Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
829 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
Тоже နဲ့ Также အသုံးပြုပုံပြုနည်း

Тоже နဲ့ Также ရဲ့အဓိပ္ပါယ်ကတော့ လည်း၊ပဲ ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့်လို့ также က(ဒီ့အပြင်)ဆိုတဲ့ အဓိပ္ပါယ်ပါ ရရှိပါတယ်။ အောက်ပါအချက်တွေကိုကြည့်ပြီး тоже နဲ့ также အသုံးပြုနည်းကို အလွယ်မှတ်ယူနိုင်မှာ ဖြစ်ပါတယ်။

၁။ အကြောင်းအရာတစ်ခုကို လူနှစ်ယောက်က ပြုလုပ်ပါက тоже ဆိုတာနဲ့ အသုံးပြုပါတယ်။
၂။ အကြောင်းအရာနှစ်ခုကို လူတစ်ယောက်က ပြုလုပ်ပါက также ဆိုတာနဲ့ အသုံးပြုပါတယ်။
၃။ လူနှစ်ဦးမှ လူတစ်ဦးကို တူညီစွာ ပြုမူဆက်ဆံ/ပြောဆိုလျှင် тоже/также အသုံးပြုနိုင်သည်။ သို့သော် အဓိပ္ပါယ် အနည်းငယ်သာ ကွဲလွဲမှုရှိပါတယ်။
၄။ ဘာသာစကားတွေကို လူတစ်ဦးက ပြောဆိုတတ်ကြောင်း ပြောကြားလိုလျှင် также နဲ့သာ အသုံးပြုရမှာဖြစ်ပါတယ်။ А ещё နဲ့လဲ အသုံးပြုနိုင်ပါတယ်။
၅။ Тоже ကို ဝါကျအစတွင် အသုံးမပြုရပေမယ့်လို့ Также ကိုတော့ ဝါကျအစတွင် အသုံးပြုနိုင်ပါတယ်။ ‌ဒါပေမယ့်လို့ နေ့စဉ်ပြောဆိုမှုတွေမှာတော့ тоже ကိုမကြာခဏ အသုံးပြုကြပါတယ်။

အထက်ပါအချက်များကို ရှင်းလင်းအောင် ဥပမာအနေနဲ့ ရေးပြရသော် -
၁။ လူနှစ်ဦး အကြောင်းအရာတစ်ခုကို тоже နဲ့အသုံးပြုပုံ
🔹 Я занимаюсь йогой.
ငါ ယောဂလေ့ကျင့်ခန်းကို ပြုလုပ်နေတယ်။
🔹 Анна тоже занимается.
အန်နာလည်းပဲ လေ့ကျင့်ပြုလုပ်နေတယ်။

၂။ လူတစ်ဦး အကြောင်းအရာနှစ်ခုကို также နဲ့အသုံးပြုပုံ
🔹 Я занимаюсь йогой.
ငါ ယောဂလေ့ကျင့်ခန်းကို ပြုလုပ်နေတယ်။
🔹 Также я бегаю каждый вечер.
ပြီးတော့ ညနေတိုင်း ငါ ပြေးနေတယ်။

၃။ လူနှစ်ဦးမှ လူတစ်ဦးကို တူညီစွာ ပြုမူဆက်ဆံ/ပြောဆိုလျှင်
🔹 Завтра мама позвонит сыну, папа тоже/также позвонит ему.
မနက်ဖြန် အမေက သားကို ဖုန်းဆက်မယ်၊ အဖေလည်းပဲ သူ့ဆီ ဖုန်းဆက်မယ်။

၄။ ဘာသာစကားတွေကို လူတစ်ဦးက ပြောဆိုတတ်ကြောင်း ပြောဆိုလိုလျှင်
🔹 Я говорю на английском языке.
အင်္ဂလိပ်ဘာသာစကားကို ငါ ပြောတတ်တယ်။
🔹 Также я говорю на русском языке.
ရုရှားဘာသာစကားကိုလည်း ငါပြောတတ်တယ်။
🔹 А ещё я говорю на мьянманском языке.
ပြီးတော့ မြန်မာဘာသာစကားကိုလည်း ငါပြောတတ်တယ်။
👍1
🧠 в мозге လို့ သုံးမလား?
🧠 в мозгу လို့ သုံးမလား?

နှစ်ခုစလုံးကတော့ သူ့အကြောင်းအရာနဲ့သူ မှန်ပါတယ်တဲ့။ мозг (ဦးနှောက်) ဆိုတဲ့စကားလုံးကတော့ ချွင်းချက်ဖြစ်ပြီး аэропорт (လေဆိပ်), нос (နှာခေါင်း), глаз (မျက်လုံး) တို့နဲ့ မတူပါဘူး။

ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ ပြောမယ်ဆိုရင် в мозге လို့ သုံးရမှာပဲ ဖြစ်ပါတယ်။

ဥပမာ- Врачи заметили изменение в мозге.
“ဆရာဝန်တွေဟာ ဦးနှောက်ရဲ့ ပြောင်းလဲလာမှုတွေကို သတိထားမိခဲ့တယ်” လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။

ဝါကျမှာ ပါရှိတဲ့
🔸 Врачи ဆိုတာကတော့ врач “ဆရာဝန်” ဆိုတာကို အများကိန်းအဖြစ် ရေးသားထားခြင်းပဲ ဖြစ်ပါတယ်။
🔸 Заметили ဆိုတာကတော့ заметить “လေ့လာသည်၊ ဂရုပြုမိသည်၊ စောင့်ကြည့်သည်” စတဲ့ အဓိပ္ပါယ်တွေရပါတယ်။ အတိတ်ကာလမှာ ပြုလုပ်ခဲ့တဲ့အတွက် (я/он, я/она, оно, они) ဆိုတာကိုကြည့်ပြီး (заметил, заметила, заметило, заметили) ဆိုပြီး သုံးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြုလုပ်သူဖြစ်တဲ့ врачи “ဆရာဝန်များ” ဆိုတာဟာ они (အများကိန်း) ဖြစ်တဲ့အတွက် заметили နဲ့ အသုံးပြုတာပဲ ဖြစ်ပါတယ်။
🔸 Изменение ဆိုတာကတော့ “ပြောင်းလဲမှု” လို့အဓိပ္ပါယ်ရပါတယ်။

အသိဉာဏ်၊ သတိတရား၊ စိတ်တို့နဲ့ ဆိုင်တာဆိုရင်တော့ в мозгу လို့ သုံးရမှာပဲ ဖြစ်ပါတယ်။ အတွေးစတစ်ချက် ဦးနှောက်ထဲမှာ ဖျတ်ခနဲ လင်းသွားတယ်ဆိုရင် Мысль промелькнула в мозгу. “ခေါင်းထဲမှာ အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့တယ်” လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။

ဝါကျမှာ ပါရှိတဲ့
🔸 Мысль ဆိုတာကတော့ “စဥ်းစားတယ်၊တွေးတောတယ်” လို့ အဓိပ္ပါယ်ရပါတယ်။ Мысль ဟာ ရုရှားစာမှာအရေးပါတဲ့ အထီးလိင်၊ အမလိင်၊ သဘာဝ/လိင်မရှိ၊ အများ ဆိုတဲ့ အုပ်စုလေးခု ခွဲခြားသတ်မှတ်ရတဲ့အထဲမှာ она လို့ခေါ်တဲ့ “အမလိင်” အုပ်စုထဲမှာ ပါဝင်ပါတယ်။

🔸 Промелькнула ဆိုတာကတော့ промелькнуть “ရုတ်တရက်ဖြစ်ပေါ်လာတယ်/လင်းလက်တယ်” စတဲ့ အဓိပ္ပါယ်တွေ ရပါတယ်။ အတိတ်ကာလမှာ ဖြစ်ပေါ်ခဲ့တဲ့အတွက် (я/он, я/она, оно, они) ဆိုတာကိုကြည့်ပြီး (Промелькнул, Промелькнула, Промелькнуло, Промелькнули) ဆိုပြီး သုံးရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ရှေ့က мысль ဆိုတဲ့ (она/အမလိင်) ဖြစ်တဲ့အတွက်ကြောင့် Промелькнула နဲ့ သုံးထားခြင်းပဲ ဖြစ်ပါတယ်။

လက်ဆောင်စကားလေး တစ်ခွန်းအနေနဲ့
Некоторые вещи должен решать мозг, а не сердце.
🧠+❤️ တချို့အရာတွေကို နှလုံးသားနဲ့မဟုတ်ပဲ ဦးနှောက်နဲ့ ဆုံးဖြတ်ပါ။ ❤️+🧠
👍1
အခန်းထဲမှာ водка ပုလင်းတွေ့လို့ အရက်သမားလို့ မထင်စေချင် 😀😀😀

Водка ဟာ သောက်သုံးဖို့အတွက်ပဲ ကောင်းတယ်လို့ မင်းအနေနဲ့ ထင်နေရင်တော့ ရုရှားနိုင်ငံအကြောင်း မင်းကောင်းကောင်း မသိသေးလို့ပဲ ဖြစ်မယ်။ ရုရှားနိုင်ငံရဲ့ အသိအမှတ်ပြုအခံရဆုံးဖြစ်တဲ့ အဖျော်ယမကာတစ်ခုဖြစ်တယ့် водка ဟာ သောက်သုံးဖို့ အဖျော်ယမကာတစ်ခုတည်းတင် မကပါဘူး။ ဒါပေမယ့်လို့ водка ဟာ ရုရှားလူမျိုးတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ မရေမတွက်နိုင်တဲ့ ပြဿနာတွေအတွက် တကယ့်ရိုးရာဆေးတစ်လက်ဖြစ်ပါတယ်တဲ့။ водка ကို သောက်သုံးတာအပြင် ရုရှားလူမျိုးတွေ အသုံးအများဆုံး နည်းလမ်းများတွေထဲက (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနေရာမှာ စာရင်းပြုစုထားတဲ့ ကျန်းမာရေးနည်းလမ်းတွေဟာ ထိရောက်ပြီး ပြင်းထန်တဲ့ အခြေအနေတွေမှာ ကူညီပေးနိုင်ပေမယ့်လို့ အဲ့ဒါတွေကိုတော့ အရည်အချင်းပြည့်မီတဲ့ ဆေးဘက်ဆိုင်ရာအကူအညီအတွက် ဘယ်တော့မှ အစားထိုးမစဉ်းစားသင့်ပါဘူး။ ကျွန်တော်တို့ မြန်မာ့တပ်မတော်ထုတ် Army Run လိုပေါ့ဗျာ။ ငှက်ဖျားအတွက် အထောက်အကူ ဖြစ်စေပေမယ့်လို့ ဆေးဘက်ဆိုင်ရာမှာ တရားဝင် ခွင့်ပြုထားတာ မဟုတ်ပါဘူး။ အဲ့ဒီတော့ အဆောင်ကို водка ဝယ်လာလို့ အဆောင်မှူးက သိမ်းမယ်လုပ်ရင် အောက်ကအချက်တွေ လုပ်ဖို့ဝယ်လာတာလို့ ပြောကြပေါ့ဗျာ 😄😄😄။ အဲ့ဒီတော့ ဘယ်လိုအချက် (၅)ချက်နဲ့ водка ကို အသုံးပြုကြသလဲ ဆိုရင်တော့ -

၁။ Для снижения высокой температуры тела (ခန္ဓာကိုယ် အပူရှိန်မြင့်မားနေတာကို လျှော့ချဖို့အတွက်)
ခန္ဓာကိုယ်အပူချိန် အလွန်မြင့်မားခြင်းဟာ အန္တရာယ်ရှိနိုင်ပါတယ်။ လူနာတင်ယာဉ်မရှိခြင်း၊ အရည်အချင်းပြည့်မီတဲ့ ဆေးဘက်ဆိုင်ရာ အကူအညီ ဒါမှမဟုတ် ညွှန်ကြားထားတဲ့ ဆေးဝါးများမရှိတဲ့ အခါမျိုးမှာ водка ဟာ လူ့အသက်ကို ကယ်တင်နိုင်ပါတယ်တဲ့။ ဖော့တုံးမှာ Водка ကို ဆွတ်ပြီး လူနာရဲ့ ပခုံး၊ ရင်ဘတ်နဲ့ ချိုင်းကြားတွေကို ပွတ်သပ်ပြီး ခြောက်အောင်ထားပါတဲ့။ အဲ့ဒီလို ပြုလုပ်တာဟာ ခန္ဓာကိုယ်အပူချိန်ကို ယာယီလျှော့ချဖို့ သက်သေပြထားတဲ့ နည်းလမ်းဖြစ်ပြီး အချို့ကိစ္စတွေမှာ အရေးကြီးပါတယ်တဲ့။


၂။ Освежиться одежду (အဝတ်အစားတွေကို အနံ့အသက်ကင်းစေဖို့)
Водка ဟာ လျှော်ဖွတ်ဖို့ လိုအပ်သတဲ့ အဝတ်တွေရဲ့ အနံ့အသက်တွေကို ပျောက်စေပါတယ်တဲ့။ မင်းမှာ ဟောင်းနွမ်းနေတဲ့ အင်္ကျီကို လျှော်ဖို့ အခါအခွင့်မရရှိရင် (ဆိုက်ဘေးရီးယားရဲ့ ဝေးလံခေါင်သီတဲ့ ဒေသမှာ အလုပ်သွားလုပ်ပါက ဒါမှမဟုတ် မင်းအိမ်မှာ ရေပေးဝေမှု ရုတ်တရက် ပြတ်တောက်သွားရင်) водка ကို ရေနဲ့ တစ် အချိုး လေးဆ ရောမွှေလိုက်ရုံပါပဲ။ ပြီးရင် အဲ့ရေကို မင်းရဲ့ အင်္ကျီပေါ်မှာ ဖြန်းပေးလိုက်ပါတဲ့။ မင်းရဲ့ ဖိနပ်ကို သစ်လွင်‌စေဖို့အတွက်လဲ အလားတူနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ အဝတ်အစားတွေ ဒါမှမဟုတ် ဖိနပ်တွေကို အပြင်ဘက်တွင် ခြောက်သွေ့အောင်ထားကာ အရက်ရဲ့ အနံ့ကို ဖယ်ရှားပြီး နောက်တစ်နေ့မနက်မှာ အသုံးပြုဖို့အတွက် သန့်ရှင်းပြီး အနံ့အသက်ကင်းတဲ့ အဝတ်အစားနဲ့ ဖိနပ် ဖြစ်လာပါလိမ့်မယ်တဲ့။ အနံ့အသက် ပျောက်တာမပျောက်တာနဲ့ အရက်နံ့ နံမနံကို သိရဖို့ စမ်းကြည့်ကြပေါ့ဗျာ 😀😀😀


၃။ Чтобы успокоить укусы насекомых (အင်းဆက်ပိုးမွှားတွေ ကိုက်ခံရတဲ့ နာကျဉ်မှု သက်သာစေခြင်း)
မှက်တွေ၊ ခွေးလှေးတွေနဲ့ အထူးသဖြင့် ခြင်ကိုက်ခံရခြင်းဟာ ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းတို့ကို ဖြစ်စေတဲ့ ဓာတ်မတည့်မှုနဲ့ အဆိပ်ရဲ့တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ Водка ကိုအသုံးပြုခြင်းအားဖြင့် ယားယံခြင်းကို သက်သာစေပါတယ်တဲ့။ ဂွမ်းစပေါ်လိမ်းပြီး အကိုက်ခံရတဲ့နေရာကို ပွတ်ပေးပါ။ Водка ဟာ အနာကို ပိုးသတ်ပြီး ယားယံခြင်းကို လျှော့ချ ပေးပါတယ်တဲ့။


၄။ Дезинфицировать что-либо (တစ်စုံတစ်ရာကို ပိုးသတ်ရန်)
Водка ကို ပိုးသတ်ဆေးအဖြစ်လည်း သုံးနိုင်ပါတယ်တဲ့။ တောထဲမှာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို သေစေဖို့အတွက် လက်ကို ပွတ်သပ်ဆေးနိုင်ပါတယ်။ အထူးဆေးဝါးတွေ မရရှိနိုင်ပါက၊ သေးငယ်တဲ့ ဒဏ်ရာတွေနဲ့ အခြား ဒဏ်ရာတွေကို ပိုးသတ်ပေးတဲ့ အခါမှာ водка ဟာ အသက်ကယ်နိုင်မှာ ဖြစ်ပါတယ်။ Водка နဲ့ ဒဏ်ရာတွေကို ပိုးသတ်ခြင်းဟာ ခေတ်မမီတဲ့ နည်းလမ်းတစ်ခုလို့ ယူဆကြပြီး အချို့သော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကတော့ အဲ့ဒါကို ပုံမှန်အခြေအနေတွေမှာ ပြုလုပ်ရန် အကြံပြုထားခြင်း မရှိပါဘူး။ ဒါပေမယ့်လို့ သင့်တော်တဲ့ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ မရှိလို့ ဒဏ်ရာကို ဒီအတိုင်း ဘာမှမလုပ်ပဲ ထားပြီး ပိုးဝင်တာထက် водка နဲ့ ဒဏ်ရာကို ဆေးကြောခြင်းက များစွာ ပိုကောင်းတာကြောင့် များစွာအထောက်အကူပြုနိုင်ပါတယ်တဲ့။




၅။ Мыть окна (ပြတင်ပေါက်တွေ သန့်ရှင်းဖို့)

ပြတင်းပေါက်တွေကို တိုက်ချွတ်သန့်ရှင်းဖို့ ဓာတုဗေဒပစ္စည်းတွေ မရှိဖြစ်နေပါသလား။ Водка ကိုသုံးပါတဲ့။ Водка သုတ်ပြီး သင့်ပြတင်းပေါက်များကို ဆေးကြောပါတဲ့။ မျက်မှန်ကို သန့်စင်ဖို့ водка ကိုလည်း သုံးနိုင်ပါတယ်တဲ့။ မှန်တွေက အညစ်အကြေးတွေကို သန့်စင်စေပြီး အရက်နံ့မကျန်စေဘဲ လျင်မြန်စွာ ခြောက်စေတဲ့ နည်းလမ်းကို သက်သေပြထားပါတယ်။ ဟိုးယခင်က ရုရှားလူမျိုးတွေဟာ ကွန်ပြူတာဖန်သားပြင်တွေကို သန့်ရှင်းစင်ကြယ်စေဖို့ အတွက် водка
👍1
ကိုပင် အသုံးပြုခဲ့ကြပါတယ်။ တကယ်တော့ ဒီနည်းလမ်းက အခုထိ အလုပ်ဖြစ်နေတုန်းပါပဲ။
👍1
ရုရှားလူမျိုးတွေဟာ မှိုကို နံနက်စာအနေနဲ့
စားသုံးတတ်ကြပါတယ်။ ရုရှားနိုင်ငံရဲ့ နွေရာသီအကုန်နဲ့ ဆောင်းဦးဟာ မှိုပွင့်တဲ့အချိန်ဖြစ်ပြီး တောစပ်နဲ့ နီးတဲ့သူတွေဟာ မှိုနှုတ်ထွက်ကြပါတယ်။ ထိုအခါမျိုးမှာ пошли по грибы လို့ပြောတတ်ကြပါတယ်။

пошли ဆိုတာကတော့ пойти “သွားသည်” ဆိုတဲ့ စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး အတိတ်ကာလမှာ သွားခဲ့တယ်လို့ ပြောချင်ရင် (я/он, я/она, оно, мы/вы/они) ဆိုတဲ့ (ငါ/သူ၊ ငါ/သူမ၊ သဘာဝ၊ ငါတို့/မင်းတို့/သူတို့)ဆိုတာကိုကြည့်ပြီး (пошёл, пошла, пошло, пошли) ဆိုပြီး သုံးရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်ပါ စာကြောင်းမှာ пошли လို့သုံးထားတဲ့အတွက် အများကိန်းဖြစ်တယ့် (мы/вы/они) ကို ကိုယ်စားပြု ပြောချင်ကြောင်း သိရှိရမှာပဲ ဖြစ်ပါတယ်။ по ဆိုတာကတော့ Дательный/Третий падеж (кому?, чему?)(ဘယ်သူ့ကို?၊ ဘာကို?) ဖြစ်တယ့် အမေး/အဖြေအတွက် (к, по) နဲ့တွဲသုံးခြင်း ဖြစ်ပါတယ်။ Грибы ဆိုတာကတော့ Гриб ဆိုတဲ့(မှို)ကို အများကိန်းအဖြစ် ရေးသားထားခြင်း ဖြစ်ပါတယ်။

Пошли по грибы လို့ပြောတာ အမှန်လား/အမှားလား။ နာမည်ကျော် အဘိဓာန်ပြုစုသူဖြစ်တဲ့ Vladimir Dahl ရဲ့အဘိဓာန်ထဲမှာတော့ пойти по грибы ဆိုတာကို ကျေးလက်ဘက်မှာ သုံးကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ထိုအဘိဓာန်ဟာ ခေတ်နဲ့အညီ မရှိတော့တာဖြစ်တဲ့အပြင် ခေတ်သစ်အဘိဓာန်တွေမှာတော့ за + творительный падеж/пятый падеж (кем?, чем?)(ဘယ်သူကြောင့်?၊ ဘာကြောင့်?) ဖြစ်တယ့် အမေး/အဖြေအတွက် (с, за, под, над, между) သုံးမှ မှန်မယ်လို့ ပြောထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တောထဲကို သွားတာဟာ “ဘာအတွက်ကြောင့်” လို့အဓိပ္ပါယ်ရတယ့် အမေးစကားလုံးဖြစ်တယ့် Зачем ဆိုတဲ့ အမေးစကားလုံးနဲ့ မေးရမှာဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်တယ့်။ အပြောမှာတော့ по နဲ့သုံးကြတာကို တွေ့နေရပေမဲ့ အမှန်ကတော့ за грибами ဖြစ်ပါတယ်တဲ့။ နောက်တစ်ခါ မှိုသွားကောက်ရင် за နဲ့ သွားကောက်ကြပါ။
👍1
Мне нравится နဲ့ Я люблю ကြားက ကွဲပြားခြားနားချက်


Social media တွေပေါ်မှာ အကြောင်းအရာ တစ်ခုခုကိုပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကိုပဲဖြစ်ဖြစ် ကြိုက်နှစ်သက်လို့ react တွေ ပေးတဲ့အခါအမှာ ကြိုက်နှစ်သက်ကြောင်းပြချင်ရင် like ခလုတ်လေးကို နှိပ်ပြီးပေးလိုက်တာ အင်မတန်မှ လွယ်ကူပါတယ်။ ဒါပေမယ့်လို့ ဘာသာစကားတစ်ခုခုနဲ့ နှစ်သက်မှုကို ပြောချင်တဲ့အခါမှာတော့ စကားလုံးက ဘယ်လိုပြောရမလဲဆိုပြီး ရွေးချယ်ရတာ ခက်ခဲပါတယ်။ ရုရှားဘာသာစကားနဲ့ ပြောချင်ရင်တော့ ခေါင်းစဉ်ပါ мне нравится ဒါမှမဟုတ် я люблю ဆိုတာနဲ့ ပြောကြပါတယ်။ အဲ့ဒီလိုပြောဆိုဖို့အတွက် အောက်ပါအချက်လေးတွေကို ကြည့်ကြည့်ကြရအောင်။

ဥပမာ သူငယ်ချင်းနှစ်ယောက် ဘီယာသောက်ရင်း အကြောင်းအရာ တစ်ခုခုကို ကြိုက်နှစ်သက်ကြောင်း ပြောဆိုကြတယ်ဆိုပါစို့။

- Надо ходить в спортзал, но я так не люблю бегать!
အားကစားရုံ/အားကစားခန်းမကို သွားရမယ်၊ ဒါပေမယ့်လို့ ပြေးရတာကိုတော့ ငါမကြိုက်ဘူး။

- А мне нравится бегать, но я теперь не могу толпу в спортзале.
ငါကတော့ ပြေးရတာကို ကြိုက်နှစ်သက်ပါတယ်၊ ဒါပေမယ့် အားကစားခန်းမထဲမှာ လူစုလူဝေးနဲ့ မနေနိုင်ဘူး။

အထက်ပါစာကြောင်းတွေကြည့်ပြီး я (не) люблю နဲ့ရေးရင် သူ့နောက်မှာ винительный падеж (четвёртый падеж) ဆိုတဲ့ (кого?/чего?) လိုက်ရမှာ ဖြစ်ပါတယ်။ Мне (не) нравится နဲ့ရေးရင် သူ့နောက်မှာ именительный падеж (первый падеж) ဆိုတဲ့ (кто?/ что?) လိုက်ရမှာ ဖြစ်ပါတယ်။ Я теперь не могу နဲ့ရေးရင် могу ရဲ့နောက်မှာ винительный падеж (четвёртый падеж) ဆိုတဲ့ (кого?/чего?) လိုက်ရမှာ ဖြစ်ပါတယ်။

သက်မဲ့တွေကို ပြောဆိုရာမှာ နှစ်ခုစလုံးနဲ့ ပြောတာအဆင်ပြေပြီး ကွဲပြားမှုမရှိပါဘူး။ ဥပမာ- မနက်ခင်းမှာ ကော်ဖီတစ်ခွက် သောက်ရတာကို ကြိုက်နှစ်သက်ကြောင်း အလေးထားလိုရင် နှစ်ခုစလုံးနဲ့ ပြောဆိုနိုင်ပါတယ်။
- Я люблю пить кофе по утрам.
- Мне нравится пить кофе по утрам.
သူ့ရဲ့ အဓိပ္ပါယ်ကတော့ မနက်ခင်းတိုင်းမှာ ကော်ဖီသောက်ရတာကို ငါကြိုက်နှစ်သက်တယ် လို့ အဓိပ္ပါယ်ရပါတယ်။

လူတစ်ဦး ဒါမဟုတ် အခြားသက်ရှိသတ္တဝါတွေ အကြောင်းပြောတဲ့အခါမှာတော့ ကွဲပြားတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ပုံမှန်ကြိုက်နှစ်သက်ကြောင်း ပြောဆိုရာမှာ ကြိယာ “нравиться” နဲ့ ပြောဆိုပေမယ့်လို့ ပိုမိုလေးနက်တဲ့ ခံစားချက်ကို ဖော်ပြချင်ရင်တော့ “любить” ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြလေ့ရှိပါတယ်။

နောက်ဥပမာ တစ်ခုအနေနဲ့ မိန်းကလေး(၃)ယောက် ကလပ်ထဲမှာ အတူဆုံပြီး ဂီတကိုနားထောင်ရင်း ကနေကြတယ်ဆို‌ပါတော့
ပထမ မိန်းကလေးတစ်ယောက်ဟာ “Как тебе музыка?” ဒီဂီတကို မင်းဘယ်လိုထင်လဲ/ မင်းကြိုက်လား ဆိုတဲ့ အမေးကို
ဒုတိယ မိန်းကလေးတစ်ယောက်က “Нечего особенного Сойдёт.” ဘာမှ ထူးထူးထွေထွေ မရှိပါဘူး။ ပြောချင်တာကတော့ အရမ်းကြီး မခံစားရသလို အရမ်းကြီး မကြိုက်ဘူးဆိုတဲ့ သဘောပါ။
အဲ့ဒီအခါမှာ တတိယ မိန်းကလေးတစ်ယောက်ကတော့ “Мне очень нравится!” ငါကတော့ အရမ်းကြိုက်နှစ်သက်တယ် လို့ဆိုပါတယ်။


အထက်ပါ စာကြောင်းမှာ любить ဆိုတဲ့ စကားလုံးကို ဘာလို့အသုံးမပြုရသလဲဆိုရင် အကြောင်းအရာတစ်ခု/ ဖြစ်ရပ်တစ်ခုကို အဆင့်သတ်မှတ်ရာမှာ ကြိယာ “любить” ကို အသုံးမပြုပါဘူး။ တကယ်လို့ ထင်မြင်ယူဆချက်ကို သတ်သတ်မှတ်မှတ် အခြေအနေတစ်ခုက လှုံ့ဆော်ပေးမယ်ဆိုပါက သင်ဟာ အတိတ်မှာ ဖြစ်ပျက်ခဲ့တယ် ဒါမှမဟုတ် ပြီးသွားပါက "Мне нравится" (ပစ္စုပ္ပန်ကာလ) ဒါမှမဟုတ် "Мне понравилось" (အတိတ်ကာလ) ဆိုတဲ့ စကားစုကို အသုံးပြုရန် လိုအပ်ပါတယ်။ ဒါပေမယ့် ဖြစ်ပျက်နေတဲ့အရာက သင့်ကို ထူးထူးခြားခြား ခံစားချက်တွေ မခံစားရစေဘူးဆိုရင် “Как тебе” ဆိုတဲ့ မေးခွန်းကို သင့်ရဲ့ပခုံးကို တွန့်ပြပြီး “Ничего особенного Сойдёт” စကားအစား “Так себе” ဆိုတဲ့ စကားစုနဲ့ တုံ့ပြန်နိုင်ပါတယ်။


အမြဲတမ်းတွေ့နေကြဖြစ်တဲ့ စကားစုကတော့
ကြိုက်နှစ်သက်ကြောင်း ပြောချင်ရင်
- Мне нравится.....
- Я люблю......
ဆိုတာတွေကို အသုံးပြုကြပြီးတော့

မကြိုက်နှစ်သက်ကြောင်း ပြောချင်ရင်တော့
- Мне не нравится......
- Я не люблю......
- Я терпеть не могу.....
- Я ненавижу.....
ဆိုတာတွေကို အသုံးပြုကြပါတယ်။

Я терпеть не могу... ဆိုတဲ့စကားမှာ терпеть ဆိုတာက ခံနိုင်တယ်/သည်းခံတယ် ဆိုတဲ့ အဓိပ္ပါယ်ရှိပြီး могу ဆိုတာကတော့ နိုင်တယ်(ပြုလုပ်နိုင်တယ်) ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ စာကြောင်းမှာ не ဆိုတဲ့ အငြင်းစကားလုံးပါလာတဲ့အတွက် ငါ သည်းမခံနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

Я ненавижу....ဆိုတဲ့စကားမှာ ненавижу ဆိုတဲ့ စကားလုံးကတော့ ကြိယာ ненавидеть မုန်းတယ်/မုန်းတီးတယ်/ရွံရှာစက်ဆုပ်တယ် ဆိုတဲ့ စကားလုံးကို ရှေ့က я နဲ့တွဲပြီး အသုံးပြုထားတာကြောင့် ненавижу လို့ရေးထားတာပါ။ အဓိပ္ပါယ်ကတော့ ငါမုန်းတီးတယ် ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

Как тебе? ဆိုတဲ့ အခြေအနေတစ်ခုကို မေးတဲ့အခါမှာ အခြေအနေတစ်ခုခုကို ထင်မြင်ယူဆချက်အနေနဲ့ ဖော်ပြချင်ရမှာ

ကြိုက်နှစ်သက်ကြောင်း ဖော်ပြချင်ရင်တော့
- Мне нравится.
- Мне понравилось.
လို့ ဖော်ပြပြောဆိုပါတယ်။
👍1
မကြိုက်နှစ်သက်ကြောင်း ဖော်ပြချင်ရင်တော့
- Мне не нравится!
- Мне не понравилось!
လို့ ဖော်ပြပြောဆိုပါတယ်။

ပုံမှန်ပါပဲလို့ပြောချင်ရင်တော့ အထက်မှာ ပြောခဲ့သလို Ничего особенного Сойдёт ဒါမှမဟုတ်ရင် Так себе ဆိုတာနဲ့ ပြောဆိုပါတယ်။

အထက်ကပြောခဲ့တဲ့
- Мне (не) нравится...
- Я (не) люблю....
- Я терпеть не могу.....
- Я ненавижу.....
ဆိုတဲ့ စကားစုတွေရဲ့ နောက်မှာလိုက်ရမယ့် падеж တွေအနေနဲ့ကတော့

- Мне (не) нравится + (кто?/что?) [именительный падеж (первый падеж)]
- Я (не) люблю + (кого?/что?) [винительный падеж (четвёртый падеж)]
- Я терпеть не могу + (кого?/что?) [винительный падеж (четвёртый падеж)]
- Я ненавижу + (кого?/что?) [винительный падеж (четвёртый падеж)]
ဆိုတဲ့ падеж တွေ လိုက်ရမှာ ဖြစ်ပါတယ်။

အထက်ပါ ဖော်ပြတဲ့အထဲမှာ падеж (၂)ခုနဲ့ သုံးစွဲတဲ့ အခါမှာ သိထားရမယ့် ပုံစံလေးကို ဖော်ပြလိုက်ပါတယ်။


именительный падеж (первый падеж)(кто?/что?) နဲ့သုံးမယ်ဆိုရင်
Я → мой/моя/моё/мои
Ты → твой/твоя/твоё/твои
Мы → наш/наша/наше/наши
Вы → ваш/ваша/ваше/ваши
Он/Оно → его
Она → её
Они → их တို့လိုက်ရမှာ ဖြစ်ပါတယ်

Нравится နဲ့အသုံးပြုမယ်ဆိုရင် သူ့ရဲ့ရှေ့က дательный падеж (третий падеж) (кому?/чему?) လိုက်ရမှာ ဖြစ်ပါတယ်။ အဲ့အတွက်
Я → мне
Ты → тебе
Мы → нам
Вы → вам
Он → ему
Она → ей
Они → им တို့နဲ့ သုံးရမှာ ဖြစ်ပါတယ်။

ဥပမာ
Это я. Мне нравится этот салат.
Это ты. Тебе нравится машина.
Это мы. Нам нравится этот город.
Это вы. А что вам нравится?
Это он. Ему нравится машина.
Это она. Ей нравится мой брат.
Это мама и папа. Им нравятся компьютеры.


винительный падеж (четвёртый падеж) (кого?/чего?) နဲ့သုံးမယ်ဆိုရင်
Я → меня
Ты → тебя
Он → его
Она → её
Мы → нас
Вы → вас
Они → их

ဥပမာ
Я люблю тебя.
Ты любишь её.
Она любит его.
Он любит нас.
Мы любим вас.
Вы любите их.
Они любят меня.


အထက်ပါတို့ကို လေ့လာပြီးရင် падеж အလိုက် သက်ရှိ/သက်မဲ့ ဖြစ်တဲ့ кто? / Что? ကို အောက်ပါဇယားကွက်ကို လေ့လာပြီး မှတ်သားနိုင်ပါတယ်။
👍1
Салам, Бача (လေးစားပါတယ် ညီအစ်ကိုတို့)
Виват! Шурави! (ဆိုဗီယက်စစ်ပြန်တွေက နှုတ်ဆက်ပါတယ်)

ဒီသီချင်းလေးမှာ သုံးထားတဲ့ တချို့ စကားလုံးတွေရဲ့ အဓိပ္ပါယ်လေးတွေဟာ ယူဆချက်အမျိုးမျိုး ယူဆလို့ရပါတယ်။ အဲ့ဒါလေးတွေကတော့
🔹 Салам ဆိုတာကတော့ အလေးပြုတယ်၊ အရိုအသေပေးတယ်လို့ အဓိပ္ပါယ်ယူနိုင်တဲ့ အာရဗီဘာသာစကား ဆလန်ဆိုတဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သက်သာချောင်ချိရေး၊ နှုတ်ခွန်းဆက်ခြင်း စတဲ့ အဓိပ္ပါယ်တွေ ရပါတယ်။
🔹 Бача ဆိုတာကတော့ ညီအစ်ကို၊ သူငယ်ချင်း၊ ဆွေမျိုးထက်ပိုတဲ့ တစ်ဦးနဲ့တစ်ဦး စည်းလုံးမှုရှိကြတဲ့ သူတွေကို ခေါ်ဝေါ်သုံးစွဲတဲ့စကားလုံးပါ။ ကျတော်တို့ ဗိုလ်လောင်းဘဝက စီနီယာ ဂျူနီယာအလိုက် ခွဲပေးတဲ့ ဂါဒီယမ်လိုပါပဲ။ ဂါဒီယမ်တွေဟာ ကိုယ့်ရဲ့ ညီအစ်ကိုအရင်းထက်တောင် စည်းလုံးချစ်ခင်ကြပါတယ်။ Бача လို့ ခေါ်ဝေါ်သုံးစွဲရင် ခိုင်မြဲတဲ့ သံယောဇဉ်ကြိုးနဲ့ ချည်ထောင်ထားသလို လေးနက်မှု ရှိပါတယ်။ သူ့ရဲ့အဓိပ္ပါယ်က ညီအစ်ကို၊ ကောင်လေး၊ ကလေးလို့လဲ အဓိပ္ပါယ်ရပါတယ်။
🔹 Виват ဆိုတာကတော့ ဝါစက အနေနဲ့သုံးတဲ့ ရွှင်လန်းတဲ့နှုတ်ဆက်ခြင်း၊ ဆန္ဒကိုဖော်ပြတဲ့ အာမေဋိတ်စကား အသက်ရှည်ပါစေ၊ အသက်ရှင်ပါစေ၊ ငြိမ်းချမ်းပါစေဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ဒီသီချင်းကတော့ အာဖကန်စစ်အတွက် သီးသန့် သီဆိုထားတဲ့ တေးစီးရီးထဲက တစ်ပုဒ်ဖြစ်ပါတယ်။ အာဖကန် စစ်ပြန်ဆိုဗီယက် စစ်သားတွေဟာ မိမိကိုယ်ကို Шурави လို့ သတ်မှတ်ကြပါတယ်။ အဓိပ္ပါယ်ကတော့ ဆိုဗီယက်ယူနီယံဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ Шурави ဆိုတာကတော့ ပါရှန်းစကား šouravī (советский)၊ အာရပ်စကား шура (совет) ဆိုတဲ့ ဆိုဗီယက်ယူနီယံ (ဆိုဗီယက်)ဆိုတဲ့ အာရဗီ ဘာသာစကားကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဆိုဗီယက်ယူနီယံဟာ အာဖကန်နစ္စတန်ကနေ ဆိုဗီယက်တပ်ဖွဲ့တွေကို အပြီးအပိုင် ဆုတ်ခွာကြောင်း ကြောငြာခဲ့ပြီး ၁၉၇၉ ခုနှစ်ကစပြီး အာဖကန်ကို ဝင်ရောက်ခဲ့တဲ့ ၉ နှစ်ကြာ စစ်ပွဲအဆုံးသတ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဲ့ဒီအာဖကန်စစ်ပွဲအတွင်းမှာ ကျဆုံးခဲ့တဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးစပ်ထားတဲ့ သီချင်းဖြစ်ပါတယ်။ ကိုးနှစ်ကြာဖြစ်ခဲ့တဲ့ အာဖကန်စစ်ပွဲအတွင်းမှာ အရပ်သားတစ်သန်းခန့်၊ မူဂျာဟီဒင်တိုက်ခိုက်ရေးသမား ၉၀၀၀၀၊ အာဖဂန်တပ်ဖွဲ့ဝင် ၂၀၀၀၀ ကျော်နဲ့ ဆိုဗီယက်စစ်သား ၁၄၀၀၀ ကျော်တို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အခုသီချင်းလေးမှာ Бача ကို ညီအစ်ကိုတို့၊ Виват ကို နှုတ်ဆက်ပါတယ်၊ Шурави ကို ဆိုဗီယက်စစ်ပြန်လို့ ကျတော့်အနေနဲ့ သုံးနှုံးထားပါတယ်။ အထက်ဖော်ပြပါ အဓိပ္ပါယ်တွေကိုလဲ ယူသုံးလို့ရပါတယ်။
👍2