မင်္ဂလာပါ ပန်းချစ်သူလေးတို့ရေ...🙋♀💐
ဒီတစ်ခါမှာတော့ ကျွန်မတို့ Run Free Organization ကပန်းချစ်သူလေးတို့အတွက် ပန်းလေးတွေဘယ်လိုအထားခံအောင် ထားရမလဲဆိုတဲ့ နည်းလမ်းလေးတွေမျှဝေပေးဖို့ ပြန်လည်ရောက်ရှိလာပါပြီရှင်...🧚♀✨
ပန်းလေးတွေကို ဘယ်လိုအထားခံအောင်ထားရမလဲ ဆိုတာကိုကျွန်မက အချက်လေးတွေနဲ့ တစ်ခုချင်းဆီပြုလုပ်ရလွယ်အောင် မျှဝေပေးသွားပါ့မယ်...👯♀🌸
- ပန်းလေးရဲ့ အရိုးလေးတွေကို ၂ရက်ခြားတစ်ခါ အောက်ကနေဖြတ်ပေးရပါမယ်။ အဲ့လိုဖြတ်ပေးတာက ရေကိုပိုမိုစုပ်ယူနိုင်တာမလို့ ပုံမှန်ထပ်ပိုပြီး လှပစွာအထားခံမှာပဲ ဖြစ်ပါတယ်...💐
- သန့်ရှင်းတဲ့ ရေအေးအေးလေးကိုအသုံးပြုပါ။ တစ်ရက်တစ်ခါ (သို့မဟုတ်) နှစ်ရက်တစ်ခါလဲပေးပါ။ ပန်းထည့်မဲ့ဖန်ခွက်လေးကို သန့်ရှင်းအောင်ထားပြီး ပန်းလေးတွေကိုရေပုံမှန်လဲပေးခြင်းဖြင့် ပန်းလေးတွေက ပိုမိုလန်းဆန်းစွာအထားခံနိုင်ပါတယ်...🌱
- ပန်းအိုး ဒါမှမဟုတ် ဖန်ခွက်ထဲမှာပန်းလေးတွေထည့်မယ်ဆိုလို့ရှိရင် ရေနဲ့ထိနေမဲ့အထဲရောက်မဲ့ အရွက်လေးတွေကို ဖယ်ပေးရပါမယ်။ ဘာလို့လဲဆိုတော့ အဲ့အရွက်တွေက ရေနဲ့ထိတာကြာရင်ပုပ်ပြီး bacteria ဖြစ်တတ်ပါတယ်...🍂
- နေရောင်နဲ့တိုက်ရိုက်ထိတွေ့နေရာတွေမှာ မထားဘဲ အေးမြပြီးအလင်းရောင်ရတဲ့နေရာလေးတွေမှာ ထားခြင်းဖြင့် ပန်းလေးတွေကို အလွယ်တကူမပျက်စီးစေဘဲ အထားခံစေမှာပဲဖြစ်ပါတယ်...🌷
ပန်းချစ်သူလေးတို့အနေနဲ့ ကျွန်မတို့ Run Free Organization ရဲ့ပန်းလေးတွေကိုဘယ်လိုအထားခံအောင်လုပ်ရမလဲဆိုတဲ့ Content လေးကိုဖတ်ပြီး လိုက်လုပ်ဖြစ်ခဲ့ရင် ဘယ်လောက်ကြာကြာအထားခံလည်းဆိုတာ Comment မှာပြန်လာကြွားလို့ရပါတယ်နော်...🌺✨
#RunFreeEdu
#VocatinalDep

❤109🥰1
ပြင်သစ်စကားလုံး (၅) လုံး “Je t’aime” ထက် ပိုပြီး ချစ်စရာကောင်းတဲ့ စကားလုံးများ ကိုဒီနေ့ကျွန်မက sharing လုပ်ပေးသွားပါ့မယ် 💕🇫🇷
ချစ်ခြင်းဆိုတာ စကားလုံးတစ်လုံးနဲ့ မကုန်နိုင်သလို၊ ပြင်သစ်ဘာသာမှာတော့ ခံစားချက်ကို ပိုပြီး လှလှပပ ဖော်ပြနိုင်တဲ့ စကားလုံးတွေ မကြီးမားပဲ ရှိနေပါတယ်✨ ဒါ့ကြောင့်အောက်မှာ ကြည့်လိုက်ကြရအောင်...🧸🤎
1️⃣ Mon trésor – ငါ့ဓနလေး
2️⃣ Mon cœur – ငါ့နှလုံးသား
3️⃣ Mon ange – ငါ့နတ်သမီး/နတ်သား
4️⃣ Mon amour éternel – ငါ့ရဲ့ထာ၀ရအချစ်လေး
5️⃣ Tu me manques – မင်းကိုလွမ်းတယ်
စသည်ဖြင့် အမျိုးစုံသော နည်းလမ်းတွေနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြလို့ရပါတယ်... စာဖတ်သူလေးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ စကားလုံးလေးကကော ဘာလေးလဲဆိုတာ comment မှာပြောသွားပေးပါအုံး...🧸🤎
#RunFreeEdu
#ForeignDep
#French

❤80🔥1
Hello Reader လေးတို့ရေ... Welcome back!
ဒီနေ့မှာတော့ ကျွန်မက Run Free ကဖွင့်ပေးထားတဲ့ 100% free တွေကိုလည်းတက်ချင်တယ်... ဘယ်လိုလုပ်ရမလဲမသိဘူးဆိုတဲ့သူတွေအတွက် အတန်းအပ်နည်းအဆင့်ဆင့်ကို ပြောပြပေးမှာပဲဖြစ်ပါတယ်...🙆♀✨
ပထမဆုံး ကိုယ်ကကျောင်းသားသစ်လား/ကျောင်းသားဟောင်းလား ဆိုတာသေချာအောင်လုပ်ပါ...!
- ကျောင်းသားဟောင်းပေမဲ့ အရင် batch တွေကအကုန်ထွက်မိထားတာ
- ကျောင်းအပ်ထားတဲ့ Facebook account မရှိတော့တာမျိုးဆိုရင်...
" ကျောင်းပြန်အပ်ပေးပါ ".
အကယ်လို့ အရင် batch တွေထဲလည်းရှိသေးတယ်။ ကျောင်းအပ်ထားတဲ့ Facebook account လည်းရှိသေးတယ်ဆိုရင်တော့... Run free ရဲ့ထုံးစံအတိုင်း လတွေရဲ့ နောက်ဆုံးနေ့ ည 1နာရီခွဲ (or) 1နာရီ(channel မှာဘယ်နေ့ဘယ်ချိန်လဲ ကွန်ဖန်းပြောပေးပါတယ်) မှာလင့်ချပေးတယ်ဆိုတာ မမေ့ပါနဲ့နော်...!
Noted - လင့်ချတဲ့အခါကျရင် လူများတာမလို့ လက်မြန်ဖို့တော့ လိုပါမယ်နော်...
ကဲကဲဒါဆို ကျောင်းသားအသစ်တွေအတွက်ကကော...🤫
- ပထမဆုံး ကျောင်းသားသစ်တွေလုပ်ရမှာက Run Free ရဲ့ Facebook page မှာ ကျောင်းသွားအပ်ပါ။ (page ကစာပို့သူများတာမလို့ ၅နာရီကျော်လို့မှစာမပြန်ရင် နောက်ထပ်အသစ်ထပ်ပို့ပေးပါ)
အကယ်လို့ ကိုယ်က Facebook "account မရှိဘူးဆိုရင်တော့ ကိုယ့်ရဲ့အသိတို့ ကိုယ့်အမေတို့အကောင့်နဲ့အပ်ပေးပါနော်..."
- ဒုတိယအနေနဲ့လုပ်ရမှာကတော့ batch link ချပေးပြီဆိုရင်တော့ ကိုယ်အတန်းတွေတက်ပြီး ကိုယ်သုံးမဲ့ တယ်လီဂရမ်အကောင့်နဲ့၀င်ပေးပါ...
- အဲ့တာပြီးရင်တော့ Run Free ရဲ့ထုံးစံ လစဉ်လကုန်ရက်ရဲ့ ည ၁နာရီခွဲမှာလင့်ချပေးတာကိုစောင့်ပြီး အတန်းလုလို့ရပါပြီရှင်...☃️🤍
Noted - ကျောင်းကတစ်ခါအပ်ပြီးပြန်အပ်စရာမလိုတော့ပါဘူးနော်။ နောက်ထပ် batch အသစ်လင့်တွေကိုအဟောင်းထဲမှာ ချပေးပါတယ်...🙆♀🤎
ကဲကဲအခုကျွန်မက ကျောင်းဘယ်လိုအပ်ရမလဲဆိုတာ ပြောပြပြီးပြီဆိုတော့.. အတန်းလုဖို့ Ready ပဲလား...?

❤142🥰2👍1
Run Free Education pinned «RF Edu Batch 51 2026 Jan 1 ရက်နေ့ မနက် 1:00 နာရီ တွင် B51 Students Affairs Group ၌ အတန်း Link ချပေး သွားပါမည်။ ( မနက် 1:30 မဟုတ်ပါ 1 နာရီပါ ပြောင်းထားပါတယ် မမေ့ပါနဲ့) Volunteer ဆရာဆရာမ တွေ လိုအပ်နေသေးတာမို့ FB Page မှာ Share ပေးခြင်းဖြင့်ကူညီပါ သင်ကိုယ်တိုင်လည်း…»
RF Edu Batch 2026
B52 March 1 (1:30AM) <
B53 April 10 (1:00AM)
B54 June 1 (1:30AM)
B55 July 1 (1:30AM)
B56 August 1 (1:30AM)
B57 September 18 (0:00AM)
B58 Nov 1 (1:30AM)
B59 Jan 1 (1:00AM)
သက်ဆိုင်ရာ Students Affairs Group ၌ အတန်း Link ချပေး သွားပါမည်။
Volunteer ဆရာဆရာမ တွေ လိုအပ်နေသေးတာမို့ FB Page မှာ Share ပေးခြင်းဖြင့်ကူညီပါ
သင်ကိုယ်တိုင်လည်း တတ်ကျွမ်းရာ ပညာတခုခု သင်ပေးနိုင်ပါသည်။
Sub Our Run Free Channel
➡️ Run Free Channel
#RunFreeEducation

Telegram
Run Free Education
Information Center of RFEdu
❤93🥰5👍2
Run Free Education pinned «RF Edu Batch 2026 B52 March 1 (1:30AM) < B53 April 10 (1:00AM) B54 June 1 (1:30AM) B55 July 1 (1:30AM) B56 August 1 (1:30AM) B57 September 18 (0:00AM) B58 Nov 1 (1:30AM) B59 Jan 1 (1:00AM) သက်ဆိုင်ရာ Students Affairs Group ၌ အတန်း Link ချပေး သွားပါမည်။ …»
အခမဲ့ပညာရေးက ဘာကြောင့် အရေးပါတာလဲ🤔❓
လူသားတွေရဲ့ ဘဝဟာ မွေးဖွားချိန်မှာ တူညီပေမယ့် ပညာရရှိနိုင်မှုမှာတော့ မတူညီကြပါဘူး။ တချို့က ကျောင်းစာအုပ်ကို လက်ထဲထည့်ရင်း အနာဂတ်ကို စိတ်ချလက်ချ မျှော်လင့်နိုင်ကြသော်လည်း တချို့ကတော့ မနက်စာတောင် မသေချာသေးတဲ့ အခြေအနေကြောင့် ကျောင်းတံခါးနားကနေ ပြန်လှည့်ရတဲ့ ဘဝတွေရှိပါတယ်။💔🥀
ဒီမညီမျှတဲ့လူနေမှုတွေကို လျော့နည်းစေနိုင်တဲ့ အရေးကြီးဆုံးသော အချက်တစ်ခုကတော့ အခမဲ့ပညာရေး ဖြစ်ပါတယ်။✨🌱
အခမဲ့ပညာရေးဆိုတာ ငွေကြေးမပြည့်စုံလို့၊စားဝတ်နေရေးအဆင်မပြေလို့ အိပ်မက်ကို လက်လွှတ်ရမယ်ဆိုတာမျိုး လုပ်ဖို့မလိုတော့ဘဲ လူတိုင်းကို ပညာသင်ယူခွင့်ပေးတဲ့ ပညာဒါနတစ်ခုပါ။
စားဝတ်နေရေးအတွက်အလွန်ရုန်းကန်နေရတဲ့ မိသားစုက ကလေးတစ်ယောက်အတွက် ကျောင်းသွားခြင်းဆိုတာ မိဘအတွက် အခက်အခဲကြီးတစ်ခုဖြစ်တတ်ပါတယ်။ ကျောင်းလခ၊ စာအုပ်စရိတ်၊ ယူနီဖောင်းစရိတ်တွေဟာ နေ့စဉ်ဘဝစားဝတ်နေရေးနဲ့ ယှဉ်လာရင် ရွေးချယ်ရတဲ့အရာတစ်ခု ဖြစ်လာတတ်ပါတယ်။🥀
အဲဒီလို အခြေအနေတွေကြားမှာ အခမဲ့ပညာရေးဆိုတာရှိလာတဲ့အခါ ကျွန်တော်တို့လူငယ်တွေအတွက် လက်လှမ်းမမှီနိုင်တဲ့ပညာကြယ်ေလးကို ဆုပ်ကိုင်နိုင်ဖို့အခွင့်အလမ်းရှိတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရရှိလာပါတယ်။ဒါကဘဲ အယုတ်၊ အလတ်၊ အမြတ် မရွေး လူတိုင်းပညာရဖို့ အခွင့်အရေးရရှိစေပါတယ်။🌟
ပညာဆိုတာ စာအုပ်ထဲက စာလုံးတွေထက် ပိုပြီး လူတစ်ယောက်ရဲ့ အတွေးအခေါ်ကို ပြောင်းလဲပေးနိုင်တဲ့ ဘဝရဲ့အလင်းရောင်လေးနဲ့တူတဲ့အရာပါ။ အခမဲ့ပညာရေးကြောင့် ပညာရရှိလာတဲ့ လူငယ်တွေဟာ ကမ္ဘာကြီးကို နားလည်နိုင်လာပြီး မမှန်တာကို မေးခွန်းထုတ်ရဲလာကြပါတယ်💡✨
ဒါဟာ လူတစ်ယောက်တည်းအတွက်သာမက လူမှုအဖွဲ့အစည်းတစ်ခုလုံးအတွက်ပါ အကျိုးရှိစေပါတယ်။ ပညာရှိတဲ့ လူမှုအသိုင်းအဝိုင်းမှာ ဥပဒေကို လေးစားမှုများလာပြီး အကြမ်းဖက်မှုနည်းလာကာ လူသားအခွင့်အရေးကို ပိုမိုတန်ဖိုးထားလာကြပါတယ်။
ဒါ့အပြင် အခမဲ့ပညာရေးက နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကိုပါ တည်ဆောက်ပေးပါတယ်။ ပညာတတ်လူငယ်များလာတဲ့အခါ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဆရာ၊ သိပ္ပံပညာရှင်တွေ ပိုမိုထွန်းကားလာပြီး နိုင်ငံရဲ့ စီးပွားရေးနဲ့ နည်းပညာကဏ္ဍတွေပါ တိုးတက်လာပါတယ်။ ပညာမရှိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲမှုသံသရာစက်ဝိုင်းကို ချိုးဖောက်နိုင်ပြီး လူမှုရေးမညီမျှမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ ဆိုရရင် အခမဲ့ပညာရေးဆိုတာ အစိုးရရဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုတည်းသာ မဟုတ်ဘဲ လူသားတစ်ယောက်ရဲ့တန်ဖိုးကို ကာကွယ်ပေးတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်ကလေးတစ်ယောက်ရဲ့ လက်ထဲကို စာအုပ်တစ်အုပ် ထည့်ပေးနိုင်ခဲ့ရင် မနက်ဖြန်အတွက် ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မယ်ဆိုတာ အသေအချာပါပဲ။🤗✨
ဒါ့အပြင် ယနေ့နည်းပညာပိုင်းဆိုင်ရာတိုးတက်လာတဲ့ခေတ်ကြီးမှာတော့ ပညာကိုတကူးတက ပြင်ပထိသွားရောက်သင်ကြားစရာမလိုတော့ပဲ Internet နဲ့ Digital Device တစ်လုံးရှိရုံနဲ့ ပညာကိုလေ့လာဆည်းပူးနိုင်နေပါပြီ။🤗
လူငယ်တွေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်နဲ့အတူတူပါပဲ။ အဲဒီလူငယ်တွေကို ပညာဆိုတဲ့အလင်းရောင်လေး အပြည့်အဝပေးနိုင်မှသာ နိုင်ငံရဲ့အနာဂတ်ဟာဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ အခမဲ့ပညာရေးက ဘယ်လောက်ထိအရေးပါလဲဆိုတာကို သိရှိနားလည်သွားလောက်ကြပြီထင်ပါတယ်။✨
ဒါကြောင့် ပညာဆိုတဲ့အလင်းရောင်လေးကို အယုတ်၊အလတ်၊အမြတ် မရွေး လူတန်းစားခွဲခြားမှုမရှိပဲ စေတနာအပြည့်နဲ့ အခမဲ့ပညာရေးကို အပြည့်အဝပေးနေ RFE ကိုလည်းလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။✨🤗
Run Free ရဲ့ information တွေကိုFacebook နဲ့ Telegram channel တွေမှာ နေ့စဥ် တင်ဆက်ပေးလျက်ရှိပါတယ်။
Run Free Education နဲ့အတူ အနာဂတ်အတွက် ပညာ အလင်းရောင်လေး ကို အတောက်ပဆုံးထွန်းလင်းလိုက်ပါ။✨
#RunFreeEdu #FreeEducation

❤143🔥6🥰2👍1
RFE မှသင့်အားအလိုရှိနေပါသည်‼️
https://t.me/+Ogy0o6sM5swzZjZl
ပညာရေးဆိုတာ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အင်အားကြီးဆုံး လက်နက်တစ်ခုပါ။ ဒါပေမယ့် လူတိုင်းမှာ အဲဒီပညာရေးကို ရရှိနိုင်တဲ့အခွင့်အရေး မတူညီကြပါဘူး။ အဲ့ဒီအခါမှာ လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကို အလင်းရောင်ပေးနိုင်တာက “ကူညီချင်တဲ့ စိတ်” လေးတစ်ခုပါပဲ။✨
ဒီလိုအလင်းရောင်ကို လူငယ်တွေထံ စေတနာအပြည့်နဲ့ အခမဲ့မျှဝေနိုင်ဖို့ RFE မှ Teacher Volunteer များကို ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤍
Run Free Education ဟာ Non-Profit Organization ဖြစ်ပြီး လူငယ်တွေ ပညာရေးနဲ့ အနာဂတ်တိုးတက်နိုင်ဖို့ Free Online Education ကို အဓိက အားထားပြီး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုပါ။ Volunteer တစ်ယောက်ဆိုတာ စာသင်ပေးတဲ့သူ သီးသန့် မဟုတ်ပါဘူး။🌟
🌱 ရိုသေလေးစားထိုက်ပြီး ကျောင်းသားတွေရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်
🌱 လမ်းပြပေးနိုင်သူတစ်ယောက်
🌱 ကိုယ့်ရဲ့ပညာတွေကို တပါးသူထံကိုစေတနာအပြည့်နဲ့ပေးလိုပြီး ဘာအကျိုးအမြတ်တစ်ခုမျှ မမျှော်လင့်ပဲ စေတနာတရားပြည့်ဝသူတစ်ယောက် လို့ RFE မိသားစုမှခံယူထားပါတယ်။🤗💛
ဒါဆို Volunteer လုပ်ရင်ရော ကိုယ့်အတွက်ဘာတွေ တိုးတက်လာမှာလဲ❓🤔
📍ကိုယ့်ရဲ့ Knowledge, Skill နဲ့ Experience တွေကို အခြားသူတွေနဲ့ လွတ်လွတ်လပ်လပ်မျှဝေနိုင်ပါမယ်။
📍Volunteer Experience, Teamwork, Leadership Skills တွေလည်း တိုးတက်လာပြီး ကိုယ့်ရဲ့ Communication skill တွေလည်းကောင်းမွန်လာပြီး Network ကျယ်ပြန့်လာပါမယ်။
📍ဒါ့အပြင် “ငါ့အလုပ်က တစ်ယောက်ယောက်ရဲ့ဘဝကို အကျိုးရှိသွားစေတယ်” ဆိုတဲ့ တန်ဖိုးရှိတဲ့ ခံစားချက်တွေကိုလည်း ရရှိလာပါလိမ့်မယ်။
ဒါဆိုရင်Volunteer ဖြစ်ဖို့ ဘာတွေလိုအပ်လဲ❓🤔
📌 RFEမှာ volunteer ဖြစ်ဖို့ဆိုရင်အတွေ့အကြုံအများကြီးနဲ့ Degree အကြီးကြီးတွေ မလိုအပ်ပါဘူး🤗
💡အမှန်တကယ် ကူညီလုပ်ကိုင်ချင်တဲ့စိတ်
💡 မိမိကျွမ်းကျင်ရာဘာသာရပ်ကို သူတစ်ပါးထံပေးလိုတဲ့စိတ်
💡လူငယ်တွေနဲ့အတူ လမ်းပြပေးပြီး တိုးတက်စေချင်တဲ့စိတ် အဲ့ဒီစိတ်လေးတွေပဲ အဓိကလိုအက်ပါတယ်နော်။✨
ပညာရေးဟာ လူတစ်ယောက်တည်းအတွက် မဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အနာဂတ်ကို ဖန်တီးပေးနိုင်ပါတယ်။
အဲဒီအနာဂတ်ဖန်တီးမှုမှာ ကိုယ်တိုင်လည်း တစ်စိတ်တစ်ပိုင်းပါဝင်ချင်တယ်ဆိုရင် RFEရဲ့ Teacher Volunteer အဖြစ် လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ 🌍✨
အုတ်တစ်ချပ်၊သဲတစ်ပွင့် နဲ့ကောင်းမွန်တဲ့လမ်းကြောင်းသစ်ကိုအတူတူတည်ဆောက်နိုင်ဖို့ RFEကိုလှမ်းလာစို့❕
Run Free ရဲ့ information တွေကိုFacebook နဲ့ Telegram channel တွေမှာ နေ့စဥ် တင်ဆက်ပေးလျက်ရှိပါတယ်။
Run Free Education နဲ့အတူ အနာဂတ်အတွက် ပညာ အလင်းရောင်လေး ကို အတောက်ပဆုံးထွန်းလင်းလိုက်ပါ။✨
#Volunteer_Calling #Run_Free_Education #RunFreeEdu #FreeEducation
#organization

RFe Volunteer Waiting Group
Official Volunteer Waiting Group
❤64🥰3
ဘာကြောင့် RFE မှာ Volunteer လုပ်သင့်တာလဲ? ❕✨
ယနေ့ခေတ်မှာ ပညာရေးဆိုတာ လူတိုင်းလက်လှမ်းမီရမယ့် အခွင့်အရေးတစ်ခုဖြစ်သင့်ပါတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ပညာရေးကို အပြည့်အဝမရနိုင်တဲ့ လူငယ်တွေ အများကြီး ရှိနေဆဲပါ။ အဲဒီနေရာမှာ RFE က အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ကူညီပေးနေပါတယ်။ RFE မှာ Volunteer လုပ်ခြင်းဟာ အလုပ်အကိုင်တစ်ခုထက် ပိုပါတယ်။ အဲဒါက လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတစ်ခုကို ဖန်တီးပေးနေခြင်းပါပဲ။
Volunteer တစ်ယောက်အနေနဲ့ ပညာရေးအတွက် ဘာတွေအကျိုးပြုနိုင်လဲ❓
Volunteer လုပ်ခြင်းအားဖြင့် ကိုယ်က လူငယ်တွေကို ပညာဆိုတဲ့အလင်းရောင်လေးကို ထွန်းညှိပေးပြီး လမ်းပြပေမယ့် သူတစ်ယောက်လာမှာအသေအချာပါပဲ။
📌 ပညာရေးအခွင့်အလမ်း မရရှိနိုင်တဲ့ လူငယ်တွေကို ကူညီနိုင်မယ်
📌 ကိုယ်ရဲ့ အချိန်၊ အသိပညာနဲ့ experience တွေကို လက်တွေ့အကျိုးရှိရှိ အသုံးချနိုင်မယ်
အရေးကြီးဆုံးကတော့
Volunteer လုပ်ခြင်းက ကိုယ့်ရဲ့စိတ်ထဲမှာ တစ်သက်လုံးကျန်နေမယ့် အမှတ်တရတစ်ခု ဖြစ်နေမှာပါ။🤗✨
နောက်ထပ်တစ်ခုအနေနဲ့ စေတနာအပြည့်အဝနဲ့ကူညီပေးနေတဲ့ volunteer လေးတွေကိုလည်း နွေးထွေးစွာကြိုဆိုပေးလျက်ရှိပါတယ်။ အတွေ့အကြုံမရှိပေမဲ့ စိတ်အားထက်သန်ပြီး ကြိုးစားလိုစိတ်ရှိတဲ့ လူငယ်တွေကို အမြဲလက်ကမ်းကြိုဆိုနေတဲ့ organization တစ်ခုပါ။
📌 Teamwork၊ Leadership နဲ့ Communication skills တွေ တိုးတက်လာမယ်
Volunteer လုပ်ရင်း မိမိရဲ့ soft skill တွေကိုလည်းမြှင့်တင်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
Team အလိုက်လုပ်ဆောင်ရမှာဖြစ်လို့ မိမိရဲ့ communication skill ကိုလည်းသိသိသာသာတိုးတက်စေမှာပါ။
📌ကိုယ်က နိုင်ငံခြားမှာ ပညာသွားသင်ဖို့ ရည်ရွယ်ထားတယ်၊ Scholarship လျှောက်ဖို့အတွက် ကြိုးစားနေတဲ့သူဆိုရင် Run free ကထုတ်ပေးတဲ့ Recommendation letter တွေက သင့်အတွက် အင်မတန် အကျိုးပြုစေမှာပါ။
ပညာဆိုတဲ့ အလင်းရောင်လေးကိုသာ ပေးချင်တဲ့ Run free education ကို 2020ခုနှစ် အစပိုင်းမှာတည်ထောင်ခဲ့ပါတယ်။ Run free မှာ ဘာသာရပ်ပေါင်းများစွာကို volunteer ဆရာ/ဆရာမ များစွာနဲ့ အခမဲ့ သင်ကြားပေးနေတဲ့ organization တစ်ခုဖြစ်ပါတယ်။
RFE က Non-profit Organization ဖြစ်ပြီး အခမဲ့ အွန်လိုင်းပညာရေးကို အခြေခံထားတာကြောင့် ကိုယ်လုပ်သမျှ အလုပ်တိုင်းက လူတစ်ယောက်ရဲ့ အနာဂတ်ကို ထောက်ပံ့နေပါတယ်။ အလုပ်အကိုင်အတွေ့အကြုံ မရှိသေးလည်း စိုးရိမ်စရာမလိုပါဘူး။ ကူညီချင်တဲ့ စိတ်လေးတစ်ခုရှိရင် RFE မှာ Volunteer ဖြစ်နိုင်ပါတယ်။
ကိုယ်ကျွမ်းကျင်ရာပညာရပ်နဲ့ လူငယ်တွေရဲ့ဘဝကိုအလင်းရောင်ပေးချင်တယ်ဆိုရင် RFEကသင့်အတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်မှာပါ။ 💛🌱
💡Run Free ရဲ့ information တွေကို
Facebook နဲ့ Telegram channel တွေမှာ နေ့စဥ် တင်ဆက်ပေးလျက်ရှိပါတယ်။
💡Run Free Education နဲ့အတူ အနာဂတ်အတွက် ပညာ အလင်းရောင်လေး ကို အတောက်ပဆုံးထွန်းလင်းလိုက်ပါ။✨
#Volunteer_Calling #Run_Free_Education #RunFreeEdu #FreeEducation #organization

❤74👍1
ကျန်းမာရေးဆိုတာ ဘဝရဲ့ အကြီးမားဆုံးအရင်းအမြစ်တစ်ခုပါ💙
"ဥစ္စာရှိလို့ အရာမဖြစ်၊ ကျန်းမာမှ အရာဖြစ်" လို့ ရှေးလူကြီးတွေက မိန့်ဆိုခဲ့ကြသလိုပဲ၊ ဘဝမှာ ဘယ်လောက်ပဲ ဥစ္စာရှိပါစေ ကျန်းမာရေးမကောင်းရင်လဲ အရာထင်မှာမဟုတ်ပါဘူး။
✨ ကျန်းမာရေးဗဟုသုတဆိုတာဟာ အကောင်းဆုံး ဆေးဝါးတစ်မျိုးပါပဲ။
ဆေးမသောက်ခင် ကိုယ်သောက်မယ့်ဆေးရဲ့ သိထားသင့်တဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို လေ့လာဖတ်ရှုသင့်သလို မိမိခန္ဓာကိုယ်ရဲ့ လိုအပ်တာတွေကို နားလည်ခြင်း၊ အစားအသောက်နေထိုင်မှုပုံစံကို ဟန်ချက်ညီအောင် ထိန်းနိုင်ခြင်းကလည်း ရောဂါတွေကို ကာကွယ်နိုင်တဲ့ အရေးကြီးဆုံး လမ်းကြောင်းတွေထဲကတစ်ခုပါပဲ။
"ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်" ဆိုတဲ့ အဆိုကတော့ အားလုံးနဲ့ မစိမ်းသက်နေလောက်ဘူးလို့ထင်ပါတယ်။
ဒါကြောင့် ကျန်းမာရေးအကြောင်းဆိုတာ လူတိုင်းသိထားသင့်ပါတယ်။
ကျန်းမာရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေနဲ့ အသိပညာဗဟုသုတတွေကို ဒီထက်ပိုပြီး လေ့လာချင်တာဆိုရင်တော့ Run Free ကနေ 100% ပညာဒါနအနေနဲ့ ဖွင့်လှစ်ပေးထားတဲ့ Healthcare Department လေးကိုလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ 🤗
#RunFreeEdu #organization #RunFreeEducation #RFE #knowledgesharing #HealthCare #Department

❤49
မူရင်း Status အား Share ပေးခြင်းဖြင့် ကျောင်း Page Active ပြန်ဖြစ်ရန် ကူညီပါ
https://www.facebook.com/share/p/1AHqrsZCfh/

❤45😢2👍1
🌾 တောင်သူလယ်သမားနေ့ 🌾
မြေကြီးနဲ့ မျက်နှာချင်းဆိုင်ပြီး
ပူပြင်းတဲ့ နေရောင်အောက်မှာ ပင်ပန်းခက်ခဲစွာ လုပ်ကိုင်နေကြရတဲ့ တောင်သူလယ်သမားဦးကြီးများဟာ နိုင်ငံတစ်နိုင်ငံရဲ့ အစာအဟာရလုံခြုံရေးအတွက် အဓိကအင်အား ဖြစ်ပါတယ်။ ဒါကြောင့်မလို့ တောင်သူလယ်သမားနေ့ဟာ တစ်နှစ်တာကာလပတ်လုံး အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြတဲ့ တောင်သူလယ်သမားဦးကြီးများကို လေးစားဂုဏ်ပြုတဲ့နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။🌾✨
မြန်မာနိုင်ငံမှာတောင်သူလယ်သမားနေ့ ကို နှစ်စဉ် မတ်လ (၂) ရက်နေ့မှာ ကျင်းပလေ့ရှိကြပြီး လယ်ယာကဏ္ဍရဲ့ အရေးပါမှုနဲ့ တောင်သူလယ်သမားများရဲ့ကြိုးစားအနစ်နာခံခဲ့ရတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ဂုဏ်ပြုသည့် နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။
ရှေးယခင်ကတည်းက မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လယ်ယာကဏ္ဍဟာ စီးပွားရေး၊ လူမှုဘဝနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အရေးပါသော အုတ်မြစ်အဖြစ် ရပ်တည်နေခဲ့ပါတယ်။
တစ်စေ့တစ်လုံး စိုက်ပျိုးရာမှ
ထမင်းတစ်ပွဲ ဖြစ်လာအောင်
အချိန်၊ အားထုတ်မှု၊ စိတ်ရှည်မှုများ နဲ့ ပင်ပန်းမှု စတဲ့ပေးဆပ်မှုများနဲ့အတူ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်သာ ကျွန်မတို့နေ့စဉ်စားသုံးနေရတဲ့ အစားအစာများ ရရှိနေတာဖြစ်ပါတယ်။
🌱 “လယ်ယာကောင်းမှ နိုင်ငံကောင်းမည်”
🌾 “တစ်စေ့စိုက်၍ တစ်နိုင်ငံကျွေး” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ပင်ပန်းစွာ ကြိုးစားပေးခဲ့ကြတဲ့ တောင်သူလယ်သမားဦးကြီးများရဲ့ ကြိုးစားမှုတွေဟာ နိုင်ငံရဲ့အဖိုးတန်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။
ဒါကြောင့် ယနေ့တောင်သူလယ်သမားနေ့မှာ မြေကိုချစ်မြတ်နိုးပြီး လယ်ကိုစိုက်ပျိုးထိန်းသိမ်းနေကြသော တောင်သူလယ်သမားများအားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်။ 🙏
Run Free ရဲ့ information တွေကိုFacebook နဲ့ Telegram channel တွေမှာ နေ့စဥ် တင်ဆက်ပေးလျက်ရှိပါတယ်။
Run Free Education နဲ့အတူ အနာဂတ်အတွက် ပညာ အလင်းရောင်လေး ကို အတောက်ပဆုံးထွန်းလင်းလိုက်ပါ။✨
#RunFreeEdu
#တောင်သူလယ်သမားနေ့
#RunFreeEdu #organization #knowledgesharing #Myanmar

❤50🥰1
4 Year Later
(အမှတ်တရ ဘာသာစကားဌာန)
ဒီနေ့ မတွေ့တာလည်းကြာလို့ Founder ဘယ်သူလဲ မသိရအောင်ကို Generation ပြတ်သွားလို့ အမှတ်တရအနေနဲ့ Language Department တွေမှာ စာပါတ်ပို့ခဲ့ပါတယ်
2022-2026 ဆိုတော့ 4 Year Later ပေါ့ 😁😁
2022 မတိုင်ခင်က Language Dep တွေအကြောင်း အမှတ်တရအနေနဲ့ ဆရာဆရာမတွေကို ပြောပြခဲ့ပြီး ကျောင်းသား//သူဟောင်းတွေပါ သိရအောင် မျှဝေပေးပါမယ်
J K C E F M
J Dep
Japanese Department က အရင်တုန်းက တော်တော်လေးတက်ကြွ Active ဖြစ်ပြီးတော့ Councilor ဆရာဆရာမတွေကလည်း အလွန်အားကိုးရတဲ့ ဆရာဆရာမကြီးတွေပါ
J Dep က သီချင်းဆိုကောင်းတဲ့ ဆရာဆရာမတွေ အများကြီး ထွက်ခဲ့ပါတယ်
Level တန်းတွေ အများကြီးသင်ပေးနိုင်ပြီး စာအသင်အပြကောင်းတယ်လို့လည်း နာမည်ကြီးပါတယ်။ RFe က သင်တန်းတက် JLPT ဖြေပြီး နိုင်ငံခြားထွက်ကြတဲ့သူတွေ အများကြီးလည်း တွေ့ခဲ့ပါတယ်။
(RFe ရဲ့ LDep မှာ အဆိုအကောင်းဆုံး ဌာန)
K Dep
K Dep လက်သုံးစကားကတော့
‘မဖြစ်လိုက်နဲ့ ဖြစ်လိုက်ရင် K ချည်းပဲ
ကန်တော့ပွဲ ပြင်ထားတော့’
RFe ရဲ့ Language Dep မှာ ပွဲဆို K က အရင်စပါတယ် 😆😆
အမြဲ Founder နဲ့အတူ ပွဲဖြစ်ရတဲ့ Dep ပါ
အားကိုးရတဲ့ Fighter အများစုက K Dep ကပါ 😆😆
သင်ကြားရေးပိုင်းကတော့ ဆရာဆရာမ တွေက သဘောကောင်းပြီး / Good Review တွေ ရရှိထားတဲ့ Dep ပါ
(RFe ရဲ့ Fighter ကြီးများ စုဝေးရာ ဌာန)
C Dep
Chinese Department ကတော့ RFE ရဲ့ အတည်ငြိမ်ဆုံး Dep ဖြစ်ပါတယ်။ ကျောင်းသက်တမ်းတလျောက် Debate ကိစ္စနဲ့ ပွဲတကြိမ်ပဲ ဖြစ်ဖူးတယ် မှတ်မှတ်ရရပေါ့
Councilor ဆရာဆရာမတွေကလည်း ဌာနအတွက် အများဆုံးကြိုးစားပေးကြတယ်
သင်ကြားရေးဆရာဆရာမ အများစုက Chinese တွေပဲဆိုတော့ သင်ကြားရေးက ပြောစရာမလို
Founder ရဲ့ ညီမလေးတောင် RFE က HSK တက်ပြီး ဖြေတောင်ဖြေပြီးပါပြီ
(ဒါမဲ့ RFe ရဲ့ အချောဆုံးဌာန 🤭🤭)
E Dep
English Department ကတော့ ပွဲဖြစ်တာမျိုး သိပ်မတွေ့ခဲ့ဘူး Councilor ဆရာဆရာမတွေရဲ့ ကြိုးစားမှုတွေ RFe Language Department ရဲ့ Volunteer Member အများဆုံးနဲ့ အကြီးဆုံးဌာနပါ
ကျောင်းမှာ English လိုရေးရမယ်တို့ နိုင်ငံခြားက interview တို့ဆိုရင် E Dep က Councilor ဆရာဆရာမတွေ ဦးဆောင်ခဲ့တာပါ
မှတ်မှတ်ရရဆိုရင် Christmas ပွဲတွေမှာ E Dep က အမြဲဦးဆောင်ပေးလေ့ရှိပါတယ်
အကြီးဆုံးဌာန ဖြစ်တဲ့အပြင် သင်ကြားရေးအပိုင်းမှာလည်း Quality အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေတဲ့ဌာန ဖြစ်ပါတယ်။
(RFe ရဲ့ MC ဌာန)
F နဲ့ M တော့ တွဲပြောပေးပါမယ်
F နဲ့ M မှာတော့ သိပ်စကားမပြောဖြစ်ဘူး
Councilor ဆရာဆရာမတွေနဲ့လည်း သိပ်မပြောဖြစ်ဘူး
ဒါမဲ့ ဌာနက Councilor ဆရာဆရာမတွေက Reaction သိပ်ကောင်းတယ် တခုခုဆို တန်းပြင်ပြီးသားပဲ
Thai Language ဆရာမ ဆို စာလည်းသင် သီချင်းလည်းဆို က ပါပြသေးတယ်
ထူးခြားတာက F&M ကလည်း ပွဲတခါမှ မဖြစ်ခဲ့ဖူးပါဘူး တည်ငြိမ်ကြပါတယ်
အမှတ်တရ သိပ်မရှိခဲ့တာထက် ဌာနတွေပေါင်းပြီး နာမည်ပြောင်းသွားလို့ ပြောရမှာတွေ များနေပါတယ်
သင်ကြားရေးမှာတော့ အတန်းနည်းပေမဲ့ အပြင်မှာ သင်တန်းရှားတဲ့ ဘာသာရပ်တွေကို အခမဲ့သင်ယူနိုင်တဲ့ ဌာန အဖြစ်ရပ်တည်နေပါတယ်။
မြန်မာစာပေ လူမျိုးပေါင်းစုံရဲ့ တိုင်းရင်းသားစာပေ တွေသင်ကြားပေးနေတဲ့ M Department အဖြစ်လည်း ရပ်တည်နေပါတယ်။
(RFe ရဲ့ အတည်ငြိမ်ဆုံး ဌာန)
ဖြည့်စွက်ချက်
RFe LDep ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ဘာသာစကားတက်မြှောက်ရေး၊ နိုင်ငံခြားဘာသာစကားကို ကုန်ကျစရိတ် မရှိ သင်ယူနိုင်ရေး၊ ပြည်သူလူထုနိုင်ငံခြား ထွက်နိုင်ရေး အတွက် တဖက်တလှမ်းကနေ ကူညီပေးခဲ့ ပေးနေတဲ့ ဆရာဆရာမ များကို ဂုဏ်ပြုလိုက်ပါတယ်
ကျောင်းသားတွေ အနေနဲ့ ဘယ် Dep တွေမှာ ပညာသင်ယူနေကြလဲ…
#4YearLater
#Founder

❤178🔥7🥰3👏3
🌸 International Women's Day 🌸
မတ်လ (၈) ရက်နေ့ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးများရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့နေ့ပဲ ဖြစ်ပါတယ်။
ဒီနေ့မှာဆိုရင် အမျိုးသမိီးလေးတွေရဲ့ တန်းတူညီမျှအခွင့်အရေးများနဲ့အတူ အောင်မြင်မှုများအတွက် ဂုဏ်ပြုတဲ့နေ့ ဖြစ်ပါတယ်။
International Women’s Day ဟာ အမျိုးသမီးတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးကဏ္ဍတွေမှာ ထူးချွန်အောင်မြင်ခဲ့တဲ့ အခန်းကဏ္ဍတွေကို အသိအမှတ်ပြုဖို့နဲ့ Gender Equality (ကျား/မ တန်းတူညီမျှမှု) ကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။
💜 “Empower Women, Empower the World” ဆိုတဲ့စကားလုံးလေးလိုပဲ အမျိုးသမီးတစ်ယောက် အားကောင်းလာတဲ့အခါ မိသားစုတစ်ခု အားကောင်းလာပါတယ်။ မိသားစုတစ်ခု အားကောင်းလာတဲ့အခါ လူမှုအသိုင်းအဝိုင်းတစ်ခုပါ တိုးတက်လာစေပါတယ်။
ဒါပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို တကယ်မြင်ရရင် အောင်မြင်မှုတွေအပြင် မမြင်နိုင်တဲ့ နာကျင်မှုတွေလည်း ရှိနေတတ်ပါတယ်။
လူတွေက သူမကို “သန်မာတယ်” လို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် တချို့သောညတွေမှာ သူမဟာ တစ်ယောက်တည်း စိတ်ဓာတ်ကျမှုတွေနဲ့ မျက်ရည်ကျခဲ့ဖူးပါတယ်။ လူတွေက “အရာအားလုံး ကိုင်တွယ်နိုင်တယ်” လို့ ယုံကြည်ကြပေမယ့် သူမဟာလဲ လူသားတစ်ယောက်ပဲမို့ တစ်ခါတစ်လေတော့ “ပင်ပန်းနေပြီ…” လို့ ပြောချင်ခဲ့ဖူးပါလိမ့်မယ်။
အမျိုးသမီးလေးတွေအနေနဲ့ ကိုယ့်ရဲ့ နှလုံးသားက ပြောတဲ့စကားတွေကိုလည်း နားထောင်ပေးဖို့ လိုအပ်ပါတယ်။
ဒီနေ့ဟာ —
✨ အောင်မြင်မှုတွေကို ဂုဏ်ပြုရမယ့်နေ့
✨ တန်းတူညီမျှမှုအတွက် အသံပေး လှုံ့ဆော်ရမယ့်နေ့
✨ မမြင်ရတဲ့ နာကျင်မှုတွေကိုလည်း လေးစားပေးရမယ့်နေ့
✨ ကိုယ့်ကိုယ်ကိုယ် ချစ်ပေးရမယ့်နေ့ ပဲဖြစ်ပါတယ်။
“သန်မာရမယ်” ဆိုတဲ့ စကားလုံးနောက်ကွယ်မှာနူးညံ့မှုလည်း ရှိပါတယ်။ အိပ်မက်တွေလည်း ရှိသလို နားလည်ပေးမယ့် လက်တစ်စုံကို မျှော်လင့်နေတဲ့ နှလုံးသားလည်း ရှိပါတယ်။
ဒီ International Women's Day မှာတော့ အပြုံးတွေရဲ့နောက်ကွယ်က မျက်ရည်တွေပါ တန်ဖိုးရှိတယ်ဆိုတာ မမေ့ပါနဲ့။
ပင်ပန်းရင် အနားယူပါ။
ငိုချင်ရင် ငိုချလိုက်ပါ။
ဒါပေမယ့် အိပ်မက်တွေကိုတော့ မလွှတ်လိုက်ပါနဲ့။
Happy Women’s Day 💜
အမျိုးသမီးလေးတိုင်းဟာ သန်မာလည်းဖြစ်သလို နူးညံ့လည်းဖြစ်ပါတယ်။ နာကျင်မှုတွေကြားကနေ လင်းလက်တောက်ပနိုင်ကြပါစေ 🌷
Run Free ရဲ့ information တွေကိုFacebook နဲ့ Telegram channel တွေမှာ နေ့စဥ် တင်ဆက်ပေးလျက်ရှိပါတယ်။
Run Free Education နဲ့အတူ အနာဂတ်အတွက် ပညာ အလင်းရောင်လေး ကို အတောက်ပဆုံးထွန်းလင်းလိုက်ပါ။✨
#RunFreeEdu
#International_Women_Day
#Empower_women

❤40🔥1