❐ လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့လယ်တွင် ပြည်သူ့တော်လှန်ရေးအလံတော်လွှင့်ထူပြီး စစ်ကောင်စီတပ်သားများ အလင်းဝင်ရန် သတိပေးပိုစတာချိတ်ဆွဲ။
အောက်တိုဘာ ၁၉၊ ၂၀၂၃။
လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့လယ်တွင် ပြည်သူ့တော်လှန်ရေးအလံတော်လွှင့်ထူပြီး စစ်ကောင်စီတပ်သားများ အလင်းဝင်ရန် သတိပေးပိုစတာချိတ်ဆွဲခြင်းကို ရန်ကုန်မြို့တော်လှန်ရေးအင်အားစုများ စုပေါင်း၍ ဆောင်ရွက်ခဲ့သည်။

❤4
“တပ်မတော်သားများ
လက်နက်ချပါ ပြည်သူထံ အလင်းဝင်ပါ”
ပြည်သူလူထုတစ်ရပ်လုံးက လှည်းနေလှေအောင်းမြင်းဇောင်း မကျန် ခုခံတော်လှန်လျှက်ရှိပြီး
ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးမှ အစပြု၍ မြန်မာနိုင်ငံ အနှံ့အပြား၌ တော်လှန်ရေးအင်အားစုများမှစစ်ဆင်ရေးပေါင်းများစွာ ဆင်နွှဲကာ အာဏာရှင် အုတ်တံတိုင်းကို ဖြိုချတိုက်ဖျက် နေသည့်အချိန်ကာလဖြစ်ပါသည်။
တပ်မတော်သည် စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများအတွက် ဂုဏ်သိက္ခာ ကျဆင်းနေပြီး လက်အောက်ခံ တပ်မတော်သားများ၏ အသက်၊သွေး၊ချွေး များပေးဆပ်နေရသော အသုံးချခံ ခါးပိုက်ဆောင်တပ် တစ်ခုအဖြစ် ရောက်ရှိနေပြီဖြစ်ပါသည်။ထိုကဲ့သို့ အာဏာရှင်တို့၏ အသုံးချခံ ခါးပိုက်ဆောင်တပ် ဖြစ်နေသည့် အတွက် အသက်၊သွေး၊ချွေးများစွာ ပေးဆပ်နေရသော တပ်မှူး၊တပ်သား များအားလုံးသည်ပင်လျှင် ယနေ့အချိန်တွင်ပြည်သူလူထု တစ်ရပ်လုံး၏ အမုန်းတရားများကိုသာ ရရှိခံစားနေကြရပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စစ်အာဏာရှင် မင်းအောင်လှိုင်၏ လက်အောက်တွင် အကြောင်းအမျိူးမျိုး၊အခြေအနေအမျိုးမျိုးကြောင့် ကျန်ရှိနေသေးသော တပ်မတော်သားများအနေဖြင့် မိမိတို့၏ အသက်ဆုံးရှုံးနိုင်မှု အန္တရာယ်နှင့် မိမိတို့ကို မှီခိုနေထိုင်ရသော မိသားစုများအတွက် ရှေးရှုပြီး နီးစပ်ရာတော်လှန်ရေး အင်အားစုများနှင့် ဆက်သွယ်၍ ပြည်သူလူထု၏ ရင်ခွင်သို့ အချိန်မှီ အမြန်ဆုံး ခိုလှုံကြရန်ကျွန်ုပ်တို့ "စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း" မှတိုက်တွန်းနှိုးဆော်အပ်ပါသည်။
Photo- သည်းသငယ်
#အရေးတော်ပုံအောင်ရမည်
#ပြည်သူ့ရင်ခွင်ခိုလှုံကြ
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#ScStrike

လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့တွင် သပိတ်အင်အားစုများစုပေါင်း၍ လူထုသပိတ်တိုက်ပွဲပြုလုပ်
ရန်ကုန် နိုဝင်ဘာ ၂၅၊ ၂၀၂၃။
စစ်ကောင်စီမှ လုံခြုံရေး အထူးတင်းကြပ်ထားသည့် ရန်ကုန်မြို့တွင် ယနေ့နံနက် အစောပိုင်းက လူထုသပိတ်တိုက်ပွဲတရပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့်အတူ သပိတ်အင်အားစုများ ပူးပေါင်း ဖော်ဆောင်ခဲ့ကြသည်။ တိုက်ပွဲတွင်ပါဝင်သူ ကိုနန်းလင်းမှ လက်ရှိနွေဦးတော်လှန်ရေး အခြေအနေအရပ်ရပ်ကို ပြည်သူလူထုထံသို့ အကျဥ်းချုံး အစီရင်ခံဟောပြောခဲ့သည်။
ကိုနန်းလင်းမှ “လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘ တက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ပြိုကျနေပါပြီ..။ ပျက်စီးနေပါပြီ”ဟု ဟောပြောခဲ့သည်။
“တိုင်းပြည်ကို တကယ်ချစ်ရင်၊ တပ်မတော်ကို ကယ်တင်ချင်ရင် ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေ လက်အောက်ကနေ အမြန်ဆုံး ရုန်းထွက်ပြီး ကျွန်တော်တို့ ပြည်သူများနဲ့ အတူပူးပေါင်းပါ၊ ပြည်သူနဲ့ အတူရပ်တည်ပါ၊ ပြည်သူ့ရင်ခွင် ခိုဝင် ကြပါ.ဒီနည်းလမ်းနဲ့ သာ ခင်ဗျားတို့လည်း အသက်ရှင်မယ်၊ လူထုလည်း စိတ်ချမ်းသာမယ်၊ တိုင်းပြည်နဲ့ တပ်မတော်ကိုလည်း ပြန်တည်ဆောက်နိုင်ပါလိမ့်မယ်”ဟု မြန်မာ့တပ်မတော်သားများထံသို့လဲ ရည်ရွယ်၍ ဟောပြောခဲ့သည်။
အဆိုပါ လူထုသပိတ်တိုက်ပွဲတွင် ပြည်သူလူထုများမှ လက်ခုပ်တီးခြင်း၊ လက်သုံးချောင်းထောင်ခြင်း၊ ကြွေးကြော်သံများ သံပြိုင် ကြွေးကြော်ရင်း အတက်ကြွဆုံးပါဝင်ခဲ့ကြသည်။ သပိတ်အပြီးအနည်းငယ်အကြာ ထိုဈေးအတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး ပြည်သူများအား စစ်ဆေးဖမ်းဆီးနေကြောင်းလဲ သိရသည်။
#YangonStrikes
#AJAY

❐ ယနေ့ မနက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ လူထုသပိတ်တိုက်ပွဲ ရုပ်သံမှတ်တမ်း
အဘက်ဘက်သော တိုက်ပွဲ တွေမှာ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက် စစ်ကောင်စီ ဟာ မြို့ပြဒေသတွေမှာ လုံခြုံရေးတင်းကြပ်ရင်း သူတို့ရဲ့ နောက်ဆုံးခံစစ်အဖြစ် ခြေကုပ်ယူထားဖို့ ကြိုးစားနေပါတယ်။ ဒီလို လုံခြုံရေး တင်းကြပ်ထားပေမယ့် ဒီကနေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနဲ့ အခြားသော သပိတ် အင်အားစုများ စုပေါင်းပြီး လူထုတိုက်ပွဲ တစ်ခုကို ရန်ကုန်မှာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီလို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဟာ ဒီမိုကရေစီလိုလားသူ ပြည်သူအများရဲ့ ထောက်ခံအားပေးဝန်းရံမှုတွေကြောင့် ဖြစ်ပြီး၊ သပိတ်ခေါင်းဆောင် ကိုနန်းလင်းကလည်း လက်ရှိနွေဦးတော်လှန်ရေးရဲ့ အခြေအနေအရပ်ရပ်ကို ဒီကနေ့ လူထုတိုက်ပွဲမှာ ပြည်သူလူထုထံ အသိပေး ပြောကြားခဲ့ပါတယ်။
"လူထုမထောက်ခံတဲ့ စစ်တပ်ဟာ ကျဆုံးရမှာပဲဖြစ်တယ်... လူထုမထောက်ခံတဲ့ စစ်ပွဲ ဟာ အရှုံးနဲ့ ရင်ဆိုင်ရမှာပဲဖြစ်တယ်”
“လူထုရဲ့ လွတ်မြောက်ရေးတိုက်ပွဲကြီးသာ အောင်ပွဲဆင်ရမယ်”
“ပြည်သူသည်သာ အခရာ... အရာရာကိုပြောင်းလဲနိုင်တယ်”
တိုက်ပွဲမမျှော်နဲ့ တိုက်ပွဲခေါ်ကြ
လူထုအရေးတော်ပုံ မုချ အောင်ရမည်
#YangonStrike
#Nov_25
#Yangon #AntiJuntaAllianceYangon_AJAY

❤7
စမ်းချောင်းရှိ လောင်းကစားဝိုင်းများနှင့် ပြည်သူများ မပတ်သက်ရန် သတိပေးချက်ထုတ်ပြန်
❤🔥5

ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲများ ပါဝင်ပတ်သက်နေသည့် စမ်းချောင်းမြို့နယ်ရှိ လောင်းကစားဝိုင်းများတွင် ပြည်သူများ ပါဝင်ပတ်သက်ခြင်းမပြုရန် မြို့နယ်အဖွဲ့တခုဖြစ်သော စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက သတိပေးချက်ထုတ်ပြန်သည်။
စမ်းချောင်း(မြောက်) ရပ်ကွက်နှင့် မြေနီကုန်း(တောင်)ရပ်ကွက်တို့တွင် ဥပဒေမဲ့ လောင်းကစားဝိုင်းများရှိကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအနေဖြင့်သိရှိထားသဖြင့် သတိပေးခြင်းဖြစ်ကြောင်း သိရသည်။
“လောင်းကစားဝိုင်းများကို ပေါ်ပေါ်တင်တင်လုပ်လာကြပါတယ်။ ဒီလောင်းကစားဝိုင်းတွေမှာ စစ်တပ်အပေါင်းအပါလူတစု ၊ ခိုးဆိုးလုနိုက်ကောင်တွေလည်း လာဆော့နေကြတယ် ။ စစ်ခွေး ၊ ရဲခွေး တွေက လာဘ်ယူထားတော့ ဖမ်းဆီးတာမရှိဘဲ လောင်းကစားဝိုင်းတွေကို လွှတ်ပေးထားတယ် ။ ဒီတော့ စမ်းချောင်းမှာ ခိုးဆိုးလုနိုက်မှုတွေ ပိုဖြစ်လာသလို လောင်းကစားအတွက် ပိုက်ဆံရအောင် စစ်ခွေး၊ ရဲခွေးနဲ့ပေါင်းပြီး ပြည်သူကို လက်ထောက်ချ ဖမ်းဆီးငွေညစ်မှုတွေပါရှိပါတယ် ၊ ဒါအပြင်စစ်တပ်ကို သတင်ပေးတဲ့နေရာဖြစ်တယ် ” ဟု စမ်းချောင်းပင်သပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ကိုပီတာကြီးက မဇ္ဈိမကိုပြောသည်။
စမ်းချောင်းမြို့နယ်ရှိ မြို့နယ်မှူးဆိုသူမှာလည်း အဆိုပါ လောင်းကစားကိစ္စများတွင် နောက်ကွယ်မှ ကိုယ်တိုင်ကိုယ်ကျပါဝင်ပတ်သက်နေကာ စမ်းချောင်းရဲစခန်းသည်လည်း လောင်းကစား၊ မူးယစ်ဆေးဝါး၊ ခိုးဆိုးလုနှိုက် စသည်တို့ကို လာဘ်ယူကာ တရားဥပဒေမဲ့ လုပ်ရပ်များကို မျက်ကွယ်ပြုရုံမက ပူးပေါင်းပါဝင်ပြီး ကူညီဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်တပ်နှင့်ပတ်သက်နေသော လောင်းကစားဝိုင်းများကို လုံးဝ သွားရောက်ဆော့ကစားခြင်းမပြုဘဲ မိသားစုဘဝများနှင့် အသက်အန္တရာယ်ကိုကာကွယ်ရန် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ထုတ်ပြန်သည်။
#Mizzima

❤🔥7
❝ စာသင်ကျောင်းများသည်စစ်ပုလ္လင်အတွက် ယစ်ပူဇော်ခံမဟုတ် ❞
ယနေ့ ၁၃.၂.၂၀၂၄ တွင်ရန်ကုန်မြို့ရှိ စာသင်ကျောင်းများ၊Busကားများပေါ်နှင့် နေရာအနှံ့အပြားတွင် ❝ စာသင်ကျောင်းများသည်စစ်ပုလ္လင်အတွက် ယစ်ပူဇော်ခံမဟုတ် ❞ ၊ ❝ ငါတို့ကလေးတွေကို စစ်လေယာဉ်တွေသုံးပြီးသ-တ်နေတယ် ခင်ဗျားတို့ရပ်ကြည့်နေမှာလား ❞ စသည့်ရုပ်ပုံများကိုင်ဆောင်ကာ လှုံ့ဆော်မှုပြုလုပ်ခြင်း၊စစ်အာဏာရှင် ဆန့်ကျင်ရေး Stickerများကပ်ခြင်းတို့ကို မိမိတို့ ❝ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)❞ မှ ပြုလုပ်ခဲ့ပါသည်။
ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် နှင့် ပဲခူးတိုင်း၊ထန်းတပင်မြို့နယ်၊ဇရပ်ကြီးမြို့တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်း၊လက်နက်ကြီးများဖြင့် စာသင်ကျောင်းများနှင့်လူနေအိမ်များအနီးဝန်းကျင် ကို ပစ်ခတ်တိုက်ခတ်မှုကြောင့် ကလေးသူငယ်များအပါဝင် အပြစ်မဲ့အရပ်သားပြည်သူများ သေ-ကြေပျက်စီးခဲ့ရပါသည်။နိုင်ငံ၏နေရာအနှံ့အပြား၌ စစ်ကောင်စီတပ်၏ အပြစ်မဲ့အရပ်သားပြည်သူများနှင့် ကလေးသူငယ်များ၊စာသင်ကျောင်းများ၊ကျေးရွာများ၊လူနေအိမ်များအား ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်မှုများအားပြုလုပ်ကာ လူသားမျိုးနွယ်စုအပေါ်စ-စ်ရာဇဝတ်မှုများကျူးလွန်လျှက်ရှိပါသည်။
ပြည်သူလူထုကြီးအနေဖြင့် မိမိတို့၏ သားချင်းညီအစ်ကိုမောင်နှများ၊ကလေးသူငယ်များအား စစ်လေယာဉ်များအသုံးပြုကာ ပစ်ခတ်သတ်ဖြတ်နေမှုကို ဝမ်းနည်းပူဆွေးနေရုံမျှ၊နာကျ-ည်းနေရုံမျှဖြင့် ရပ်တန့်မနေသင့်ပဲ ဝမ်းနည်းပူဆွေးနာကျ-ည်း မှုများအား တော်လှန်ရေးခွန်အားအဖြစ်အရှိန်ယူပြီး မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်အား ရရာနည်းလမ်းပေါင်းစုံဖြင့် အမြစ်ဖြတ်တော်လှန်ကြပါရန် မိမိတို့ ❝ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike) “မှ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။
#အရေးတော်ပုံအောင်ရမည်
#ဝမ်းနည်းပူးဆွေးမှုတွေကိုတော်လှန်ရေးခွန်အားအဖြစ်အရှိန်မြှင့်ကြ