Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
မကြိုက်နှစ်သက်ကြောင်း ဖော်ပြချင်ရင်တော့
- Мне не нравится!
- Мне не понравилось!
လို့ ဖော်ပြပြောဆိုပါတယ်။

ပုံမှန်ပါပဲလို့ပြောချင်ရင်တော့ အထက်မှာ ပြောခဲ့သလို Ничего особенного Сойдёт ဒါမှမဟုတ်ရင် Так себе ဆိုတာနဲ့ ပြောဆိုပါတယ်။

အထက်ကပြောခဲ့တဲ့
- Мне (не) нравится...
- Я (не) люблю....
- Я терпеть не могу.....
- Я ненавижу.....
ဆိုတဲ့ စကားစုတွေရဲ့ နောက်မှာလိုက်ရမယ့် падеж တွေအနေနဲ့ကတော့

- Мне (не) нравится + (кто?/что?) [именительный падеж (первый падеж)]
- Я (не) люблю + (кого?/что?) [винительный падеж (четвёртый падеж)]
- Я терпеть не могу + (кого?/что?) [винительный падеж (четвёртый падеж)]
- Я ненавижу + (кого?/что?) [винительный падеж (четвёртый падеж)]
ဆိုတဲ့ падеж တွေ လိုက်ရမှာ ဖြစ်ပါတယ်။

အထက်ပါ ဖော်ပြတဲ့အထဲမှာ падеж (၂)ခုနဲ့ သုံးစွဲတဲ့ အခါမှာ သိထားရမယ့် ပုံစံလေးကို ဖော်ပြလိုက်ပါတယ်။


именительный падеж (первый падеж)(кто?/что?) နဲ့သုံးမယ်ဆိုရင်
Я → мой/моя/моё/мои
Ты → твой/твоя/твоё/твои
Мы → наш/наша/наше/наши
Вы → ваш/ваша/ваше/ваши
Он/Оно → его
Она → её
Они → их တို့လိုက်ရမှာ ဖြစ်ပါတယ်

Нравится နဲ့အသုံးပြုမယ်ဆိုရင် သူ့ရဲ့ရှေ့က дательный падеж (третий падеж) (кому?/чему?) လိုက်ရမှာ ဖြစ်ပါတယ်။ အဲ့အတွက်
Я → мне
Ты → тебе
Мы → нам
Вы → вам
Он → ему
Она → ей
Они → им တို့နဲ့ သုံးရမှာ ဖြစ်ပါတယ်။

ဥပမာ
Это я. Мне нравится этот салат.
Это ты. Тебе нравится машина.
Это мы. Нам нравится этот город.
Это вы. А что вам нравится?
Это он. Ему нравится машина.
Это она. Ей нравится мой брат.
Это мама и папа. Им нравятся компьютеры.


винительный падеж (четвёртый падеж) (кого?/чего?) နဲ့သုံးမယ်ဆိုရင်
Я → меня
Ты → тебя
Он → его
Она → её
Мы → нас
Вы → вас
Они → их

ဥပမာ
Я люблю тебя.
Ты любишь её.
Она любит его.
Он любит нас.
Мы любим вас.
Вы любите их.
Они любят меня.


အထက်ပါတို့ကို လေ့လာပြီးရင် падеж အလိုက် သက်ရှိ/သက်မဲ့ ဖြစ်တဲ့ кто? / Что? ကို အောက်ပါဇယားကွက်ကို လေ့လာပြီး မှတ်သားနိုင်ပါတယ်။
👍1
Салам, Бача (လေးစားပါတယ် ညီအစ်ကိုတို့)
Виват! Шурави! (ဆိုဗီယက်စစ်ပြန်တွေက နှုတ်ဆက်ပါတယ်)

ဒီသီချင်းလေးမှာ သုံးထားတဲ့ တချို့ စကားလုံးတွေရဲ့ အဓိပ္ပါယ်လေးတွေဟာ ယူဆချက်အမျိုးမျိုး ယူဆလို့ရပါတယ်။ အဲ့ဒါလေးတွေကတော့
🔹 Салам ဆိုတာကတော့ အလေးပြုတယ်၊ အရိုအသေပေးတယ်လို့ အဓိပ္ပါယ်ယူနိုင်တဲ့ အာရဗီဘာသာစကား ဆလန်ဆိုတဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သက်သာချောင်ချိရေး၊ နှုတ်ခွန်းဆက်ခြင်း စတဲ့ အဓိပ္ပါယ်တွေ ရပါတယ်။
🔹 Бача ဆိုတာကတော့ ညီအစ်ကို၊ သူငယ်ချင်း၊ ဆွေမျိုးထက်ပိုတဲ့ တစ်ဦးနဲ့တစ်ဦး စည်းလုံးမှုရှိကြတဲ့ သူတွေကို ခေါ်ဝေါ်သုံးစွဲတဲ့စကားလုံးပါ။ ကျတော်တို့ ဗိုလ်လောင်းဘဝက စီနီယာ ဂျူနီယာအလိုက် ခွဲပေးတဲ့ ဂါဒီယမ်လိုပါပဲ။ ဂါဒီယမ်တွေဟာ ကိုယ့်ရဲ့ ညီအစ်ကိုအရင်းထက်တောင် စည်းလုံးချစ်ခင်ကြပါတယ်။ Бача လို့ ခေါ်ဝေါ်သုံးစွဲရင် ခိုင်မြဲတဲ့ သံယောဇဉ်ကြိုးနဲ့ ချည်ထောင်ထားသလို လေးနက်မှု ရှိပါတယ်။ သူ့ရဲ့အဓိပ္ပါယ်က ညီအစ်ကို၊ ကောင်လေး၊ ကလေးလို့လဲ အဓိပ္ပါယ်ရပါတယ်။
🔹 Виват ဆိုတာကတော့ ဝါစက အနေနဲ့သုံးတဲ့ ရွှင်လန်းတဲ့နှုတ်ဆက်ခြင်း၊ ဆန္ဒကိုဖော်ပြတဲ့ အာမေဋိတ်စကား အသက်ရှည်ပါစေ၊ အသက်ရှင်ပါစေ၊ ငြိမ်းချမ်းပါစေဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ဒီသီချင်းကတော့ အာဖကန်စစ်အတွက် သီးသန့် သီဆိုထားတဲ့ တေးစီးရီးထဲက တစ်ပုဒ်ဖြစ်ပါတယ်။ အာဖကန် စစ်ပြန်ဆိုဗီယက် စစ်သားတွေဟာ မိမိကိုယ်ကို Шурави လို့ သတ်မှတ်ကြပါတယ်။ အဓိပ္ပါယ်ကတော့ ဆိုဗီယက်ယူနီယံဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ Шурави ဆိုတာကတော့ ပါရှန်းစကား šouravī (советский)၊ အာရပ်စကား шура (совет) ဆိုတဲ့ ဆိုဗီယက်ယူနီယံ (ဆိုဗီယက်)ဆိုတဲ့ အာရဗီ ဘာသာစကားကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဆိုဗီယက်ယူနီယံဟာ အာဖကန်နစ္စတန်ကနေ ဆိုဗီယက်တပ်ဖွဲ့တွေကို အပြီးအပိုင် ဆုတ်ခွာကြောင်း ကြောငြာခဲ့ပြီး ၁၉၇၉ ခုနှစ်ကစပြီး အာဖကန်ကို ဝင်ရောက်ခဲ့တဲ့ ၉ နှစ်ကြာ စစ်ပွဲအဆုံးသတ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဲ့ဒီအာဖကန်စစ်ပွဲအတွင်းမှာ ကျဆုံးခဲ့တဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးစပ်ထားတဲ့ သီချင်းဖြစ်ပါတယ်။ ကိုးနှစ်ကြာဖြစ်ခဲ့တဲ့ အာဖကန်စစ်ပွဲအတွင်းမှာ အရပ်သားတစ်သန်းခန့်၊ မူဂျာဟီဒင်တိုက်ခိုက်ရေးသမား ၉၀၀၀၀၊ အာဖဂန်တပ်ဖွဲ့ဝင် ၂၀၀၀၀ ကျော်နဲ့ ဆိုဗီယက်စစ်သား ၁၄၀၀၀ ကျော်တို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အခုသီချင်းလေးမှာ Бача ကို ညီအစ်ကိုတို့၊ Виват ကို နှုတ်ဆက်ပါတယ်၊ Шурави ကို ဆိုဗီယက်စစ်ပြန်လို့ ကျတော့်အနေနဲ့ သုံးနှုံးထားပါတယ်။ အထက်ဖော်ပြပါ အဓိပ္ပါယ်တွေကိုလဲ ယူသုံးလို့ရပါတယ်။
👍2
Media is too big
VIEW IN TELEGRAM
Группа крови
သွေးအုပ်စု

Movie ကတော့ လက်ရှိ ရုရှား-ယူကရိန်း စစ်ပွဲက
ပုံရိပ်တွေ ဖြစ်ပါတယ်
Родина (အမိနိုင်ငံ/တိုင်းပြည်)

Родина начинается на пороге твоего дома. Она огромна и прекрасна. Родина всегда с тобой , где бы ты не жил. И у каждого она одна. Как мама. Родина - мать своего народа. Мы любим родину.

အမိနိုင်ငံဆိုတာဟာ မင်းရဲ့အိမ်တံခါးပေါက်ဝကနေ စပါတယ်။ သူမဟာ ကြီးမားပြီးတော့ လှပပါတယ်။ အမိနိုင်ငံဟာ မင်းနေထိုင်ရာ နေရာတိုင်းမှာ မင်းနဲ့အတူ အမြဲရှိနေပါတယ်။ ပြီးတော့ လူတိုင်းမှာ ဇာတိချက်မြှုပ် တစ်ခုစီ ရှိကြပါတယ်။ မိခင်လိုပါပဲ။ အမိ‌နိုင်ငံဟာ မိမိလူမျိုးရဲ့ မိခင်ပါပဲ။ ငါတို့ဟာ အမိနိုင်ငံကို ချစ်တယ်။


Родина လိုပဲ рождения ဆိုတာကတော့ မွေးဖွားရာအရပ်/ဇာတိ ဖြစ်ပါတယ်။

Родина ကို အမိနိုငံ/တိုင်းပြည်အပြင် အောက်ကစာသားလို
Этот город — моя родина. ဒီမြို့ဟာ ကျွန်တော်ရဲ့ ဇာတိချက်မြှုပ် ဖြစ်တယ်။
ဆိုတဲ့ “ဇာတိချက်မြှုပ်” အဖြစ်လဲ သုံးလို့ရပါတယ်။
8
Мама-родина(အမိမြေ)

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က ကမ္ဘာကျော် ရုရှားအနုပညာရှင် Олег Газманов နဲ့ Александр Маршал တို့ ပူးပေါင်းပြီး Газманов ရဲ့ "Мама-Родина(အမိမြေ)" သီချင်းအသစ်ကို ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ website တွေပေါ်ကို ရောက်ရှိခဲ့ပါတယ်။

Олег Газманов က "Мама-Родина" သီချင်းဟာ သူ့ကို ပုဂ္ဂိုလ်ရေးအရ စိတ်ထိခိုက်စေတဲ့ စိတ်ခံစားမှုဆိုင်ရာ ဇာတ်လမ်းတိုတစ်ပုဒ်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

“ဒီသီချင်းနဲ့ဆိုရင် ကျွန်တော် ပြုပြင်ပြောင်းလဲရေးဆိုတဲ့ ဝါဒဖြန့်မှုနဲ့ သူ့မျိုးဆက်မှားနေတယ်လို့ ယုံကြည်မိတဲ့အတွက် အမေ့ကို တောင်းပန်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Олег Газманов နဲ့ Александр Маршал တို့ဟာ Donbas ရီပတ်ဗလစ်ကန်တွေကို ထောက်ခံအားပေးမှုကြောင့် လူသိများပါတယ်။ သူတို့နှစ်ဦးစလုံးဟာ LPR နဲ့ DPR တို့မှာ အကြိမ်ကြိမ် ဖျော်ဖြေခဲ့ကြပါတယ်။

ဒီသီချင်းရဲ့ စာသားအရ ငါဟာ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ ဝါဒဖြန့်ချိရေးရဲ့ "ဦးဆောင်" ခံရပြီး သူမရဲ့မျိုးဆက်မှားတယ်လို့ ယုံကြည်ခဲ့တဲ့ အတွက်ကြောင့် ငါ့ရဲ့မိခင်ကို တောင်းပန်ပါတယ်။ ငါမှားတယ်၊ ငါ့အမေဆုံးသွားပြီ။ မင်းရဲ့မိဘတွေနဲ့ မင်းရဲ့အမိမြေကို ဂရုစိုက်ပါ လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒီနေရာမှာ သူဟာ သွေးဆောင်ဖြားယောင်းခြင်း "သွေးဆောင်ခြင်း" ခံခဲ့ရပြီး ဆိုဗီယက် အမိမြေကို သစ္စာဖောက်ခဲ့ပါတယ်။

သီချင်းလေးကိုတော့ အတတ်နိုင်ဆုံး မြန်မာမှု ပြုပေးလိုက်ပါတယ်။
👍5
အဓိပ္ပါယ်ဆင်တူသော်လည်း ခြားနားမှုရှိသည့် စကားလုံးများ အပိုင်း(၁)

၁။ “а” / “и”

အထက်ပါ စကားလုံး(၂)လုံးသည် ဝါကျများကို ဆက်သွယ်ရာတွင် “နှင့်” ဆိုသည့် အဓိပ္ပါယ်ဖြင့် အသုံးပြုကြပါသည်။ သို့ရာတွင် မည်သည့်အခြေအနေများတွင် အသုံးပြုရမည်ဆိုသည့် သတ်မှတ်ချက် ရှိပါသည်။

“а” ကို ပထမဝါကျနှင့် ဒုတိယဝါကျ ကြားတွင် ဆန့်ကျင်ဘက် (သို့မဟုတ်) ကွဲလွဲမှုအချို့ (သို့မဟုတ်) ရှုပ်ထွေးသော ဝါကျတစ်ခုရှိ စာကြောင်းများကြားတွင် “а” ဖြင့် သုံးရပါမည်။ ဆိုလိုသည်မှာ ဆန့်ကျင့်ဘက် အဓိပ္ပါယ်ရသော စာကြောင်းများကို ချိတ်ဆက်ရာ၌ အသုံးပြုရခြင်း ဖြစ်သည်။

ဥပမာ -

Я люблю кофе. А мои друзья любят чай.
Я люблю кофе, а мои друзья любят чай.
ငါကော်ဖီကို ကြိုက်တယ်။ ဒါပေမယ့် ငါ့သူငယ်ချင်းတွေက လ္ဘက်ရည်ကို ကြိုက်ကြတယ်။
ငါကော်ဖီကို ကြိုက်တယ်၊ ဒါပေမယ့် ငါ့သူငယ်ချင်းတွေကတော့ လ္ဘက်ရည်ကို ကြိုက်ကြတယ်။

Я люблю кофе а не чай.
ငါကော်ဖီကို ကြိုက်တယ် ဒါပေမယ့် လ္ဘက်ရည်ကို မကြိုက်ဘူး။

အထက်ပါ ဝါကျကိုကြည့်ပြီး “а” ရဲ့အဓိပ္ပါယ်သည် “နှင့်” ဟုဆိုသော်လည်း “သို့သော်၊ ဒါပေမယ့်၊ သော်လည်း” ဟူသည့် ဆန့်ကျင်ဘက် ပြောလိုသော နေရာများတွင် အသုံးပြုရပါသည်။

ဒါ့အပြင် “а” ကို မင်းရော/ခင်ဗျားရော/မင်းတို့ရော ဟူသည့် А ты/ вы တို့တွင်လည်း အသုံးပြုနိုင်သည်။

ဥပမာ -

Я люблю чай. А ты?
ငါ လ္ဘက်ရည်ကြိုက်တယ်။ မင်းရော လ္ဘက်ရည် ကြိုက်လား။

Меня зовут Антон. А вас?
ငါ့နာမည်က အန်သွန်ပါ။ ခင်ဗျားနာမည်ကရော။

“и” ကို ဝါကျတစ်ကြောင်းတွင် စကားလုံးနှစ်လုံးကို ချိတ်ဆက်ရန်အတွက် အသုံးပြုသည်။

ဥပမာ -

Я люблю чай и кофе.
ငါ ကော်ဖီနဲ့ လ္ဘက်ရည်ကို ကြိုက်တယ်။

နောက်တစ်ခုကတော့ ငါလဲပြုလုပ်သလို သူတို့လဲပြုလုပ်သည်လို့ ပြောချင်သည့် အခါမျိုးတွေမှာလဲ အသုံးပြုပါတယ်။ Тоже ဆိုသည့် “လည်းပဲ” ဟူသည့် စကားလုံး အဓိပ္ပါယ်နဲ့ ဆင်တူပါသည်။

ဥပမာ -

Я люблю кофе, и мои друзья любят кофе.
ငါကော်ဖီကိုကြိုက်သလို ငါ့သူငယ်ချင်းတွေကလည်းပဲ ကော်ဖီကို ကြိုက်ကြတယ်။
👍3
ရုရှားဘာသာစကားတွင် союз လို့ခေါ်တဲ့ သမ္ဗန္ဓ (၃) မျိုး ဖြစ်တဲ့ ပုဒ်ဆက်သမ္ဗန္ဓ၊ ဝါကျဆက် သမ္ဗန္ဓ၊ အဓိပ္ပာယ်ဆက်သမ္ဗန္ဓ (ပုဒ်အချင်းချင်းကိုလည်းကောင်း၊ ဝါကျအချင်းချင်းကိုလည်းကောင်း၊ အဓိပ္ပာယ်အချင်းချင်းကိုလည်းကောင်း ဆက်စပ်ပေးသော စကားလုံး) ရှိပါတယ်။

၂။ что / чтобы

အထက်ပါ စကားလုံးတွင် что ဆိုသည့်စကားဟာ အမေးစကားလုံးအနေနဲ့ အသုံးပြုပါက “ဘာလဲ” ဟုအဓိပ္ပါယ်ရပြီး союз လို့ခေါ်တဲ့ ဝါကျတစ်ကြောင်းနှင့်တစ်ကြောင်း ချိတ်ဆက်ရာတွင်တော့ “လို့/ဟု/ဘာ/ဘာကြောင့်” လို့အဓိပ္ပါယ်ရပါတယ်။

Что ဆိုသည့် союз ကို သတင်းအချက်အလက် သို့မဟုတ် တစ်စုံတစ်ဦး၏ အတွေးအမြင်များ၊ ထင်မြင်ယူဆချက်များကို ဖော်ပြရန်အတွက် အသုံးပြုနိုင်သည်။ ဝါကျ၏ အဓိပ္ပာယ်ပေါ်မူတည်၍ ကြိယာ၏ ပုံစံသည် ပစ္စုပ္ပန်၊ အတိတ်နှင့် အနာဂတ်ကာလများတွင် ဖြစ်နိုင်သည်။

ဥပမာ -

Я сказала сестре, что собираюсь в отпуск.
အပန်းဖြေခရီးအတွက် စီစဉ်နေတယ်/ပြင်ဆင်နေတယ်လို့ အစ်မကို ငါပြောခဲ့တယ်။

Я сказала моему сыну, что он хорошо сделал домашнее задание.
ငါ့ရဲ့သားဟာ သူ့အနေနဲ့ အိမ်စာတွေ ကောင်းကောင်းလုပ်ခဲ့တယ်လို့ ငါပြောခဲ့တယ်။

Я думаю, что сдам экзамен успешно.
အစမ်းစာမေးပွဲကို အောင်မယ်လို့ ငါထင်ပါတယ်။


Чтобы ဆိုသည့် စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ က/ချင်/ရန်/ဘို့/အလို့ငှာ လို့ အဓိပ္ပါယ်ရပါတယ်။

Чтобы ဆိုသည့် союз ကို တောင်းဆိုချက်၊ အမိန့်နှင့် ဆန္ဒရှိခြင်း(ဆန္ဒမရှိခြင်း) ကို ဖော်ပြရန်အတွက် အသုံးပြုနိုင်သည်။ ကြိယာ၏ ‌အသုံးပြရသည့် ပုံစံသည် အနာဂတ်ကာလနှင့် အဖြစ်အပျက်များအကြောင်း ပြောနေသော်လည်း အတိတ်ကာလတွင်အသုံးပြုရသည့် (-л, -ла, -ло, -ли) စသည့် ကြိယာပုံစံ စကားလုံး အဆုံးသတ်များဖြင့်သာ အသုံးပြုရသည်။

ဥပမာ-

Мать сказала, чтобы он шёл в школу.
အမေက သူ့ကို ကျောင်းသွားရန် ပြောခဲ့တယ်။

Я хочу, чтобы вы это знали.
ကျွန်တော်ကတော့ ခင်ဗျား ဒါကို နားလည် သိထားစေချင်တယ်။

Я хочу, чтобы моя сестра поехала со мной в отпуск.
အပန်းဖြေခရီးကို ငါ့ရဲ့ညီမနဲ့အတူ သွားချင်မိတယ်။

Я хочу, чтобы мой экзамен был сдан успешно.
ငါ့ရဲ့ အစမ်းစာမေးပွဲကို အောင်မြင်မှု ရချင်တယ်။

Я сказала моему сыну, чтобы он сделал уроки.
ငါ့ရဲ့သားကို သူ့ရဲ့ သင်ခန်းစာ လေ့ကျင့်ခန်းတွေလုပ်ခဲ့ဖို့ ငါပြောခဲ့တယ်။

Надо, чтобы все пришли.
အားလုံး လာခဲ့ဖို့ လိုအပ်တယ်။

အဲ့ဒီအတွက် သိထားသင့်သည်က союз အနေနဲ့ что ကိုသုံးရင် သူ့နောက်က глаголы (ကြိယာတွေ)ဟာ ပစ္စုပ္ပန်/အတိတ်/အနာဂတ် အတွက် သူ့ပုံစံအတိုင်း ရေးမှာဖြစ်ပြီး союз ဖြစ်တဲ့ чтобы ကိုသုံးရင် သူ့နောက်က глаголы (ကြိယာတွေ)ဟာ အတိတ်ကာလပုံစံ ရေးရမှာဖြစ်ပြီးတော့ အနာဂတ်မှာ ပြုလုပ်သည့် အဓိပ္ပါယ် ရရှိမှာပဲ ဖြစ်ပါတယ်။
👍3
ရုရှားဘာသာစကားတွင် союз လို့ခေါ်တဲ့ သမ္ဗန္ဓ (၃) မျိုး ဖြစ်တဲ့ ပုဒ်ဆက်သမ္ဗန္ဓ၊ ဝါကျဆက် သမ္ဗန္ဓ၊ အဓိပ္ပာယ်ဆက်သမ္ဗန္ဓ (ပုဒ်အချင်းချင်းကိုလည်းကောင်း၊ ဝါကျအချင်းချင်းကိုလည်းကောင်း၊ အဓိပ္ပာယ်အချင်းချင်းကိုလည်းကောင်း ဆက်စပ်ပေးသော စကားလုံး) ရှိပါတယ်။ အဲ့ထဲက поэтому (ထို့ကြောင့်၊ ယင်းကြောင့်၊ သို့ဖြစ်ရကား၊ အဲ့ဒီတော့) နဲ့ потому что (သောကြောင့်၊ အဘယ်ကြောင့်ဆိုသော်၊ ဘာကြောင့်လဲဆိုတော့) ဆိုတဲ့ စကားလုံးနှစ်ခုကို ဝါကျတွင် မှားရေးမိပါက ဝါကျရဲ့ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို လုံးဝပြောင်းလဲသွားစေပါတယ်။


Поэтому။ ။ လုပ်ဆောင်ချက်တစ်ခုရဲ့ အကျိုးဆက် (ရလဒ်) အကြောင်း ပြောတဲ့အခါမှာ ဒီ союз ကို အသုံးပြုပါတယ်။

ဥပမာ -

Я занимаюсь спортом, поэтому редко болею.
ငါ အားကစား ပြုလုပ်တာကြောင့် နေမကောင်းဖြစ်ခဲ/ဖျားခဲပါတယ်။

Сегодня была хорошая погода, поэтому я провела весь день с семьёй на свежем воздухе.
ဒီနေ့ ရာသီဥတုသာယာတာကြောင့် မိသားစုနဲ့အတူ တစ်နေကုန် လေညှင်းခံခဲ့တယ်။

Я занят, поэтому не пойду в кино.
ငါ မအားတဲ့အတွက်ကြောင့် ရုပ်ရှင်ရုံကို မသွားရဘူး။

Идёт дождь, поэтому в комнате темно.
မိုးရွာနေလို့ အခန်းထဲမှာ မှောင်မဲနေတယ်။


Потому что။ ။ လုပ်ဆောင်ချက်တစ်ခုအတွက် အကြောင်းရင်း/အကြောင်းပြချက်ကို ပြောတဲ့အခါမှာ ဒီ союз ကို အသုံးပြုပါတယ်။

ဥပမာ -
Я не упал, потому что он поддержал меня.
သူက ငါ့ကို ထိန်းထားခဲ့လို့ မလဲသွားခဲ့ပါဘူး။
(သို့)
ငါ မလဲသွားခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ သူက ငါ့ကို ထိန်းထားခဲ့လို့ပါ။

Сегодня я не иду на работу, потому что я болен.
ဒီနေ့ အလုပ်ကို ငါမသွားပါဘူး၊ ဘာလို့လဲဆိုတော့ ငါ ဖျားနေလို့ပါ။

Ты не видишь трудности, потому что можешь их легко преодолевать.
မင်း အခက်အခဲ မတွေ့ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူတို့ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့လို့ပါ။

မှတ်ချက်။ ။ потому что နဲ့ အဓိပ္ပါယ်တူတဲ့ နောက်တစ်လုံးကတော့ так как ဆိုတဲ့ စာလုံးပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ так как ဟာ ဒုတိယဝါကျတွင်သာမက ဝါကျအစတွင်လည်း အသုံးပြုလို့ရပေမယ့်လို့ потому что ကတော့ ဝါကျအစမှာ သုံးလို့မရပါဘူး။

ဥပမာ -

Сегодня я не иду на работу, так как я болен.
ဒီနေ့ အလုပ်ကို ငါမသွားပါဘူး၊ ဘာလို့လဲဆိုတော့ ငါ ဖျားနေလို့ပါ။

Так как я болен, я не иду сегодня на работу.
ငါဖျားနေတဲ့အတွက်ကြောင့် ဒီနေ့ ငါ အလုပ်မသွားဘူး။
👍5
ရုရှားနိုင်ငံရဲ့ (၈)ကြိမ်မြောက် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် "Army-2022" ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ Patriot Expo၊ Kubinka လေတပ်စခန်း နဲ့ Alabino စစ်ရေးလေ့ကျင့်ရေးကွင်းမှာ ကျင်းပသွားမယ်လို့ သိရှိရပါတယ်။

Army game -2022 ပြိုင်ပွဲကို နိုင်ငံပေါင်း ၃၁ နိုင်ငံက အသင်းပေါင်း ၂၃၀ ကျော် ပါဝင်မှာဖြစ်တဲ့အကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့က ပြောကြားခဲ့ပါတယ်။ ယခုနှစ်မှာ ဆော်ဒီအာရေးဗီးယားနဲ့ ရဝမ်ဒါအသင်းတွေဟာ ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်တဲ့အကြောင်း သိရှိရပါတယ်။

မြန်မာပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ ယခင်နှစ်များကထက် ပိုမိုကောင်းမွန်တဲ့ ရလာဒ်တွေ ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
👍17