စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
418 subscribers
283 photos
25 videos
18 links
ပြည်သူနှင့်အတူအမြဲရှိနေမည်
Download Telegram
❝ ရန်ကုန်မြို့လယ် စျေးတစ်ခုတွင် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ် စျေးသွားစျေးလာပြည်သူများပူးပေါင်း ❞

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်။

ရန်ကုန်မြို့လယ်ရှိ စျေးတစ်ခုတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ပြီး လုံးဝ(လုံးဝ)အုပ်ချုပ်ခွင့်မရစေရေး တော်လှန်လှုပ်ရှားမှုတစ်ရပ်ကို

"စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (Sc Strike)"

မှ လူစည်းကားရာနေရာတစ်ခု၌ ပြည်သူအများကြားတွင်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ပြည်သူများအားလှုံ့ဆော်မှု ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်သောသီချင်းများအား Bluetooth speaker ဖြင့်ဖွင့်ခဲ့ပြီး ပြည်သူလူထုမှပူးပေါင်းပါဝင်ခြင်းနှင့် အားပေးထောက်ခံမှုများကို အားတက်ဖွယ် တွေ့မြင်ခဲ့ရပါသည်။
ပြည်သူ့အရေးတော်ပုံ မုချ အောင်ရမည်။


#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#peoplepower2023
#ScStrike
#အကြမ်းဖက်စကစ_လုံးဝအုပ်ချုပ်ခွင့်မရစေရ
Media is too big
VIEW IN TELEGRAM
#ဖက်ဆစ်၀င်ငွေဖြတ်တောက်_ပြည်သူ့ဘဏ္ဍာတည်ဆောက်



#ဘဏ္ဍာရေးစစ်မျက်နှာ


#BoycottCampaign
#AJAY
👍1
မြန်မာဘီယာစက်ရုံကို Urban Special Operation(U.S.O)မှ ရှော့တိုက်ဒုံးနှစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ အကြ-မ်းဖက်စစ်တပ်ပိုင် မြန်မာဘီယာ‌စက်ရုံကို Urban Special Operation(U.S.O)မှ (၁၀၇) မမရှော့တိုက်ဒုံး နှစ်လုံးဖြင့် အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ရှော့တိုက်ဒုံးနှစ်လုံးစလုံး မြန်မာဘီယာစက်ရုံဝင်းအတွင်းသို့ ကျရောက်ခဲ့ပြီး အထိအခိုက်အကျအဆုံးရှိနိုင်ကြောင်းနှင့် လူနာတင်ယာဉ် နှစ်စီး အဆိုပါစက်ရုံအတွင်းဝင်သွားကြောင်းသိရသည်။

#စမ်ချောင်းပင်မသပိတ်စစ်ကြောင်း
#ScStrike
👍4
"စမ်း​ချောင်းပင်မ သပိတ်စစ်​ကြောင်း" မှ

ရန်ကုန်မြို့တွင် "လိုင်ဇာ_မုန်လိုင်ခက်" ဖြစ်စဥ်အတွက် အကြမ်းဖက်စစ်တပ်အား ဆန့်ကျင်ရှုတ်ချ​​ကြောင်း နှင့် အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ရန် ပြည်သူများအား လှုံ့​ဆော်​သော လှုပ်ရှားမှုပြုလုပ်ခဲ့ပါသည်။

​အောက်တိုဘာလ ၉ရက်​နေ့ ည ၁၁ နာရီ​ကျော်ဝန်းကျင်တွင် စစ်​ကောင်စီတပ်ရဲ့ ​လေ​ကြောင်းမှ စစ်​လေယာဥ် ၃စီး ဖြင့် သက်ကြီးရွယ်အိုများ၊အမျိုးသမီးများ၊က​လေးသူငယ်များ အများဆုံးရှိ​သော ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်လိုင်ခက် စစ်​ဘေး​ရှောင်စခန်း အ​ပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူများ ​သေ​ကြေပျက်စီးခဲ့ရပါသည်။
ထိုဖြစ်စဥ်အ​​ပေါ် မိမိ တို့ "စမ်း​ချောင်းပင်မသပိတ်စစ်​​ကြောင်း"မှာလည်း ပြည်သူလူထုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်း​ကြေကွဲခဲ့ရပါသည်။

ပြည်သူလူထုအ​ပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်​နေ​သည့် စစ်​ကောင်စီကို အမြန်ဆုံးအမြစ်ဖြတ်ရန်မှာ လူထု၏ အားအင်ကို အင်မတန်လိုအပ်ပါသည်။သို့ဖြစ်ပါ၍
ခက်ခဲကြပ်တည်းနေသည့်ကြားမှပင် ရရာ​နေရာမှဆက်လက်ပါဝင်ပြီး နိုင်သည့်ဝန်ကိုထမ်းရင်း "အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ပြည်သူ့အားနဲ့အမြစ်ဖြတ်ရန်" ကျွန်ုပ်တို့ စမ်း​ချောင်းပင်မ သပိတ်​စစ်​ကြောင်း" မှတိုက်တွန်းလိုပါသည်။

"က​လေးပါမကျန် ္ တ်တဲ့အကြမ်းဖက်စစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်"

အ​​ရေး​တော်ပုံ မုချ​အောင်မြင်ရမည်။

#လိုင်ဇာ_မုန်လိုင်ခက်
#​သွေး​ကြွေးမှာ​ဆွေး​နွေးစရာမရှိ
#PeoplePower
#ScStrike
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
👍6
❐ လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့လယ်တွင် ပြည်သူ့တော်လှန်ရေးအလံတော်လွှင့်ထူပြီး စစ်ကောင်စီတပ်သားများ အလင်းဝင်ရန် သတိပေးပိုစတာချိတ်ဆွဲ။

အောက်တိုဘာ ၁၉၊ ၂၀၂၃။

လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့လယ်တွင် ပြည်သူ့တော်လှန်ရေးအလံတော်လွှင့်ထူပြီး စစ်ကောင်စီတပ်သားများ အလင်းဝင်ရန် သတိပေးပိုစတာချိတ်ဆွဲခြင်းကို ရန်ကုန်မြို့တော်လှန်ရေးအင်အားစုများ စုပေါင်း၍ ​ဆောင်ရွက်ခဲ့သည်။
4
“တပ်မတော်သားများ
လက်နက်ချပါ ပြည်သူထံ အလင်းဝင်ပါ”

ပြည်သူလူထုတစ်ရပ်လုံးက လှည်းနေလှေအောင်းမြင်းဇောင်း မကျန် ခုခံတော်လှန်လျှက်ရှိပြီး
ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးမှ အစပြု၍ မြန်မာနိုင်ငံ အနှံ့အပြား၌ တော်လှန်ရေးအင်အားစုများမှစစ်ဆင်ရေးပေါင်းများစွာ ဆင်နွှဲကာ အာဏာရှင် အုတ်တံတိုင်းကို ဖြိုချတိုက်ဖျက် နေသည့်အချိန်ကာလဖြစ်ပါသည်။

တပ်မတော်သည် စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများအတွက် ဂုဏ်သိက္ခာ ကျဆင်းနေပြီး လက်အောက်ခံ တပ်မတော်သားများ၏ အသက်၊သွေး၊ချွေး များပေးဆပ်နေရသော အသုံးချခံ ခါးပိုက်ဆောင်တပ် တစ်ခုအဖြစ် ရောက်ရှိနေပြီဖြစ်ပါသည်။ထိုကဲ့သို့ အာဏာရှင်တို့၏ အသုံးချခံ ခါးပိုက်ဆောင်တပ် ဖြစ်နေသည့် အတွက် အသက်၊သွေး၊ချွေးများစွာ ပေးဆပ်နေရသော တပ်မှူး၊တပ်သား များအားလုံးသည်ပင်လျှင် ယနေ့အချိန်တွင်ပြည်သူလူထု တစ်ရပ်လုံး၏ အမုန်းတရားများကိုသာ ရရှိခံစားနေကြရပြီဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စစ်အာဏာရှင် မင်းအောင်လှိုင်၏ လက်အောက်တွင် အကြောင်းအမျိူးမျိုး၊အခြေအနေအမျိုးမျိုးကြောင့် ကျန်ရှိနေသေးသော တပ်မတော်သားများအနေဖြင့် မိမိတို့၏ အသက်ဆုံးရှုံးနိုင်မှု အန္တရာယ်နှင့် မိမိတို့ကို မှီခိုနေထိုင်ရသော မိသားစုများအတွက် ရှေးရှုပြီး နီးစပ်ရာတော်လှန်ရေး အင်အားစုများနှင့် ဆက်သွယ်၍ ပြည်သူလူထု၏ ရင်ခွင်သို့ အချိန်မှီ အမြန်ဆုံး ခိုလှုံကြရန်ကျွန်ုပ်တို့ "စမ်း​ချောင်းပင်မ သပိတ်စစ်​ကြောင်း" မှတိုက်တွန်းနှိုး​ဆော်အပ်ပါသည်။

Photo- သည်းသငယ်

#အ​ရေး​တော်ပုံ​အောင်ရမည်
#ပြည်သူ့ရင်ခွင်ခိုလှုံကြ
#စမ်း​ချောင်းပင်မသပိတ်စစ်​ကြောင်း
#ScStrike
4
လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့တွင် သပိတ်အင်အားစုများစုပေါင်း၍ လူထုသပိတ်တိုက်ပွဲပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၂၅၊ ၂၀၂၃။

စစ်ကောင်စီမှ လုံခြုံရေး အထူးတင်းကြပ်ထားသည့် ရန်ကုန်မြို့တွင် ယနေ့နံနက် အစောပိုင်းက လူထုသပိတ်တိုက်ပွဲတရပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့်အတူ သပိတ်အင်အားစုများ ပူးပေါင်း ဖော်ဆောင်ခဲ့ကြသည်။ တိုက်ပွဲတွင်ပါဝင်သူ ကိုနန်းလင်းမှ လက်ရှိနွေဦးတော်လှန်ရေး အခြေအနေအရပ်ရပ်ကို ပြည်သူလူထုထံသို့ အကျဥ်းချုံး အစီရင်ခံဟောပြောခဲ့သည်။

ကိုနန်းလင်းမှ “လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘ တက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ပြိုကျနေပါပြီ..။ ပျက်စီးနေပါပြီ”ဟု ဟောပြောခဲ့သည်။
“တိုင်းပြည်ကို တကယ်ချစ်ရင်၊ တပ်မတော်ကို ကယ်တင်ချင်ရင် ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေ လက်အောက်ကနေ အမြန်ဆုံး ရုန်းထွက်ပြီး ကျွန်တော်တို့ ပြည်သူများနဲ့ အတူပူးပေါင်းပါ၊ ပြည်သူနဲ့ အတူရပ်တည်ပါ၊ ပြည်သူ့ရင်ခွင် ခိုဝင် ကြပါ.ဒီနည်းလမ်းနဲ့ သာ ခင်ဗျားတို့လည်း အသက်ရှင်မယ်၊ လူထုလည်း စိတ်ချမ်းသာမယ်၊ တိုင်းပြည်နဲ့ တပ်မတော်ကိုလည်း ပြန်တည်ဆောက်နိုင်ပါလိမ့်မယ်”ဟု မြန်မာ့တပ်မတော်သားများထံသို့လဲ ရည်ရွယ်၍ ဟောပြောခဲ့သည်။

အဆိုပါ လူထုသပိတ်တိုက်ပွဲတွင် ပြည်သူလူထုများမှ လက်ခုပ်တီးခြင်း၊ လက်သုံးချောင်းထောင်ခြင်း၊ ကြွေးကြော်သံများ သံပြိုင် ကြွေးကြော်ရင်း အတက်ကြွဆုံးပါဝင်ခဲ့ကြသည်။ သပိတ်အပြီးအနည်းငယ်အကြာ ထိုဈေးအတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး ပြည်သူများအား စစ်ဆေးဖမ်းဆီးနေကြောင်းလဲ သိရသည်။

#YangonStrikes
#AJAY