Run Free Education
11.5K subscribers
138 photos
2 videos
47 links
Information Center of RFEdu
Download Telegram
RF Edu Batch 2026

B52 March 1 (1:30AM)
B53 April 10 (1:00AM) <
B54 June 1 (1:30AM)
B55 July 1 (1:30AM)
B56 August 1 (1:30AM)
B57 September 18 (0:00AM)
B58 Nov 1 (1:30AM)
B59 Jan 1 (1:00AM)

သက်ဆိုင်ရာ Students Affairs Group ၌ အတန်း Link ချပေး သွားပါမည်။

Volunteer ဆရာဆရာမ တွေ လိုအပ်နေသေးတာမို့ FB Page မှာ Share ပေးခြင်းဖြင့်ကူညီပါ

သင်ကိုယ်တိုင်လည်း တတ်ကျွမ်းရာ ပညာတခုခု သင်ပေးနိုင်ပါသည်။

Sub Our Run Free Channel
➡️ Run Free Channel

#RunFreeEducation
70😢1
Hello Hello! ဒီတစ်ခေါက်မှတော့ အားလုံးအတွက် အရေးပါပြီး အခြေခံသဘောတရားတွေကို နားလည်ထားသင့်တဲ့ RFE က Department လေးတစ်ခုနဲ့ မိန်ဆက်ပေးချင်ပါတယ်။

Law Department ⚖️📚


Law Department ဆိုတာက ဥပဒေနဲ့ တရားမျှတမှုကို စိတ်ဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် အလွန်သင့်တော်တဲ့ department တစ်ခု ဖြစ်ပါတယ်။

ဒီ department မှာတော့ ဥပဒေရဲ့ အခြေခံအယူအဆတွေ၊ လူ့အဖွဲ့အစည်းထဲမှာ ဥပဒေ ဘာကြောင့် အရေးကြီးသလဲဆိုတာတွေကို လေ့လာသင်ယူနိုင်ပါတယ်။

📍Law ကို လေ့လာရင်း ကျောင်းသားတွေက လူတိုင်းရဲ့ အခွင့်အရေးနဲ့ တာဝန်တွေ ကို နားလည်လာပြီး တရားမျှတမှုဆိုတာ ဘယ်လောက်အရေးကြီးလဲဆိုတာကို သိလာနိုင်ပါတယ်။🤗

အဲဒီအပြင် law ကို လေ့လာတဲ့အခါ logical thinking၊ analysis skill နဲ့ problem-solving ability တွေပါ တိုးတက်လာစေပါတယ်။
ဒီ department မှာတော့ theory သာမက discussion, case study နဲ့ debate လို activity တွေကနေတစ်ဆင့်လည်း လေ့လာနိုင်ပါတယ်။ ဒါကြောင့် ကျောင်းသားတွေက ကိုယ့်အမြင်ကို ယုံကြည်မှုရှိရှိ ပြောနိုင်လာပြီး ဥပဒေကို ပိုပြီး နားလည်သဘောပေါက်လာစေပါတယ်။

RFE ရဲ့ Law Department မှာဆိုရင်

📄Basic Concept for Contract (ပဋိညာဥ်၏ အခြေခံသဘောတရားကို လေ့လာခြင်း) - ပဋိညာဥ်ဆိုတာ ဘာလဲ၊ ဘယ်လိုအခြေအနေတွေမှာ ပဋိညာဥ် ဖြစ်လာနိုင်သလဲဆိုတာကို အခြေခံအနေနဲ့ လေ့လာနိုင်ပါတယ်။

🤝Community Based Dispute Resolution Training – လူမှုအသိုင်းအဝိုင်းအတွင်း ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို လေ့လာနိုင်ပါတယ်။

📌Gender Based Violence (ဂျန်ဒါအခြေပြု အကြမ်းဖက်မှု) – gender equality နဲ့ လူတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးတွေကို နားလည်လာစေပြီး အကြမ်းဖက်မှုများအကြောင်းကို သိရှိစေပါတယ်။

RFE ရဲ့ Law Department မှာ သင်ယူခြင်းအားဖြင့် ကျောင်းသားတွေဟာ အနာဂတ်မှာ lawyer, legal advisor, judge စတဲ့ career မျိုးတွေကို ဆက်လက် လေ့လာသွားနိုင်မယ့် အခြေခံကောင်းတွေကို တည်ဆောက်နိုင်စေအောင် လမ်းပြပေးသွားမယ့် လမ်းစလေးတစ်ခုပဲဖြစ်ပါတယ်။

⚖️ Law Department ကတော့ ဥပဒေကို နားလည်ပြီး တရားမျှတမှုကို တန်ဖိုးထားတဲ့ လူငယ်တွေကို ဖန်တီးပေးဖို့ ရည်ရွယ်ထားတဲ့ department တစ်ခု ဖြစ်ပါတယ်။ 📚

ဒီလောက်ဆိုရင်တော့ RFE ကဖွင့်လှစ်တဲ့ Law Department အကြောင်းလေးကို သေချာသိရှိသွားကြမယ်လို့မျှော်လင့်ပါတယ်။

ဒါ့အပြင်ကိုယ်က ဥပဒေပိုင်းဆိုင်ရာ အတတ်ပညာတစ်ခုခုကို တတ်ကျွမ်းပြီး အများကောင်းကျိုးအတွက် ပညာတွေကိုမျှဝေပေးချင်တယ်ဆိုရင်တော့ RFE ကနွေးထွေးစွာ ဖိတ်ခေါ်ကြိုဆိုပါရစေရှင်။

စေတနာအပြည့်အဝနဲ့ကူညီပေးနေတဲ့ volunteer လေးတွေနဲ့ အတွေ့အကြုံမရှိပေမဲ့ စိတ်အားထက်သန်ပြီး ကြိုးစားလိုစိတ်ရှိတဲ့ လူငယ်တွေကို နွေးထွေးစွာ လက်ကမ်းကြိုဆိုလျက်ရှိပါတယ်။ ဒါ့အပြင် volunteer လုပ်နေတဲ့အချိန်လေးအတွင်းမှာ မိမိရဲ့ soft skill တွေကိုလည်းမြှင့်တင်ရင်း communication skill ကိုလည်း သိသိသာသာတိုးတက်သွားစေမှာ ဧကန်မုချပါပဲ။

ကိုယ်က နိုင်ငံခြားမှာ ပညာသွားသင်ဖို့ ရည်ရွယ်ထားတယ်၊ Scholarship လျှောက်ဖို့အတွက်လည်း ကြိုးစားနေတဲ့သူဆိုရင် Run free ကထုတ်ပေးတဲ့ Recommendation letter တွေက သင့်အတွက် အင်မတန် အကျိုးပြုစေမှာပါ။

Run Free ရဲ့ information တွေကိုFacebook နဲ့ Telegram channel တွေမှာ နေ့စဥ် တင်ဆက်ပေးလျက်ရှိပါတယ်။

Run Free Education နဲ့အတူ အနာဂတ်အတွက် ပညာ အလင်းရောင်လေး ကို အတောက်ပဆုံးထွန်းလင်းလိုက်ပါ။

#RunFreeEducation #RunFreeEdu #organization
#Law_Department
#Law
#knowledgesharing
58👍2
Run Free Education pinned «RF Edu Batch 2026 B52 March 1 (1:30AM) B53 April 10 (1:00AM) < B54 June 1 (1:30AM) B55 July 1 (1:30AM) B56 August 1 (1:30AM) B57 September 18 (0:00AM) B58 Nov 1 (1:30AM) B59 Jan 1 (1:00AM) သက်ဆိုင်ရာ Students Affairs Group ၌ အတန်း Link ချပေး သွားပါမည်။ …»
3
Hello Hello! ဒီနေ့မှာလည်း အားလုံးကို RFE ရဲ့ National Language Department နဲ့ မိတ်ဆက်ပေးချင်လို့ အပြေးလေးလှမ်းလာခဲ့တာပါ 🤗

National Language Department 📝🌏

RFE ရဲ့ National Language Department ကတော့ မြန်မာတိုင်းရင်းသား ဘာသာစကားတွေကို သိရှိစေပြီး၊ အသုံးချနိုင်စွမ်းကို တိုးတက်စေတဲ့ department တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားသွေးချင်းညီအကိုတွေရဲ့ ဘာသာစကားတွေကို RFE မှာ 100% ပညာဒါနသင်ယူနိုင်ပါပြီ။🤗

💡ဒါဆို ဘာတွေလေ့လာနိုင်မလဲ

Language Skills 🗣️

ကျောင်းသားတွေကို ဘာသာစကား အသုံးချနိုင်စွမ်း မြှင့်တင်ပေးပြီး၊ reading, writing, speaking, listening အားလုံးကို ဖွံ့ဖြိုးတိုးတက်လာစေပါတယ်။

Cultural Knowledge 🎎

မြန်မာတိုင်းရင်းသား ယဉ်ကျေးမှုနဲ့ သမိုင်းအချက်အလက်တွေကို လေ့လာသိရှိနိုင်ပြီး၊ ဘာသာစကားနဲ့ယဉ်ကျေးမှုတွေကိုချိတ်ဆက်နိုင်ပါတယ်။

Creative Expression ✍️🎨

မိမိစိတ်ဝင်စားရာဘာသာရပ်နဲ့ကိုယ်ပိုင် စာပေ၊ ပုံပြင်၊ သီချင်း၊ ကဗျာစတဲ့ ဖန်တီးမှုတွေကို ဖော်ထုတ် သီကျူးနိုင်ပါတယ်။

National Language Department မှာ လေ့လာတဲ့ ကျောင်းသားတွေအနေနဲ့ဘာသာစကားအပြင် ယဉ်ကျေးမှုတွေကိုပါ ပိုမိုနားလည်လာပြီး ကိုယ်ပိုင်ဖန်တီးမှုတွေကို ထုတ်ဖော်နိုင်လာကြပါတယ်။

📚 သင်ကြားရေး workshops, language games, cultural events တွေမှာပါဝင်စေပြီး teamwork နဲ့ confidence တိုးတက်စေပါတယ်။ Run Free Education ရဲ့ National Language Department ဟာ ဆိုရင် အနာဂတ်အတွက် ဘာသာစကားအရည်အချင်းနဲ့ ယဉ်ကျေးမှုကို သိရှိစေနိုင်မယ့် အလင်းရောင်လို နေရာတစ်ခု ဖြစ်ပါတယ်။ 📝

ဒါ့အပြင်ကိုယ်က တိုင်းရင်းသား ဘာသာစကား တစ်ခုခုကို တတ်ကျွမ်းပြီး အများကောင်းကျိုးအတွက် ပညာတွေကိုမျှဝေပေးချင်တယ်ဆိုရင်တော့ RFE ကနွေးထွေးစွာ ဖိတ်ခေါ်ကြိုဆိုပါရစေရှင်။

စေတနာအပြည့်အဝနဲ့ကူညီပေးနေတဲ့ volunteer လေးတွေနဲ့ အတွေ့အကြုံမရှိပေမဲ့ စိတ်အားထက်သန်ပြီး ကြိုးစားလိုစိတ်ရှိတဲ့ လူငယ်တွေကို နွေးထွေးစွာ လက်ကမ်းကြိုဆိုလျက်ရှိပါတယ်။ ဒါ့အပြင် volunteer လုပ်နေတဲ့အချိန်လေးအတွင်းမှာ မိမိရဲ့ soft skill တွေကိုလည်းမြှင့်တင်ရင်း communication skill ကိုလည်း သိသိသာသာတိုးတက်သွားစေမှာ ဧကန်မုချပါပဲ။

ကိုယ်က နိုင်ငံခြားမှာ ပညာသွားသင်ဖို့ ရည်ရွယ်ထားတယ်၊ Scholarship လျှောက်ဖို့အတွက်လည်း ကြိုးစားနေတဲ့သူဆိုရင် Run free ကထုတ်ပေးတဲ့ Recommendation letter တွေက သင့်အတွက် အင်မတန် အကျိုးပြုစေမှာပါ။

Run Free ရဲ့ information တွေကိုFacebook နဲ့ Telegram channel တွေမှာ နေ့စဥ် တင်ဆက်ပေးလျက်ရှိပါတယ်။

Run Free Education နဲ့အတူ အနာဂတ်အတွက် ပညာ အလင်းရောင်လေး ကို အတောက်ပဆုံးထွန်းလင်းလိုက်ပါ။

#RunFreeEducation #RunFreeEdu #organization
#NationalLanguage #RFE #Language_Department #KnowledgeSharing
47👏2
6
Run Free Education New Batch‼️

Hello Hello ဒီနေ့မှာတော့ အားလုံးရင်ခုန်စွာ စောင့်မျှော်နေတဲ့ RFE ရဲ့ နောက်ဖွင့်မယ့် Batch အသစ်အကြောင်းလေးကို သတင်းကောင်းလေး ပါးချင်ပါတယ်။🎉

မြန်မာတို့ရဲ့ အတာသင်္ကြန် နှစ်သစ်ကူး အခါသမယ လတန်ခူးမှာ အသစ်ဖွင့်လှစ်မယ့် RFE ရဲ့ New Batch လေးပဲ ဖြစ်ပါတယ်။ RFEရဲ့ new batch လေးဖြစ်တဲ့ Batch 53 ကိုတော့ April လ 10 ရက်နေ့ (1:00AM) မှာ စတင်ဖွင့်လှစ်သွားမှာပဲ ဖြစ်ပါတယ်။ ဆိုတော့ class အသစ်တွေ တက်ရင်း ကိုယ့်ရဲ့ skill တွေကို မြှင့်တင်ဖို့ ကြိုတင်ပြင်ဆင်ထားလိုက်တော့နော်။🤗

Run Free Education ?
---------------------------
Run Free Education ဆိုတာ မြန်မာနိုင်ငံမှာ ဘာသာရပ်များစွာကို မေတ္တာဖြင့် သင်ကြားပေးတဲ့ သင်တန်းကျောင်း တခုဖြစ်ပါတယ်။ Run Free Group မှ ဖွဲ့စည်းထားတဲ့ 5 ခုမြှောက် အဖွဲအစည်းတစ်ခုလည်း ဖြစ်ပါတယ်။
Run Free Education ရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ချက်ဖြစ်တဲ့ မြန်မာပြည်တဝှမ်းရှိ ကျောင်းသားလူငယ်များ ပြည်သူများ အခမဲ့ ပညာသင်ကြားနိုင်ရေးဖွင့်လှစ်ပေးထားသော အလုပ်အကိုင် လွယ်ကူစေရေးအတွက်ရည်ရွယ်၍ Free Education တစ်ခုဖြစ်ပါတယ်။

လက်ရှိသင်ကြားပြသပေးနေသော ဆရာ ဆရာမ ပေါင်း 6000 အထိရှိနေပြီဖြစ်ပြီး သင်ယူခဲ့သော ကျောင်းသားပေါင်း 200,000 ကျော် ရှိနေပါပြီ။ မိမိတို့ တက်စွမ်းနိုင်သမျှ တပ်တအားဖြင့် ပါဝင်လိုပါက Page မှာ Volunteer လျောက်ထားလို့ရတဲ့ Status လေးတွေရှိပါတယ်။

Run Free ရဲ့ information တွေကိုFacebook နဲ့ Telegram channel တွေမှာ နေ့စဥ် တင်ဆက်ပေးလျက်ရှိပါတယ်။

Run Free Education နဲ့အတူ အနာဂတ်အတွက် ပညာ အလင်းရောင်လေး ကို အတောက်ပဆုံးထွန်းလင်းလိုက်ပါ။

#RunFreeEdu
#organization
#RunFreeGroup
#April
#New_Batch
78
Founder’s Dream နှင့် GSE အခြေအနေ

ခု 2026 နှစ်ထဲမှာပဲ GSE Class တွေ ထပ်မဖွင့်တော့ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်
ဘာလို့ ပိတ်လိုက်သလဲ

No.1 Batch 8 မှာ တက်ရောက်သူ နည်းပါးခြင်း
No.2 RFEdu မှသင်ကြားပေးလိုက်သော်လည်း စာမေးပွဲဖြေဆိုရန်နေရာမရှိခြင်း (အတန်းမတင်ပေးနိုင်ခြင်း)
No.3 ယခုအချိန် GSE အတန်းထပ်ဖွင့်ရင်လည်း လာရောက်တက်ရောက်သူ နည်းပါးမည့်အပြင် တက်ရောက်သူတွေကလည်း အစိုးရကျောင်း တက်ရောက်နေသူတွေ ဖြစ်ဖို့ 60/70% ပါ
No.4 အနေနဲ့ မိဘတွေကို False Hope မပေးချင်တော့ပါ

ဒါကြောင့် ပိတ်ချလိုက်ပါတယ်

ဒါမဲ့ …

ကျွန်တော့်ရဲ့ မိသားစုထဲတွင် IGCSE တက်ပြီး နိုင်ငံခြား Scholarship လျောက်ရန် ကြိုးစားနေသူ ရှိနေပြီး

ကျွန်တော့်ပါတ်ဝန်းကျင်(ဆွေမျိုးထဲတွင်)မှာ ကလေးငယ်အချို့သည် Private ကျောင်းတက်လျက် G12 ရောက်သူမှာ ဂုဏ်ထူးများများထွက်စေရန် Special Guide များဖြင့်ပါ ထပ်ဆင့်သင်ယူစေပါတယ်။

ငွေကြေးပြည့်စုံသော ကလေးငယ်များသည် ကိုယ်ပိုင်ကျောင်းများတက်၍ G12 // IGCSE ဖြေဆိုနေကြတာကို ဝမ်းမြှောက်စရာ မြင်တွေ့နေရပြီး

တဖက်မှာတော့

ငွေကြေးမတတ်နိုင်သော ကလေးပေါင်း သိန်းနဲ့ချီသည် နီးစပ်ရာ အစိုးရကျောင်းများတက်ရောက်နေကြရတာကို ဝမ်းနည်းစွာ မြင်တွေ့နေရပါတယ်။


အစိုးရကျောင်းတက်ရောက်သူများကို 2022/2023/2024 ကာလအတွင်း RFedu မှာ ကျောင်းတက်ရောက်ခွင့်မပြုခဲ့ပါဘူး။

ဒါမဲ့ 2026 ဆိုသည်မှာ ၅ နှစ်ရှိပါပြီ

နိုင်ငံရဲ့ပညာရေးကို တာဝန်ရှိသူတွေက ကောင်းစွာမစီမံခဲ့သည့်အတွက် လူထုက တခြားနည်းလမ်းကိုရွေးချယ်ခဲ့ကြရတယ်လို့ပဲ ယူဆပါတယ်။

၅ နှစ်ကျော်ကာလအတွင်း ကလေးတွေ မိဘတွေအနေနဲ့ တောင့်ခံသင့်သလောက် တောင့်ခံခဲ့ပြီလို့ ယူဆပါတယ်…။

Private ကျောင်းတက်သူတွေ IGCSE တက်သူတွေကတော့ social punishment လုပ်ခံရခြင်းမှ လွတ်မြှောက်နေပြီး

မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါး ငွေကြေးမတတ်နိုင်သည့် ပြည်သူလူထုရဲ့ ကလေးမှာ Private ကျောင်းတက်ဖို့ဝေး အစိုးရကျောင်းတောင် အနိုင်နိုင် တက်ရောက်နေကြရပါတယ်

ထို ကလေးငယ်များသည် အစိုးရကျောင်းတက်သဖြင့် Social Punishment လုပ်ခံနေရသည်ကို မြင်ရသည်မှာ စိတ်မချမ်းသာပါ

RFe ၏ Vision သည် ငွေကြေးမတတ်နိုင်သော ကလေးသူငယ်များနှင့် မိဘပြည်သူတွေကို ကူညီရန်ဖြစ်ပါသည်။

ရေနစ်သူကို ဝါးကူးထိုးခံရသည့် အခြေအနေမျိုးတော့ မလုပ်ချင်ပါ

မကြာမှီ GSE Special Class (G12) အတွက် ညနေ 5-10PM အတွင်း သီးသန့် သင်ကြားပေးမည့် အတန်းများ ဖွင့်လှစ်ပေးနိုင်ရန် ကြိုးစားပေးသွားပါမည်။

G12 Class ဖွင့်ပေးလိုက်လို့ စိတ်ဆိုးချင် တဲ့သူတွေလည်း ရှိပါလိမ့်မယ်။ ပြည်သူလူထု ကို ကူညီဖို့က အဓိက မလား …။

#Founder
#RunFreeEdu
#RunFreeGroup
165😢16👍2🥰2🔥1🎉1
April 10 2020

RFedu ရဲ့မူလ အစ RFesports မှာ Team Member တွေ Game ပဲ ဆော့မနေစေပဲ လူမှုရေး စီးပွါးရေး ဝါသနာတွေ တိုးတက်လာစေဖို့အတွက် Esports ထဲက လူအချင်းချင်း မိမိတတ်မြောက် ကျွမ်းကျင်တာတွေ သင်စေပါတယ်။

Founder or Leader ဖြစ်သူ ကိုယ်တိုင်ကလည်း မိမိကျွမ်းကျင်ရာ Business Development ပိုင်းကို သင်ကြားပေးရ
ကနေ RF Edu ကို 10 April 2020 မှာ အစပြုခဲ့ပါတယ်။

နိုင်ငံရေးအခြေအနေဆိုးလာတဲ့ 2021 April မှာ ပြည်သူလူထု လမ်းပျောက်နေကြတယ်လို့ခံစားမိပါတယ်။

ဒါအပြင် CDM လုပ်ကြမည့် ကျောင်းသား/သူ တွေကြောင့် Edu Gap ဖြစ်သွားနိုင်တာကိုလည်း တွေးမိပြီး စိတ်မကောင်းဖြစ်ခဲ့ပါတယ်။

ထိုအချိန်မှာ ငွေကြေးချမ်းသာသော လူတချို့က ပညာရေး အဆက်မပြတ်စေဖို့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေကြတာလည်း တွေ့လိုက်ပါသေးတယ်။

ကိုယ်တိုင်လည်း အိမ်က ကျောင်းတက်ဖို့ နိုင်ငံခြားထွက်ဖို့ တိုက်တွန်းနေတဲ့အချိန်…

အမေစုရဲ့စကားလေးတခု ရှာတွေ့မိပါတယ်
If you are feeling helpless, help someone.

ကဲ လူထုကို ကူညီမယ် RF Esports က မောင်မယ်များ လူစုကြလော ထကြွလော
နီးရာဆွဲစု ဆရာပြုပြီး

RF Edu ကို 10 May 2021 မှာ Public ဖွင့် Batch 1 သင်ကြားပေးနိုင်ခဲ့ပါတယ်။

RFEdu ရဲ့ရည်ရွယ်ချက်ကတော့

- လူထုကို ပညာရေးဖြင့် ကူညီရန်
- ဆင်းရဲချမ်းသာမှုကြောင့် ပညာရေးမကွာဟစေရန်
- ဝါသနာပါရာကို ငွေကြေးကုန်ကျမှုမရှိ သင်ယူနိုင်ရန်

စသည့် ရည်ရွယ်ချက်တွေနဲ့ Public ဖွင့် သင်ကြားပေးခဲ့တာ 5 နှစ်ပြည့်တော့မှာ ဖြစ်ပြီး ကျောင်း သက်တမ်းအရတော့ ယနေ့က 6 နှစ်ပြည့် ဖြစ်ပါသည်။
115🎉12🥰2
RF Edu Batch 2026

B52 March 1 (1:30AM)
B53 April 10 (1:00AM)
B54 June 1 (1:30AM) <
B55 July 1 (1:30AM)
B56 August 1 (1:30AM)
B57 September 18 (0:00AM)
B58 Nov 1 (1:30AM)
B59 Jan 1 (1:00AM)

သက်ဆိုင်ရာ Students Affairs Group ၌ အတန်း Link ချပေး သွားပါမည်။

Volunteer ဆရာဆရာမ တွေ လိုအပ်နေသေးတာမို့ FB Page မှာ Share ပေးခြင်းဖြင့်ကူညီပါ

သင်ကိုယ်တိုင်လည်း တတ်ကျွမ်းရာ ပညာတခုခု သင်ပေးနိုင်ပါသည်။

Sub Our Run Free Channel
➡️ Run Free Channel

#RunFreeEducation
60🥰2👍1
Run Free Education pinned «RF Edu Batch 2026 B52 March 1 (1:30AM) B53 April 10 (1:00AM) B54 June 1 (1:30AM) < B55 July 1 (1:30AM) B56 August 1 (1:30AM) B57 September 18 (0:00AM) B58 Nov 1 (1:30AM) B59 Jan 1 (1:00AM) သက်ဆိုင်ရာ Students Affairs Group ၌ အတန်း Link ချပေး သွားပါမည်။…»
27
သင်္ကြန်ရေ...လောကကြီးအေးချမ်းကြပါစေ~
ပန်းများအတိုင်းလန်းဆန်းကြပါစေ~
အားလုံးအတွက်နှစ်သစ်ဆု​မွန်ကောင်းတောင်းမယ်~

ဒီသင်္ကြန်သီချင်းလေးအတိုင်းပဲ RFE ကနေ အားလုံးကို နှစ်ကူးအခါသမယမှာ ဆုမွန်ကောင်းလေး ပို့သလိုက်ရပါတယ် 🤗

မြန်မာနှစ်ကူး သင်္ကြန်အခါသမယမှာ RFE မိသားစုမှ မြန်မာပြည်သူပြည်သားများအားလုံးအတွက် ပျော်ရွှင်ချမ်းမြေ့စရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော် ဖြစ်ပါစေကြောင်း စိတ်ရင်းမှန်ဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🌸💦

နှစ်ဟောင်းအတွင်း ကြုံတွေ့ခဲ့ရတဲ့ ပင်ပန်းနွမ်းနယ်မှုများ၊ စိတ်ပင်ပန်းစေသောအရာများနဲ့ မကောင်းသောအရာအားလုံးကို
သင်္ကြန်ရေသွန်းလောင်းခြင်းနဲ့အတူ လွှတ်ချနိုင်ပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်အဖြစ် စတင်နိုင်ပါစေကြောင်းလည်း ဆုတောင်းပေး လိုက်ရပါတယ် 🌿

နှစ်သစ်အခါသမယမှာ ကျန်းမာချမ်းသာခြင်း၊ စီးပွားရေး တိုးတက်မှုများ၊ အလုပ်အကိုင်အောင်မြင်မှုများ၊ ပညာရေး တိုးတက်မှုများနဲ့ မိသားစုအေးချမ်းသာယာမှုများ တိုးတက်ပြည့်စုံပါစေကြောင်းနဲ့အတူ အထူးသဖြင့် လူငယ်လူရွယ်များအနေနဲ့ မိမိတို့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါစေ လို့ RFE မိသားစုမှ မေတ္တာပဒေသ သွန်းဖြိုးပေးလိုက်ပါတယ် 🙏🌟

သင်္ကြန်ပွဲတော်ရဲ့ အနှစ်သာရဖြစ်တဲ့ ချစ်ခြင်းမေတ္တာ၊ အလှူဒါန၊ ခွင့်လွှတ်ခြင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်းမှုတွေဟာ နေ့စဉ်ဘဝထဲမှာ ဆက်လက်တည်ရှိနေပါစေကြောင်း မေတ္တာဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါတယ် 💙🌼

ဒါ့အပြင် မိသားစုဝင်များ၊ မိတ်ဆွေများနှင့်အတူ ပျော်ရွှင်စရာ အချိန်များကို များစွာဖန်တီးနိုင်ပြီး သင်္ကြန်ရေကစားပွဲများအတွင်း လုံခြုံမှုရှိစွာ၊ စည်းကမ်းတကျ ပျော်ရွှင်နိုင်ပြီး 💦🌈 နှစ်သစ်မှာ ကံကောင်းခြင်းများ၊ အောင်မြင်ခြင်းများနဲ့ ဘဝအတွက် အဓိပ္ပါယ်ရှိသော အခွင့်အလမ်းများ တစ်ခုပြီးတစ်ခု ရရှိနိုင်ပါစေကြောင်း RFE မိသားစုမှ မေတ္တာအပြည့်ဖြင့် ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင် 🌺

Run Free ရဲ့ information တွေကိုFacebook နဲ့ Telegram channel တွေမှာ နေ့စဥ် တင်ဆက်ပေးလျက်ရှိပါတယ်။

Run Free Education နဲ့အတူ အနာဂတ်အတွက် ပညာ အလင်းရောင်လေး ကို အတောက်ပဆုံးထွန်းလင်းလိုက်ပါ။

#RunFreeEdu
#organization
#RunFreeGroup #Thingyan #Myanmar_New_Year
113🥰1🎉1
3
မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ဆိုတာ မြန်မာပြက္ခဒိန်အရ နှစ်သစ်တစ်နှစ် စတင်ဝင်ရောက်လာတဲ့ အထူးအရေးပါတဲ့ နေ့တစ်နေ့ဖြစ်ပြီး သင်္ကြန်ကာလပြီးပြီးချင်း စိတ်သစ်၊ လူသစ်နဲ့ ဘဝသစ်တစ်ခုကို ပြန်လည်စတင်တဲ့ နေ့တစ်နေ့ပါ 🌼

ဒီနေ့မှာတော့ လူအများက မိမိတို့ရဲ့ အပြစ်အနာအဆာတွေကို ပြန်လည်သုံးသပ်ပြီး စိတ်သစ်၊ လူသစ်နဲ့ ကောင်းမွန်တဲ့ အပြုအမူတွေကို စတင်ကျင့်သုံးဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးကြတဲ့နေ့လေးလည်း ဖြစ်ပါတယ် 🤗

ဘုရားသွားကန်တော့ခြင်း၊ သက်ကြီးရွယ်အိုများအား ဂါရဝပြုခြင်း၊ မိဘဘိုးဘွားများကို ကန်တော့ခြင်းနဲ့ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့က နှစ်ဆန်းတစ်ရက်နေ့ရဲ့ အဓိကအလေ့အထတွေ ဖြစ်ကြပါတယ် 🍀🍃

ဒါ့အပြင် မိသားစုဝင်များနဲ့ အတူတကွ စုဝေးပြီး နွေးထွေးတဲ့ ဆက်ဆံရေးတွေကို ပြန်လည်တည်ဆောက်ကာ မေတ္တာတရားတွေ ပိုမိုတိုးပွားစေတဲ့နေ့တစ်နေ့လည်း ဖြစ်ပါသည် ❤️

ဒါကြောင့် ဒီလိုအဓိပ္ပာယ်တွေနဲ့ ပြည့်ဝနေတဲ့ ဒီသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှ စတင်ပြီး RFE မိသားစုဝင်များအားလုံးနဲ့ မိတ်ဆွေပြည်သူပြည်သား အားလုံးအပေါ် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့အတူ
လိုအင်ဆန္ဒများ အားလုံး ပြည့်စုံအောင်မြင်ကြပါစေ 🌟

ဘေးဘယာအန္တရာယ်အပေါင်းမှ ကင်းဝေးကြပြီး စီးပွားရေး၊ ပညာရေးနှင့် ဘဝအဆင့်အတန်းများ တိုးတက်မြင့်မားကာ နေ့ရက်တိုင်းမှာ ပျော်ရွှင်မှုများနဲ့ အောင်မြင်မှုများကို အဆက်မပြတ် ရရှိခံစားနိုင်ကြပါစေ 🛡️🎉

စိတ်သစ်၊ လူသစ်နဲ့ ကောင်းကျိုးမင်္ဂလာများ ပြည့်ဝသော နှစ်သစ်တစ်နှစ်ဖြစ်ပါစေကြောင်း RFE မှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🌸

နှစ်သစ်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ ကြပါစေရှင်။

Run Free ရဲ့ information တွေကိုFacebook နဲ့ Telegram channel တွေမှာ နေ့စဥ် တင်ဆက်ပေးလျက်ရှိပါတယ်။

Run Free Education နဲ့အတူ အနာဂတ်အတွက် ပညာ အလင်းရောင်လေး ကို အတောက်ပဆုံးထွန်းလင်းလိုက်ပါ။

#RunFreeEdu
#organization
#RunFreeGroup #Thingyan #Myanmar_New_Year
81🎉2
Run Free Education ပညာရေးအဖွဲအစည်းအတွက် စာရေးသားခြင်းကို စိတ်ဝင်စားပြီး ဖန်တီးမှုစွမ်းအားတွေနဲ့ ပူးပေါင်းချင်တဲ့ Volunteer Graphic Designer နှင့် Content Writer လိုအပ်ပါတယ်! 📣

အလုပ်ချိန်ကတော့ Work From Home flexible ဖြစ်ပြီး အနည်းဆုံး 6လလုပ်ပေးနိုင်ရပါမယ်

For Content Writer

📌 တာဝန်များ
ပညာရေးနှင့်သက်ဆိုင်သော Content များရေးသားခြင်း
Social Media Caption နှင့် Educational Post များဖန်တီးခြင်း
Student များအတွက် အသုံးဝင်သော Information များစုစည်းရေးသားခြင်း
Team နှင့်ပူးပေါင်းဆောင်ရွက်နိုင်ခြင်း

ဘယ်သူတွေလျှောက်ထားနိုင်မလဲ
မြန်မာစာလုံး မှန်ကန်အောင်ရေးနိုင်သူ
ပညာရေးပိုင်း Content များကို စိတ်ဝင်စားသူ
Creative Thinking နှင့် Communication Skill ကောင်းမွန်သူ
တာဝန်ယူမှုရှိပြီး Deadline အတိုင်းလုပ်ဆောင်နိုင်သူ

For Graphic Designer

📌 တာဝန်များ
Page မှာတင်ဖို post design, အတန်း Time Tableတွေဆွဲပေးရပါမယ်
Graphic Digital tools အထူးသဖြင့် Photoshop နဲ့ ဒီဇိုင်းလုပ်ပေးနိုင်ရပါမယ်

ဘယ်သူတွေလျှောက်ထားနိုင်မလဲ
Graphic Digital Tools တွေထဲမှာ Photoshop ကိုအသုံးပြုနိုင်သူ
ဒီဇိုင်းဆွဲရတာကိုစိတ်အားထက်သန်ပြီး ကိုယ့်တာဝန်ကိုအချိန်မှီ ပြီးစီးအောင်ဆောင်ရွက်ပေးနိုင်သူ
ပညာရေးအဖွဲအစည်းကိုစိတ်ဝင်စားပြီး  Volunteer လုပ်ပေးဖိုစိတ်အားထက်သန်တဲ့သူ

Run Free Education မှာ Volunteerလုပ်ရင် ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ ?
Experience ကောင်းကောင်းနဲ့ ကိုယ့် Portfolio ကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်ပါမယ်
RFE မှာ ထူတ်ပေးတဲ့ Certificate , Recommendation, Reference letter တွေနဲ့ နိူင်ငံတကာ ကျောင်းတွေ, Scholarship, လုပ်ငန်းခွင်တွေ လျှောက်ဖို အကောင်းဆုံး Document တစ်ခုဖြစ်လာပါမယ်
လက်ရှိမှာလည်း RFE ကထုတ်ပေးလိုက်တဲ့ Recommendation letter တွေကြောင့် Scholarship ရတဲ့သူတွေအများအပြားရှိလို အခုလိုအခိုင်အမာပြောဆိုနိူင်တာပါ
စိတ်ပါဝင်စားသူများ အောက်ဖော်ပြပါ Link ကိုJoinပြီး ကိုယ့်ကိုကိုယ်ဝင်မိတ်ဆက်ပေးထားပါနော် https://t.me/+-Cjn2HTL4GllMzhl
Run Free Education မှာတာဝန်ထမ်းဆောင်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် 🙏
48🥰3🔥2🎉2
42🔥1
စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ Native Speaker တစ်ယောက်လို ပြောနိုင်ဖို့ လျှို့ဝှက်ချက် (၅) ချက် 🤫

ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါ Grammar တွေ၊ Vocabulary တွေ အများကြီး သိနေပေမဲ့ တကယ်တမ်း ပြောတဲ့အခါကျရင် "စာအုပ်ကြီးအတိုင်း" ဖြစ်နေလို့ စိတ်ညစ်နေရပြီလား?

Native Speaker တွေလို သဘာဝကျကျနဲ့ ယုံကြည်မှုရှိရှိ ပြောနိုင်ဖို့ဆိုရင် ဒါလေးတွေကို ကျင့်သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

၁။ Slang နဲ့ Idioms လေးတွေ ထည့်သုံးကြည့်ပါ 🗣️
စာအုပ်ထဲက "How are you?" "I am fine" ဆိုတာထက် Native တွေ တကယ်သုံးတဲ့ "What's up?" "I'm doing great!" စတဲ့ အသုံးအနှုန်းလေးတွေကို ရောသုံးကြည့်ပါ။ ဒါက သင့်စကားပြောကို ပိုပြီး သဘာဝကျစေပါတယ်။

၂။ ရုပ်ရှင်နဲ့ သီချင်းတွေကို အသုံးချပါ 🎬
စာအုပ်ထဲမှာ မပါတဲ့ လေယူလေသိမ်း (Intonation) နဲ့ ဖြတ်တောက်ပုံတွေကို သိချင်ရင် Native တွေ ရိုက်ထားတဲ့ Movie တွေ၊ Podcast တွေကို နားထောင်ပါ။ သူတို့ ဘယ်နေရာမှာ အသံနိမ့်တယ်၊ ဘယ်လို စကားလုံးတွေကို ပေါင်းပြောသွားတယ်ဆိုတာကို အတုခိုးကြည့်ပါ။

၃။ "Shadowing" နည်းလမ်းကို သုံးပါ 👥
ဒါက တကယ်ထိရောက်တဲ့ လျှို့ဝှက်ချက်ပါ။ Native တစ်ယောက် ပြောလိုက်တဲ့ စကားစုကို သူပြောတဲ့ လေယူလေသိမ်းအတိုင်း နောက်ကနေ ထပ်တူကျအောင် လိုက်ပြောကြည့်တဲ့ နည်းလမ်းပါ။ အသံထွက်ကို သိသိသာသာ ပြောင်းလဲပေးနိုင်ပါတယ်။

၄။ စာလုံးတစ်လုံးချင်းစီထက် "Phrases" လိုက် မှတ်ပါ 📚
စကားလုံး တစ်လုံးချင်းစီကို အလွတ်ကျက်တာထက် စကားစုလိုက် (Chunks) မှတ်တာက ပိုကောင်းပါတယ်။ ဥပမာ - "Decision" ဆိုတဲ့ စာလုံးကိုပဲ မှတ်မယ့်အစား "Make a decision" ဆိုတဲ့ အသုံးအနှုန်းကို မှတ်ထားရင် စကားပြောတဲ့အခါ စဉ်းစားနေစရာမလိုဘဲ အလိုလို ထွက်လာမှာပါ။

၅။ တွေးတဲ့အခါမှာလည်း ထိုဘာသာစကားနဲ့ပဲ တွေးပါ 🧠
ဒါက အရေးကြီးဆုံးပဲ။ မြန်မာလို အရင်စဉ်းစားပြီးမှ ပြန်ဘာသာပြန်နေရင် စကားပြောက ထစ်နေမှာပါ။ မိမိဘေးနားက အရာဝတ္ထုတွေ၊ မိမိလုပ်မယ့် အလုပ်တွေကို ထိုဘာသာစကားနဲ့ပဲ ခေါင်းထဲမှာ အရင် စဉ်းစားတတ်အောင် ကျင့်ယူပါ။

ဒီနည်းလမ်းတွေကို အသုံးပြုပြီး ဘာသာစကားအသစ်တွေကို အခမဲ့ လေ့လာချင်တယ်ဆိုရင်တော့ ကျွန်မတို့ Run Free Organization ရဲ့ Foreign Language Department က အမြဲတမ်း စောင့်ကြိုနေမှာပါနော်။ ❤️

#RunFreeOrganization
#LanguageTips
#NativeSpeakerSecrets
#LearningJourney
#EducationForAll
96🥰6🎉4👍2
RF Edu Batch 2026

B52 March 1 (1:30AM)
B53 April 10 (1:00AM)
B54 June 1 (1:30AM)
B55 July 1 (1:30AM) <
B56 August 1 (1:30AM)
B57 September 18 (0:00AM)
B58 Nov 1 (1:30AM)
B59 Jan 1 (1:00AM)

သက်ဆိုင်ရာ Students Affairs Group ၌ အတန်း Link ချပေး သွားပါမည်။

Volunteer ဆရာဆရာမ တွေ လိုအပ်နေသေးတာမို့ FB Page မှာ Share ပေးခြင်းဖြင့်ကူညီပါ

သင်ကိုယ်တိုင်လည်း တတ်ကျွမ်းရာ ပညာတခုခု သင်ပေးနိုင်ပါသည်။

Sub Our Run Free Channel
Run Free Channel

#RunFreeEducation
61