စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
418 subscribers
283 photos
25 videos
18 links
ပြည်သူနှင့်အတူအမြဲရှိနေမည်
Download Telegram
❐ ယနေ့ မနက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ လူထုသပိတ်တိုက်ပွဲ ရုပ်သံမှတ်တမ်း

အဘက်ဘက်သော တိုက်ပွဲ တွေမှာ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက် စစ်ကောင်စီ ဟာ မြို့ပြဒေသတွေမှာ လုံခြုံရေးတင်းကြပ်ရင်း သူတို့ရဲ့ နောက်ဆုံးခံစစ်အဖြစ် ခြေကုပ်ယူထားဖို့ ကြိုးစားနေပါတယ်။  ဒီလို လုံခြုံရေး တင်းကြပ်ထားပေမယ့်  ဒီကနေ့မှာ  စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနဲ့ အခြားသော သပိတ် အင်အားစုများ စုပေါင်းပြီး လူထုတိုက်ပွဲ တစ်ခုကို ရန်ကုန်မှာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီလို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဟာ ဒီမိုကရေစီလိုလားသူ ပြည်သူအများရဲ့ ထောက်ခံအားပေးဝန်းရံမှုတွေကြောင့် ဖြစ်ပြီး၊ သပိတ်ခေါင်း‌ဆောင် ကိုနန်းလင်းကလည်း လက်ရှိနွေဦးတော်လှန်ရေးရဲ့ အခြေအနေအရပ်ရပ်ကို ဒီကနေ့ လူထုတိုက်ပွဲမှာ  ပြည်သူလူထုထံ အသိပေး ပြောကြားခဲ့ပါတယ်။


"လူထုမထောက်ခံတဲ့ စစ်တပ်ဟာ ကျဆုံးရမှာပဲဖြစ်တယ်... လူထုမထောက်ခံတဲ့ စစ်ပွဲ ဟာ အရှုံးနဲ့ ရင်ဆိုင်ရမှာပဲဖြစ်တယ်”

“လူထုရဲ့ လွတ်မြောက်ရေးတိုက်ပွဲကြီးသာ အောင်ပွဲဆင်ရမယ်”

“ပြည်သူသည်သာ အခရာ... အရာရာကိုပြောင်းလဲနိုင်တယ်”

တိုက်ပွဲမမျှော်နဲ့ တိုက်ပွဲခေါ်ကြ

လူထုအရေးတော်ပုံ မုချ အောင်ရမည်

#YangonStrike
#Nov_25
#Yangon #AntiJuntaAllianceYangon_AJAY
7
စမ်းချောင်းရှိ လောင်းကစားဝိုင်းများနှင့် ပြည်သူများ မပတ်သက်ရန် သတိပေးချက်ထုတ်ပြန်
❤‍🔥5
စမ်းချောင်းရှိ လောင်းကစားဝိုင်းများနှင့် ပြည်သူများ မပတ်သက်ရန် သတိပေးချက်ထုတ်ပြန်

ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲများ ပါဝင်ပတ်သက်နေသည့် စမ်းချောင်းမြို့နယ်ရှိ လောင်းကစားဝိုင်းများတွင် ပြည်သူများ ပါဝင်ပတ်သက်ခြင်းမပြုရန် မြို့နယ်အဖွဲ့တခုဖြစ်သော စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက သတိပေးချက်ထုတ်ပြန်သည်။

စမ်းချောင်း(မြောက်) ရပ်ကွက်နှင့် မြေနီကုန်း(တောင်)ရပ်ကွက်တို့တွင် ဥပဒေမဲ့ လောင်းကစားဝိုင်းများရှိကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအနေဖြင့်သိရှိထားသဖြင့် သတိပေးခြင်းဖြစ်ကြောင်း သိရသည်။

“လောင်းကစားဝိုင်းများကို ပေါ်ပေါ်တင်တင်လုပ်လာကြပါတယ်။ ဒီလောင်းကစားဝိုင်းတွေမှာ စစ်တပ်အပေါင်းအပါလူတစု ၊ ခိုးဆိုးလုနိုက်ကောင်တွေလည်း လာဆော့နေကြတယ် ။ စစ်ခွေး ၊ ရဲခွေး တွေက လာဘ်ယူထားတော့ ဖမ်းဆီးတာမရှိဘဲ လောင်းကစားဝိုင်းတွေကို လွှတ်ပေးထားတယ် ။ ဒီတော့ စမ်းချောင်းမှာ ခိုးဆိုးလုနိုက်မှုတွေ ပိုဖြစ်လာသလို လောင်းကစားအတွက် ပိုက်ဆံရအောင် စစ်ခွေး၊ ရဲခွေးနဲ့ပေါင်းပြီး ပြည်သူကို လက်ထောက်ချ ဖမ်းဆီးငွေညစ်မှုတွေပါရှိပါတယ် ၊ ဒါအပြင်စစ်တပ်ကို သတင်ပေးတဲ့နေရာဖြစ်တယ် ” ဟု စမ်းချောင်းပင်သပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ကိုပီတာကြီးက မဇ္ဈိမကိုပြောသည်။

စမ်းချောင်းမြို့နယ်ရှိ မြို့နယ်မှူးဆိုသူမှာလည်း အဆိုပါ လောင်းကစားကိစ္စများတွင် နောက်ကွယ်မှ ကိုယ်တိုင်ကိုယ်ကျပါဝင်ပတ်သက်နေကာ စမ်းချောင်းရဲစခန်းသည်လည်း လောင်းကစား၊ မူးယစ်ဆေးဝါး၊ ခိုးဆိုးလုနှိုက် စသည်တို့ကို လာဘ်ယူကာ တရားဥပဒေမဲ့ လုပ်ရပ်များကို မျက်ကွယ်ပြုရုံမက ပူးပေါင်းပါဝင်ပြီး ကူညီဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်တပ်နှင့်ပတ်သက်နေသော လောင်းကစားဝိုင်းများကို လုံးဝ သွားရောက်ဆော့ကစားခြင်းမပြုဘဲ မိသားစုဘဝများနှင့် အသက်အန္တရာယ်ကိုကာကွယ်ရန် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ထုတ်ပြန်သည်။


#Mizzima
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
❤‍🔥7
❝ စာသင်ကျောင်းများသည်စစ်ပုလ္လင်အတွက် ယစ်ပူဇော်ခံမဟုတ် ❞

ယနေ့ ၁၃.၂.၂၀၂၄ တွင်ရန်ကုန်မြို့ရှိ စာသင်ကျောင်းများ၊Busကားများပေါ်နှင့် နေရာအနှံ့အပြားတွင် ❝ စာသင်ကျောင်းများသည်စစ်ပုလ္လင်အတွက် ယစ်ပူဇော်ခံမဟုတ် ❞ ၊ ❝ ငါတို့ကလေးတွေကို စစ်လေယာဉ်တွေသုံးပြီးသ-တ်နေတယ် ခင်ဗျားတို့ရပ်ကြည့်နေမှာလား ❞ စသည့်ရုပ်ပုံများကိုင်ဆောင်ကာ လှုံ့ဆော်မှုပြုလုပ်ခြင်း၊စစ်အာဏာရှင် ဆန့်ကျင်ရေး Stickerများကပ်ခြင်းတို့ကို မိမိတို့ ❝ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)❞ မှ ပြုလုပ်ခဲ့ပါသည်။

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် နှင့် ပဲခူးတိုင်း၊ထန်းတပင်မြို့နယ်၊ဇရပ်ကြီးမြို့တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်း၊လက်နက်ကြီးများဖြင့် စာသင်ကျောင်းများနှင့်လူနေအိမ်များအနီးဝန်းကျင် ကို ပစ်ခတ်တိုက်ခတ်မှုကြောင့် ကလေးသူငယ်များအပါဝင် အပြစ်မဲ့အရပ်သားပြည်သူများ သေ-ကြေပျက်စီးခဲ့ရပါသည်။နိုင်ငံ၏နေရာအနှံ့အပြား၌ စစ်ကောင်စီတပ်၏ အပြစ်မဲ့အရပ်သားပြည်သူများနှင့် ကလေးသူငယ်များ၊စာသင်ကျောင်းများ၊ကျေးရွာများ၊လူနေအိမ်များအား ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်မှုများအားပြုလုပ်ကာ လူသားမျိုးနွယ်စုအပေါ်စ-စ်ရာဇဝတ်မှုများကျူးလွန်လျှက်ရှိပါသည်။

ပြည်သူလူထုကြီးအနေဖြင့် မိမိတို့၏ သားချင်းညီအစ်ကိုမောင်နှများ၊ကလေးသူငယ်များအား စစ်လေယာဉ်များအသုံးပြုကာ ပစ်ခတ်သတ်ဖြတ်နေမှုကို ဝမ်းနည်းပူဆွေးနေရုံမျှ၊နာကျ-ည်းနေရုံမျှဖြင့် ရပ်တန့်မနေသင့်ပဲ ဝမ်းနည်းပူဆွေးနာကျ-ည်း မှုများအား တော်လှန်ရေးခွန်အားအဖြစ်အရှိန်ယူပြီး မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်အား ရရာနည်းလမ်းပေါင်းစုံဖြင့် အမြစ်ဖြတ်တော်လှန်ကြပါရန် မိမိတို့ ❝ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) “မှ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

#အရေးတော်ပုံအောင်ရမည်
#ဝမ်းနည်းပူးဆွေးမှုတွေကိုတော်လှန်ရေးခွန်အားအဖြစ်အရှိန်မြှင့်ကြ
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#ScStrike
အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေအပေါ် ပြည်သူများရဲ့ အမြင်င

#မတရားတဲ့စစ်မှုထမ်းဥပဒေ_အားလုံးဝိုင်းဝန်းဆန့်ကျင်ကြ
#မတရားတဲ့အမိန့်ဟူသမျှ_တာဝန်အရဆန့်ကျင်ကြ
👍2
စစ်ရာဇဝတ်ကောင် အုပ်ကြီးများကို ဖော်ထုတ်ကြ

အရှုံးကြီး ရှုံးနေတဲ့ မအလရဲ့ အကြမ်းဖက်စစ်တပ်ဟာ တပ်သား လိုအပ်ချက် ကို ဖြည့်ဖို့ ( သူတို့အစား အသေခံ ခိုင်းဖို့ ) လူထုကို ရန်ရှာနေပါပြီ..။

လူထုကိုအတင်းအဓမ္မစစ်သား စုဆောင်း စစ်မှုထမ်းစေတာဟာ စစ်ရာဇဝတ်မှုကြီးကို ကျူးလွန်တာပါပဲ။

ဒီအဓမ္မစစ်မှုထမ်းဖို့ကို အဓိက ထောက်တိုင်ပြုလာမှာကတော့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေပါပဲ။
ဒုတိယကမ္ဘာစစ်တုန်းက နာဇီ ဂျာမဏီ တွေ ဂျူးတွေကို ကျူးလွန်ခဲ့သူတွေ၊
ရထားလမ်းဖောက်ဖို့ ချွေးတပ်ဆွဲခဲ့တဲ့ ဂျပန်တွေ စစ်ကြီးအပြီးမှာ လည်း စစ်ခုံရုံးတင်ခံရသလို ၊ စစ်အတွင်းမှာလည်း ပြစ်ဒဏ်တွေ ချခံခဲ့တဲ့ သာဓက ကောင်းကောင်းကြီးရှိပါတယ်။

ဖက်ဆစ်တပ်ကို သခင်အားရ ကျွန်ပါးဝပြီး လူထုဆီက အချက်အလက်တွေ  မတရားကောက်၊ ဧည့်စစ် ငွေညှစ်ပြီး လူထုကို ခေါင်းပုံဖြတ် ဖိနှိပ်နေတဲ့ စစ်ရာဇဝတ်ကောင် ရပ်ကွက်အုပ်ချုပ်ရေးမှုတွေကို _

" ဖော်ထုတ်ကြ"
"ဆန့်ကျင် ရှုံ့ချ ကြ"

စစ်ရာဇဝတ်သမား အုပ်ကြီးများရဲ့ အချက်အလက်မှန်သမျှကို နီးစပ်ရာတော်လှန်ရေးအင်အားစု တွေဆီ ပေးပို့ကြ

စကစရဲ့ အုပ်ချုပ်ရေး ဒေါက်တိုင်တွေ ၊ လူထုကို ဖိနှိပ် ဂုတ်သွေးစုပ် အမြတ်ထုတ်သူသမျှ လူထု ပေးတဲ့ အပြစ်ဒဏ်ကို ကောင်းကောင်းကြီး ခံကြရပါလိမ့်မယ်..။

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု

AJAY Telegram Link - https://t.me/ajayyangon

AJAY Facebook Link - https://www.facebook.com/antijuntaallianceyangon?mibextid=ZbWKwL
👍2
"တန်ခူးလနှောင်း နှစ်သစ်ပြောင်းလဲ စစ်ကျွန်စနစ်ကို တော်လှန်ဆဲ" 🔥🔥🔥

၂နှစ်ပြည့်ပြီ

ရန်ကုန်မြို့ လမ်းမကြီးပေါ် မြန်မာလူမျိုးများ၏ အထွ၌အမြတ်ထားရတဲ့ ၁၃၈၄ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် အတာအိုးများ ကိုင်ဆောင်ကာ နှစ်သစ်အချိန်အခါသမယမှာ စစ်ခွေးကို မောင်းထုတ်ကြဟု သံဗုံးများတီး၊ ကြွေးကြော်သံများနှင့်အတူ စမ်းချောင်းပင်မသပိတ်စစ်​ကြောင်းနှင့် မဟာမိတ်အဖွဲ့အစည်းများက သွေးစည်းညီညွတ်စွာ ပူးပေါင်း၍ သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်းနှင့် မြို့ပြမှာလှုပ်ရှားရုန်းကန်နေရသည့်ပျောက်ကြားရဲ‌ဘော်များ၊ သပိတ်အင်အားစုများ၊ ထောင်တွင်းကရဲဘော်များ၊ တောထဲက PDF, CDMတို့ကို အခုထက်ပိုပြီး အားပေးဝန်းရံခြင်းဖြင့် ကူညီထောက်ပံ့ပေးသွားကြပါရန် တိုက်တွန်းကြောင်း အတာအိုးများကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၁၃၈၄ခုနှစ် နှစ်ဆန်းတစ်ရက်နေ့
၁၇.၄.၂၀၂၂ ရန်ကုန်

Photo and Video - Yangon Drone

#YangonDrone
#စမ်းချောင်းပင်မသပိတ်
#RevolutionForce
#YAT
#လူငယ်များသမဂ္ဂ
#ရေဘဝဲ
#LabourAlliance
#CTUM
👍42