Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
“Есть” နဲ့ “Нет” အသုံးပြုပုံပြုနည်း

Есть ဆိုတာကတော့ ရှိသည် ဆိုတဲ့ အဓိပ္ပါယ်ရပြီး нет ဆိုတာကတော့ အငြင်းစကားလုံး မဟုတ်ဘူး၊ မရှိဘူး ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။
မိမိမှာ ပိုင်ဆိုင်ခြင်းပြရန် “есть” ဖြင့် အသုံးပြုရန်အတွက် အောက်ပါအချက်တို့ကို သိထားရပါမယ်-
၁။ есть (именительный падеж) ဖြစ်သည်။
၂။ မိမိတွင် ပိုင်ဆိုင်ခြင်းပြဖို့အတွက် မိမိပြောဆိုလိုသော စကားလုံးသည် မူလအတိုင်း(кто?, что?) ဖြင့် အသုံးပြုနိုင်သည်။
ဥပမာ -
У меня есть машина.
အထက်ပါ စာကြောင်းမှာ У меня ဆိုတာကတော့ ကျွန်ုပ်မှာ/ကျွန်တော့်မှာ ဆိုတဲ့ အဓိပ္ပါယ်ရပြီး есть ဆိုတာကတော့ ရှိသည် ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ အဲ့ဒီ‌မှာ နောက်က машина (что?) ကတော့ ကား/စက်ပစ္စည်း လို့အဓိပ္ပါယ် ရပါတယ်။ အဲ့ဒီအတွက် တစ်ကြောင်းလုံး ဘာသာပြန်ရရင် ကျွန်တော့်မှာ ကားရှိတယ် ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

У меня есть младший брат.
အထက်ပါအတိုင်းပဲ младший брат(какой?/кто?) ကတော့ ညီငယ်/ညီလေး လို့အဓိပ္ပါယ်ရပါတယ်။ အဲ့ဒီအတွက် တစ်ကြောင်းလုံးကို ဘာသာပြန်ရရင် ကျွန်တော့်မှာ ညီလေး ရှိတယ် ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

မိမိမှာ မရှိကြောင်း/ မပိုင်ဆိုင်ကြောင်းပြရန် “нет” ဖြင့် အသုံးပြုရန်အတွက် အောက်ပါအချက်တို့ကို သိထားရပါမယ်-
၁။ нет (родительный падеж) ဖြစ်သည်။
၂။ မိမိတွင် မရှိကြောင်း/မပိုင်ဆိုင်ကြောင်း ပြဖို့အတွက် မိမိပြောဆိုလိုသော စကားလုံးသည် မူလစကားလုံးကို ပေါင်းထည့်ရတာတွေ ရှိပါတယ်(кого?, чего?) ဖြင့် အသုံးပြုနိုင်သည်။
ဥပမာ -
У меня нет машины.
အထက်ပါ စာကြောင်းမှာ У меня ဆိုတာကတော့ ကျွန်ုပ်မှာ/ကျွန်တော့်မှာ ဆိုတဲ့ အဓိပ္ပါယ်ရပြီး нет ဆိုတာကတော့ မရှိဘူး ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ အဲ့ဒီ‌မှာ နောက်က машины (чего?) ကတော့ ကား/စက်ပစ္စည်း လို့အဓိပ္ပါယ် ရပါတယ်။ အဲ့ဒီအတွက် တစ်ကြောင်းလုံး ဘာသာပြန်ရရင် ကျွန်တော့်မှာ ကားမရှိဘူး ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

У меня нет младшего брата.
အထက်ပါအတိုင်းပဲ младшего брата(кого?) ကတော့ ညီငယ်/ညီလေး လို့အဓိပ္ပါယ်ရပါတယ်။ အဲ့ဒီအတွက် တစ်ကြောင်းလုံးကို ဘာသာပြန်ရရင် ကျွန်တော့်မှာ ညီလေး မရှိဘူး ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

အလားတူ (был, была, было, были နဲ့ не было) ဆိုတဲ့ ရှိခဲ့တယ်/ဖြစ်ခဲ့တယ် နဲ့ မရှိခဲ့ဘူး/မဖြစ်ခဲ့ဘူး ကိုလဲ အထက်ပါအတိုင်း အသုံးပြုရပါမယ်။ အလွယ်တကူ အသုံးပြုနိုင်ဖို့ အောက်ပါ အလွယ်နည်းလေးကို သိထားဖို့ လိုပါတယ်။

Есть ဖြင့် ရေးပါက မူရင်းစကားလုံးကို ပြောင်းစရာမလိုပေမယ့် нет ဖြင့်ရေးလျှင် မူရင်းစကားလုံးကို အောက်ပါအတိုင်း ပြောင်းလဲပေးရပါမယ်။

၁။ Он တိုင်းကို “а/я” ပေါင်းထည့်ရမယ်။
၂။ ခြွင်းချက် й/я ဖြင့်ဆုံးသော музей/календарь လိုစကားလုံးတွင် музея/календаря ဆိုပြီး “я” ပေါင်းထည့်ပေးရပါမယ်။
၃။ Она တိုင်းကို “ы/и” ပေါင်းထည့်ရပါမယ်။
၄။ Она စကားလုံးများမှ “а” ဖြင့်ဆုံးသော စကားလုံးများကို “ы” ပေါင်းထည့်ပေးရပါမှာ ဖြစ်ပြီး “я/ь” ဖြင့်ဆုံးသော စကားလုံးများကို “и” ပေါင်းထည့်ပေးရပါမှာ ဖြစ်ပါတယ်။
၅။ ခြွင်းချက်အနေနဲ့ “а” ဖြင့်ဆုံးသော “г, к, х, ж, ш, ч, щ” တို့ရဲ့နောက်မှာတော့ “и” ပေါင်းထည့်ပေးရပါမယ်။
၆။ Оно တိုင်းကို “а/я” ပေါင်းထည့်ပေးရပါမယ်။
၇။ “о” ဖြင့်ဆုံးသော စကားလုံးကို “а”ပေါင်းပြီး “е” ဖြင့်ဆုံးသော စကားလုံးကို “я” ပေါင်းရပါမယ်။
👍4
Нравится/нравятся ကို ဘယ်လိုသုံးမလဲ

Нравится/нравятся ဆိုသည့် (ကြိုက်နှစ်သက်သည်) ကို အသုံးပြုရာတွင် အောက်ပါတို့ကို သိရှိထားရမည်။

၁။ ပြုလုပ်သူ(နာမ်စား)သည် дательный падеж အဖြစ် အသုံးပြုရမည်။
၂။ нравится/нравятся ၏နောက်တွင် ကတ္တားပုဒ် именительный падеж အဖြစ် အသုံးပြုရမည်။
၃။ ကတ္တားပုဒ်သည် အနည်းကိန်းဖြစ်ပါက нравится ဖြင့် အသုံးပြုရမည်ဖြစ်ပြီး၊ အများကိန်းဖြစ်ပါက нравятся ဖြင့် အသုံးပြုရမည်။
၄။ именительный падеж ဖြစ်သော я, ты, он, она, мы, вы, они ကို ပြုသူ/ဖြစ်သူ(နာမ်စား) ကို дательный падеж အဖြစ် အသုံးပြုမည်ဆိုလျှင် мне, тебе, ему, ей, нам, вам, им အဖြစ် အသုံးပြုရပါမည်။

ဥပမာ အနေဖြင့်
Мне(я) нравится этот салат.
အဲ့အသုတ်ကို ငါကြိုက်တယ်။
Тебе(ты) нравятся машины?
မင်း ကားတွေ/စက်ပစ္စည်းတွေကို သဘောကျလား။
Ему(он) нравятся машины.
သူက ကားတွေ/စက်ပစ္စည်းတွေကို သဘောကျတယ်။
Ей(она) очень нравится мой брат.
သူမက ငါ့အကိုကို အရမ်းသဘောကျ/ကြိုက်နေတယ်။
Нам(мы) нравится этот город.
ငါတို့ ဒီမြိုလေးကို သဘောကျတယ်။
А что вам(вы) нравится?
ခင်ဗျား/မင်းတို့ ဘာကို သဘောကျကြိုက်နှစ်သက်လဲ။
Им(они) нравятся компьютеры.
သူတို့က ကွန်ပျူတာတွေကို သဘောကျတယ်။
👍21
ရုရှား ယောင်္ကျားလေး သူငယ်ချင်း အချင်းချင်း ခေါ်ဝေါ်ကြတဲ့ စကားလုံး(၁၀)

၁။ брат (ညီအစ်ကို)
အထက်ပါ ခေါ်ဝေါ်မှုကတော့ အထူးအဆန်း မဟုတ်ပါဘူး။ သို့ပေမယ့်လို့ လမ်းပေါ်မှာ အဲ့လို ကိုယ့်ကို လာခေါ်ရင်တော့ ကိုယ့်ဆီက တစ်ခုခု အကူအညီလိုလို့ ဒါမှမဟုတ် အနည်းဆုံးတော့ ဆေးလိပ်တောင်းသောက်ဖို့ရာတော့ သေချာပါတယ်။

၂။ друг (သူငယ်ချင်း/ယောင်္ကျားလေး သူငယ်ချင်းကိုသာ ခေါ်‌ဝေါ်သုံးစွဲသည်)
အထက်ပါ ခေါ်ဝေါ်မှုကလဲ အထူးအဆန်း မဟုတ်ပါဘူး။ ယောင်္ကျားလေးသူငယ်ချင်းကို друг လို့ခေါ်ဝေါ်ပါတယ်။ မိန်းကလေး သူငယ်ချင်းကိုတော့ подруга လို့ ခေါ်ဝေါ်ပါတယ်။ သူလဲ брат ကဲ့သို့ပင် လမ်းပေါ်မှာ အဲ့လို ကိုယ့်ကို လာခေါ်ရင်တော့ ကိုယ့်ဆီက တစ်ခုခု အကူအညီလိုလို့ ဒါမှမဟုတ် အနည်းဆုံးတော့ ဆေးလိပ်တောင်းသောက်ဖို့ရာတော့ သေချာပါတယ်။

၃။ кореш (ရင်းနှီးသောမိတ်ဆွေ)
ဒီစကားလုံးကတော့ ၂၀ ရာစုအစောပိုင်းက ဒုစရိုက် အသိုင်းအဝိုင်းတွေကနေ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ Yiddish ဘာသာစကားမှာ 'кореш' ဟာ 'ဆွေမျိုး' လို့ အဓိပ္ပာယ်ရပါတယ်။ ရုရှားဒုစရိုက်လောကမှာ ဂျူးလူမျိုးတွေဟာ Yiddish စကားပြောတတ်တာကြောင့် သူတို့ရဲ့ စကားတွေဟာ ရုရှားဘာသာကို ကူးပြောင်းလာပါတယ်။ လက်ရှိမှာတော့ 'кореш' ဆိုတဲ့ စကားလုံးဟာ "ရင်းနှီးသောမိတ်ဆွေ" လို့သာ အဓိပ္ပာယ်ရပြီး ဒုစရိုက်မှုဆိုင်ရာ အဓိပ္ပါယ်ကို မမှတ်ယူတော့ပါဘူး။

၄။ Земляк (နယ်သား)
ဒီစကားလုံးကတော့ ရုရှားဘာသာစကားက земля ကမ္ဘာမြေ/မြေကြီး လို့အဓိပ္ပါယ်ရတဲ့ စကားလုံးကနေ ဆင်းသက်လာတာပါ။ တစ်နယ်တည်းသား၊ တစ်ရွာတည်းသား၊ ဆွေမျိုး၊ ရပ်ဆွေရပ်မျိုးလို့ အဓိပ္ပါယ်ရပါတယ်။ ကျတော်‌တို့ တပ်မတော်အသိုင်းအဝိုင်းက ခေါ်ဝေါ်သုံးစွဲကြတဲ့ နယ်သား ဆိုတဲ့ အဓိပ္ပါယ်ဟာ ဒီ Земляк ဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပါယ်တူပင် ဖြစ်ပါတယ်။

၅။ Старик (အဘိုးအို၊ ဘိုးတော်)
ဒီစကားလုံးကတော့ ယောင်္ကျားလေးတွေ အချင်းချင်းသာ ခေါ်ဝေါ်သုံးစွဲကြပါတယ်။ Старик လို့ခေါ်ဝေါ်တာဟာ အဘိုးအို၊ ဘိုးတော် စတဲ့ အဓိပ္ပါယ်နဲ့မဟုတ်ဘဲ ကာလကြာမြင့်စွာ သိကျွမ်းရင်းနှီးတဲ့သူ ဖြစ်တာကြောင့် ခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။ ဒီစကားလုံးကို မိန်းကလေးတွေကိုတော့ ခေါ်ဝေါ်မသုံးစွဲမိဖို့ လိုပါတယ်။ မိန်းကလေးတွေကို အထက်ပါ စကားလုံးနဲ့ ခေါ်ဝေါ်သုံးစွဲရင် ဆော်ကားသလို အဓိပ္ပါယ်သက်ရောက်သွားတယ်လို့ ဆိုပါတယ်။

၆။ Кент (သိကျွမ်းသူ/မင်း)
ဒီစကားလုံးကလဲ кореш လိုပဲ Yiddish ဘာသာစကားက ဆင်းသက်လာဖွယ် ရှိပါတယ်။ သူ့ရဲ့အဓိပ္ပါယ်ကတော့ သိကျွမ်းသူ/မင်း လို့ အဓိပ္ပါယ်ရပါတယ်။ ပုံမှန်အနေနဲ့ ရုရှားအမျိုးသားတစ်ဦးဟာ တစ်စုံတစ်ဦးကို 'Кент' လို့ ခေါ်ဆိုပါက ခင်မင်ရင်းနှီးမှုဟာ အမှန်တကယ် ရင်းနှီးကြောင်းနဲ့ သူနဲ့ အဆိုပါ 'Кент' လို့ခေါ်ခံရသူဟာ ခက်ခဲတဲ့ အချိန်တွေကို အတူတကွ ကျော်ဖြတ်ခဲ့ကြတယ်လို့ ဆိုလိုပါတယ်။

၇။ Кирюха (သောက်ဖော်/သောက်ဖက်)
ဒီစကားလုံးကတော့ ဗန်းစကား အသုံးအနှုန်း кирять က ဆင်းသက်လာပြီး ဒီစကားလုံးဟာ အရက်ကို နှစ်သက်သူဖြစ်ပြီး သင်နဲ့အတူသောက်တဲ့ သူငယ်ချင်း(သောက်ဖော်/သောက်ဖက်)ကို ဆိုလိုခြင်း ဖြစ်ပါတယ်။

၈။ Приятель (သူငယ်ချင်း/သိကျွမ်းသူ/အဖော်/အသိမိတ်ဆွေ)
ဒီစကားလုံးကိုတော့ မိမိရဲ့ သူငယ်ချင်းကို မခေါ်ကြပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ မိမိနဲ့ လွယ်ကူတဲ့ ဆက်ဆံရေးရှိသူ တစ်ယောက်လို့ အဓိပ္ပာယ်ရပေမယ့် အဲဒါကို ခင်မင်မှုလို့ မခေါ်နိုင်သေးပါဘူး။ 'Приятель' ဟာ သူငယ်ချင်းတွေ ဖြစ်လာနိုင်ပေမယ့်လို့ အမြဲတမ်းတော့ မဟုတ်ကြပါဘူး။

၉။ Товарищ (သူငယ်ချင်း/မိတ်ဆွေ/ရဲဘော်ရဲဘက်/လုပ်ဖော်ကိုင်ဖက်)
ဒီစကားလုံးကတော့ 'товар' ဆိုတဲ့ (ထုတ်ကုန်/ကုန်ပစ္စည်း) စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပြီးတော့ 'товарищ' ကို ရုရှားမှာ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တစ်ဦးလို့ အဓိပ္ပာယ်ဖွင့်ဆိုဖို့ ကနဦး အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့်လို့ ဆိုဗီယက်ခေတ်မှာ အဲ့ဒီစကားလုံးဟာ USSR မှာရှိတဲ့ လူတွေသာမက အမျိုးသားတွေ အတွက်ပါ ကျယ်ပြန့်တဲ့ အသုံးအနှုံးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီစကားလုံးကို အမျိုးသမီးတွေကိုလည်း ခေါ်နိုင်ပါတယ်။ လက်ရှိမှတော့ ဒီစကားလုံးဟာ အသုံးပြုမှုနည်းပါးပြီး အဲ့ဒီစကားလုံးအစား 'приятель' ဆိုတဲ့ စကားလုံးကို အသုံးပြုကြပါတယ်။

၁၀။ Знакомый (မျက်နှာသိ/မြင်နေကျ/တွေ့နေကျ/အသိမိတ်ဆွေ)
ဒီစကားလုံးဟာ မိမိနဲ့သိကျွမ်းတဲ့လူကို ဆိုလိုတာ ဖြစ်ပေမယ့်လို့ သူငယ်ချင်းများ ဒါမှမဟုတ် အပေါင်းအသင်းများ မဟုတ်ကြပါဘူး။ မိမိအနေနဲ့ သူတို့ရဲ့ အသိအကျွမ်းဖြစ်နေပြီး အဲဒီလူနဲ့ ဆက်ဆံရေးကောင်းဖို့ မလိုအပ်ပါဘူး။
👍8
Media is too big
VIEW IN TELEGRAM
စိတ်ရှုပ်စရာတွေ
စိတ်ညစ်စရာတွေ
အခက်အခဲတွေ များလွန်းတဲ့
အခုလို အသက်အရွယ်
အပိုင်းအခြားတစ်ခုမှာ
အပူအပင်ကင်းတဲ့
ငယ်ဘဝကို ပြန်လည်လိုချင်မိတယ်
စိတ်ရှုပ်လာရင် သီချင်းနားထောင်တဲ့အတိုင်း
ဒီသီချင်းလေးနားထောင်ပြီးပဲ
ကိုယ့်ဘာသာ Moti ယူလိုက်ရတယ်

သီချင်းနာမည်ကတော့
Хочу назад в СССР
ဆိုရှယ်လစ် ဆိုဗီယက်ခေတ်ကို ပြန်သွားချင်တယ်
9
Тоже နဲ့ Также အသုံးပြုပုံပြုနည်း

Тоже နဲ့ Также ရဲ့အဓိပ္ပါယ်ကတော့ လည်း၊ပဲ ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့်လို့ также က(ဒီ့အပြင်)ဆိုတဲ့ အဓိပ္ပါယ်ပါ ရရှိပါတယ်။ အောက်ပါအချက်တွေကိုကြည့်ပြီး тоже နဲ့ также အသုံးပြုနည်းကို အလွယ်မှတ်ယူနိုင်မှာ ဖြစ်ပါတယ်။

၁။ အကြောင်းအရာတစ်ခုကို လူနှစ်ယောက်က ပြုလုပ်ပါက тоже ဆိုတာနဲ့ အသုံးပြုပါတယ်။
၂။ အကြောင်းအရာနှစ်ခုကို လူတစ်ယောက်က ပြုလုပ်ပါက также ဆိုတာနဲ့ အသုံးပြုပါတယ်။
၃။ လူနှစ်ဦးမှ လူတစ်ဦးကို တူညီစွာ ပြုမူဆက်ဆံ/ပြောဆိုလျှင် тоже/также အသုံးပြုနိုင်သည်။ သို့သော် အဓိပ္ပါယ် အနည်းငယ်သာ ကွဲလွဲမှုရှိပါတယ်။
၄။ ဘာသာစကားတွေကို လူတစ်ဦးက ပြောဆိုတတ်ကြောင်း ပြောကြားလိုလျှင် также နဲ့သာ အသုံးပြုရမှာဖြစ်ပါတယ်။ А ещё နဲ့လဲ အသုံးပြုနိုင်ပါတယ်။
၅။ Тоже ကို ဝါကျအစတွင် အသုံးမပြုရပေမယ့်လို့ Также ကိုတော့ ဝါကျအစတွင် အသုံးပြုနိုင်ပါတယ်။ ‌ဒါပေမယ့်လို့ နေ့စဉ်ပြောဆိုမှုတွေမှာတော့ тоже ကိုမကြာခဏ အသုံးပြုကြပါတယ်။

အထက်ပါအချက်များကို ရှင်းလင်းအောင် ဥပမာအနေနဲ့ ရေးပြရသော် -
၁။ လူနှစ်ဦး အကြောင်းအရာတစ်ခုကို тоже နဲ့အသုံးပြုပုံ
🔹 Я занимаюсь йогой.
ငါ ယောဂလေ့ကျင့်ခန်းကို ပြုလုပ်နေတယ်။
🔹 Анна тоже занимается.
အန်နာလည်းပဲ လေ့ကျင့်ပြုလုပ်နေတယ်။

၂။ လူတစ်ဦး အကြောင်းအရာနှစ်ခုကို также နဲ့အသုံးပြုပုံ
🔹 Я занимаюсь йогой.
ငါ ယောဂလေ့ကျင့်ခန်းကို ပြုလုပ်နေတယ်။
🔹 Также я бегаю каждый вечер.
ပြီးတော့ ညနေတိုင်း ငါ ပြေးနေတယ်။

၃။ လူနှစ်ဦးမှ လူတစ်ဦးကို တူညီစွာ ပြုမူဆက်ဆံ/ပြောဆိုလျှင်
🔹 Завтра мама позвонит сыну, папа тоже/также позвонит ему.
မနက်ဖြန် အမေက သားကို ဖုန်းဆက်မယ်၊ အဖေလည်းပဲ သူ့ဆီ ဖုန်းဆက်မယ်။

၄။ ဘာသာစကားတွေကို လူတစ်ဦးက ပြောဆိုတတ်ကြောင်း ပြောဆိုလိုလျှင်
🔹 Я говорю на английском языке.
အင်္ဂလိပ်ဘာသာစကားကို ငါ ပြောတတ်တယ်။
🔹 Также я говорю на русском языке.
ရုရှားဘာသာစကားကိုလည်း ငါပြောတတ်တယ်။
🔹 А ещё я говорю на мьянманском языке.
ပြီးတော့ မြန်မာဘာသာစကားကိုလည်း ငါပြောတတ်တယ်။
👍1
🧠 в мозге လို့ သုံးမလား?
🧠 в мозгу လို့ သုံးမလား?

နှစ်ခုစလုံးကတော့ သူ့အကြောင်းအရာနဲ့သူ မှန်ပါတယ်တဲ့။ мозг (ဦးနှောက်) ဆိုတဲ့စကားလုံးကတော့ ချွင်းချက်ဖြစ်ပြီး аэропорт (လေဆိပ်), нос (နှာခေါင်း), глаз (မျက်လုံး) တို့နဲ့ မတူပါဘူး။

ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ ပြောမယ်ဆိုရင် в мозге လို့ သုံးရမှာပဲ ဖြစ်ပါတယ်။

ဥပမာ- Врачи заметили изменение в мозге.
“ဆရာဝန်တွေဟာ ဦးနှောက်ရဲ့ ပြောင်းလဲလာမှုတွေကို သတိထားမိခဲ့တယ်” လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။

ဝါကျမှာ ပါရှိတဲ့
🔸 Врачи ဆိုတာကတော့ врач “ဆရာဝန်” ဆိုတာကို အများကိန်းအဖြစ် ရေးသားထားခြင်းပဲ ဖြစ်ပါတယ်။
🔸 Заметили ဆိုတာကတော့ заметить “လေ့လာသည်၊ ဂရုပြုမိသည်၊ စောင့်ကြည့်သည်” စတဲ့ အဓိပ္ပါယ်တွေရပါတယ်။ အတိတ်ကာလမှာ ပြုလုပ်ခဲ့တဲ့အတွက် (я/он, я/она, оно, они) ဆိုတာကိုကြည့်ပြီး (заметил, заметила, заметило, заметили) ဆိုပြီး သုံးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြုလုပ်သူဖြစ်တဲ့ врачи “ဆရာဝန်များ” ဆိုတာဟာ они (အများကိန်း) ဖြစ်တဲ့အတွက် заметили နဲ့ အသုံးပြုတာပဲ ဖြစ်ပါတယ်။
🔸 Изменение ဆိုတာကတော့ “ပြောင်းလဲမှု” လို့အဓိပ္ပါယ်ရပါတယ်။

အသိဉာဏ်၊ သတိတရား၊ စိတ်တို့နဲ့ ဆိုင်တာဆိုရင်တော့ в мозгу လို့ သုံးရမှာပဲ ဖြစ်ပါတယ်။ အတွေးစတစ်ချက် ဦးနှောက်ထဲမှာ ဖျတ်ခနဲ လင်းသွားတယ်ဆိုရင် Мысль промелькнула в мозгу. “ခေါင်းထဲမှာ အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့တယ်” လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။

ဝါကျမှာ ပါရှိတဲ့
🔸 Мысль ဆိုတာကတော့ “စဥ်းစားတယ်၊တွေးတောတယ်” လို့ အဓိပ္ပါယ်ရပါတယ်။ Мысль ဟာ ရုရှားစာမှာအရေးပါတဲ့ အထီးလိင်၊ အမလိင်၊ သဘာဝ/လိင်မရှိ၊ အများ ဆိုတဲ့ အုပ်စုလေးခု ခွဲခြားသတ်မှတ်ရတဲ့အထဲမှာ она လို့ခေါ်တဲ့ “အမလိင်” အုပ်စုထဲမှာ ပါဝင်ပါတယ်။

🔸 Промелькнула ဆိုတာကတော့ промелькнуть “ရုတ်တရက်ဖြစ်ပေါ်လာတယ်/လင်းလက်တယ်” စတဲ့ အဓိပ္ပါယ်တွေ ရပါတယ်။ အတိတ်ကာလမှာ ဖြစ်ပေါ်ခဲ့တဲ့အတွက် (я/он, я/она, оно, они) ဆိုတာကိုကြည့်ပြီး (Промелькнул, Промелькнула, Промелькнуло, Промелькнули) ဆိုပြီး သုံးရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ရှေ့က мысль ဆိုတဲ့ (она/အမလိင်) ဖြစ်တဲ့အတွက်ကြောင့် Промелькнула နဲ့ သုံးထားခြင်းပဲ ဖြစ်ပါတယ်။

လက်ဆောင်စကားလေး တစ်ခွန်းအနေနဲ့
Некоторые вещи должен решать мозг, а не сердце.
🧠+❤️ တချို့အရာတွေကို နှလုံးသားနဲ့မဟုတ်ပဲ ဦးနှောက်နဲ့ ဆုံးဖြတ်ပါ။ ❤️+🧠
👍1
အခန်းထဲမှာ водка ပုလင်းတွေ့လို့ အရက်သမားလို့ မထင်စေချင် 😀😀😀

Водка ဟာ သောက်သုံးဖို့အတွက်ပဲ ကောင်းတယ်လို့ မင်းအနေနဲ့ ထင်နေရင်တော့ ရုရှားနိုင်ငံအကြောင်း မင်းကောင်းကောင်း မသိသေးလို့ပဲ ဖြစ်မယ်။ ရုရှားနိုင်ငံရဲ့ အသိအမှတ်ပြုအခံရဆုံးဖြစ်တဲ့ အဖျော်ယမကာတစ်ခုဖြစ်တယ့် водка ဟာ သောက်သုံးဖို့ အဖျော်ယမကာတစ်ခုတည်းတင် မကပါဘူး။ ဒါပေမယ့်လို့ водка ဟာ ရုရှားလူမျိုးတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ မရေမတွက်နိုင်တဲ့ ပြဿနာတွေအတွက် တကယ့်ရိုးရာဆေးတစ်လက်ဖြစ်ပါတယ်တဲ့။ водка ကို သောက်သုံးတာအပြင် ရုရှားလူမျိုးတွေ အသုံးအများဆုံး နည်းလမ်းများတွေထဲက (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနေရာမှာ စာရင်းပြုစုထားတဲ့ ကျန်းမာရေးနည်းလမ်းတွေဟာ ထိရောက်ပြီး ပြင်းထန်တဲ့ အခြေအနေတွေမှာ ကူညီပေးနိုင်ပေမယ့်လို့ အဲ့ဒါတွေကိုတော့ အရည်အချင်းပြည့်မီတဲ့ ဆေးဘက်ဆိုင်ရာအကူအညီအတွက် ဘယ်တော့မှ အစားထိုးမစဉ်းစားသင့်ပါဘူး။ ကျွန်တော်တို့ မြန်မာ့တပ်မတော်ထုတ် Army Run လိုပေါ့ဗျာ။ ငှက်ဖျားအတွက် အထောက်အကူ ဖြစ်စေပေမယ့်လို့ ဆေးဘက်ဆိုင်ရာမှာ တရားဝင် ခွင့်ပြုထားတာ မဟုတ်ပါဘူး။ အဲ့ဒီတော့ အဆောင်ကို водка ဝယ်လာလို့ အဆောင်မှူးက သိမ်းမယ်လုပ်ရင် အောက်ကအချက်တွေ လုပ်ဖို့ဝယ်လာတာလို့ ပြောကြပေါ့ဗျာ 😄😄😄။ အဲ့ဒီတော့ ဘယ်လိုအချက် (၅)ချက်နဲ့ водка ကို အသုံးပြုကြသလဲ ဆိုရင်တော့ -

၁။ Для снижения высокой температуры тела (ခန္ဓာကိုယ် အပူရှိန်မြင့်မားနေတာကို လျှော့ချဖို့အတွက်)
ခန္ဓာကိုယ်အပူချိန် အလွန်မြင့်မားခြင်းဟာ အန္တရာယ်ရှိနိုင်ပါတယ်။ လူနာတင်ယာဉ်မရှိခြင်း၊ အရည်အချင်းပြည့်မီတဲ့ ဆေးဘက်ဆိုင်ရာ အကူအညီ ဒါမှမဟုတ် ညွှန်ကြားထားတဲ့ ဆေးဝါးများမရှိတဲ့ အခါမျိုးမှာ водка ဟာ လူ့အသက်ကို ကယ်တင်နိုင်ပါတယ်တဲ့။ ဖော့တုံးမှာ Водка ကို ဆွတ်ပြီး လူနာရဲ့ ပခုံး၊ ရင်ဘတ်နဲ့ ချိုင်းကြားတွေကို ပွတ်သပ်ပြီး ခြောက်အောင်ထားပါတဲ့။ အဲ့ဒီလို ပြုလုပ်တာဟာ ခန္ဓာကိုယ်အပူချိန်ကို ယာယီလျှော့ချဖို့ သက်သေပြထားတဲ့ နည်းလမ်းဖြစ်ပြီး အချို့ကိစ္စတွေမှာ အရေးကြီးပါတယ်တဲ့။


၂။ Освежиться одежду (အဝတ်အစားတွေကို အနံ့အသက်ကင်းစေဖို့)
Водка ဟာ လျှော်ဖွတ်ဖို့ လိုအပ်သတဲ့ အဝတ်တွေရဲ့ အနံ့အသက်တွေကို ပျောက်စေပါတယ်တဲ့။ မင်းမှာ ဟောင်းနွမ်းနေတဲ့ အင်္ကျီကို လျှော်ဖို့ အခါအခွင့်မရရှိရင် (ဆိုက်ဘေးရီးယားရဲ့ ဝေးလံခေါင်သီတဲ့ ဒေသမှာ အလုပ်သွားလုပ်ပါက ဒါမှမဟုတ် မင်းအိမ်မှာ ရေပေးဝေမှု ရုတ်တရက် ပြတ်တောက်သွားရင်) водка ကို ရေနဲ့ တစ် အချိုး လေးဆ ရောမွှေလိုက်ရုံပါပဲ။ ပြီးရင် အဲ့ရေကို မင်းရဲ့ အင်္ကျီပေါ်မှာ ဖြန်းပေးလိုက်ပါတဲ့။ မင်းရဲ့ ဖိနပ်ကို သစ်လွင်‌စေဖို့အတွက်လဲ အလားတူနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ အဝတ်အစားတွေ ဒါမှမဟုတ် ဖိနပ်တွေကို အပြင်ဘက်တွင် ခြောက်သွေ့အောင်ထားကာ အရက်ရဲ့ အနံ့ကို ဖယ်ရှားပြီး နောက်တစ်နေ့မနက်မှာ အသုံးပြုဖို့အတွက် သန့်ရှင်းပြီး အနံ့အသက်ကင်းတဲ့ အဝတ်အစားနဲ့ ဖိနပ် ဖြစ်လာပါလိမ့်မယ်တဲ့။ အနံ့အသက် ပျောက်တာမပျောက်တာနဲ့ အရက်နံ့ နံမနံကို သိရဖို့ စမ်းကြည့်ကြပေါ့ဗျာ 😀😀😀


၃။ Чтобы успокоить укусы насекомых (အင်းဆက်ပိုးမွှားတွေ ကိုက်ခံရတဲ့ နာကျဉ်မှု သက်သာစေခြင်း)
မှက်တွေ၊ ခွေးလှေးတွေနဲ့ အထူးသဖြင့် ခြင်ကိုက်ခံရခြင်းဟာ ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းတို့ကို ဖြစ်စေတဲ့ ဓာတ်မတည့်မှုနဲ့ အဆိပ်ရဲ့တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ Водка ကိုအသုံးပြုခြင်းအားဖြင့် ယားယံခြင်းကို သက်သာစေပါတယ်တဲ့။ ဂွမ်းစပေါ်လိမ်းပြီး အကိုက်ခံရတဲ့နေရာကို ပွတ်ပေးပါ။ Водка ဟာ အနာကို ပိုးသတ်ပြီး ယားယံခြင်းကို လျှော့ချ ပေးပါတယ်တဲ့။


၄။ Дезинфицировать что-либо (တစ်စုံတစ်ရာကို ပိုးသတ်ရန်)
Водка ကို ပိုးသတ်ဆေးအဖြစ်လည်း သုံးနိုင်ပါတယ်တဲ့။ တောထဲမှာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို သေစေဖို့အတွက် လက်ကို ပွတ်သပ်ဆေးနိုင်ပါတယ်။ အထူးဆေးဝါးတွေ မရရှိနိုင်ပါက၊ သေးငယ်တဲ့ ဒဏ်ရာတွေနဲ့ အခြား ဒဏ်ရာတွေကို ပိုးသတ်ပေးတဲ့ အခါမှာ водка ဟာ အသက်ကယ်နိုင်မှာ ဖြစ်ပါတယ်။ Водка နဲ့ ဒဏ်ရာတွေကို ပိုးသတ်ခြင်းဟာ ခေတ်မမီတဲ့ နည်းလမ်းတစ်ခုလို့ ယူဆကြပြီး အချို့သော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကတော့ အဲ့ဒါကို ပုံမှန်အခြေအနေတွေမှာ ပြုလုပ်ရန် အကြံပြုထားခြင်း မရှိပါဘူး။ ဒါပေမယ့်လို့ သင့်တော်တဲ့ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ မရှိလို့ ဒဏ်ရာကို ဒီအတိုင်း ဘာမှမလုပ်ပဲ ထားပြီး ပိုးဝင်တာထက် водка နဲ့ ဒဏ်ရာကို ဆေးကြောခြင်းက များစွာ ပိုကောင်းတာကြောင့် များစွာအထောက်အကူပြုနိုင်ပါတယ်တဲ့။




၅။ Мыть окна (ပြတင်ပေါက်တွေ သန့်ရှင်းဖို့)

ပြတင်းပေါက်တွေကို တိုက်ချွတ်သန့်ရှင်းဖို့ ဓာတုဗေဒပစ္စည်းတွေ မရှိဖြစ်နေပါသလား။ Водка ကိုသုံးပါတဲ့။ Водка သုတ်ပြီး သင့်ပြတင်းပေါက်များကို ဆေးကြောပါတဲ့။ မျက်မှန်ကို သန့်စင်ဖို့ водка ကိုလည်း သုံးနိုင်ပါတယ်တဲ့။ မှန်တွေက အညစ်အကြေးတွေကို သန့်စင်စေပြီး အရက်နံ့မကျန်စေဘဲ လျင်မြန်စွာ ခြောက်စေတဲ့ နည်းလမ်းကို သက်သေပြထားပါတယ်။ ဟိုးယခင်က ရုရှားလူမျိုးတွေဟာ ကွန်ပြူတာဖန်သားပြင်တွေကို သန့်ရှင်းစင်ကြယ်စေဖို့ အတွက် водка
👍1