Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
829 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
ယနေ့ ၂၀-၈-၂၀၂၂ ရက်နေ့ တင့်ပြိုင်ပွဲရဲ့ ရလာဒ်တွေကတော့

Division - 1 (မော်စကို စံတော်ချိန် ၁၀ နာရီ)
🔹 ဗီယက်နမ် (စံချိန် ၂၉ မိနစ် ၇ စက္ကန့်၊ ပစ်မှတ် ၄/၅)
🔹 ဗီနီဇွဲလား (စံချိန် ၃၉ မိနစ် ၅၁ စက္ကန့်၊ ပစ်မှတ် ၂/၅)
🔹 ဥဇဘက္ကစ္စတန် (စံချိန် ၂၄ မိနစ် ၅၃ စက္ကန့်၊ ပစ်မှတ် ၅/၅)
🔹 ကာဇက်စတန် (စံချိန် ၂၃ မိနစ် ၅၂ စက္ကန့်၊ ပစ်မှတ် ၅/၅)

Division - 2 (မော်စကို စံတော်ချိန် ၁၁ နာရီ)
🔹 လာအို (စံချိန် ၃၆ မိနစ် ၅၁ စက္ကန့်၊ ပစ်မှတ် ၃/၅)
🔹 အာမေးနီးယား ကတော့ ပြိုင်ပွဲအားလုံးရဲ့ နောက်ဆုံးရလာဒ် ရရှိတဲ့ အသင်းအနေနဲ့ သတ်မှတ်မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
🔹 ဆီးရီးယား (စံချိန် ၂၉ မိနစ် ၄၃ စက္ကန့်၊ ပစ်မှတ် ၄/၅)
🔹 မြန်မာ (စံချိန် ၃၀ မိနစ် ၂၈ စက္ကန့်၊ ပစ်မှတ် ၅/၅)

Division 2 ရလာဒ်တွေ အရ မြန်မာအသင်းက အဆင့်ဘယ်လောက်ဖြစ်မလဲ ဆိုတာ မနက်ဖြန် ပြိုင်ကြမယ့် ကျန်ရှိတဲ့ Division 2 က အသင်းတွေရဲ့ စံချိန်ကို ကြည့်ပြီး ရင်ခုန်ကြရအောင်ပါ။

Division 2 ရဲ့ စံချိန်တွေကို ပြန်ပြီး ရက်အလိုက် ဖော်ပြပေးလိုက်ပါတယ်။

၁၃-၈-၂၀၂၂
Division -2 (မော်စကို စံတော်ချိန် ၁၁ နာရီ)
🔹 လာအို (စံချိန် ၄၂ မိနစ် ၁ စက္ကန့်၊ ပစ်မှတ် ၀/၅)
🔹 အာမေးနီးယား (စံချိန် ၄၇ မိနစ် ၁၅ စက္ကန့်၊ ပစ်မှတ် ၁/၅)
🔹 ဆီးရီးယား (စံချိန် ၃၃ မိနစ် ၄၂ စက္ကန့်၊ ပစ်မှတ် ၃/၅)
🔹 မြန်မာ (စံချိန် ၂၇ မိနစ် ၄၃ စက္ကန့်၊ ပစ်မှတ် ၅/၅)

၁၄-၈-၂၀၂၂
Division -2 (မော်စကို စံတော်ချိန် ၁၁ နာရီ)
🔹 အီရန် (စံချိန် ၃၅ မိနစ် ၅၀ စက္ကန့်၊ ပစ်မှတ် ၃/၅)
🔹 မာလီ (စံချိန် ၄၁ မိနစ် ၂၉ စက္ကန့်၊ ပစ်မှတ် ၂/၅)
🔹 ဇင်ဘာဗွေ (စံချိန် ၅၇ မိနစ် ၅၁ စက္ကန့်၊ ပစ်မှတ် ၀/၅)
🔹 တောင် အော်စက်တီးယား (စံချိန် ၃၃ မိနစ် ၆ စက္ကန့်၊ ပစ်မှတ် ၄/၅)

Division -2 ဒုတိယပွဲစဉ် (မော်စကို စံတော်ချိန် ၁၂ နာရီ)
🔹 အာခါဇီယား (စံချိန် ၄၄ မိနစ် ၁၁ စက္ကန့်၊ ပစ်မှတ် ၁/၅)
🔹 တာဂျစ်ကစ္စတန် (စံချိန် ၃၄ မိနစ် ၃၂ စက္ကန့်၊ ပစ်မှတ် ၁/၅)
🔹 ဆူဒန် (စံချိန် ၅၄ မိနစ် ၃၈ စက္ကန့်၊ ပစ်မှတ် ၁/၅)

၁၈-၈-၂၀၂၂
Division - 2 ပထမပွဲစဉ် (မော်စကို စံတော်ချိန် ၁၀ နာရီ)
🔹 လာအို (စံချိန် ၃၉ မိနစ် ၁၈ စက္ကန့်၊ ပစ်မှတ် ၃/၅)
🔹 အာမေးနီးယား (စံချိန် ၄၅ မိနစ် ၅၇ စက္ကန့်၊ ပစ်မှတ် ၁/၅)
🔹 ဆီးရီးယား (စံချိန် ၃၇ မိနစ် ၃၄ စက္ကန့်၊ ပစ်မှတ် ၂/၅)
🔹 မြန်မာ (စံချိန် ၃၈ မိနစ် ၁၄ စက္ကန့်၊ ပစ်မှတ် ၃/၅)

Division - 2 ဒုတိယပွဲစဉ် (မော်စကို စံတော်ချိန် ၁၁ နာရီ)
🔹 အီရန် (စံချိန် ၃၀ မိနစ် ၄၃ စက္ကန့်၊ ပစ်မှတ် ၄/၅)
🔹 ဇင်ဘာဗွေ (စံချိန် ၅၃ မိနစ် ၁၀ စက္ကန့်၊ ပစ်မှတ် ၂/၅)
🔹 တောင် အော်စက်တီးယား ----

၁၉-၈-၂၀၂၂
Division - 2 (မော်စကို စံတော်ချိန် ၁၁ နာရီ)
🔹 အာခါဇီယား (စံချိန် ၄၃ မိနစ် ၈ စက္ကန့်၊ ပစ်မှတ် ၃/၅)
🔹 တာဂျစ်ကစ္စတန် (စံချိန် ၃၂ မိနစ် ၅၂ စက္ကန့်၊ ပစ်မှတ် ၃/၅)
🔹 ဆူဒန် (စံချိန် ၅၁ မိနစ် ၅၂ စက္ကန့်၊ ပစ်မှတ် ၀/၅)
🔹 တောင် အော်စက်တီးယား (စံချိန် ၄၁ မိနစ် ၂၉ စက္ကန့်၊ ပစ်မှတ် ၁/၅)

၂၀-၈-၂၀၂၂
Division - 2 (မော်စကို စံတော်ချိန် ၁၁ နာရီ)
🔹 လာအို (စံချိန် ၃၆ မိနစ် ၅၁ စက္ကန့်၊ ပစ်မှတ် ၃/၅)
🔹 အာမေးနီးယား ကတော့ ပြိုင်ပွဲအားလုံးရဲ့ နောက်ဆုံးရလာဒ် ရရှိတဲ့ အသင်းအနေနဲ့ သတ်မှတ်မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
🔹 ဆီးရီးယား (စံချိန် ၂၉ မိနစ် ၄၃ စက္ကန့်၊ ပစ်မှတ် ၄/၅)
🔹 မြန်မာ (စံချိန် ၃၀ မိနစ် ၂၈ စက္ကန့်၊ ပစ်မှတ် ၅/၅)

#р_в_мать_сын
9👍5
This media is not supported in your browser
VIEW IN TELEGRAM
စကားပြောလေး လေ့လာကြမယ်
မည်သည့်နေရာတွင်မျှ ကူးယူဖော်ပြခွင့်မပြုပါ
YMBA မှ သင်တန်းသားများအတွက်
မိမိပြုလုပ်ပေးထားတာကြောင့် download ရလွယ်အောင် ဒီမှာ ပြန်တင်ပေးတာပါ
30
This media is not supported in your browser
VIEW IN TELEGRAM
စကားပြောလေး လေ့လာကြမယ်
မည်သည့်နေရာတွင်မျှ ကူးယူဖော်ပြခွင့်မပြုပါ
YMBA မှ သင်တန်းသားများအတွက်
မိမိပြုလုပ်ပေးထားတာကြောင့် download ရလွယ်အောင် ဒီမှာ ပြန်တင်ပေးတာပါ
👍1510
သူရဲကောင်း မိခင် (Мать-героиня) ဆုချီးမြှင့်ခြင်းကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ၁၅-၈-၂၀၂၂ ရက်နေ့မှာ ပြန်လည် အသက်သွင်းခဲ့ပါတယ်။ အဆိုပါ သူရဲကောင်း မိခင် (Мать-героиня) ဆုနဲ့ ပတ်သတ်လို့ ဗဟုသုတ ရစေရန်အလို့ငှာ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

သူရဲကောင်း မိခင် (Мать-героиня) ဆု

ဆိုဗီယက်ယူနီယံ(USSR) ခေတ်မှာ သူရဲကောင်း မိခင် (Мать-героиня) ဆုကို ဘယ်လို ချီးမြှင့်သလဲဆိုရင် USSR မှာ မိခင်တွေ ချီးမြှင့်တဲ့ အမြင့်ဆုံးဘွဲ့ ဖြစ်ပါတယ်။ အဆိုပါ ဂုဏ်ထူးဆောင်ဆုကို ကလေး ၁၀ ဦးနှင့်အထက် မွေးတဲ့ အမျိုးသမီးတွေကို ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ပါတယ်။ သတ်မှတ်ချက်အနေနဲ့ နောက်ဆုံးကလေးရဲ့ ပထမဆုံးမွေးနေ့မှာ သူ့ရဲ့အထက်က ကလေး ကိုးဦးဟာ အသက်ရှင်လျက် ရှိနေတာ သေချာရင် ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အမိမြေကို(နိုင်ငံတော်ကို) ကာကွယ်ရင်း ဒါမှမဟုတ် စစ်မှုထမ်းရင်း ဒါမဟုတ် ပြည်သူလူထုအတွက် တာဝန်ကို ထမ်းဆောင်နေရင်း သေဆုံး/ကျဆုံးခြင်း ဒါမှမဟုတ် ပျောက်ဆုံးကြောင်း ကြေငြာခြင်းခံရတဲ့ ကလေးတွေကို ထည့်သွင်း ရေတွက်ပေးပါတယ်။

သူရဲကောင်း မိခင် (Мать-героиня) ဆု ဟာ ငွေရောင်အောက်ခံပေါ်မှာ လွှမ်းခြုံထားတဲ့ ငါးမြှောင့်ပုံသဏ္ဍာန် ရွှေရောင်ကြယ်ပွင့်ဖြစ်ပါတယ်။ “Мать-героиня” ဆိုတဲ့ စကားလုံးပါတဲ့ အနီရောင်ခြယ်သထားတဲ့ ဘားတစ်ခုနဲ့ အထက်ပါ ကြယ်ကို ချိတ်ဆွဲထားပါတယ်။

အဆိုပါဆုကို ၁၉၄၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ အမျိုးသမီး ၁၄ ဦးကို ပထမဆုံးအကြိမ် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ သူရဲကောင်း မိခင် (Мать-героиня) ဆု ရရှိတဲ့ ပထမဆုံး အမျိုးသမီးကတော့ မော်စကိုဒေသမှာရှိတဲ့ ရွာတစ်ရွာက Анна Алексахина (Anna Aleksakhina) ဖြစ်ပါတယ်။ ထိုအမျိုးသမီးဟာ သမီးနှစ်ယောက်နဲ့ သား ၁၀ ယောက် မွေးဖွားခဲ့ပြီး လေးယောက်ကတော့ ဒုတိယကမ္ဘာစစ် စစ်မြေပြင်က ပြန်မလာနိုင်ခဲ့ကြောင်း သိရပါတယ်။

သူရဲကောင်း မိခင် (Мать-героиня) ဆုကို ဒုတိယကမ္ဘာစစ်အတွင်းက စတင်ခဲ့ခြင်းကတော့ သာမာန်မဟုတ်ပါဘူး။ သူရဲကောင်း မိခင် (Мать-героиня) ဘွဲ့ဟာ စစ်ပွဲအတွင်းမှာ သားသမီးတွေ ဆုံးရှုံးခဲ့ရတဲ့ မိခင်တွေကို ထောက်ပံ့ဖို့ အတိုင်းအတာတစ်ခု အနေနဲ့ စိတ်ကူးပုံဖော်ခဲ့ပြီး မျိုးဆက်သစ် လူငယ်တွေ စစ်ပွဲကြောင့် ဆုံးရှုံးခဲ့ရတဲ့ လူဦးရေ အရေအတွက်ကို တတ်နိုင်သမျှ ပြန်လည်ဖြည့်တင်းနိုင်ဖို့ သားသမီးတွေ မွေးနိုင်စေရန် လှုံ့ဆော်မှုတစ်ခုအဖြစ် ခံယူထားခဲ့ကြပါတယ်။

အဲ့ဒီလို မွေးဖွားထားတဲ့ သားသမီး အရေအတွက်ကို ရေတွက်ရာမှာ တရားဝင်မွေးစားကလေးတွေကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ စစ်ပွဲအတွင်း မိဘတွေ သေဆုံးသွားတဲ့ မိဘမဲ့ ဖြစ်ခဲ့တဲ့ ကလေးတွေ မွေးစားခြင်းကို အထူးအားပေးခဲ့ပါတယ်။

ဥပမာအနေနဲ့ Tashkent မှာ ဒုတိယကမ္ဘာစစ်အတွင်းက မိဘမဲ့ကလေးငယ် ၁၅ ဦးကို မွေးစားခဲ့တဲ့ ဥဇဘက္ကစ္စတန်မှ Бахри Акрамова (Bakhri Akramova) ကို အောက်မေ့ဂုဏ်ပြုဖို့အတွက် အထိမ်းအမှတ် ရုပ်ထုကို စိုက်ထူထားပါတယ်။

အစဉ်အလာအရ မိသားစုတစ်ခုမှာ ကလေးမွေးဖွားမှု ပိုများတဲ့ ဆိုဗီယက်သမ္မတနိုင်ငံက အမျိုးသမီးတွေဟာ မကြာခဏ သူရဲကောင်း မိခင် (Мать-героиня) များ ဖြစ်လာကြပါတယ်။

အဆိုပါဆုကို ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယမ် ပြိုကွဲသည့် ကာလအထိ အပ်နှင်းခဲ့ပါတယ်။ ဆိုဗီယက်ယူနီယမ် တည်ရှိချိန်အတွင်း အမျိုးသမီး ၄၃၀၀၀၀ ကျော်ကို အထက်ပါဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ သူရဲကောင်း မိခင် (Мать-героиня) ဆုရရှိတဲ့ မိခင်တွေဟာ နိုင်ငံတော်က ပေးအပ်တဲ့ အမျိုးမျိုးသော အကျိုးခံစားခွင့်တွေကို ရရှိပါတယ်။ ကလေးတစ်ဦးစီအတွက် လစဉ်ထောက်ပံ့ကြေးအနည်းငယ်၊ ထပ်ဆောင်းအပို ပင်စင်လစာ၊ အများပြည်သူ အသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးတွေမှာ အခမဲ့ ခရီးသွားခြင်းနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အသုံးစရိတ်များအတွက် လျှော့စျေးနှုန်းထားများ ခံစားခွင့် ရှိပါတယ်။ ဒါ့အပြင် ဆုရရှိတဲ့ မိခင်တွေဟာ အခမဲ့အိမ်ရာအတွက် မကြာခဏ ပထမတန်း ဦးစားပေး နေရာ ရခဲ့ကြပါတယ်။

ကလေးများစွာရှိတဲ့ မိခင်တွေဟာ သူရဲကောင်း မိခင် (Мать-героиня) ဆုကလွဲပြီး တခြားဆုတွေကိုလည်း ရရှိနိုင်ပါတယ်။ အဲ့ဒါကတော့ ကလေးငါးဦး ဒါမှမဟုတ် ခြောက်ဦးရှိတဲ့ မိခင်တွေကို Материнство (Maternity) တံဆိပ် အဖြစ် ကြေးတံဆိပ် ဒါမှမဟုတ် ငွေတံဆိပ် အသီးသီး ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် Орден Материнской Славы “Order of Maternal Glory” ဆု ကို ကလေးခုနစ်ယောက်၊ ရှစ်ယောက် ဒါမှမဟုတ် ကိုးယောက် မွေးဖွားတဲ့ မိခင်တွေအတွက် ပေးအပ်ခဲ့ပါတယ်။

ဆိုဗီယက်ယူနီယမ် ပြိုကွဲပြီးနောက် ဆုချီးမြှင့်ခြင်းကို ရပ်တန့်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ရုရှားနိုင်ငံမှာ Order of Parental Glory ဆု ချီးမြှင့်ခြင်းတော့ ရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်က စတင်ပြီးတော့ ကလေး လေးယောက်ထက် ပိုမွေးလာစေရန် ရည်ရွယ်ပြီး ဆုပေးအပ်ခဲ့ကာ ၂၀၁၀ ခုနှစ်ကစပြီး ကလေး ခုနစ်ယောက်ထက် ပိုမွေးထားတဲ့ မိဘတွေ (ကိုယ်တိုင်မွေးခြင်း ဒါမှမဟုတ် မွေးစားထားတဲ့) မိဘတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ကစပြီး အထက်ပါ အကျိုးခံစားခွင့်တွေအပြင် ရူဘယ် နှစ်သိန်း (ခန့်မှန်း ဒေါ်လာ ၃၃၆၀ ခန့်) ပမာဏကို ဆုနဲ့အတူ တစ်လုံးတစ်ခဲတည်း ငွေသားဆုအဖြစ် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီလို
👍41
ချီးမြှင့်ခြင်း ခံရတဲ့ မိသားစုပေါင်း ၅၀၀ လောက် ရှိခဲ့ပါတယ်။

ဒါ့အပြင် ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပဏာမခြေလှမ်းအရ ဆိုဗီယက်ခေတ် သူရဲကောင်း မိခင် (Мать-героиня) ဆုကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှာ ပြန်လည် အသက်သွင်းခဲ့ပါတယ်။ အဆိုပါ မိခင်တွေ (ရုရှားနိုင်ငံသား ဖြစ်ခွင့်ရှိသူ အမျိုးသမီးများအပါ)ကို ဆုချီးမြင့်မည် ဖြစ်ကြောင်း ကလေး ၁၀ ဦးနဲ့အထက် (မွေးဖွားပြီးသူ (ရုရှားနိုင်ငံသား) တို့အား ဂုဏ်ပြုမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဆုဟာ ရုရှားနိုင်ငံရဲ့ အထင်ကရ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ နိုင်ငံ့အကြီးအကဲတွေသာ ရရှိတဲ့ နိုင်ငံတော်ရဲ့ သူရဲကောင်းလက်မှတ်နဲ့ အဆင့်အတန်း ညီမျှပါတယ်။ နိုင်ငံတော်ရဲ့ သူရဲကောင်း-မိခင် လက်မှတ်နဲ့အတူ စိန်တွေနဲ့ အလှဆင်ထားတဲ့ ရွှေသားဆုတံဆိပ်နဲ့ ငွေသား အဖြစ် ဒေါ်လာ ၁၆၀၀၀ ခန့်နဲ့ ညီမျှတဲ့ ရူဘယ်ငွေ ၁ သန်း ကိုလည်း နိုင်ငံတော်က ချီးမြှင့်မှာ ဖြစ်ကြောင်း သိရပါတယ်။

#р_в_мать_сын
👍51
IMG_20220824_012506.jpg
433.6 KB
ဆိုဗီယက် ယူနီယမ်ခေတ် သူရဲကောင်း မိခင် (Мать-героиня) ဆုတံဆိပ်
👍9
IMG_20220824_013714.jpg
298.1 KB
ရုရှားသမ္မတပူတင်နဲ့အတူတွေ့ရတဲ့ Order of Parental Glory ဆုရရှိတဲ့ Лариса и Архип Горохов မိသားစု
👍6
IMG_20220824_012850.jpg
346.9 KB
Tashkent မှာ ဒုတိယကမ္ဘာစစ်အတွင်းက မိဘမဲ့ကလေးငယ် ၁၅ ဦးကို မွေးစားခဲ့တဲ့ ဥဇဘက္ကစ္စတန်မှ Бахри Акрамова (Bakhri Akramova) မှ ၎င်းအတွက်ဂုဏ်ပြုစိုက်ထူထားတဲ့ ဂုဏ်ပြု‌အထိမ်းအမှတ် ရုပ်ထုနဲ့အတူ တွေ့ရစဉ်
👍9
IMG_20220824_012825.jpg
311.1 KB
Бахри Акрамова (Bakhri Akramova) ရှေ့ဆုံးတန်းမှ လေးယောက်မြောက်အမျိုးသမီး
👍8
IMG_20220824_012621.jpg
246.8 KB
သူရဲကောင်း မိခင် (Мать-героиня) ဆု ရရှိတဲ့ ပထမဆုံး အမျိုးသမီးကတော့ မော်စကိုဒေသမှာရှိတဲ့ ရွာတစ်ရွာက Анна Алексахина (Anna Aleksakhina) နောက်တန်း လေးယောက်မြောက် အမျိုးသမီး
👍18
IMG_20220824_013743.jpg
45.8 KB
လက်ရှိနောက်ဆုံး ချီးမြှင့်မယ့် သူရဲကောင်း မိခင် (Мать-героиня) ဆုတံဆိပ်
👍331
This media is not supported in your browser
VIEW IN TELEGRAM
Кто такой Путин?

ပူတင်ဆိုတာ ဘယ်လိုလူလဲ

Кто такой президент?

သမ္မတဆိုတာ ဘယ်လိုလူလဲ
👍164