှင့် ဖော်ဆောင်ကြရမယ့် အချိန်ဖြစ်ပါတယ်။ တက်စုံဖွင့် ရွက်ကုန်လွှင့်ကြဖို့ပါပဲ။
လာမယ့် ဇူလိုင် (၁၉) အာဇာနည်နေ့မှာ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ဘာတွေ ဆောင်ရွက်ကြမလဲဆိုတာ အထူးတောင် ပြောပြနေစရာ မလိုပါဘူး။ ဂုဏ်ပြုအပ်တဲ့ အာဇာနည်ပုဂ္ဂိုလ်များကို ဂုဏ်ပြုခြင်းကလည်း မဂ်လာတပါးပေပဲ။ ယခင့် ယခင် နှစ်များမှာ အစဉ်အလာမပျက် ဆောင်ရွက်ခဲ့ကြတဲ့အတိုင်း အဲ့ဒီနေ့ မနက် (၁၀ နာရီ ၃၇ မိနစ်) အချိန်မှာ ကား၊ ဆိုင်ကယ်ပေါ် ရောက်နေကြသူတွေက ဟွန်းတီးကြမယ်ဗျာ။ အိမ်ထဲ ဆိုင်ထဲ ရောက်နေသူတွေက မတ်တပ်ရပ်၊ သတိဆွဲ အလေးပြုကြမယ်ဗျာ။ အခြေအနေပေးတဲ့ ပြည်သူတွေကတော့ နီးစပ်ရာ ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်တို့ဆီကို ချီတက်ပြီး ဂါရဝ ပြုကြမယ်ဗျာ။
လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အဆုံးသတ်တိုက်ပွဲကိုလည်း အာဇာနည်တွေသွေးနဲ့ ဆက်လက် ကဗ္ဗည်းရေးထိုးလိုက်ကြပါစို့ခင်ဗျား။
ပြည်သူအပေါင်း မျှော်ရည်တဲ့ အဆုံးသတ်ပန်းတိုင်ကို ပြည်သူအားလုံး ပါဝင်တဲ့ လူထုတိုက်ပွဲ၊ လူထု အထွေထွေ အုံကြွမှုကြီးနဲ့သာလျှင် စောလျင်စွာ ရောက်ရှိ၊ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။
#အဆုံးသတ်တိုက်ပွဲကိုအာဇာနည်တွေသွေးနဲ့ရေးထိုးကြ
#ဟွန်းတီးကြ
#ဥဩဆွဲကြ
#သတိဆွဲအလေးပြုကြ
#ချီတက်ဂါရဝပြုကြ
#တက်စုံဖွင့်ရွက်ကုန်လွှင့်
#ငုံ့မခံနဲ့တုံ့ပြန်