စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
419 subscribers
283 photos
25 videos
18 links
ပြည်သူနှင့်အတူအမြဲရှိနေမည်
Download Telegram
"တန်ခူးလနှောင်း နှစ်သစ်ပြောင်းလဲ စစ်ကျွန်စနစ်ကို တော်လှန်ဆဲ" 🔥🔥🔥

၂နှစ်ပြည့်ပြီ

ရန်ကုန်မြို့ လမ်းမကြီးပေါ် မြန်မာလူမျိုးများ၏ အထွ၌အမြတ်ထားရတဲ့ ၁၃၈၄ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် အတာအိုးများ ကိုင်ဆောင်ကာ နှစ်သစ်အချိန်အခါသမယမှာ စစ်ခွေးကို မောင်းထုတ်ကြဟု သံဗုံးများတီး၊ ကြွေးကြော်သံများနှင့်အတူ စမ်းချောင်းပင်မသပိတ်စစ်​ကြောင်းနှင့် မဟာမိတ်အဖွဲ့အစည်းများက သွေးစည်းညီညွတ်စွာ ပူးပေါင်း၍ သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်းနှင့် မြို့ပြမှာလှုပ်ရှားရုန်းကန်နေရသည့်ပျောက်ကြားရဲ‌ဘော်များ၊ သပိတ်အင်အားစုများ၊ ထောင်တွင်းကရဲဘော်များ၊ တောထဲက PDF, CDMတို့ကို အခုထက်ပိုပြီး အားပေးဝန်းရံခြင်းဖြင့် ကူညီထောက်ပံ့ပေးသွားကြပါရန် တိုက်တွန်းကြောင်း အတာအိုးများကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၁၃၈၄ခုနှစ် နှစ်ဆန်းတစ်ရက်နေ့
၁၇.၄.၂၀၂၂ ရန်ကုန်

Photo and Video - Yangon Drone

#YangonDrone
#စမ်းချောင်းပင်မသပိတ်
#RevolutionForce
#YAT
#လူငယ်များသမဂ္ဂ
#ရေဘဝဲ
#LabourAlliance
#CTUM
👍42
ထီးချိုင့်တွင် စစ်တပ်မှ မီးရှို့သောကြောင့်
စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးအိမ်ပြာကျ

ဘဝင်း ( ဘော-မ ) သည် အာဏာသိမ်းပြီးနောက် စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး အဖြစ်ရောက်ရှိလာပြီး မြို့နယ်အတွင်း မူးယစ်ဆေး ၊ လောင်းကစားဝိုင်းများ ၊ ချဲဒိုင် ၊ အရက်ဘီယာဆိုင်များကို ခွင့်ပြုကာ ငွေရှာပြီး တိုက် နှင့် ကားများ ဝယ်ယူကာ ကိုယ်ကြိုးစီးပွါးအတွက် ပြည်သူကို ဖိနှိပ်ခဲ့သည်။
“ ပိုက်ဆံလဲ သိပ်ကြိုက်တာ ၊ အခု စမ်းချောင်းမှာ ခွင်ကောင်းကောင်းတွေရတော့ တိုက်နဲ့ကားဖြစ်နေပြီ “ ဟု စမ်းချောင်းဒေသခံတစ်ဦးက ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူးဘဝင်း၏ သမီးဆိုသူသည် ပြည်ထောင်စုနေ့တွင် စစ်တပ်ကကျင်းပသော အလှမယ်ပြိုင်ပွဲဝင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ရပ်ကွက် ငါးသောင်း(၅၀၀၀၀)ကျပ် ပေးရန် အဓမ္မတောင်းယူခဲ့သည်။
“ သူ့သမီးပြည်ထောင်စုနေ့ မရမ်းကုန်း MCCခန်းမမှာ အလှမယ် ဝင်ရွေးဖို့ တစ်ရပ်ကွက်ကို ငါးသောင်းတောင်းတယ် ၊ အာဏာရူးနေတဲ့ အုပ်ကြီးတွေကလဲ ပေးရတာပဲ “ ဟု အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူတစ်ဦးက ဆိုသည် ။
ထိုသို့ဝင်ရောက် ယှဉ်ပြိုင်ခဲ့သောလည်း ဘဝင်း၏ သမီးမှာ အလှယ်မယ် ပြိုင်ပွဲဝင် အရေးနှိမ့်ပြီး ဆုတစ်ခုမှ မရခဲ့ကြောင်းသိရသည် ။
“ ကံကောင်းတာက သူ့သမီးဆုမခဲ့လို့ ၊ရခဲ့ရင် စစ်တပ်က ပေးတဲ့လစာပါ အောင်ပွဲအတွက်သုံးနေရပြီ “ ဟု ဖရဲသီးတစ်ဦးကပြောသည်။

စမ်းချောင်းမြို့နယ် သင်္ကြန်မဏ္ဍပ်အတွက် စစ်တပ်ကပေးသော ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူးဘဝင်းမှ လိမ်ယူခဲ့ပြီး တစ်ရပ်ကွက် တစ်သိန်းပေးရန် အုပ်ချုပ်ရေးမှုးများကို တောင်းခသည်။
“ သင်္ကြန်ကျတော့လည်း ခရိုင်ကပေးတဲ့ ပိုက်ဆံကို ဘုံးပြီး အုပ်ကြီးတွေဆီက တစ်ရပ်ကွက် တစ်သိန်းတောင်းတယ် “ ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌကိုပီတာ မှ ပြောသည်။

အကြမ်းဖက်စစ်တပ်မှ မီးရှို့သော ထီးချိုင့်ရှိ အိမ်များထဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဘဝင်း၏ အိမ်လည်းပါဝင်ခဲ့သည်။ ထိုအိမ်ပြန်ဆောက်ရန် စမ်းချောင်းရှိ စီးပွါးရေးလုပ်ငန်းရှင်များထံမှ ပိုက်ဆံများကောက်ခံနေကြောင်း ဖရဲသီး၏သတင်းပေးချက်အရ သိရသည်။
👍61
ထီးချိုင့်တွင် စစ်တပ်မှ မီးရှို့သောကြောင့်
စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးအိမ်ပြာကျ ၊

အိမ်ပြန်ဆောက်ရန် စမ်းချောင်းလုပ်ငန်းရှင်များထံမှ အဓမ္မငွေတောင်း

စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဘဝင်း ( ဘောမ ) က “ ပိုက်ဆံလဲ သိပ်ကြိုက်တာ ၊ အခု စမ်းချောင်းမှာ ခွင်ကောင်းကောင်းတွေရတော့ တိုက်နဲ့ကားဖြစ်နေပြီ “ ဟု စမ်းချောင်းဒေသခံတစ်ဦးက ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူးဘဝင်း၏ သမီးဆိုသူသည် ……… ဆက်လက်ဖတ်ရှူရန် https://t.me/SCstrike/162

( မိမိတို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း Page အား ဘော-မများမှ Reports ပြုလုပ်နေပါသောကြောင့် ယခုသတင်းအပြည့်အစုံအား စမ်းချောင်းပင်မ Telegram တွင် ဖတ်ရှူပေးကြဖို့ မေတ္တာရပ်ခံပါသည် 🙏🏽🙏🏽🙏🏽 )
👍31
၈၈နှစ်ပြည့် ဗ.က.သ များ အဖွဲ့ချုပ် အဓွန့်ရှည်တည်တံ့ပါစေ ✊🏻✊🏻✊🏻

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
Photo - စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
5🔥1
ရန်ကုန်တွင် သပိတ်အဖွဲ့များစုပေါင်း၍ လူထု၏ အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံနေရမှုများကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့

မေ ၂၂၊ ၂၀၂၃။

စစ်ကောင်စီမှ အမျိုးမျိုး ဖိနှိပ်တင်းကြပ်နေသော ရန်ကုန်မြို့တွင် သပိတ်အင်အားစုများ စုပေါင်း၍ ကဆုန်လပြည့်နေ လူထုသပိတ်လှုပ်ရှားမှု တခုကိုဖော်ဆောင်ခဲ့သည်။
နေ့စဥ်နှင့်အမျှ မခံမရပ်နိုင်အောင် ကျပ်တည်းလာနေသည့် လူထု၏ အထွေထွေကျပ်တည်းမှုများနှင့် တရားဖိနှိပ်ခံနေရမှုများကို ဆန့်ကျင့်သည့်အနေဖြင့် လှုပ်ရှားဖော်ဆောင်ခြင်းဖြစ်သည်။

လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေသည့်အခြေအနေများ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ကြပြီး အောင်မြင်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည်။

အဆိုပါ လူထုလှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု ( AJAY ) တို့နှင့်အတူ ရန်ကုန်မြို့နေ တော်လှန်လူငယ်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

အရှုံးကြီးရှုံးနေသည့် စစ်ကောင်စီနှင့် စစ်တပ်သည် သူတို့ ရှင်သန်နိုင်ရေးအတွက် လူထုကို ချနင်း ဖိနှိပ် သွေးစုတ်နေပါသည်။ တနေ့ထက် တနေ့ တမျိုးပြီး တမျိုးသော ကျပ်တည်းမှု အထွေထွေ ကို လူထုမှ လျင်လျင်မြန်မြန် ရင်ဆိုင်ကြုံတွေ့နေရပါသည်။
ဤသို့ သော အခြေအနေအရပ်ရပ်ကို ပုံဖော်ဖန်တီးနေသည့် စစ်အာဏာရှင်များကို ပြည်သူလူထုကြီးအနေဖြင့်
“သေမြေကြီး ရှင်ရွှေထီး “ စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဖော်၍ မိမိတို့ လွတ်မြောက်ရေးအတွက် မိမိတို့ ကိုယ်တိုင်ရုန်းကန် တော်လှန်ကြရန်လည်း အလေးအနက် နှိုးဆော်ပါသည်။

#ကဆုန်လပြည့်နေလူထုလှုပ်ရှားမှု
#May22Movement
#စစ်တပ်ရှုံးနေပြီ
#ရန်ကုန်သားတွေ_စစ်ကျွန်မခံနဲ့
#FightFor_Yangon
#FightFor_Freedom
3
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ( ILO ) ၏ Worker Deputy Member အဖြစ်ခန့်အပ်ခြင်းခံရသော ဒေါ်ဖြိုးစန္ဒာစိုးအား ဂုဏ်ယူဝမ်းမြောက်ကြောင်းပေးပို့ခြင်း

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
👍1